အခန်း (၆၈၄)
Vol. 46 Ch. 684
လောချင်းမင်မှလွဲ၍ အခြားသော လောမိသားစုဝင်များ၏ သဘောမတွေ့သောအကြည့်များအောက်၌ပင် ယင်အလောင်းကောင်နှစ်ထောင့်
ခြောက်ရာကအောက်ရှိအနက်ရောင်မြူများအတွင်းနစ်မြုပ်သွားသည်။ ယင်အလောင်းကောင်များအနက်ရောင်မြူများအတွင်း ဝင်ရောက်သည့်အခိုက်အတန့်တွင် တစ်စုံတစ်ခုအား ယင်အလောင်းကောင်အုပ်အား
ဖြတ်သန်းလာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ရုတ်ခြည်း သူ၏ကိုယ်ကမပြေမပြစ်ဖြစ်သွားကာ သူ၏ကိုယ်က တလိပ်လိပ်ထနေသောမြူများအတွင်းတစ်ဟုန်ထိုးပြုတ်ကျသွား၏။
တလိပ်လိပ်ထနေသောမြူများအတွင်းတွင် များပြားလှသောယင်အလောင်းကောင်အုပ်ကြီး ဆင်းသက်နေမှုယာယီရပ်တန့်သွားသည်။ ရှစ်ဖုန့်၏ကျဆင်းနေသောကိုယ်ကလည်း တီရှာ၏ဘေး၌ ရပ်တန့်သွား၏။သူ၏မျက်လုံးတို့ကတီရှာ၏ ညာလက်ပေါ်သို့ကျရောက်နေသည်။
ဤအချိန်တွင် တိရှာ၏လက်ထဲ၌ လက်ဝါးအရွယ်ခန့်ငါးတစ်ကောင် သဏ္ဍန်ရှိသော စက်ဆုပ်ဖွယ်ကောင်းသည့် သတ္တဝါတစ်ကောင်အား ကိုင်ထားသည်။ ၎င်းကပိန်းပေါက်အောင်မည်းနက်နေပြီး ၎င်း၏တစ်ကိုယ်လုံး၌ပြွတ်သိပ်နေသော မျက်လုံးများဖြင့် ပြည့်နှက်နေသည်။
“စီးရှ်. စီးရှ်..စီးရှ်..”
စက်ဆုပ်ဖို့ကောင်းသော
သတ္တဝါ၏မျက်လုံးများကဒေါသတကြီးဖြင့် စိန်းစိန်းဝါးဝါးကြည့်နေသကဲ့သို့ ပြူးကျယ်စွာပွင့်နေသည်။
ထို့နောက်တွင် ၎င်းက ရုတ်တရက်၎င်း၏ဦးခေါင်းထပ်မှပါးစပ်အားဖွင့်ဟလာ၏။ ၎င်းက လက်သီးဆုပ်အရွယ်ရှိပြီး ကျိုးပဲ့နေသောမှန်စများကဲ့သို့ ချွန်မြသည့် သွားတန်းနှစ်ခုထွက်ပေါ်လာသည်။ ၎င်းကကြမ်းကြုတ်ခက်ထန်၏။ ၎င်း၏တီရှာ၏လက်ထဲ၌ အပြင်းအထန်ရုန်းကန်နေပြီး တီရှာ၏လက်ထဲမှလွတ်မြောက်ရန်ကြိုးစားနေသည်။၎င်းက နာကလောစေပြီး စိတ်မချမ်းမြေ့ဖို့ကောင်းသည့်အော်သံတို့ကို ဆက်တိုက်အော်ဟစ်နေ၏။
“ဒါက..ဝိညာဉ်စားအင်းဆက်ပဲ”
ရှစ်ဖုန့်က ရှေးဟောင်းစာအုပ်တစ်ခုအတွင်းမှ
မှတ်တမ်းများအား အမှတ်ရကာ ခန့်မှန်းလိုက်သည်။
ဝိညာဉ်စားအင်းဆက်များမှာ ရှေးခတ်အချိန်ကာလကတည်းက ဆန်းကြယ်သောသက်ရှိတစ်ခုဖြစ်သည်။၎င်း၏တစ်ကိုယ်လုံးက ပိန်းပေါက်အောင်နက်မှောင်ပြီး ၎င်း၏ကိုယ်၌ မျက်လုံးများဖြင့်ပြည့်နှက်နေသည်ဖြစ်သည်။ ၎င်းမှာသက်ရှိတို့၏ဝိညာဉ်များအား ဝါးမျိုးခြင်းကို အထူးပြုပိုင်ဆိုင်ထား၏။ ၎င်းက ဆန်းကြယ်သော ဝိညာဉ်တိုက်ခိုက်မှုပညာရပ်တစ်ခုဖြင့် မွေးဖွားလာခြင်းဖြစ်သည်။
“အဲ့တာကဒီသားရဲပဲဖြစ်ရမယ်. အရင်ကဒီသခင်လေးရဲ့နာမ်ဝိညာဉ်စွမ်းအင်က အနက်ရောင်မြူခိုးတွေထဲကိုစုံစမ်း
ဖို့ဝင်သွားတော့ ဒီသားရဲတိုက်ခိုက်တာကို
ဒီသခင်လေးခံခဲ့ရတယ်.. “
ရှစ်ဖုန့်က ဝိညာဉ်စားအင်းဆက်အား သေချာကြည့်ရှုရင်းပြောလိုက်သည်။
ထို့နောက် ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားသွား၏။ သူက သူ၏နာမ်ဝိညာဉ်စွမ်းအားမှ အမျှင်တန်းလေးတစ်ခုအားခွဲထုတ်လိုက်ပြီး၎င်းအား တီရှာ၏လက်အတွင်းရှိ ဝိညာဉ်စားအင်းဆက် ထံသို့ ပစ်လွှတ်လိုက်သည်။
ဤအချိန်တွင် ဝိညာဉ်စားအင်းဆက် ၏မျက်လုံးများထံမှ ဆန်းကြယ်သော နာမ်ဝိညာဉ်လှိုင်းတွန့်တစ်ခုကို ထုတ်လွှတ်လိုက်သည်ကိုရှစ်ဖုန့်အာရုံခံမိသည်။ ၎င်းက သူ့ နာမ်ဝိညာဉ်စွမ်းအား၏ အမျှင်တန်းလေးအား ကိုက်ခဲပစ်ချင်နေသကဲ့သို့ တိုက်ခိုက်နေ၏။
“အဲ့တာကတကယ်ကိုဒီသားရဲပဲ”
ရှစ်ဖုန့်က သူ့နာမ်ဝိညာဉ်စွမ်းအား၏ အမျှင်တန်လေးအားပြန်ရုတ်သိမ်းရင်း
ပြောလိုက်သည်။
ထို့နောက်တွင် ရှစ်ဖုန့်က တီရှာအားပြောလိုက်သည်။
“ဒီတိရစ္ဆာန်ကိုသေတဲ့အထိခြေမွပစ်လိုက်”
ရှစ်ဖုန့်စကားပြောပြီးသွားသောအခါတွင် တီရှာက သူ၏ခွန်အားကိုအသုံးပြုလိုက်သည်။
“ဘန်း”
ဝိညာဉ်စားအင်းဆက်မှာ တီရှာ၏ ခြေမွဖျက်ဆီးခြင်းကိုခံလိုက်ရသည်။ အစိမ်းရောင်ရှိပြီး စေးပျစ်သော အရည်များက ဗြန်းခနဲထွက်လာသည်။
ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအားကိုအသက်သွင်းလိုက်ပြီး ဝိညာဉ်စားအင်းဆက်၏ ဝိညာဉ်ကို ဖမ်းဆီးလိုက်သည်။
ရှေးဟောင်းမှတ်တမ်းစာအုပ်များအရ ဤကဲ့သို့သောသက်ရှိမျိုးမှာသက်ရှိတို့၏ဝိညာဉ်များအားဝါးမျိုခြင်း၌ အထူးကျွမ်းကျင်ကြသည်ဖြစ်သော်လည်း သက်ရှိတို့၏နာမ်ဝိညာဉ်များအတွက် ၎င်းတို့ကလည်းအားဆေးတစ်ခုအဖြစ်ပြန်လည် အသုံးဝင်သည်ဖြစ်၏။ ၎င်း၏ဝိညာဉ်အားဝါးမျိုခြင်းက တစ်စုံတစ်ယောက်၏ ဝိညာဉ်အတွက် အားအင်ဖြစ်စေ၏။ျ
ဝိညာဉ်စားအင်းဆက်၏ ဝိညာဉ်အားဝါးမျိုပြီးသည့်နောက်တွင် သူ၏ဝိညာဉ်အပေါ်၌ စိတ်ဝိညာဉ်စမ်းချောင်းလေးတစ်ခုက ဖြန်းပတ်ကျဆင်းနေသကဲ့သို့ခံစားရသည်။ကြည်လင်ပြီး သက်တောင့်သက်သာဖြစ်သောခံစားချက်တစ်ခုကသူ၏ တစ်ကိုယ်လုံး၌ ပြည့်နှက်နေ၏။တိုးမြှင့်ရန်ခက်ခဲနေသောသူ၏ ဝိညာဉ်စွမ်းအားက ရုတ်ခြည်းနူးညံ့သိမ်မွေ့လာသည်။
“တကယ်မဆိုးဘူးပဲ…ဒီအနက်ရောင်မြူထဲမှာ ဒီလိုသတ္တဝါတွေရှိလောက်အုံးမယ်”
သူ၏ ဝိညာဉ်အတွင်းမှပြောင်းလဲမှုများအားခံစားရင်း ရှစ်ဖုန့်ကစိတ်ကျေနပ်စွာဖြင့်
ခေါင်းညိမ့်လိုက်သည်။
နောက်ထပ်အတွေးတစ်ချက်ဖြင့် များပြားလှသောယင်အလောင်းကောင်အုပ်ကြီးက ရုတ်တရက် ပျံသန်းသွားသည်။ရှစ်ဖုန့်ကငါးဖမ်းသမားတစ်ဦးကဲ့သို့ ဝိညာဉ်စားအင်းဆက်များအားဖမ်းဆီးရန် ကြီးမားသောပိုက်ကွန်တစ်ခုကို ပုံဖော်နေသည်။
ဝိညာဉ်စားအင်းဆက်များ၌ သက်ရှိတို့၏ဝိညာဉ်များအားတိုက်ခိုက်နိုင်သော ဆန်းကြယ်သည့်ဝိညာဉ်တိုက်ခိုက်မှု ပညာရပ်တစ်ခုရှိသည်ဖြစ်သည်။ ထိုအရာမှလွဲ၍ ၎င်းတို့၌ အခြားမည်သည့် တိုက်ခိုက်နိုင်သောစွမ်းအားတို့မရှိချေ။ ဤယင်အလောင်းကောင်များအတွက်မူ ၎င်းတို့၌ ဝိညာဉ်များမပါရှိကြဘဲ ၎င်းတို့ကဝိညာဉ်များအင်းစက်များ၏ ရန်သူများဖြစ်ကြသည်။ဝိညာဉ်စား
အင်းဆက်တို့၏ ဆန်းကြယ်သောဝိညာဉ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုက ၎င်းတို့အားလုံးဝထိခိုက်စေခြင်းမရှိပေ။
ရှစ်ဖုန့်ကယင်အလောင်းကောင်အများစုအား ဝိညာဉ်စားအင်းဆက်များကို ဖမ်းဆီးရန်အမိန့်ပေးခဲ့သည်။ သူကယင်အလောင်းကောင်အုပ်စုငယ်လေးတစ်ခုကိုလည်း အနက်ရောင်မြူ၏အနက်ပိုင်းသို့ ဆက်လက်စူးစမ်းရန်အမိန့်ပေးခဲ့၏။ သူကမူ ဖြည်းဖြည်းချင်းပဲ နစ်မြုပ်လာစေသည်။ သွေးနီရောင်အလင်းတစ်ခုကဖျက်ခနဲလင်းလက်လာပြီး သွေးနီရောင်ချပ်ဝတ်က သူ၏ကိုယ်ပေါ်၌ ပေါ်လာ၏။
ဤဘာမှန်းမသိရသောအနက်ရောင်မြူတို့က မည်မျှအတိုင်းအတာပမာဏအထိနက်ရှိုင်းပြီး အောက်၌ဘာတွေရှိသည်ဆိုသည်ကိုမည်သူမှမသိကြချေ။ ထို့ကြောင့်ရှစ်ဖုန့်အနေဖြင့် သူ၏ အကာအကွယ်အားလျော့ပေါ့ထားရဲခြင်းမရှိပေ။ အားလုံးထက်လောချင်းချွမ်၊ လောမိသားစု၏ပထမအကြီးအကဲနှင့် လောမိသားစုမှဒါဇင်နှင့်ချီသော
ကျွမ်းကျင်သူများမှာ ဤအနက်ရောင်မြူအတွင်းဝင်
ရောက်သွားပြီးနောက်လုံးဝ
ပျောက်ကွယ်သွားကြသည်ဖြစ်သည်။
သူယင်အလောင်းကောင်များအားဦးဆောင်လာချိန်တွင် သူတို့အနေဖြင့် ရှေးခေတ်အချိန်ကာလက ဝိညာဉ်စားအင်းဆက်များအား ပက်ပင်းကြုံခဲ့ရသည်။ အကယ်၍သူတို့နောက်ပိုင်း၌ အခြား စွမ်းအားကြီးရှေးခေတ်သက်ရှိများနှင့်ပက်ပင်း
ကြုံရမည်လားဆိုသည်ကို မည်သူမှသိနိုင်ကြခြင်းမရှိပေ။
သိပ်မကြာခင် တီရှာ၏ဦးဆောင်မှုအောက်တွင် ယင်အလောင်းကောင်ခြောက်ကောင်က ရှစ်ဖုန့်ထံသို့ပျံသန်းလာသည်။ ယင်အလောင်းကောင်တစ်ကောင်စီတိုင်းတွင် ဆန်းကြယ်သောသက်ရှိဖြစ်သည့် ဝိညာဉ်စားအင်းဆက်တစ်ကောင်စီ
ကိုကိုင်ထားသည်။
ချက်ချင်းပဲ ရှစ်ဖုန့်သူ၏ ဝိညာဉ်စွမ်းအားအား ထပ်မံအသက်သွင်းလိုက်ပြီး ဝိညာဉ်စားအင်းဆက်ခုနှစ်ကောင်၏ ဝိညာဉ်တို့ကို ဝါးမျိုလိက်သည်။ ရှစ်ဖုန့်၏ကိုယ်ထဲ၌ ကြည်လင်ပြီး သက်တောင့်သက်သာဖြစ်သော ခံစားချက်တို့နောက်တစ်ကြိမ်ထပ်မံ
ပြည့်နှက်လာ၏။ ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက နောက်တစ်ကြိမ် အဆင့်သစ်တစ်ခုသို့ တိုးမြှင့်သွား၏။
ဤအချိန်တွင်သူ ၏ဝိညာဉ်စွမ်းအားကြယ်နှစ်ပွင့်မဟာ
သူတော်စင်နယ်ပယ်သို့ရောက်ရှိနေပြီးဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံမိပြီးဖြစ်သည်။ သူသတ်ခဲ့သော ကျင့်ကြံသူများ၏ ဝိညာဉ်များနှင့် အစောပိုင်း ဝိညာဉ်စားအင်းဆက်ရှစ်ကောင်တို့၏ ဝိညာဉ်များအားဝါးမျိုပြီးသည့်နောက်၌ သူ၏ ဝိညာဉ်စွမ်းအားက နောက်တစ်ဆင့်သို့ချိုးဖျက်နိုင်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။
“တီရှာ အောက်ကိုဆင်းပြီးစူးစမ်းကြည့်..ကျန်တဲ့ယင်အလောင်းကောင်ခြောက်ကောင်က ဝိညာဉ်စားအင်းဆက်တွေကို ဆက်ပြီးဖမ်း”
အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်ကသူ့ဘေး၌ရှိနေသည့် ယင်အလောင်းကောင်များကို အမိန့်ပေးလိုက်သည်။ အောက်ဘက်ရှိ အနက်ရောင်မြူအတွင်း တီရှာအားဦးဆောင်ခိုင်းခြင်းက ပို၍ လုံခြုံမှုရှိသည်ဟုခံစားရသည်။ သို့သော် ဝိညာဉ်စားအင်းဆက်များအားဖမ်းဆီးနေခြင်းကိုလည်းသူရပ်တန့်ခြင်းမရှိပေ။
ရှစ်ဖုန့်၏အမိန့်အောက်တွင် အဆင့်ငါး ယင်အလောင်းကောင်ခြောက်ကောင်က ဦးတည်ချက်ခြောက်ဖက်သို့ ပျံသန်းသွားသည်။ တီရှာက ရှစ်ဖုန့်၏အောက်ဘက်သို့ဆင်း
ပြီးဖြည်းညှင်းစွာဆင်းသက်သွား၏။
“ဝူး”
ဤအချိန်တွင် ထူးဆန်းပြီး နားကလောစေသော အော်သံတစ်ခုက အောက်ဘက်မှထွက်ပေါ်လာသည်။ ၎င်းထူးဆန်းသော အော်သံအားကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်နှင့်တီရှာတို့၏ကိုယ်များက လျှင်မြန်စွာရွေ့လျားသွားပြီး တစ်ဟုန်ထိုးဆင်းသက်၍ အော်သံနောက်သို့လိုက်ဖမ်းလိုက်သည်။
သိပ်မကြာခင် လုံးဝဖြူစွပ်သော်လည်း တောင်ငယ်လေးတစ်လုံးစာအရွယ်
အစားရှိသော သက်ရှိတစ်ကောင်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ၎င်းမှာမြွေတစ်ကောင်ကဲ့သို့ပုံစံရှိသော်လည်း ၎င်း၏ ကိုယ်၌ ကင်းခြေများကဲ့သို့လက်များ
ဖြင့်ပြည့်နှက်နေ၏။ ၎င်းကပါးစပ်အား ဖွင့်ဟက ထက်ရှသောသွားတန်းနှစ်ခု
နှင့်ခက်ထန်သောအစွယ်တို့ကို လှစ်ဟာပြနေသည်။၎င်းကကြမ်းကြုတ်ပြီးထိတ်လန့်ကြောက်မက်ဖွယ်ကောင်းလှ၏။
အားကောင်းသော ရှေးကျသည့်အော်ရာတစ်ခုက တီရှာနှင့်ရှစ်ဖုန့်တို့ထံသို့ တစ်ဟုန်ထိုးဦးတည်လာသည်။
“အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ် ရှေးခေတ်သက်ရှိတစ်ကောင်ပဲ”
ရှစ်ဖုန့်မှာအဖြူရောင်သက်ရှိအား
တွေ့လိုက်ရသောအခါတွင် သူ၏ပါးစပ်ကိုဖွင့်ဟ၍ ပြောလိုက်သည်.
“သွားပြီးဖျက်ဆီးပစ်လိုက်”
ထို့နောက်တွင် ရှစ်ဖုန့်ကတီရှာကိုပြောလိုက်သည်။
ရှစ်ဖုန့်၏ အမိန့်အားကြားသောအခါတွင် တီရှာ၏ကိုယ်ကဇောက်ထိုးဖြစ်သွားကာ အောက်သို့ဦးတည်လိုက်သည်။ ထို့နောက်တွင် သူ၏လက်သီးကအဖြူရောင်သတ္တဝါ
ကြီး၏ဦးခေါင်းပေါ်သို့ကျရောက်သွားပြီး ၎င်းအားတစ်ချက်တည်းဖြင့်
ပေါက်ကွဲထွက်သွားစေ၏။
၎င်းကအဆင့်ရှစ်မဟာ
သူတော်စင်နယ်ပယ်ရှေးခေတ်
သတ္တဝါတစ်ကောင်ဖြစ်နေခဲ့လျှင်တောင် တီရှာအားလုံးဝခုခံနိုင်စွမ်းရှိမနေပေ။
ရှစ်ဖုန့်မှာရှေးခေတ်သတ္တဝါ၏
သေခြင်းစွမ်းအင်၊ဝိညာဉ်စွမ်းအင်နှင့် သွေးတို့အားလျှင်မြန်စွာဝါးမျိုလိုက်သည်။ တောင်ငယ်လေးတစ်လုံးအရွယ်ရှိသော ရှေးခေတ်သက်ရှိမှာလျှင်မြန်စွာရှုံ့တွ
ခြောက်သွေ့သွား၏။ ကြည့်နေရင်းပင်၎င်းက သိပ်သည်းသောအနက်ရောင်မြူများအတွင်းသို့ကျဆင်းသွားသည်။
အောက်သို့ကြည့်နေရင်း ရှစ်ဖုန့်၏မျက်နှာက ပို၍ လေးနက်လာကာ ရေရွတ်ပြောလိုက်သည်။
“ဒီသေခြင်းမဲ့တောင်တန်း ဒီလျှို့ဝှက်နေရာနဲ့ ဒီအနက်ရောင်မြူတွေထဲမှာဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ. အကယ်၍ငါတို့သာ ဆက်ပြီးတော့ပိုနက်နက်ကိုဆင်းရင် ဒီလိုမျိုးပဲ သက်ရှိတွေကို ထပ်ပြီး ကြုံတွေ့ရမှာလား”