← Chapters

အခန်း (၆၈၅)

Vol. 46 Ch. 685

အခန်း (၆၈၅)

Vol. 46 Ch. 685

“ဒီသေခြင်းမဲ့တောင်တန်းက ရှေးခေတ်အချိန်ကာလက ကြမ်းကြုတ်တဲ့သားရဲတွေကို ဖိနှိပ်ထိန်းချုပ်ထားတဲ့နေရာတစ်ခုပဲဖြစ်ရမယ်”

ရှစ်ဖုန့်က ခန့်မှန်းလိုက်သည်။ ထို့နောက်တွင် ရှစ်ဖုန့်က တီရှာအား ပို၍နက်ရှိုင်းသောနေရာအထိသွားရန်

အမိန့်ပေးလိုက်ပြီး သူကလည်းနောက်မှနီးကပ်စွာလိုက်

ပါလာသည်။

ထို့နောက်တွင် အထက်၌ ပျံသန်းနေကြသော ပြွတ်သိပ်များပြားလှသည့်ယင်အ

လောင်းကောင်များအားလုံးကလည်း ရှစ်ဖုန့်ထံသို့ပျံသန်းလာကြသည်။ ယင်အလောင်းကောင်များမှာ အနက်ရောင်မြူတို့၏ အထက်ပိုင်းအလွှာအား စူးစမ်းလေ့လာစစ်ဆေးမှုပြီးသွားပြီဖြစ်၏။ယင်အလောင်းကောင်များမှာ အနက်ရောင်မြူခိုးတို့၏ ကြီးမားသော ဧရိယာတစ်ခုအထိတိုင်အောင်ဝင်ရောက်ခဲ့သော်လည်းဝိညာဉ်စားအင်းဆက်များမှလွဲ၍ အခြားဘာကိုမှတွေ့ခဲ့ခြင်းမရှိပေ။

ဤအချိန်တွင် ယင်အလောင်းကောင်လေးကောင်၌ တစ်ကောင်စီတိုင်းတွင် သူတို့၏လက်များအတွင်း၌ ဝိညာဉ်စားအင်းဆက်တစ်ကောင်ကျ ကိုင်ထားကြ၏။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”

သူတို့ရှစ်ဖုန့်အနားသို့ရောက်လာသောအခါတွင် ပေါက်ကွဲသံလေးခုထွက်ပေါ်လာပြီး ဝိညာဉ်စားအင်းဆက်လေးကောင်လုံး ၎င်းတို့၏ ခြေမွပစ်ခြင်းကိုခံလိုက်ရသည်။

ရှစ်ဖုန့်ကသူ၏ဝိညာဉ်စွမ်းအားအား လှည့်ပတ်လိုက်ပြီး ဝိညာဉ်စားအင်းဆက်လေးကောင်၏ ဝိညာဉ်များကို လျှင်မြန်စွာဝါးမျိုလိုက်သည်။ ရုတ်တရက်သူ၏ စိတ်က တုန်ခါသွားသည်ကိုခံစားလိုက်ရသည်။ ဝိညာဉ်စားအင်းဆက်လေးကောင်၏ ဝိညာဉ်များအားဝါးမျိုပြီးသည့်နောက်၌ သူ၏ဝိညာဉ်စွမ်းအားက ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်သို့ နောက်ဆုံး တက်လှမ်းဝင်ရောက်သွားခဲ့သည်။

“သွား”

ရှစ်ဖုန့်က အော်ပြောလိုက်ပြီး ပြွတ်သိပ်များပြားလှသော ယင်အလောင်းကောင် နှစ်ထောင့်ခြောက်ရာတို့က အောက်သို့ ဦးတည်လိုက်သည်။

ယင်အလောင်းကောင်နှစ်ထောင့်

ခြောက်ရာဖြင့်ခင်းကျင်းထားသော အလောင်းတစ်သောင်းအစီအရင်

နှင့်ဆိုလျှင် ရှစ်ဖုန့်အနေဖြင့် ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်အောက်ကမည်သည့် သားရဲရိုင်းမျာကိုမဆို ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဖြစ်သည်။

ရှစ်ဖုန့်က ယင်အလောင်းကောင် အုပ်စုအား ဦးဆောင်ပြီး သိပ်သည်းလှသောအနက်ရောင်မြူများအတွင်းသို့ ဆင်းသွားသည်။ တစ်နာရီဝန်းကျင်ခန့် ခရီးနှင်လာခဲ့ပြီးနောက် ရှစ်ဖုန့်နှင့် ယင်အလောင်းကောင်အုပ်စုမှာ မည်သည့်ရှေးခေတ်သားရဲရိုင်းကိုမျှရင်ဆိုင်ပက်ပင်းကြုံတွေ့ရခြင်းမရှိသေးပေ။

ပတ်ဝန်းကျင်တွင် သားရဲရိုင်းများကဲ့သို့အော်ဟစ်

နေကြသည့်ယင်အလောင်းကောင်များ၏အော်သံများမှလွဲ၍ အခြားပုံမှန်မဟုတ်သောဘာလှုပ်ရှားမှုမှရှိမနေချေ။

ထို့အပြင် လောချင်းချွမ်နှင့်လောမိသားစုက ယခင်ကဤနေရာသို့ရောက်ခဲ့ကြသည်ဖြစ်သည်။ အားနည်းသောရှေးခေတ်သားရဲအချို့မှာ ၎င်းတို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ရမည်ဖြစ်၏။

သို့သော်ရှစ်ဖုန့်၏မြင်ကွင်းက သိပ်သည်းသောအနက်ရောင်

မြူများ၏ပိတ်ဆို့ခြင်းကိုခံထားရသည် ။ ရှစ်ဖုန့်၏အမြင်အာရုံကကွယ်သ

လိုဖြစ်နေခြင်းဖြစ်၏။

သို့သော် ရှစ်ဖုန့်လိုကြယ်သုံးပွင့် မဟာသူတော်စင်နယ်ပယ် ဝိညာဉ်စွမ်းအားကိုပိုင်ဆိုင်ထားသူတစ်ယောက်အတွက် သူ၏ဝိညာဉ်စွမ်းအားက ဘေးပတ်ဝန်းကျင်အားအာရုံခံနိုင်သည်ဖြစ်၏။ သူ၏ ဝိညာဉ်စွမ်းအားက သူ၏မျက်လုံးများထက်ပို၍ကောင်းမွန်သည်ဖြစ်သည်။

ထို့နောက်တွင် ရှစ်ဖုန့်နှင့် ရက်စက်ကြမ်းကြုတ်ခက်ထန်သောပုံရှိသည့် ယင်အလောင်းကောင်များက အောက်သို့ဆက်လက်အပြင်းဦးတည်လိုက်သည်။ ဤတစ်ကြိမ်တွင် ရှစ်ဖုန့် ဆင်းပြီးသိပ်မကြာခင် အောက်ဘက်ရှိ တလိပ်လိပ်ထနေသောမြူများအတွင်း၌ ပုံရိပ်ငါးခုလွင့်မျောရပ်တည်နေသည်

ကိုအာရုံခံမိလိုက်၏။

ရှစ်ဖုန့်၏ကိုယ်ကဖျက်ခနဲဖြစ်သွားပြီး လွင့်မျောရပ်တည်နေသောခန္ဓာကိုယ်များ

ရှိရာနေရာသို့ရောက်ရှိသွားသည်။ သို့သော် လူသားမျိုးနွယ်မှ ခန္ဓာကိုယ်ငါးခုက သူတို့၏အော်ရာများအားဆုံးရှုံးလိုက်ရပြီး

ဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံမိသည်။ သူတို့က အလောင်းငါးခုသာဖြစ်၏။

ထိုထက်ပိုသည်မှာအလောင်းငါးခုလုံးက ဆိုးရွားသောဒဏ်ရာများရှိနေပြီး အလောင်းများက ဆွေးမြည့်နေပြီဖြစ်သည်။ ဤလူငါးယောက်က အချိန်တစ်ခုလောက်ကတည်းက သေဆုံးခဲ့ပြီးဖြစ်ပုံရ၏။

ထို့နောက်တွင် လောမိသားစုမှ

လောချင်းမင်က ဤနေရာသို့လာရောက်ခဲ့သော လောမိသားစုကျင့်ကြံသူများ၏ ဝိညာဉ်ကျောက်တုံးများက ပကတိအတိုင်းရှိနေသည်ဟုလောချင်းမင်ပြောသည်ကို အမှတ်ရလိုက်ပြီး ယင်းမှာ လောမိသားစုမှမည်သူမျှ သေဆုံခြင်းမရှိသေးဟုဆိုလိုခြင်းပင်ဖြစ်၏။

ယခုဖြစ်နိုင်ချေနှစ်ခုရှိနေသော

အလောင်းငါးခုအား သူမြင်တွေ့ရသည်။ ပထမတစ်ခုက သူတို့က လောမိသားစုမှလူများမဟုတ်ခြင်းဖြစ်သည်။ ဒုတိယတစ်ခုက သူတို့ဤဧရိယာ၌သေဆုံးသွားပြီးနောက် လောကလန်၏ ဝိညာဉ်ကျောက်တုံးများက

ထိုအရာအားအာရုံမခံနိုင်ခြင်းဖြစ်၏။

ရှစ်ဖုန့်က အလောင်းငါးခုအားကြည့်လိုက်သည်။ သူတို့က ဒုတိယဖြစ်နိုင်ချေနှင့်ဆက်နွယ်နေသည်မှာထင်ရှားသည်။ အဘယ်ကြောင့်ဆိုသော် ဤအလောင်းကောင်များ၏ကျင့်ကြံမှုက သူတို့မသေဆုံးခင်တွင် လောမိသားစုမှ သိုင်းပညာများအားကျင့်ကြံခဲ့ကြခြင်း

ကြောင့်ဖြစ်သည်။

“သူတို့ဘာနဲ့ ကြုံ့တွေ့ခဲ့ကြတာလဲ”

ရှစ်ဖုန့်က အလောင်းငါးခုကိုကြည့်၍ တီးတိုးရေရွတ်လိုက်သည်။

လောချင်းမင်၏အဆိုအရ လောမိသားစုမှကျင့်ကြံသူအုပ်စုနှစ်ခု

ကဆင်းသွားခဲ့သည်ဖြစ်သည်။ ပထမအုပ်စုက လောမိသားစု၏ ပထမအကြီးအကဲဦးဆောင်သောအုပ်စုဖြစ်ပြီး ဒုတိယအုပ်စုကလောချင်းချွမ်၏အုပ်စုဖြစ်သည်။ သူတိုနှစ်ယောက်လုံးက ဧကရာဇ်နယ်ပယ်များဖြစ်ကြ၏။ သူတို့၏ကာကွယ်မှုအောက်တွင် သာမန်သားရဲရိုင်းများက လေမိသားစုများကိုသေကြေပျက်စီး

ခြင်းဖြစ်အောင်ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ဤအလောင်းများ၏သေဆုံးချိန်အရ သူတို့က လောချင်းချွမ်နောက်သို့နောက်ပိုင်း

မှလိုက်ပါလာသည့်လူများဖြစ်လောက်သည်။

“အောက်ဆင်းပြီး တစ်ချက်ကြည့်ရအောင်”

ရှစ်ဖုန့်ကအော်ပြောလိုက်ပြီး ရုတ်ခြည်းပဲ ယင်အလောင်းကောင်များအားဦးဆောင်ကာ အောက်သို့ ထပ်မံတစ်ဟုန်ထိုးဆင်းလိုက်သည်။

ဖြည်းဖြည်းချင်းအောက်ဘက်ရှိအ

နက်ရောင်မြူများအတွင်း၌ အလောင်းများပိုပို၍လွင့်မျောနေသည်ကို ရှစ်ဖုန့်တွေ့လာရသည်။ ၎င်းတို့စုစုပေါင်းနှစ်ဆယ်ခန့်ရှိသည်ဖြစ်သည်။ ၎င်းတို့၏ဆွေးမြေ့ယိုယင်းသော အတိုင်းအတာကိုအကဲဖြတ်ရသလောက် အချို့က ပထမအုပ်စုအတွင်းမှသေဆုံးသူများဖြစ်ကြပြီး ငါးယောက်ကတော့လောချင်းချွမ်နောက်သို့လိုက်ပါဆင်းလာသူများမှသေဆုံးသွား

ကြခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့်ရှစ်ဖုန့်လောချင်းချွမ်၏

အလောင်းအားမြင်တွေ့ရခြင်းမရှိပေ။ သူ၏မြေးတပည့်ဖြစ်သူ ရွှယ်ဝူဟမ်၏အလောင်းကိုလည်း မြင်ရခြင်းမရှိပေ။

“အား”

ရုတ်တရက်အောက်ဘက်မှ နာကျင်မှုအပြည့်ဖြင့်အော်ဟစ်သောအသံတစ်ခုထွက်ပေါ်လာသည်။

“အောက်ကိုသွားစမ်း”

ရှစ်ဖုန်ု့၏နာမ်ဝိညာဉ်စွမ်းအင်က အောက်သို့ထိုးဆင်းသွားသည်။ သူ၏ပုံရိပ်နှင့် ပြွတ်သိပ်များပြားလှသော ယင်အလောင်းကောင်များကလည်း မြင့်မားသောအမြန်နှုန်းတစ်ခုဖြင့်

အောက်သို့ထိုးဆင်းနေသည်။

သိပ်သည်းသောအနက်ရောင်မြူအတွင်းတွင် ရှည်လျားသောဆံပင်ဖြူတို့ရှိပြီး အဖြူရောင်ဝတ်ရုံပွတစ်ခုအား

ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးက အနက်ရောင်မြူအတွင်း၌လွင့်မျောနေသည်။သူ၏လက်သီးတို့အားအတူတကွကိုင်ထားပြီးသူ၏ပုံစံကလွန်စွနာကျင်နေသည့်ပုံပေါ်၏။ သူမျက်နှာက ကြမ်းကြုတ်ခက်ထန်နေသသည်။

ရှစ်ဖုန့်နှင့် ယင်အလောင်းကောင်အုပ်စုတို့

အောက်သို့ရောက်လာသောအခါတွင် ရုတ်ခြည်း အဘိုးအို၏အထက်၌သူတို့ရပ်လိုက်ကြသည်။ အဖြူရောင်ဝတ်ရုံနှင့်အဘိုးအိုအား

သူတို့တွေ့လိုက်ရသောအခါတွင် အဘိုးအို၏သိုင်းတာအိုနယ်ပယ်က

တကယ်ပဲ ကြယ်နှစ်ပွင့် ဧကရာဇ်နယ်ပယ်၌ရှိနေသည်ကိုတွေ့ရသည်။

“ဒီလူကလောမိသားစုရဲ့ပထမအကြီးအကဲ လောယွဲ့ခွန်းများလား. သူဘာဖြစ်ခဲ့တာလဲ”

ဤအချိန်တွင် အောက်၌ရှိနေသောအဘိုးအိုက ရှစ်ဖုန့်နှင့်ယင်အလောင်းကောင်အုပ်တို့ရောက်ရှိလာမှုကိုအာရုံခံမိပုံရသည်။ သူကရုတ်တရက်ခေါင်းမော့လိုက်ပြီးလွန်စွာနာကျင်နေပုံရသောသူ၏ခက်ထန်နေသည့်မျက်နှာထက်တွင် ရုတ်တရက် ချောက်ချားဖွယ်အပြုံးတစ်ခုပေါ်လာသည်။

“ဒီလူနဲ့ပက်သက်ပြီးတစ်ခုခုမှားနေတယ်”

ရှစ်ဖုန့်မှာအဘိုးအို၏မျက်နှာထက်မှ ချောက်ချားဖွယ်အပြုံးအားမြင်တွေ့ရသောအခါတွင် ချက်ချင်းပဲသူသဘောပေါက်လိုက်သည်။

ထို့နောက်တွင် အဘိုးအို၏ပုံရိပ်က ရုတ်ခြည်း အပေါ်သို့ တည့်တည့်ထိုးတက်လာသည်ကိုတွေ့ရသည်။

“ဖွဲ့စည်းစမ်း”

ရုတ်တရက်ရှစ်ဖုန့်ကအော်ပြောလိုက်သည်။ သူ၏လက်အားအတူတကွပူးလိုက်ပြီး အလောင်းတစ်သောင်းအစီအရင်၏အောက်တွင် အနက်ရောင်သေခြင်းချီများထွက်ပေါ်လာကာ အဖြူရောင်နှင့်အဘိုးအိုထံသို့တစ်ဟုန်ထိုး

ဦးတည်သွားသည်။

“အား”

အဘိုးအိုမှာအနက်ရောင်သေခြင်းချီတို့က သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသည်ကို အာရုံခံမိပုံပေါ်သည်။ သူက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးတလိပ်လိပ်ထနေသောအနက်ရောင်များက ပြင်းထန်သောအတက်အကျလှိုင်းများ

ဖြစ်ပေါ်လာသ်။ သူ၏ကျယ်လောင်သောအော်ဟစ်သံကြောင့် တစ်ဟုန်ထိုးဦးတည်သွားနေသော အနက်ရောင်သေခြင်းချီများမှာဖျက်ဆီး

ခံလိုက်ရသည်။

သို့သော်ဤအချိန်တွင် တီရှာက အဘိုးအိုထံသို့တစ်ဟုန်ထိုးဦးတည်သွား

ပြီးဖြစ်သည်။ သူကအနက်ရောင်သေခြင်းချီတို့ဖြင့်ဖွဲ့စည်းထားသောကြီးမားသည့်တံစဉ်ကို ကိုင်ထားပြီး အဘိုးအိုထံသို့ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

“အား”

ဤအချိန်တွင် အဘိုးအိုက နောက်ထပ်ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ နောက်တစ်ကြိမ် သူ၏မျက်နှာထက်၌ ကြမ်းကြုတ်သောပုံစံထွက်ပေါ်လာသည်။ ထို့နောက်တွင် သူကပြင်းထန်သောလက်သီးတစ်လုံးကို ပစ်သွင်းလိုက်ပြီး တိုက်ခိုက်မှုအားတီရှာထံသို့ချိန်ရွယ်လိုက်သည်။

အဘိုးအိုထိုးသွင်းလိုက်သောလက်သီးကလောမိသားစု၏ အန္တိမပညာရပ်ဖြစ်သော လောမိသားစု ပျက်သုဉ်းခြင်းလက်သီးဖြစ်သည်။

“ဘန်း”

စွမ်းအားကြီးစွမ်းအင်နှစ်ခုကပြင်းထန်စွာ

ပစ်ဆောင့်သွားပြီး အဘိုးအိုကအတင်းအကျပ်ပြန်ပြုတ်

ကျသွားချိန်တွင် တီရှာကလည်းအတင်းအကျပ်

နောက်ပြန်တက်သွားသည်။ သိပ်မကြာခင် နှစ်ယောက်သားရပ်တန့်သွား၏။

တီရှာက သူ၏လက်ထဲမှ သေခြင်းချီ အနက်ရောင်တံစဉ်ကိုကိုင်ပြီး အဘိုး အိုထံသို့ ထပ်မံဦးတည်လိုက်ချိန်တွင် အဖြူရောင်နှင့်အဘိုးအိုကရုတ်ခြည်း

ပြင်းထန်စွာတုန်ယင်လာသည်။သူကအော်ဟစ်လိုက်သည်။

“ငါ့ကိုသတ်..မြန်မြန်..ငါ့ကိုသတ်လိုက်”

“နေအုံး”

ရှစ်ဖုန့်မှာ အဘိုးအို၏အော်သံအားကြား

လိုက်ရသောအခါတွင် တီရှာအားထံသို့ရပ်ရန်လျှင်မြန်စွာ

အော်လိုက်သည်။

တီရှာက ရှစ်ဖုန့်၏အော်သံအားကြား

လိုက်ရသောအခါတွင် သူ၏ထိုးဆင်းနေသောကိုယ်က

ရုတ်ခြည်းရပ်သွားသည်။ သူကခေါင်းမော့လိုက်ပြီး အထက်မှ

ရှစ်ဖုန့်အား စိတ်ရှုပ်ထွေးသောအမူအယာ

ဖြင့်ကြည့်လိုက်သည်။

“ငါ့ကိုသတ်…ငါ့ကိုမြန်မြန်သတ်လိုက်.

.ငါထပ်ပြီးမထိန်းနိုင်တော့ဘူး”

အောက်ဘက်မှအဘိုးအို၏အော်သံအား

ဆက်လက်ကြားရပြီး အဘိုးအို၏ကိုယ်က ပို၍ပို၍ ပြင်းထန်စွာလှုတ်ခါတုန်ယင်လာ

သည်ကိုရှစ်ဖုန့်တွေ့ရသည်။

All Chapters