← Chapters

အခန်း (၆၈၆)

Vol. 46 Ch. 686

အခန်း (၆၈၆)

Vol. 46 Ch. 686

ရှစ်ဖုန့်က မချိမဆန့်ဝေဒနာခံစားနေရဆဲဖြစ်သော အဘိုးအိုအားကြည့်လိုက်သည်။ သူ၏ကိုယ်ကသေချင်နေသကဲ့

သို့ပြင်းထန်စွာတုန်ယင်နေသည်။ သူကလျှင်မြန်စွာမေးလိုက်သည်။

“ခင်ဗျားကလောယွဲ့ခွန်းလား”

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် အဘိုးအို က ရုတ်တရက်ခေါင်းမော့လိုက်ပြီး အပေါသို့ စိုက်ကြည့်လိုက်သည်။ သူက နာကျင်မှုအပြည့်ဖြင့်ရှစ်ဖုန့်ထံ

သို့အော်ဟစ်လိုက်၏။

“ငါပဲ. မြန်မြန်.. ငါ့ကိုသတ်လိုက်. မြန်မြန်…ငါ့ကိုသတ်လိုက်တော့”

ဤအချိန်တွင် အဘိုးအို၏မျက်နှာထက်၌ချောက်ချား

ဖွယ်ကောင်းသောအပြုံးတစ်ခုပေါ်လာသည်။ သူ ၏ကိုယ်က ရုတ်တရက်ရွေ့လျားသွားပြီး အပေါ်သို့တည့်တည့်ဦးတည်လိုက်သည်။

ထိုအချိန်တွင် တီရှာကခေါင်းမော့လိုက်ပြီး ရှစ်ဖုန့်၏အမြင်အားတောင်းခံ၏။

ရှစ်ဖုန့်ကတီရှာအား

ခပ်မြန်မြန်ပင်ပြောလိုက်သည်။

“တိုက်”

ရှစ်ဖုန့်အမိန့်ပေးလိုက်သောအခါ၌ တီရှာက သူ၏လက်ထဲမှ အနက်ရောင်တံစဉ်အားကိုင်ပြီး လောယွဲ့ခွန်းထံသို့ဦးတည်ကာ ပြင်းထန်စွာခုတ်ပိုင်းလိုက်သည်။

“ဘန်း

ပြန်းထန်သောစွမ်းအားတို့ကပစ်ဆောင့်မိပြီး ပေါက်ကွဲသံတို့ကရုတ်ခြည်းထွက်ပေါ်လာသည်။

ရှစ်ဖုန့်ကခေါင်းငုံကာ အောက်ရှိတိုက်ပွဲအားကြည့်လိုက်သည်။ လောမိသားစု၏ ပထမအကြီးအကဲ လောယွဲ့ခွန်းအား တစ်စုံတစ်ခုက ဝင်စီးထားပုံရ၏။

“အဲ့တာကဘာလဲ. ဘယ်လိုဖြစ်ပြီးတော့ ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးက ဒီလိုမျိုးဖြစ်လာရတာလဲ”

“ဒီသေခြင်းမဲ့တောင်တန်းကတကယ့်ကို ပုံမှန်မဟုတ်ဘူးပဲ”

“အား..အား.အား.အား.အား… ဟားဟား…ဟားဟားဟား”

ထိုအခိုက်အတန့်တွင်လောယွဲ့ခွန်း

မှာရူးသွပ်သွားသောပုံရ၏။ သူက မချိတင်ကဲအော်ဟစ်လိုက်သလို ချောက်ချားဖွယ်ရယ်မောခြင်းကိုလည်းပြုလုပ်လိုက်သည်။ သူကတီရှာနှင့်ပြင်းထန်စွာတိုက်ခိုက်နေသည်။

“ချုပ်နှောင်မယ်”

ရှစ်ဖုန့်က သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုအားထပ်မံပုံဖော်လိုက်ပြီး မကျယ်သောအသံဖြင့်အော်ပြောလိုက်သည်။ လောယွဲ့ခွန်း၏ဝန်းကျင်တွင် သေခြင်းချီကြိုးမျှင်များကပေါ်လာ၏။ သေခြင်းအော်ရာကတုန်ခါနေပြီး

လောယွဲ့ခွန်း၏ကိုယ်အားကြိုးတစ်ချောင်းကဲ့သို့ ရစ်ထွေးလိုက်သည်။ မျက်စိတ်တစ်မှိတ်အတွင်း သေခြင်းချီတို့က လောယွဲ့ခွန်း၏ ကို ကောက်ညှင်းထုတ်ကဲ့သို့တင်း

ကျပ်စွာချည်နှော်ရစ်ထွေးသွား၏။

“အား..အား..အား..အား..”

ချည်နှောင်ခံထားရသော လောယွဲ့ခွန်းကဒေါသတကြီး

အော်ဟစ်နေသည်။

တီရှာမှာ အဘိုးအိုချည်နှောင်ခံလိုက်ရ

သည်အားတွေ့လိုက်ရသောအခါတွင် ခုတ်ပိုင်းလိုက်သော အနက်ရောင် တံစဉ်ကို ရုတ်တရက်ရပ်တန့်လိုက်သည်။

“ဒါက အဘိုးအိုကိုခဏတော့ချည်နှောင်

ထားနိုင်လိမ့်မယ်”

ရှစ်ဖုန့်က သူ၏လက်သင်္ကေတဆီးလ်

ကိုရုတ်သိမ်း၍ပြောလိုက်သည်။ ထို့နောက်သူကတီးတိုးပြောလိုက်၏။

“အဘိုးကြီးသူအသိပြန်ရတာ

ကိုစောင့်ပြီးတော့မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုမေးတာပေါ့”

လောယွဲ့ခွန်းမှာအပြင်းအထန်ရုန်းကန်နေရင်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ သေခြင်းချီများထံမှ လွတ်မြောက်နိုင်ရန်ကြိုးပမ်းနေသည်။ သူ ချောက်ချားဖွယ်ကောင်းသောအပြုံးကထပ်မံပေါ်လာ၏။

“အား.အား.အား. သတ်.. ငါ့ကိုသတ်လိုက်”

ထို့နောက်တွင် လောယွဲ့ခွန်း၏ပါးစပ်မှ ပြင်းထန်စွာဟစ်အော်သော

အသံတို့ထွက်ပေါ်လာသည်။

လောယွဲ့ခွန်း၏ စကားများအားကြား

လိုက်ရသောအခါတွင် အဘိုး အိုသူ၏အသိအားပြန်ရလာပြီဖြစ်သည်ကိုရှစ်ဖုန့်သိလိုက်သည်။ သူကအလျှင်အမြန်မေးလိုက်၏။

“လောယွဲ့ခွန်း. ခင်ဗျားဘာဖြစ်ခဲ့တာလဲ. ဘယ်လိုဖြစ်ပြီးဒီလိုမျိုးဖြစ်လာရတာလဲ. လောချင်းချွမ်ရောအခုဘယ်မှာလဲ”

“ငါ..ငါလား. အား. ငါမသိဘူး

.ငါမသိဘူး.အား. ….”

လောယွဲ့ခွန်းမှာအော်ဟစ်နေကဲ့သို့ အားကောင်းသောအော်ရာတစ်ခုက လောယွဲ့ခွန်း၏ကိုယ်မှ ရုတ်ခြည်းမြင့်တက်လာသည်

ကိုရှစ်ဖုန့်ခံစားလိုက်ရသည်။

“မကောင်းတော့ဘူး”

လောယွဲ့ခွန်း၏ ကိုယ်မှအော်ရာအားအာရုံခံမိ

သောအခါတွင်ရှစ်ဖုန့်ရုတ်တရက်နိုးကြားစွာဖြင့်အလျှင်အမြန်ပြောလိုက်၏။ထို့နောက်တွင် လောယွဲ့ခွန်းက ရုတ်ခြည်းစွမ်းအင်တို့ကို အားထုတ်သုံးလိုက်ပြီး သူကိုယ်ပေါ်၌ ချည်နှောင်ထားသောအနက်ရောင်သေခြင်း

ချီစွမ်းအင်တို့က ရုတ်ခြည်း ကျိုးပျက်သွားသည်။

“ငါ့ကိုသတ်.. မြန်မြန်..မြန်မြန်လုပ်.မြန်မြန်. ငါဒီလိုမျိုးဝေဒနာကိုထပ်ပြီး

မခံစားချင်တော့ဘူး”

ဤအချိန်တွင်လောယွဲ့ခွန်းမှာ

နာကျင်စွာဖြင့်ဟစ်အော်မြည်တမ်းနေသည်။ သူ၏ကိုယ်ကနာကျင်မှုကြောင့်

တွန့်လိမ်နေသော်လည်းသူ၏

အသိကရှိနေသေးပုံရကာ ရှစ်ဖုန့်အားသူ့အားသတ်ပေးရန်

တောင်းပန်နေသည်။

ဤအချိန်တွင် လောယွဲ့ခွန်းကသူ၏လက်တို့ကိုအတူတကွပူးလိုက်ပြီးရုတ်တရက်ကိုယ့်ခေါင်းကိုယ်ပြန်ရိုက်လိုက်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ “ဘန်း”ဟူသောအသံနှင့်အတူ လောယွဲ့ခွန်း၏ ဦးခေါင်းက သူ၏လက်ဖဝါးတို့အောက်တွင်

ပေါက်ကွဲသွားသည်။

“ဒီအဘိုးကြီးသူ့ကိုယ်သူသတ်သေသွားတာပဲ”

ရှစ်ဖုန့်က ရေရွတ်ပြောလိုက်သည်။ သို့သော်ထို့နောက်တွင်ရှစ်ဖုန့်၏စိတ်ထဲ၌ အတွေးတစ်ခုက ရုတ်တရက်ဖြတ်သန်းလာသည်။

“ဒီလျှို့ဝှက်တောင်ကြားချိုင့်ဝှမ်းထဲက အနက်ရောင်မြူခိုးတွေကို မဖယ်ရှားရဘူးလို့လောမိသားစုကိုပြောလိုက်ပါ.. လုံးဝမလုပ်ရဘူး”

ထို့နောက်တွင် ရှစ်ဖုန်၏စိတ်ထဲမှအတွေးက ရုတ်ခြည်းပျောက်ကွယ်သွားသည်။

ယင်းမှာ လောယွဲ့ခွန်းသေဆုံးသွားပြီးသည့်နောက်၌ ရှစ်ဖုန့်၏စိတ်ထဲသို့ဖြတ်သန်းရောက်ရှိလာသော အတွေးတစ်ခုဖြစ်သည်။

“လျှို့ဝှက်တောင်ကြားချိုင့်ဝှမ်းထဲ က အနက်ရောင်မြူခိုးတွေကိုမဖယ်ရှား

ရဘူးတဲ့လား”

ရှစ်ဖုန့်က သိပ်သည်းသောအနက်ရောင်မြူခိုးများကို ဝေ့ဝိုက်ကြည့်လိုက်ပြီး သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။ လောယွဲ့ခွန်းကသူအားသတင်းစကားတစ်ခုပေးပို့ခဲ့ခြင်းဖြစ်သည်။

“ဟမ်”

ထို့နောက်တွင် လောယွဲ့ခွန်း၏ပြောင်းလဲမှုကို ရှစ်ဖုန့် အာရုံခံမိပြီး အလျှင်အမြန် သူ၏ခေါင်းအားထပ်မံငုံ့ကြည့်လိုက်သည်။ ဤအချိန်တွင် လောယွဲ့ခွန်း၏ခေါင်းပေါက်ကွဲသွားပြီးနောက် သူ၏ကိုယ်က လျှင်မြန်စွာဆွေးမြည့်ယိုယွင်းလာသည်ကို ရှစ်ဖုန့်တွေ့ရသည်။

ကြည့်ရသည်မှာလောယွဲ့ခွန်း၏ကိုယ်ကသေဆုံးသွားပြီးဖြစ်သော်လည်း တစ်စုံတစ်ခု၏ထိန်းချုပ်ခြင်းအားခံရကာ တစ်ပိုင်းသေတစ်ပိုင်းရှင်အခြေအနေသို့ပြောင်းလဲသွားခြင်းဖြစ်ပုံရသည်။ သူကလွန်စွာပြင်းထန်သော နာကျင်မှု ဝေဒနာကို ခံစားခဲ့ရသည်။

ထို့နောက်တွင် လောယွဲ့ခွန်း၏ဆွေးမြည့်နေသောကိုယ်မှ အနက်ရောင်အရိပ်တစ်ခုကဖျက်ခနဲ ထွက်ပေါ်လာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ၎င်းကလွန်စွာမြန်ပြီးလျှပ်စီးကဲ့သို့ဖြစ်ကာ သူ့ထံသို့ဦးတည်လာသည်။

မျက်စိတစ်မှိတ်အတွင်း၎င်းက ရှစ်ဖုန့်ရှေ့သို့ရောက်ရှိလာသည်။

“ငရဲဘုံလက်သီး”

ရှစ်ဖုန့်ကရုတ်ခြည်း သူ၏ခွန်အားအားလုံးကိုစုစည်းလိုက်သည်။ သိပ်သည်းသောအနက်ရောင်သေခြင်းချီတို့က သူ၏လက်သီးပေါ်တွင်ရစ်ဝဲနေသည်။

အလောင်းတစ်သောင်းအစီအရင်၏

သေခြင်းချီကိုအသုံးပြု၍ စွမ်းအားကြီးလက်သီးတစ်ခုကို

သူဖွဲ့စည်းလိုက်ပြီး ၎င်းအားအနက်ရောင်အရိပ်ထံ

သို့ပစ်သွင်းလိုက်သည်။

“ဘန်း”

ရှစ်ဖုန့်ထံသို့ အပြင်းဦးတည်လာသော အနက်ရောင်အရိပ်မှာ ရှစ်ဖုန့်၏လက်သီးချက်ကြောင့်

လွင့်ထွက်သွားသည်။ ဤအချိန်တွင်သူ၏ညာလက်နှင့်

ဓားတစ်ခုအသွင်ဖွဲ့စည်းလိုက်ပြီး အော်ပြောလိုက်သည်။

“ချုပ်နှောင်စမ်း”

လွင့်ထွက်သွားသော အနက်ရောင်အရိပ်၏ဝန်းကျင်တွင် အနက်ရောင်သေခြင်းချီအမျှင်များ

ကပေါ်လာသည်။ ထို့နောက်လောယွဲ့ခွန်းအားချည်နှောင်သကဲ့သို့ပင် အနက်ရောင်အရိပ်မှာလည်း တင်းကျပ်စွာချည်နှောင်ခံလိုက်ရသည်။

“ခွီး..ခွီး..”

အနက်ရောင်အရပ်ထံမှ ထူးဆန်းသောအော်သံတစ်ခုထွက်ပေါ်လာသည်။ထို့နောက်တွင် ရှစ်ဖုန့်၏မျက်လုံးထဲ၌ အနက်ရောင်အရိပ်ကပေါ်လာ၏။

၎င်းက လူတစ်ယောက်အရွယ်ခန့်ရှိသော

မွန်းစတားတစ်ကောင်ဖြစ်သည်။ ၎င်း၏ကိုယ်က အနက်ရောင်ဖြစ်သော်လည်း ၎င်း၌ ကြွက်တစ်ကောင်၏ ဦးခေါင်းရှိသည်။ သို့သော်ဤမွန်းစတားတွင် ၎င်း၏ကြွက်မျက်နှာပေါ်၌ စက်ဆုပ်ဖို့ကောင်းသော မျက်လုံး ခြောက်လုံးရှိ၏။

၎င်း၏ပါးစပ်အားဖွင့်ဟကာ ကြမ်းကြုတ်ခက်ထန်သော

မျက်နှာဖြင့်အော်ဟစ်နေ၏။ ၎င်း၏လွန်စွာထိတ်လန့်ဖို့

ကောင်းသောပုံစံဖြစ်သည်။

“ဒါက လောယွဲ့ခွန်းရဲ့ကိုယ်က ဝင်စီးထားတဲ့မွန်းစတားပဲ. ဒါကကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကိုတောင် လူမကျတစ္ဆေမကျ ဖြစ်အောင်ပြောင်းလဲခဲ့တယ်..”

ရှစ်ဖုန့်က မွန်းစတားအားကြည့်၍ ဒေါသတကြီးပြောလိုက်သည်။

ဤမွန်းစတား၏ကျင့်ကြံခြင်း

နယ်ပယ်ကမြင့်မားခြင်းမရှိဘဲ ၎င်း၏ခွန်အားကလည်းမသန်မာပေ။ သို့သော် ၎င်း၌လွန်စွာမြန်သောအမြန်နှုန်းရှိ၏။ အကယ်၍တစ်စုံတစ်ယောက်သာ

ပြင်ဆင်ထားခြင်းမရှိလျှင် ၎င်း၏ထောင်ချောက်အတွင်းသို့အလွယ်တကူ ကျဆင်းသွားရလောက်သည်ဖြစ်၏။ သူ့မျိုးဆက်၏ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးဖြစ်သူလောယွဲ့ခွန်းပင် ကံမကောင်းစွာဖြင့် သက်ဆင်းခဲ့ရသည်ဖြစ်သည်။

“ဖျက်ဆီးပစ်လိုက်”

ရှစ်ဖုန့်ကတီရှာအားအော်ပြောလိုက်သည်။

ရှစ်ဖုန့်၏အမိန့်အားကြားရသောအခါတွင် တီရှာက ချက်ချင်းပဲ မွန်းစတား၏ ရှေ့သို့ ပျံသန်းသွားသည်။ သူ၏ လက်ထဲမှ အနက်ရောင်တံစဉ်ကိုမြှောက်လိုက်ပြီး မွန်းစတားထံသို့ခုတ်ပိုင်းလိုက်၏။

“ခွီး.ခွီး.”

မွန်းစတားမှာ တီရှာ၏တိုက်ခိုက်မှုလာနေသည်

အားတွေ့ရသောအခါတွင် ၎င်း၏စက်ဆုပ်ဖွယ်ကောင်းသော

မျက်နှာထက်၌ လွန်စွာတုန်လှုပ်ထိတ်လန့်

ကြောက်ရွံ့မှုတို့ဖြင့်ပြည့်နှက်နေ၏။ ၎င်း၏ကိုယ်က ပို၍ပြင်းထန်စွာရုန်းကန်နေသည်။

သို့သော်၎င်း၏ ရုန်းကန်မှုအားလုံးက အချည်းအနှီးသာဖြစ်သည်။ တီရှာကရုတ်တရက်ခုတ်ပိုင်းလိုက်ပြီး ကြွက်ဦးခေါင်းထံသို့ အနက်ရောင် တံစဉ်က ပြင်းထန်စွာ ကျရောက်သွားသည်။

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုနှင့်အတူ အနက်ရောင်မွန်းစတား၏ တစ်ကိုယ်လုံးက တီရှာ၏လက်ထဲမှ အနက်ရောင်တံစဉ်အောက်တွင်

ခုတ်ပိုင်းခြေမွခံလိုက်ရသည်။

ဤအရာ၌ သွေးသို့မဟုတ်နာမ်ဝိညာဉ်ရှိမနေပေ။ ၎င်းသေဆုံးသွားပြီးနောက် သေခြင်းချီပင်ရှိနေခြင်းမရှိသည်ကို ရှစ်ဖုန့်အာရုံခံမိသည်။

“သွားစို့”

မွန်းစတားအားသတ်ပြီးသည့်နောက်၌ ရှစ်ဖုန့်ကထပ်မံအော်ပြောလိုက်သည်။ ထိုမွန်းစတားအားမြင်ပြီးနောက်တွင် သူ၏တပည့်ဖြစ်သူ လောချင်းချွမ်းနှင့်ပက်သက်၍ ပို၍ပို၍စိုးရိမ်လာသည်။

All Chapters