← Chapters

အခန်း (၆၈၇)

Vol. 46 Ch. 687

အခန်း (၆၈၇)

Vol. 46 Ch. 687

များပြားလှသော ယင်အလောင်းကောင်အုပ်ကြီးက ကျိုင်းကောင်များကဲ့သို့ အောက်သို့ထိုးဆင်းလိုက်သည်။ လမ်းတစ်လျှောက်တွင် ရှစ်ဖုန့်နှင့် ယင်အလောင်းကောင်အုပ်ကြီးမှာ ဆန်းကြယ်ပြီး ကြမ်းကြုတ်ခက်ထန်သော သတ္တဝါဒါဇင်ခန့်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဤသတ္တဝါများအားလုံး၏ အော်ရာများက ရှေးဦးခေတ်ကာလအချိန်များက

အော်ရာများဖြစ်ကြသည်။ ၎င်းတို့အားလုံးက ရှေးခတ် က ရက်စက်ကြမ်းကြုတ်ခက်ထန်သော သားရဲများဖြစ်ကြသည်။

၎င်းတို့ထဲတွင် အနက်ရောင်ရှိပြီး မိကျောင်းခေါင်းတိုပုံစံဖြင့် ကြမ်းကြုတ်ခက်ထန်သောသားရဲတစ်ကောင်ရှိ၏။၎င်းမှာ တကယ့်ကို အဆင့်ကိုး ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်ဖြစ်နေသည်။ သို့သော်၎င်းမှာ တီရှာ၏ တံစဉ်အောက်တွင် ပိုင်းဖြတ်ခံလိုက်ရဆဲဖြစ်သည်။

“ဖန်း..ဖန်း..ဖန်း..ဖန်း.. .ဖန်း..”

မြေပြင်ပေါ်သို့တစ်စုံတစ်ခုကျဆင်းနေသော အသံက အဆက်မပြတ်ထွက်ပေါ်နေသည်။ ရှစ်ဖုန့်နှင့် ယင်အလောင်းကောင်အုပ်ကြီးမှာ နောက်ဆုံးတွင် တောင်ကြားချိုင့်ဝှမ်း၏ အောက်ခြေသို့ရောက်ရှိလာသည်။ ဤနေရာ၌လည်း သိပ်သည်းပြီး ဆန်းကြယ်သောအနက်ရောင်မြူများ

ဖြင့်ပြည့်နှက်နေ၏။

အစမှယခုချိန်ထိတိုင် ဤအနက်ရောင်မြူခိုးတက တကယ်ပဲဘာဖြစ်သည်ကို တွေးတောနေဆဲဖြစ်သည်။ ဘာကြောင့်များလောချင်းမင်က လောမိသားစုကို ဤမြူများအား ပျောက်ကွယ်သွားအောင်မပြုလုပ်ရန်ပြေဖို့

သူ့အား သတင်းစကားတစ်ခုပို့ခဲ့ပါသနည်း။

ထို့နောက်တွင် ရှစ်ဖုန့်ကပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ ပတ်ဝန်းကျင်အား အာရုံခံလိုက်၏။ ထို့နောက်တွင် သူရပ်နေသောရှေ့တည့်တည့်ရှိ အနည်းဆုံးမီတာသုံးဆယ်ခန့်တွင် မြေပြင်ပေါ်၌လူသားအလောင်းများ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။

ထို့နောက်တွင်ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ထိုနေရာသို့အလျင်အမြန်ပျံသန်းသွားသည်။ ရှစ်ဖုန့်၏ခြေထောက်က မြေပြင်ပေါ်သို့ ထပ်မံဆင်းသက်လိုက်ချိန်တွင် သူ၏ခေါင်းအားငုံ့လိုက်ပြီး မြေပြင်ပေါ်ရှိအလောင်းများအားတစ်ချက်ကြည့်လိုက်သည်။

ဤအလောင်းများသေဆုံးခဲ့သည်မှာ ဆယ်ရက်ကျော်ခန့်ရှိလောက်ပြီဖြစ်သည်။ ၎င်းတို့၏မျက်နှာများမှတစ်ဆင့် ၎င်းတို့၏မျက်လုံးများကပြူးကျယ်စွာပွင့်နေပြီး ၎င်းတို့၏မျက်နှာများထက်၌ တုန်လှုပ်မှုများဖြင့်ပြည့်နှက်နေသည်ကို ရှစ်ဖုန့်တွေ့ရသည်ဖြစ်သည်။ အကယ်၍ သူတို့ဤကဲ့သို့အမူအယာမျိုးဖြင့်သေဆုံးခဲ့ရလျှင် သူတို့အသက်ရှင်စဉ်အချိန်၌ လွန်စွာထိတ်လန့်ကြောက်မက်ဖွယ်

ကောင်းသော တစ်စုံတစ်ခုနှင့်ရင်ဆိုင်ကြုံတွေ့

ရသောကြောင့်ဖြစ်သည်ကို လုံလောက်စွာသက်သေပြနိုင်သည်ဖြစ်သည်။

ဤအလောင်းများအားလုံးက လောမိသားစုမှဖြစ်သည်။

လောမိသားစု၏ဘိုးဘေးများက သူတို့၏မျိုးဆက်များအား မျိုးဆက်အဆက်ဆက် သေခြင်းမဲ့တောင်တန်းအားစောင့်ကြပ်ရန် အမိန့်ပေးခဲ့သည်။ ယခု သေခြင်းမဲ့တောင်တန်းကလောမိသားစု၏ သင်္ချိုင်းတစ်ခုဖြစ်လာသည်။

ကံကောင်းစွာဖြင့် ရှစ်ဖုန့်မှာ သူ၏ တပည့်ဖြစ်သူလောချင်းချွမ် သို့မဟုတ် သူမြေးတပည့် ရွှယ်ဝူဟမ်တို့၏အလောင်းတို့အားလောမိသားစုဝင်များ၏အလောင်းများကြားထဲ၌ မမြင်တွေ့ရပေ။

ထို့နောက်တွင်ရှစ်ဖုန့်ကသူ၏ အကြည့်အား လောမိသားစု၏အလောင်းများထံမှရုတ်သိမ်းလိုက်ပြီး အနက်ရောင်မြူများနှင့်ပြည့်နှက်နေသည့် တောင်ကြားချိုင့်ဝှမ်းအား ဆက်လက်စစ်ဆေးလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားကလည်းပတ်ဝန်း

ကျင်အားဆက်လက်အာရုံခံနေ၏။

“လောချင်းချွမ်နဲ့ရွှယ်ဝူဟမ်တို့

ဘယ်နေရာကိုသွားတာလဲ..အခုအခြေအနေက

ဘယ်လိုဖြစ်နေကြပြီလဲ”

ရှစ်ဖုန့်ကထပ်မံတီးတိုးရေရွတ်လိုက်သည်။

ဤတောင်ကြားချိုင့်ဝှမ်းကအရမ်းကြီးမားသည်ကို ရှစ်ဖုန့် အာရုံခံမိပြီးဖြစ်သည်။ သူ့အနေဖြင့် ၎င်းအားဖြည်းဖြည်းချင်းသာရှာ

ဖွေမှုပြုလုပ်ရမည့်ပုံပေါ်၏။

ရှစ်ဖုန့်၌သူ၏အမိန့်အောက်တွင် ယင်အလောင်းကောင် စစ်တပ်တစ်ခုရှိသည်ဖြစ်သည်။ အကယ်၍ ဤယင်အလောင်းကောင်များကိုသာဖြန့်ကျတ်လိုက်လျှင် ယင်းက တစ်စုံတစ်ယောက်အား ရှာဖွေရန်အတွက်အမြန်ဆုံးသော နည်းလမ်းဖြစ်လိမ့်မည်ဖြစ်သည်။သို့သော် ဤယင်အလောင်းကောင်တစ်ကောင်စီတိုင်းကရှစ်ဖုန့်အတွက် ရတနာတစ်ခုဖြစ်၏။ ယင်အလောင်းကောင်များ၌ မတော်တဆဖြစ်ရပ်များဖြစ်လာ

မည်ကိုရှစ်ဖုန့်ကြောက်သည်ဖြစ်သည်။

“ထားလိုက်ပါလေ. ..ငါ့ရဲ့အရည်အချင်းမပြည့်မကျွမ်းကျင်တဲ့ တပည့်လေးအတွက် ငါအားလုံးကိုလွှတ်လိုက်ပါ့မယ်..

အကယ်၍ဆုံးရှုံးမှုတွေရှိလာရင်လည်း နောက်မှငါသူနဲ့ဖြေရှင်းလိုက်မယ်”

ထို့နောက်တွင် အတွေးတစ်ချက်ဖြင့် ယင်အလောင်းကောင်အုပ်စုအား ဦးတည်ချက်အနှံ့သို့ ပျံသန်းရန်အတွက် ကျွမ်းကျင်စွာကိုင်တွယ်လိုက်သည်။

ရှစ်ဖုန့်ကရပ်ပြီးစောင့်နေ၏။ သိပ်မကြာခင် ရှစ်ဖုန့်၏မျက်လုံးတို့ ကတွန့်သွားသည်။ ယင်အလောင်းကောင်အုပ်စုတစ်စုက သူတို့တစ်စုံတစ်ခုအားရှာတွေ့ထားသည်ဟု ရှစ်ဖုန့်အားသတင်းပို့ခြင်းဖြစ်သည်။

ထို့နောက်တွင် အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်ကယင်အလောင်းကောင်

အုပ်စုအားလုံးအား ထိုဦးတည်ချက်ဘက်သို့ဦးတည်

ပျံသန်းသွားရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်ကလည်းဦးဆောင်ကာ ထိုဦးတည်ချက်ဘက်သို့မြင့်မား

သောအမြန်နှုန်းဖြင့် တစ်ဟုန်ထိုးဦးတည်သွားသည်။

“ဝုန်း”

ရှစ်ဖုန့်ထိုနေရာနှင့် နီးကပ်လာသောအခါတွင် ရှေ့ဘက်မှ ဟိန်း

သံတစ်ခုထွက်ပေါ်လာသည်။

“ဝုန်း”

ထို့နောက်တွင် နောက်ထပ်မြည်ဟိန်းသံတစ်ခု

ထွက်ပေါ်လာပြန်သည်။

ထို့နောက် ရှေ့ရှိတလိပ်လိပ်ထနေသော အနက်ရောင်မြူခိုးများအတွင်း၌ အဖြူရောင်အလင်းတို့ဖျက်ခနဲဖျကက်ခနဲလင်းလက်နေပြီး အဖြူရောင် အဆောင်များက လွင့်မျောနေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ထိုအဖြူရောင်အလင်းနှင့် အဆောင်များက သူလက်ဆင့်ကမ်းခဲ့သောငရဲဘုံကိုးခု ပညာရပ်များဖြစ်သည်ကို ရှစ်ဖုန့် မှတ်မိလိုက်သည်။

“ရွှယ်ဝူဟမ်”

ထိုဦးတည်ချက်ဘက်မှ အဖြူရောင်ပုံရိပ်တစ်ခုအားရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းက သိပ်သည်းသောအနက်ရောင်မြူခိုးများနှင့် အဖြူရောင်အလင်းအတွင်း

လွန်းထိုးနေခြင်းဖြစ်သည်။ အဖြူရောင်ပုံရိပ်အား

တစ်ချက်ကြည့်ရုံဖြင့်ရှစ်ဖုန့်မှတ်မိလိုက်သည်။ ၎င်းမှာ ချင်ယူဖန်း၏တပည့်ဖြစ်သူ သူ၏မြေးတပည့် ရွှယ်ဝူဟမ်ပင်ဖြစ်သည်။

ဤအချိန်တွင်ရွှယ်ဝူဟမ်မှာ

တစ်စုံတစ်ယောက်ရောက်လာသည်ကို အာရုံခံမိပုံပေါ်သည်။ သူသကလှည့်လိုက်ပြီးရှစ်ဖုန့်အား

စိုက်ကြည့်လိုက်သည်။ သူကအံ့အားသင့်စွာပြောလိုက်၏။

“ဦးလေးငယ်.. ဦးလေးငယ်လည်းဒီကိုရောက်လာတာလား”

“ဟမ်”

ရှစ်ဖုန့်ကရွှယ်ဝူဟမ်၏ရှေ့တွင်ဆင်းသက်လိုက်သည်။ ရွှယ်ဝူဟမ်၏လက်ရှိ အခြေအနေအားမြင်တွေ့ရသောအခါတွင် သူ မျက်မှောင်ကြုတ်လိုက်သည်။

ရွှယ်ဝူဟမ်မှာယခင်ကကဲ့သို့ ထိုးထိုးထောင်ထောင်နိုင်သော အခြေအနေမဟုတ်တော့ပေ။ဤအချိန်တွင် သူ၏အခြေအနေကကောင်းမွန်ခြင်းရှိမနေပေ။ သူ၏မျက်နှာကညစ်ပေနေပြီးသူ၏ အဖြူရောင်အဝတ်ကစုတ်ပြဲနေကာ သူ၏ ဆံပင်များကလည်းရှုပ်ပွနေသည်။

သူ၏ကိုယ်က အစီအရင်တစ်ခုအတွင်းတွင်ပိတ်လှောင်ခံထားရသည်။ ဤအစီအရင်က ရှစ်ဖုန့်ယခင်ကဖန်တီးခဲ့သောငရဲဘုံကိုးခုလွင့်မျောအလင်းအစီအရင်ဖြစ်သည်။

“မင်းကိုဒီနေရာမှာ လွင့်မျောအလင်းအစီအရင်နဲ့ပိတ်ထားခဲ့တာ လောချင်းချွမ်လား.”

သူ၏ကိုယ်ပိုင်ငရဲဘုံကိုးခု လွင့်မျောအလင်းအစီအရင်အား

တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကရွှယ်ဝူဟမ်အားမေးလိုက်သည်။

“အင်း. အဲ့တာစီနီယာဦးလေးလောပဲ”

ရှစ်ဖုန့် ၏ စကားများအားကြားပြီးနောက်

ရှစ်ဖုန့်ကလျှင်မြန်စွာ ပြောလိုက်သည်။

“ငါတို့ဒီနေရာကိုဝင်ပြီးတဲ့နောက်မှာ ငါတို့တွေ ထိတ်လန့်ကြောက်မက်ဖို့ကောင်း

တဲ့သတ္တဝါတစ်အုပ်နဲ့ ပက်ပင်းတိုးခဲ့တယ်..သူတို့နဲ့ရင်ဆိုင်တိုက်ခိုက်တဲ့အခါမှာစီနီယာဦးလေးလောတောင်မှ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတယ်.

စီနီယာဦးလေးလောက ငါ့မှတစ်ခုခုဖြစ်လာမှာကြောက်လို့ သူဒီနေရာငါ့ကို လွင့်မျောအလင်းအစီအရင်နဲ့ပိတ်လှောင်ထားခဲ့တာ အဲ့နောက်သူက အဲ့ထိတ်လန့်ဖို့ကောင်းတဲ့သတ္တဝါတွေကိုရင်ဆိုင်တိုက်ခိုက်ဖို့ လောမိသားစုက ကျွမ်းကျင်သူတွေကို ဦးဆောင်ပြီးထွက်သွားတယ်”

ရှစ်ဖုန့်က သူ၏ညာလက်ဖြင့်ဆီးလ်တစ်ခု

ကိုပုံဖော်လိုက်ပြီး သူ၏လက်ဖဝါးအားရွှယ်ဝူဟမ်ထံသို့ရိုက်လိုက်သည်။ ရွှယ်ဝူဟမ်အားပိတ်လှောင်ထားသည့် ငရဲဘုံကိုးခု လွင့်မျောအလင်းအစီအရင်မှာ ရှစ်ဖုန့်၏လက်ဝါးကြောင့် ရုတ်ခြည်းပျောက်ကွယ်သွားသည်။ ဖြူစွပ်သောအလင်းနှင့်ဖြူစွပ်သော ရုန်းများကလည်းရုတ်ခြည်း

မှေးမှိန်ပျောက်ကွယ်သွား၏။

ထို့နောက် ရှစ်ဖုန့်ကရွှယ်ဝူဟမ်ကိုမေးလိုက်သည်။

“လောချင်းချွမ်ရောဘယ်လိုနေလဲ. သူအခုဘယ်မှာလဲ”

“ငါမသိဘူး”

ရွှယ်ဝူဟမ်ကပြောလိုက်သည်။ ထို့နောက်သူက ပြောလိုက်၏။

“စီနီယာဦးလေးလောကငါ့ကိုဒီနေရာမှာ

ဆီးလ်ခတ်ထားခဲ့ပြီး အဲ့မွန်းစတားတွေကိုသတ်ဖို့သူကလောမိသားစုကကျင့်ကြံသူတွေကိုဦးဆောင်သွားတာ… အဲ့နောက် သူရဲ့ပုံရိပ်က ငါ့မြင်ကွင်းကနေဖြည်းဖြည်းချင်းပျောက်ကွယ်သွားတော့တာပဲ. အဲ့နောက်ပိုင်းသူလုံးဝပြန်မလာခဲ့ဘူး”

ရှစ်ဖုန့်နောက်ဆုံး၌ရွှယ်ဝူဟမ်နှင့်

တွေ့ဆုံခဲ့သည်။ မူလကရွှယ်ဝူဟမ်ထံမှ လောချင်းချွမ်၏သတင်းများကို ရလိမ့်မည်ဟုသူထင်ခဲ့သော်လည်း ရွှယ်ဝူဟမ်က ၎င်းနှင့်ထပ်မံဆက်သွယ်မှု ဆုံးရှုံသွားလိမ့်မည်ဟု သူမမျှောင်လင့်ထားခဲ့ပေ။

ထို့နောက်ရှစ်ဖုန့်ကထပ်မံမေးလိုက်သည်။

“မင်းဆင်းလာပြီးတဲနောက်မှာ ဘာတွေရှာတွေ့ခဲ့သေးလဲ”

“အဲ့ကြောက်ဖို့ကောင်းတဲ့မွန်းစတား

တွေကလွဲပြီး တစ်ခြားဘာကိုမှငါရှာမတွေ့ဘူး. ငါကဒီနေရာမှာ ငရဲဘုံကိုးခု လွင့်မျောအလင်းနဲ့ ပိတ်လှောင်ထားတာခံခဲ့ရတာ. “

ရွှယ်ဝူဟမ်က သက်ပြင်းရှည်ချ၍ ပြောလိုက်သည်။

“အစတုံးက စီနီယာဦးလေးလောကို ကူညီဖို့သေခြင်းမဲ့တောင်တန်းကိုလာခဲ့တာ.

ဒါပေမဲ့ ငါက အရမ်း အသုံးမဝင်ဖြစ်နေမယ်လို့မမျှော်လင့်ထားခဲ့ဘူး. ငါကသူ့ကို မကူညီနိုင်ရုံတင်မကဘဲ သူ့ကို တောင် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့တယ်”

“တော်လောက်ပြီ …ဝမ်းနည်းမနေနဲ့”

ရှစ်ဖုန့်ကပြောလိုက်သည်။

“လောချင်းချွမ်နဲ့အခြားသူတွေအဲ့အချိန်တုံးက ဘယ်ဘက်ကိုထွက်သွားခဲ့တာလ”

“ဒီဘက်ကို”

ရွှယ်ဝူဟမ်ကသူ၏လက်ကိုဆန့်ထုတ်၍ ရှစ်ဖုန့်လာသည်နှင့်ဆန့်ကျင်ဘက်

အရပ်သို့ထိုးညွှန်ပြလိုက်သည်။

ထို့နောက်တွင်ရှစ်ဖုန့်၏မျက်လုံးတို့က ရွှယ်ဝူဟမ်ညွှန်ပြသောဦးတည်ချက်ဘက်သို့စိုက်ကြည့်နေသည်။ထို့နောက် သူကလှည့်လိုက်ပြီး ရွှယ်ဝူဟမ်ကိုပြောလိုက်သည်။

“သွားစို့”

“ကောင်းပြီ”

ရွှယ်ဝူဟမ်ကခေါင်းညိမ့်လိုက်သည်။ ထို့နောက် ရှစ်ဖုန့်နှင့်အတူ လောချင်းချွမ်ထိုနေ့ကသွားခဲ့သော ဦးတည်ချက်သို့ပျံသန်းသွားလိုက်၏။

သူတို့နှစ်ဦးသားရွေ့လျားသွားပြီးနောက် သူတို့နှစ်ဦး၏နောက်မှ ယင်အလောင်းကောင်အုပ်ကလည်း နီးကပ်စွာလိုက်ပါလာသည်။

ရွှယ်ဝူဟမ်မှာ သူ၏နောက်မှစွမ်းအားကြီး

စွမ်းအင်အားအာရုံခံမိသောအခါတွင် နောက်သို့လှည့်လိုက်သည်။ ဤအချိန်တွင်တီရှာကသူ၏

နောက်၌ပျံသန်းနေသည်ကိုတွေ့ရပြီး တုန်လှုပ်အံ့အားသင့်စွာဖြင့်စိတ်

ထဲမှပြောလိုက်သည်။

“လခွမ်းထဲမှ. .ငါ့ရဲဒီဦးလေးငယ်ကတော့….

တကယ်ကြီးဒီအလောင်းကောင်ဧကရာဇ်ကို အညံ့ခံအောင်လုပ်လိုက်တယ်.. သူကအမှန်တကယ်ကိုမွန်းစတားတစ်ကောင်ပဲ.သူကမကြာခဏ သာမန်လူတွေစိတ်တောင်မကူး

ရဲတဲ့အရာတွေကိုပဲလုပ်နေတာ”

All Chapters