အခန်း (၆၈၈)
Vol. 46 Ch. 688
ရွှယ်ဝူဟမ်မှာ ချူးမိသားစု၏ ချိတ်ပိတ်ကုန်းမြေအတွင်းသို့ရှစ်ဖုန့်နှင့်
အတူဝင်ရောက်ခဲ့ပြီး ရှစ်ဖုန့်ကအလောင်းကောင်ဧကရာဇ်အား ဖမ်းဆီးခဲ့သည်ကို သူ၏မျက်လုံးတို့ဖြင့် မျက်မြင်တွေ့ခဲ့ရသည်ဖြစ်သည်။ သို့သော် ယခုအခါတွင် ရှစ်ဖုန့်က ရက်စက်ကြမ်းကြုတ်ခက်ထန်သော အလောင်းကောင်ဧကရာဇ်အားထိန်းချုပ်လိုက်သည်ကိုမြင်တွေ့ရပြီး သူကကြီးစွာတုန်လှုပ်အံ့အားသင့်သွားရသည်။
ထို့နောက်တွင် ရွှယ်ဝူဟမ်ကလှည့်လိုက်ပြီး ရှစ်ဖုန့်နောက်သို့ သိပ်သည်းသောမြူများကို ဖြတ်သန်း၍ ဆက်လက်လိုက်ပါလိုက်သည်။
“ဝုန်း”
သို့သော် ဤအချိန်တွင် ရုတ်တရက် တုန်ခါသံတစ်ခုကရှေ့မှထွက်ပေါ်လာ
သည်ကိုကြားရသည်။ ထိုဦးတည်ချက်ဘက်မှ စွမ်းအင်အတက်အကျ လှိုင်းများစွာ ထုတ်လွှတ်နေ၏။
“အိုးမဟုတ်သေးဘူး”
ရှေ့မှလာနေသော စွမ်းအင်အတက်အကျတို့အားအာ
ရုံခံမိသောအခါတွင် ရှစ်ဖုန့်အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ ဤစွမ်းအင်အတက်အကျများကြောင့် ရှစ်ဖုန့်အားသူမတူအောင်ကောင်းမွန်သော စွမ်းအင်တစ်ခုကို အာရုံခံမိစေ၏။ ဤစွမ်းအားက အနည်းဆုံးကြယ်သုံးပွင့်ဧကရာဇ်
နယ်ပယ်တစ်ဦး၏ အဆင့်ရှိသည်ဖြစ်သည်။
ရုတ်ခြည်းရှစ်ဖုန့်က လက်လှမ်းကာသူ့ဘေး၌ရှိနေသော
ရွှယ်ဝူဟမ်အား ရှေ့သို့တစ်ဟုန်ထိုးတက်လှမ်းနေခြင်းမှတားဆီးလိုက်သည်။ထို့နောက်တွင် သူက လက်သင်္ကေတဆီးလ်တစ်ခုကိုပြုလုပ်လိုက်ပြီး အလောင်းတစ်သောင်းအစီအရင်
ကိုအသက်သွင်းလိုက်၏။
ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့ရှေ့တွင် ခမ်းနားသောအနက်ရောင်သေခြင်း
ချီများကရုတ်တရက်ထွက်ပေါ်လာသည်။ ထို့နောက်တွင် သေခြင်းချီတို့က ဧရာမအနက်ရောင်ဝဲကြီးတစ်ခုဖြစ်
ပြောင်းလဲသွားပြီး တစ်ဟုန်ထိုးလည်ပတ်ကာ ရှေ့မှလာနေသော စွမ်းအင်အတက်အကျလှိုင်းများ
ကိုခုခံလိုက်သည်။
“အရမ်းစွမ်းအားကြီးတာပဲ”
ရှစ်ဖုန့်၏ဘေး၌ရှိနေသောရွှယ်ဝူဟမ်မှာ သေခြင်းချီတို့ဖြင့်ဖွဲ့စည်းထားသောအနက်ရောင်ဝဲကြီးအားတွေ့လိုက်ရသောအခါတွင် မနေနိုင်ဘဲ အံ့အာသင့်စွာပြောမိသည်။
“ဒါကငရဲဘုံကိုးခု ဧကရာဇ်ဘိုးဘေးအမွေပေးခဲ့တဲ့ ပြိုင်ဘက်ကင်း အစီအရင်တစ်ခုဖြစ်နေတယ်ဆိုတာကို မအံ့ဩတော့ပါဘူး”
အနက်ရောင်သေခြင်းချီဝဲကြီးက ရုတ်ခြည်း စွမ်းအင်လှိုင်းများ၏ သက်ရောက်လာမှုကိုကြိုဆိုလိုက်သည်။
ရှေ့မှလာနေသောစွမ်းအင်များက အနက်ရောင်ဝဲကြီးအားလာရောက်
ထိမှန်သောအခါတွင် သူ၏နှလုံးသားကိုပင်တုန်ယင်စေသော အနက်ရောင်ဝဲကြီးက ပြိုလဲတော့မည့်လက္ခဏာများ ပြသလာသည်ကို ရွှယ်ဝူဟမ်တစ်ယောက် ဖြည်းဖြည်းချင်း တုန်လှုပ်အံ့အားသင့်စွာဖြင့်တွေ့လာရသည်။
ထိုစွမ်းအားကပို၍ စွမ်းအားကြီးနေသည်ဖြစ်သည်။
“တားဆီးစမ်း”
ရှစ်ဖုန့်က ရုတ်ခြည်း မကျယ်သောအသံဖြင့်အော်ပြောလိုက်သည်။ သူ၏ကိုယ်ပေါ်ရှိ သွေးရောင်ချပ်ဝတ်က သိပ်သည်းသော သွေးနီရောင် အလင်းတစ်ခု ရုတ်ခြည်းလင်းလက်တောက်ပလာသည်။ သွေးနီရောင်ချပ်ဝတ်၏ပုံရိပ်က သွေးနီရောင်ချပ်ဝတ်ထံမှ လွင့်မျောထွက်လာ၏။ ထို့နောက်တွင် ၎င်းက သူတို့၏ရှေ့ရှိ အနက်ရောင်ဝဲထံသို့ လျှင်မြန်စွာ ကူးလူးသွားသည်။
သွေးနီရောင်ချပ်ဝတ်၏ပုံရိပ်က လွင်မျောနေရင်းတစ်ဟုန်ထိုးပြန့်ကားလာသည်။ ထို့နောက်တွင် အနက်ရောင်ဝဲကြီးနှင့်တူညီသော
အရွယ်အစားဖြစ်သွားကာ ၎င်းအတွင်းပေါင်းစည်း၍ အနက်ရောင်ဝဲကြီးနှင့်အတူ စွမ်းအင်အတက်အကျလှိငုင်းတို့အား အတူတကွခုခံလိုက်သည်။
တစ်ချိန်တည်းမှာပင် လွန်စွာ အေးစက်သော သွေးနီရောင်မီးတောက်ပင်လယ်တစ်ခုက ရှစ်ဖုန့်၏ကိုယ်ပေါ်၌တောက်လောင်လာသည်။မီးတောက်ပင်လယ်က ဧရာမမီးတောက်လှိုင်းကြီးတစ်ခုကဲ့သို့ဖြစ်ကာ အနက်ရောင်ဝဲအတွင်းတောက်လောင်နေ၏။
တစ်ချိန်တည်းမှာပင် ပြိုလဲလုနီးပါးဖြစ်နေသော အနက်ရောင်ဝဲကြီးမှာ ရုတ်ခြည်း တည်ငြိမ်သွားပြီး ရှေ့မှလာနေသောစွမ်းအင်အတက်အကျလှိုင်းတို့အားဆက်လက်ခုခံနေ၏။
စွမ်းအားကြီးစွမ်းအင်နှစ်ခုကတို့က
အချိန်တစ်ခုကြာ ထိတွေ့ပြီးသည့်နောက်တွင် နောက်ဆုံး၌နှစ်ခုစလုံး မှေးမှိန်ပျောက်ကွယ်သွားသည်။
ရှစ်ဖုန့်အနေဖြင့်ရှေ့မှလာနေသော
စွမ်းအင်အတက်အကျလှိုင်းတို့အား
ခုခံနိုင်ခဲ့သော်လည်း နောက်သို့အတင်းအကျပ်ခြေတစ်လှမ်း
ဆုတ်လိုက်ရဆဲဖြစ်သည်။ သူ၏မျက်နှာကလွန်စွာဖြူဖျော့သွား၏။
ရှစ်ဖုန့်မှာစွမ်းအင်အတက်အကျလှိုင်း
တို့အားတားဆီးနိုင်ခဲ့သော်လည်း သူသည်လည်းအခြေအနေ
ကောင်းမွန်ခြင်းရှိမနေပုံရသည်။
သူတို့၏ရှေ့တွင် စွမ်းအားကြီးစွမ်းအင်နှစ်ခုတို့၏ ပစ်ဆောင့်မှုကြောင့် တလိပ်လိပ်ထနေသောအနက်ရောင်မြူများ ပျောက်ကွယ်သွားသည်။ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့၏ရှေ့တွင် မြင့်မားသောအနက်ရောင်ပလ္လင်ကြီး
တစ်ခုပေါ်လာသည်။ မကြာခင် ပလ္လင်ထက်၌ အဖြူရောင်ပုံရိပ်တစ်ခုက ဝင့်ကြွားစွာရပ်နေသည်ကို ရွှယ်ဝူဟမ်တွေ့လိုက်ရသည်။
“ဒါ..ဒါက ဦးလေးလောပဲ”
ရွှယ်ဝူဟမ်မှာ ပလ္လင်ထက်မှ အဖြူရောင်ပုံရိပ်အားမြင်တွေ့လိုက်ရသောအခါတွင် ရုတ်တရက်တုန်လှုပ်အံ့အားသင့်သွားပြီး သူ၏လက်ညှိုးအားထိုဘက်သို့ထိုးညွှန်
လိုက်သည်။
“ချင်းချွမ်”
ရှစ်ဖုန့်မှာ နှစ်ပေါင်းများစွာကြာမမြင်တွေ့ခဲ့ရသောသူ၏တပည့်ဖြစ်သူအားမြင်တွေ့လိုက်ရသောအခါတွင် သူ၏ကိုယ်က အနည်းငယ်တုန်ယင်သွားသည်။
လောချင်းချွမ်က အနက်ရောင်ပလ္လင်ထက်၌ ဝင့်ကြွားစွာရပ်နေ၏။ သူ၏ အဖြူရောင်ဝတ်ရုံက လေနှင့်အတူတဖျပ်ဖျပ်လွင့်နေပြီး သူ၏ အနက်ရောင်ဆံပင်ကလည်း ကခုန်နေကာ သူ၏မျက်နှာကတော့အေးစက်နေသည်။ သူ၏မျက်နှာပေါ်၌ ဘာအမူအ ယာကိုမှမြင်တွေ့ရခြင်းမရှိပေ။
“ဒီကောင်နဲ့ပက်သက်ပြီးတစ်ခုခုတော့မှားနေပြီ”
လောချင်းချွမ်၏ ကိုယ်မှ ပုံမှန်မဟုတ်မှုအားရှစ်ဖုန့် လျှင်မြန်စွာအာရုံခံမိလိုက်သည်။
ဤအချိန်တွင် လောချင်းချွမ်က သူ၏ခေါင်းအား ဖြည်းညှင်းစွာငုံ့လိုက်ပြီး ရှစ်ဖုန့်နှင့်ရွှယ်ဝူဟမ်တို့ရှိရာဘက်သို့ကြည့်လိုက်သည်။
ရုတ်တရက် သတ်ဖြတ်ချင်နေသောဓားချီတစ်ခုက ပျံသန်းလာပြီး ရှစ်ဖုန့်ထံသို့ထိုးသွင်းလာသည်။
“ဒါ.. ဦးလေးလော”
လောချင်းချွမ်၏ဓားချီအားမြင်တွေ့
လိုက်ရသောအခါတွင် ရွှယ်ဝူဟမ်တုန်လှုပ်အံ့အာသင့်သွားသည်။
“ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်
တစ်ဦးရဲ့စွမ်းအား. ဒီကောင်တောင် ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်လာပြီ..ခုဏတုံးကစွမ်းအင်အတက်အကျလှိုင်းတွေကသူ့ဆီကနေလာတဲ့ပုံပဲ”
ထို့နောက်တွင်လောချင်းချွမ်၏ ဓားချီမှ အားကောင်းသောသတ်ဖြတ်ခြင်းအော်ရာကို ရှစ်ဖုန့် ခံစားလိုက်ရသည်။
“အိုး.မဟုတ်သေးဘူး”
ရှစ်ဖုန့်စိတ်ထဲမှလျှင်မြန်စွာရေရွတ်ပြော
လိုက်သည်။လောချင်းချွမ်၏ အခြေအနေကရှစ်ဖုန့်အား စန်းယွဲ့မြို့ရှိ ဟိုက်မိသားစုမြေအောက်ခန်းမှနေ့ရက်ကိုပြန်အမှတ်ရလိုက်စေသည်။သွေးသောက်ဓား၏ လက်နက်စိတ်ဝိညာဉ်က သူ့အား အစုလိုက်အပြုံလိုက်သတ်ဖြတ်နေသော သွေးနီရောင်ကမ္ဘာတစ်ခုအတွင်းသို့ခေါ်သွားခဲ့သည်။ထိုအချိန်တွင်သူ၏စိတ်မှာ ညှို့ယူခံထားရပြီး သူ့အနေဖြင့်သတ်ဖြတ်ရန်သာသိသော နတ်ဆိုးတစ်ကောင်ဖြစ်လာသည်။
ကံကောင်းစွာဖြင့်ထိုအချိန်က သေရေးရှင်ရေးအခြေအနေတွင် ရှစ်ဖုန့်သူ၏စိတ်အား ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် လောချင်းချွမ်ကတော့
စိတ်လွတ်နေပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်
သည့်အခြေအနေသို့ကျရောက်နေသည့်ပုံပေါ်၏။ ဤသေခြင်းမဲ့တောင်တန်းကတကယ့်ကို သွေးပန်းခက်မျိုးနွယ်စုဖြင့်ဆက်နွယ်နေခြင်းဖြစ်သည်။ဤအနက်ရောင်ပလ္လင်၏အောက်၌ သွေးပန်းခက်မျိုးနွယ်စုဝင်အား ဖိနှိပ်ထားခြင်းဖြစ်နိုင်ချေပိုများ၏။
ဤအတွေးများကရှစ်ဖုန့်၏စိတ်ထဲ၌
ဖျက်ခနဲပေါ်လာသော အတွေးများဖြစ်သည်။ ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး
၏စွမ်းအားတို့ပါဝင်သော ဓားချီက ဆက်လက်လာနေသည်။ ရှစ်ဖုန့်မှာထပ်မံတွေးတောနေရန်အချိန်မရှိပေ။
သူ၏ရှေ့၌ အနက်ရောင်ဝဲတစ်ခုအားလျှင်မြန်စွာဖွဲ့စည်းလိုက်သည်။သွေးချပ်ဝတ်မှ သွေးနီရောင်အရိပ်တစ်ခုကလွင့်မျောထွက်လာသည်။ ရှစ်ဖုန့်၏ကိုယ်မှလည်း သွေးနီရောင်မီးပင်လယ်တစ်ခု ထပ်မံတောက်လောင်လာသည်။ တတိယတိုက်စားခြင်းနတ်ဆိုးမျက်လုံးကလည်း ပွင့်လာပြီးတလိပ်လိပ်ထနသော တိုက်စားခြင်းအနက်ရောင်မြူများထွက်ပေါ်လာကာ ၎င်းတို့ကတိုက်ခိုက်မှုအားခုခံရန် အနက်ရောင်ဝဲအတွင်းတစ်ဟုန်ထိုးဦး
တည်သွားသည်။
ရှစ်ဖုန့်၏ညာလက်ထဲတွင် သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး သွေးသောက်ဓားကသူ၏လက်ထဲ၌
ပေါ်လာသည်။ သူ၏ဘက်လက်တွင်ငွေရောင်အလင်း
တစ်ခုလင်းလက်လာပြီး ကြီးမားသောငွေရောင်တံစဉ်ကြီးပေါ်လာသည်။
ဤအချိန်တွင်ပြင်းထန်သောအော်ရာတို့ကိုသယ်ဆောင်လာသည့် ဓားချီက ရုတ်တရက်အနက်ရောင်ဝဲကြီးနှင့် ပစ်ဆောင့်သွားသည်။
“ဝုန်း”
ကျယ်လောင်သောပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။မြေပြင်တစ်ခုလုံးပြင်းထန်စွာ လှုပ်ခတ်သွားပြီးယိမ်းထိုးသွားသည်။
“ဟမ့်”
ဤအချိန်တွင်ရှစ်ဖုန့် တစ်ချက်ညည်းလိုက်ပြီး နောက်သို့ထပ်မံဆုတ်လိုက်ရသည်။ သူ၏မျက်နှာကယခင်ကထက်ပို၍ဖြူဖျော့
သွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် သွေးစအနည်းငယ်ဖြစ်ပေါ်လာသည်။
သူ၏ရှေ့ရှိအနက်ရောင်ဝဲကြီးက ဘာမှမကျန်တော့သည်အထိ မှေးမှိန်ပျောက်ကွယ်သွားသည်။
အားကောင်းသောသတ်ဖြတ်ခြင်းအော်ရာတစ်ခုနှင့်ဓားချီအား နောက်ဆုံး၌တားဆီးနိုင်ခဲ့၏။
ရွှယ်ဝူဟမ်မှာ ရှစ်ဖုန့်၏လက်ရှိအခြေအနေက လွန်စွာဆိုးဝါးနေသည်ကို မြင်ထားပြီးဖြစ်သည်။ လောချင်းချွမ်ကလှုပ်ရှားမှုတစ်ခုပြုလုပ်
လိုက်သည်ကိုတွေ့ရသောအခါတွင် ဤဦးလေးဖြစ်သူ၏စိတ်အား မကောင်းသောအရာတစ်ခုကထိန်း
ချုပ်ထားခံရခြင်းဖြစ်ရမည်မှန်း သူသဘောပေါက်လိုက်၏။
“ငါတို့အခုဘာလုပ်သင့်လဲ”
ရှစ်ဖုန့်နှင်လောချင်းချွမ်တို့ကအစော
ပိုင်းလေးတင်တိုက်ခိုက်မှုချင်းဖ
လှယ်ပြီးဖြစ်သည်။ ရှစ်ဖုန့်က အရေးမသာသည်မှာသိသာသည်ဖြစ်၏။ ရွှယ်ဝူဟမ်၏စိတ်ထဲ၌ ပူပင်သောကများနေသည်။
ထို့နောက်တွင် အနက်ရောင်ပလ္လင်ထက်၌ဝင့်ကြွား
စွာရပ်နေသောဦးလေးလောက လှုပ်ရှားပြီး လွင့်မျောတက်သွားသည်ကို ရွှယ်ဝူဟမ်တွေ့လိုက်ရသည်။ ထို့နောက်တွင် သူ၏ ညာလက်ကလက်သည်းအသွင်ပြောင်း
လဲသွားပြီး သူ၏ လက်ဖဝါးမှ ဓားချီအလင်းတန်းများ ထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးက ရွှယ်ဝူဟမ်ထံသို့ မုန်တိုင်းတစ်ခုလိုဦးတည်လာသည်။
ဤသိပ်သည်းများပြားလှသောဓားအော်ရာများ၏တစ်ခုစီတိုင်းက ရွှယ်ဝူဟမ်၏ နှလုံးသားအား တဆက်ဆက်တုန်ယင်စေသည်ဖြစ်သည်။ ကြယ်တစ်ပွင့်မဟာသူတော်စင်
နယ်ပယ်တစ်ယောက်အနေဖြင့် သူ့အတွက်၎င်းတို့အားထိတွေ့
ရင်ဆိုင်ခြင်းကမဖြစ်နိုင်သောအရာဖြစ်သည်။
“ဒါက ..အခုတကယ်ပဲပြီးဆုံးသွားတော့မှာလား”
ဤဓားစွမ်းအင်များနှင့်တွေ့လာရသောအခါတွင် ရွှယ်ဝူဟမ်၏စိတ်ထဲ၌ အတွေးများပြန့်ကျဲဖြစ်ပေါ်လာသည်။