← Chapters

အခန်း (၆၈၉)

Vol. 46 Ch. 689

အခန်း (၆၈၉)

Vol. 46 Ch. 689

ရွှယ်ဝူဟမ်မှာသူ့အနေဖြင့် များပြားလှသောဓားချီများ၏အောက်၌ သူ မြှုပ်နှံခံရတော့မည်ဟု တွေးလိုက်ချိန်တွင် ရင်းနီးသော ဧရာမအနက်ရောင်ဝဲကြီးကထပ်မံပေါ်လာပြန်သည်။၎င်းကသူတို့၏ခေါင်းထက်တွင်

ပေါ်လာပြီး သိပ်သည်းများပြားလှသော အောက်သို့ထိုးဆင်းဦးတည်လာသည့်ဓားချီများအား ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

အနက်ရောင်မြူတို့ကမှေးမှိန်ပျောက်ကွယ်သွားသော်လည်း အနက်ရောင်ဝဲကြီးက လောချင်းချွမ်၏တိုက်ခိုက်မှုအား နောက်တစ်ကြိမ်တားလိုက်နိုင်သည်ကို ရွှယ်ဝူဟမ်တွေ့လိုက်ရသည်။

ရွှယ်ဝူဟမ်က သူ၏ခေါင်းအားလှည့်လိုက်ပြီး နောက်သို့ကြည့်လိုက်သည်။ ဤအချိန်တွင် လူငယ်၏မျက်နှာကလွန်စွာဖြူဖျော့နေပြီး အနက်ရောင် ဝဲကြီးနှင့်အတူတိုက်ခိုက်မှုအားထပ်မံအားတားဆီးလိုက်ပြီးသည့်နောက်၌ သူ၏လူသားတစ်ယောက်ပုံစံပင်

ပေါက်မနေတော့ချေ။

“ဦးလေးငယ်. အဆင်ပြေရဲ့လား”

ရွှယ်ဝူဟမ်က စိုးရိမ်စွာဖြင့်မေးလိုက်သည်။

လက်ရှိအခြေအနေတွင် သူ့အနေဖြင့် ဤလူငယ်၏ အခြေအနေနှင်ပက်သက်၍စိုးရိမ်ရန်မှလွဲပြီး အခြားရွေးချယ်စရာရှိမနေပေ။ဤအချိန်တွင်သူ၏အသက်က ဤလူငယ်လက်ထဲ၌လုံးဝရှိသည်ဖြစ်သည်။ အကယ်၍ ဤလူငယ်သာသေသွားခဲ့လျှင် နောက်ထပ်သေရမည့်သူက သူဖြစ်လိမ့်မည်ဖြစ်သည်။

“ငါအဆင်ပြေတယ်.. ငါမသေသေးဘူး”

ရွှယ်ဝူဟမ်၏ မေးခွန်းအားကြားပြီးနောက်ရှစ်ဖုန့်က ပြန်တုန့်ပြန်လိုက်သည်။

သို့သော် သူ၏အသံက အက်ကွဲနေကာ အားနည်းနေ၏။ သူအသံအားကြားရပြီး ဖြူဖျော့နေသောမျက်နှာအားတွေ့ရ သောအခါတွင်သူကပင် လူငယ်ထက်ပိုသန်မသာသလိုရွှယ်ဝူဟမ်ခံစားရသည်။

“ဒီလိုပုံစံနဲ့ဘယ်လိုလုပ်ပြီးအဆင်ပြေမှာလဲ”

ရွှယ်ဝူဟမ်တစ်ယောက် သံသယစိတ်တို့ဖြင့်ပြည့်နှက်နေ၏။

“အား.ထပ်ပြီးလာနေပြန်ပြီ”

ဤအချိန်တွင် ဟင်းလင်းပြင်ထဲ၌ရှိနေသော လောချင်းချွမ်က နောက်ထပ်တိုက်ခိုက်မှုတစ်ခုအား

ထုတ်ဖော်လိုက်သည်။

လောချင်းချွမ် မှာ သက်ရှိများအားမည်ကဲ့သို့ဖျက်ဆီးပစ်ရမည်ကိုသာသိသည့်သတ်ဖြတ်ခြင်းနတ်ဆိုးတစ်ပါးကဲ့သို့ဖြစ်နေသည်။သူ့အောက်၌ ရှိနေသည့် သက်ရှိများ ဖျက်ဆီးမခံရမခြင်းသူ လက်လျော့လိမ့်မည်မဟုတ်ပေ။

သိပ်သည်းများပြားလှသောဓားမိုးများ

ကထပ်မံရွာသွန်းလာသည်။

“ဦးလေးငယ်..ဒါကိုတားနိုင်ပါ့မလား”

လောချင်းချွမ်၏တိုက်ခိုက်မှုအားတွေ့

လိုက်ရသောအခါတွင်ရွှယ်ဝူဟမ် ထပ်မံကြကသေသေနေမိသည်။ လောချင်းချွမ်၏တိုက်ခိုက်မှုကယခင်ကထပ်ပို၍ စွမ်းအားကြီးလာပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ကပို၍ပြင်းထန်လာသည်။

“မင်းဘယ်လိုထင်လဲ”

ရွှယ်ဝူဟမ်၏စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က အေးစက်စွာတုန့်ပြန်လိုက်သည်။

ရုတ်ခြည်းသူ၏ခေါင်းထပ်၌ အနက်ရောင်ဝဲကြီးအားရွှယ်ဝူဟမ်

ထပ်မံမြင်တွေ့လိုက်ရသည်။ သွေးနီရောင်မီးတောက်များက

ထပ်မံတောက်လောင်လာပြန်သည်။ တလိပ်လိပ်ထနေသောအနက်ရောင်

တိုက်စားခြင်းမြူတို့ကလည်း ထပ်မံသွန်းလောင်းလာသည်။ သွေးနီရောင်ချပ်ဝတ်၏ပုံရိပ်ကလည်းထပ်မံ လွင့်မျောထွက်လာပြန်၏။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း…ဝုန်း”

မြည်ဟိန်းသံအားကြားလိုက်ရသည့်

အကြိမ်တိုင်းတွင် ရွှယ်ဝူဟမ်၏စိတ်နှင့်ကိုယ်တို့ပါ

လိုက်ပါတုန်ယင်ရသည်။သို့သော် အနက်ရောင်ဝဲကြီးကသူ၏မြင်ကွင်း

မှထပ်မံပျောက်ကွယ်သွားသောအခါတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့်ပြည့်နှက်နေသည့် လောချင်းချွမ်၏ တိုက်ခိုက်မှုကလည်းလုံးဝ

ပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။

ရွှယ်ဝူဟမ်၏တောင့်တင်းနေသောကိုယ်မှာ ဤအရာအားမြင်ရသောအခါ

တွင်ဖြည်းဖြည်းချင်း ပြေလျော့လာသည်။

“သူ. .သူတကယ်ပဲ ဒါကိုတားလိုက်နိုင်တယ်”

ဤလူငယ်ကမည်မျှ မွန်းစတားဆန်ကြောင်းကို မျက်မြင်ကြုံတွေ့လိုက်ရချိန်တွင် ရွှယ်ဝူဟမ်မှာ သူ၏စိတ်ထဲမှအံ့အားသင့်စွာပြောမိသည်။

ဦးလေးလောကအရမ်းစွမ်အား

ကြီးမားခြင်မဟုတ်သောကြောင့်

ဟုပြောရမည်ထက် ဤမွန်းစတားကပုံမှန်မဟုတ်သည်

ကိုပို၍ပြောရမည်ဖြစ်သည်။ သူကအားနည်းသောအခြေအနေ

သို့စိုက်ရောက်ပြီးဖြစ်သော်လည်း သတ်ဖြတ်ချင်းစိတ်ဆန္ဒတို့ဖြင့်ပြည့်

နှက်နေသည့် ပြွတ်သိပ်များပြားလှသောဓားချီ

လှိုင်းများအား တစ်ခုပြီးတစ်ခုပြီး တားဆီးနိုင်စွမ်းရှိနေဆဲဖြစ်သည်။

သူက ငရဲဘုံကိုးခုဧကရာဇ်ဘိုးဘေး၏ သားမဟုတ်ဟုမည်သူကမယုံကြည်ပဲနေပါလိမ့်မည်နည်း။ မည်သို့ပင်ဖြစ်စေ သူကတော့ထိုအရာအားမယုံကြည်ပေ။

ရွှယ်ဝူဟမ်က သူ၏စိတ်ထဲမှတီးတိုးပြောလိုက်သည်။ ထို့နောက်တွင် သူ၏အကြည့်အားကောင်းကင်ထဲမှရုတ်သိမ်းလိုက်ပြီးခေါင်းအားဖြည်းညှင်းစွာလှည့်လိုက်သောအခါတွင် ထိုမွန်းစတားကထိုနေရာ၌ ရပ်နေဆဲဖြစ်သော်လည်း သူ၏မျက်နှာကတော စာရွက်ဖြူတစ်ခုနှင့်ခြားနားခြင်းမရှိသည်ကိုမြင်တွေ့လိုက်ရသည်။

“သူ..သူလှိုင်းဘယ်နှစ်ခုလောက်ကို

တားဆီးနိုင်မှာလဲ…ဒါပေမဲ့ ဆယ်ကြိမ်ထက်ပိုတဲ့တိုက်ခိုက်မှုတွေကိုတားဆီးနိုင်တယ်ဆိုရင်တောင်..အဲ့တာကဘာ

အသုံးဝင်မှာမို့လဲ.. မကြာခင် ဒါမှမဟုတ်နောက်ပို်ငးကြသေရမှာပဲဟာ”

“ဒီလိုသွားနေလို့မရဘူး”

ရှစ်ဖုန့်ကသူ၏စိတ်ထဲမှပြောလိုက်သည်။ အကယ်၍ဤသို့သာဆက်သွားလျှင် မကြာခင်သို့မဟုတ်နောက်ပိုင်း၌ သူ၏ ဤအသုံးမကျသောတပည့်ဖြစ်သူ

သတ်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

ထို့နောက်တွင်ရှစ်ဖုန့်က သူ၏ဝိညာဉ်နှင့်ကောင်းကင်မီးတောက်အားဆက်သွယ်လိုက်ပြီးမေးလိုက်သည်။

“သူ့စိတ်က သွေးပန်းခက်မျိုးနွယ်ရဲ့သတ်ဖြတ်ခြင်းထဲမှ ညှို့ခံထားရတာ. သူ့ကို နိုးလာအောင်ကျုပ်ဘာလုပ်နိုင်တာရှိလဲ”

ရှစ်ဖုန့်ကကောင်းကင်မီးတောက်

ကိုမေးနေချိန်တွင် ကောင်းကင်ထဲ၌ရှိနေသောလောချင်းချွမ်က သူ၏လက်တို့ဖြင့်ဆီးလ်တစ်ခုအား

ပြုလုပ်လိုက်သည်။

“လောကလန်ရဲ့အန္တိမပညာရပ်.. ကမ္ဘာဖျက်နတ်ဘုရားဓား”

လောချင်းချွမ်၏လက်သင်္ကေဆီးအားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်တုန်လှုပ်သွားသည်။ လောချင်းချွမ်၏ယခင်တိုက်ခိုက်မှုများက ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏ သာမန်တိုက်ခိုက်မှုများဟုသုံးသပ်

၍ရနိုင်သည်ဖြစ်သည်။ သို့သော်ဤအကြိမ်ထုတ်သုံးသော လောမိသားစုအန္တိမပညာရပ်ဖြစ်သည့် ကမ္ဘာဖျက်နက်ဘုရားဓားဖြင့်တော့

နှိုင်းယှဉ်၍မရနိုင်ပေ။

“ဟမ့်”

ကောင်းကင်မီးတောက်က ရှစ်ဖုန့်အား အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။

“ပြောလေ.ခင်ဗျားနဲ့ကျုပ်နဲ့က တစ်ယောက်တည်းပဲဟာ. မဟုတ်ရင် ဒီသခင်လေးဒီမှာသေတာနဲ့ ခင်ဗျားလည်းအတူတူသေရမှာ”

ရှစ်ဖုန့်က ကောင်းကင်မီးတောက်ထံသို့ အလျှင်အမြန်အော်ပြောလိုက်သည်။

ဤအကြိမ်တွင် ရှစ်ဖုန့်သူ၏ဝိညာဉ်စွမ်းအင်ဖြင့်ပို့

လွှတ်သောအသံ၌ စိုးရိမ်မှုတို့ဖြင့်ပြည့်နေပြီးအက်ကွဲ

လုနီးပါးအခြေအနေသို့ရောက်ရှိနေပြီးဖြစ်သည်။

“သူ့ကိုသတ်လိုက်”

ဤအချိန်တွင်ကောင်းကင်မီးတောက်က ရှစ်ဖုန့်အားအေးစက်စွာပြောလိုက်သည်။

“မင်းခွန်အားအချို့ချန်ထားသေးတာကိုငါသိတယ်..မင်းချခင်းထားတတဲ့အစီအရင်နဲ့

မင်းလက်ထဲက ငွေရောင်တံစဉ်ရဲ့စုပ်ယူနိုင်တဲ့စွမ်းအားနဲ့ဆိုရင် မင်းစွမ်းအားကြီးတိုက်ချက်တစ်ခုကို

ထုတ်ဖော်နိုင်တယ်..မင်းသူ့ကို

သတ်ပစ်နိုင်တယ်”

“ခင်ဗျား”

ကောင်းကင်မီးတောက်၏ စကားအားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့် ရုတ်ခြည်း ဒေါသထွက်သွားသည်။

ရှစ်ဖုန့်ကယခုအားနည်းနေပုံပေါက်

နေသော်လည်း သူခွန်အားတစ်ချို့အားချန်ထားသည်ဖြစ်သည်။ သူ၏လက်ထဲမှ ငွေရောင်တံစဉ်နှင့်ဆိုလျှင် သူ့အနေဖြင့် ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်လော

ချင်းချွမ်ကိုပင်သတ်ပစ်နိုင်သည်ဖြစ်သည်။

သို့သော် သူ့၌သူ၏တပည့်ဖြစ်သူအား သတ်ပစ်ရန်မည်ကဲ့သို့ ထိုသို့လုပ်နိုင်သည့်နှလုံးသားရှိပါမည်နည်း။

“မင်းသူ့ကိုမသတ်ရင်..မင်းသူသတ်တာ

ကိုခံရလိမ့်မယ်. ဟားဟား”

ကောင်းကင်မီးတောက်ကသရော်လိုက်သည်။

ဤအချိန်တွင် ဟင်းလင်းပြင်ထဲ၌တောင်တစ်လုံး

လောက်ကြီးမားသော ဧရာမဓားကြီးတစ်စင်းပေါ်လာပြီး ၎င်းက စွမ်းအားကြီးပျက်သုဉ်းခြင်းစွမ်းအား

တို့ဖြင့်ပြည့်နှက်နေ၏။ယင်းမှာ ဤဧရာမဓားကြီး၏အောက်၌သက်ရှိအား

လုံးသုတ်သင်ခြင်းခံရတော့မည်သကဲ့သို့ပင်ဖြစ်သည်။

“ဒါ.ဒါက. လောမိသားစုရဲ့ အန္တိမပညာရပ် ကမ္ဘာဖျက်နတ်ဘုရားဓားမလား. ဒါ..ဒါကဘယ်လိုတောင်စွမ်းအားကြီး

ရတာလဲ.. “

ရွှယ်ဝူဟမ်မှာမျက်လုံးများပြူးကျယ်စွာဖြင့်

ကောင်းကင်ထဲသို့ကြည့်ပြီး ထိတ်လန့်စွာဖြင့်ပြောလိုက်သည်။

ကမ္ဘာဖျက်နတ်ဘုရားဓား၏အောက်တွင် သူ့အနေဖြင့် ပုရွတ်ဆိတ်လေးတစ်ကောင်ဖြစ်နေသကဲ့

သို့ခံစားရသည်။ ခုခံရန်အသာထား သူ၏ကိုယ်ကိုယ်ပင်ရွေ့လျားရန်လုပ်ဖို့ခဲယဉ်းသည်ဖြစ်သည်။

“မင်းလို နှလုံးသားမဲ့တဲ့သူမျိုးက ဒီလူကိုသတ်မယ်လို့ငါလောင်းတယ်. အကယ်၍ငါရှုံးသွားရင် အဲ့လူရဲ့လက်ထဲမှာငါမင်းနဲ့အတူလိုက်သေမယ်”

ကောင်းကင်မီးတောက်၏အသံက ရှစ်ဖုန့်၏စိတ်ထဲ၌ထပ်မံပဲ့တင်

ထွက်ပေါ်လာသည်။

သို့သော်ဤအချိန်တွင်ရှစ်ဖုန့်က ၎င်းအားထပ်မံအာရုံစိုက်ခြင်းမရှိပေ။ အလောင်းတစ်သောင်းအစီအရင်၏ သေခြင်းချီတို့ကို အသက်သွင်းလိုက်ပြီး ၎င်းတို့အားသူ၏ဘယ်လက်အတွင်းရှိ ငွေရောင်တံစဉ်အတွင်းသို့သွန်းလောင်းလိုက်သည်။ငွေရောင်တံစဉ်ကအခြေမဲ့တွင်းကြီး

တစ်တွင်းကဲ့သို့ဖြစ်ပြီး သွန်းလောင်းလာသောစွမ်းအင်များကကိုအရူးအမူး ဝါးမျိုနေသည်။

ဖြည်းဖြည်းချင်း ရှစ်ဖုန့်၏လက်ထဲမှငွေရောင်တံစဉ်က မရပ်မနားတုန်ခါလာသည်။ ငွေရောင်တံစဉ်ထံမှစွမ်းအားကြီးအော်ရာက ထွက်ပေါ်လာ၏။

ဤအချိန်တွင် လောချင်းချွမ်၏ ထိန်းချုပ်မှုအောက်မှ တောင်တစ်လုံးကဲ့သို့ကြီးမားသော ကမ္ဘာဖျက်နတ်ဘုရားဓားကြီးက အောက်သို့ခုတ်ပိုင်းကျဆင်းလာ၏။

ကမ္ဘာကြီး၏အရာအားလုံးအားဖျက်ဆီး

ပစ်ချင်သော ပျက်သုဉ်းခြင်းအော်ရာတို့ဖြင့်ပြည့်

နှက်နေသည်။ ဤဧရိယာရှိ လေတို့မှာ ရေကဲ့သို့ပြင်းထန်စွာဆူပွက်လာသည်။

“ဟင့်အင်း.မလုပ်နဲ့.. ဦးလေးလေ.. သတိရပါအုံး .. ဦးလေးလော..”

ဤဧရိယာရှိ ပျက်သုည်းခြင်းစွမ်းအင်နှင့် သူ့ခန္ဓာကိုယ်၏တုန်ယင်မှုတို့အားရွှယ်ဝူဟမ်အာရုံခံမိသည်။ သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်တို့အားအတင်းအကျပ်ဆင့်ခေါ်လိုက်ပြီး ကောင်းကင်ထဲသို့ အသားကုန်အော်ဟစ်လိုက်သည်။

ဦးလေးလောသူ၏အသံအားကြားပြီး သတိ၌ပြန်ဝင်လာရန်သူမျှော်လင့်မိသည်။

ဤအချိန်တွင်ရှစ်ဖုန့်က သူ၏လက်ထဲမှပြင်းထန်စွာတုန်ခါနေ

သောငွေရောင်တံစဉ်ကို ကောင်းကင်ထဲသို့ လွှဲယမ်းလိုက်သည်။

ငွေရောင်တံစဉ်ကပျံသန်းတက်သွာပြီး ကမ္ဘာဖျက်နတ်ဘုရားဓားထံသို့ခုတ်ပိုင်းလိုက်၏။ မျက်စိတစ်မှိတ်အတွင်း ဆရာနှင့်တပည့်ဖြစ်သူတို့၏ တိုက်ခိုက်မှုများက ထိပ်တိုက်တွေ့ဆုံသွားသည်။

“ဝုန်း”

All Chapters