အခန်း (၆၉၀)
Vol. 46 Ch. 690
ငွေရောင်တံစဉ်ကြီးက ပျံသန်းထွက်သွားပြီး အားကောင်းသောသတ်ဖြတ်ခြင်း
အော်ရာများနှင့် ကမ္ဘာဖျက်နတ်ဘုရားဓားကြီးအား
ပစ်ဆောင့်သွားသည်။
ထို့နောက်ချက်ချင်း ရွှယ်ဝူဟမ်၏ထိတ်လန့်နေသော
အကြည့်အောက်၌ပင် ဧရာမကမ္ဘာဖျက်နတ်ဘုရားဓားက ငွေရောင်တံစဉ်၏အောက်၌ အစိတ်စိတ်အမွှာမွှာကွဲကြေသွား
သည်ကိုတွေ့လိုက်ရသည်။ ၎င်းက လက်ဝါးအရွယ်သာရှိသော သိပ်သည်းများပြားလှသည့်မှန်ကွဲ
စများကဲ့သို့ ပြောင်းလဲသွား၏။
ငွေရောင်တံစဉ်က ဆက်လက်အပေါ်သို့ထိုးတက်သွားပြီး သိပ်သည်းများပြားလှသော ဓားချီအပိုင်းအစများအတွင်းသို့
ထိုးဖောက်ဝင်ရောက်သွား၏။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏ကိုယ်ထဲမှကောင်းကင်
မီးတောက်က ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
“ဟားဟားဟား.. တစ်နှစ်လောက်အတူတူရှိခဲ့ပြီးတဲ့နောက်မှာ ငါမင်းကိုငါ့ရဲလက်ဖမိုးတစ်ခုလိုသိနေပြီ.. မင်းရဲ့နှလုံးသားထဲမှာ မင်းတစ်ယောက်တည်းအတွက်ပဲရှိတာ. သူ့ကိုသတ်လိုက်.. သူ့လိုက်ရင်ငါတို့သေစရာမလိုတော့ဘူး.. အခု မင်းရဲ့အလောင်းတစ်သောင်း
အစီအရင်ကထုတ်လွှတ်တဲ့စွမ်းအင်နဲ့ဆိုရင်. မင်းသူ့ကိုသတ်နိုင်တယ်…အကယ်၍ မင်းသူ့ကိုမသတ်ရင်မင်းသေမှာ”
ရှစ်ဖုန့်ကကောင်းကင်မီးတောက်
အားလျစ်လျူရှုကာ အပေါ်သို့တည့်တည့်ထိုးတက်သွားပြီး ငွေရောင်တံစဉ်နောက်သို့အမှီ
လိုက်လိုက်သည်။
“အမ်…ကောင်လေး. မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ..”
ရှစ်ဖုန့်၏ကိုယ်ထဲမှကောင်းကင်မီးတောက်က ထပ်မံပြောလိုသည်။ ဤတစ်ကြိမ်၌နားလည်ရခက်
နေသောအသံဖြင့်ဖြစ်၏။
ဟင်းလင်းပြင်ထဲတွင် လောချင်းချွမ်က ထိုနေရာ၌ပင်အေးစက်သောမျက်နှာထားဖြင့်ရပ်နေဆဲဖြစ်သည်။လောမိသားစု
၏အန္တိမပညာရပ်ဖြစ်သော ကမ္ဘာဖျက်နတ်ဘုရားဓားက
ကျိုးပျက်သွားခဲ့ပြီး အောက်ဘက်မှ ငွေရောင်တံစဉ်ကသူ့ထံသို့ဦး
တည်လာနေသည်တောင် သူ၏အမူအယာကပြောင်းလဲခြင်း
မရှိဖြစ်နေဆဲပင်ဖြစ်သည်။
ထို့နောက်တွင်လောချင်းချွမ်၏ညာလက်က လက်သည်းတစ်ခုအသွင်ပြောင်းလိုက်ပြီး သူ၏ညာလက်အလယ်၌ အဖြူရောင်အရိုးခေါင်းတစ်ခုပေါ်လာသည်။ ထို့နောက်တွင် အဖြူရောင်အရိုးခေါင်းက
တစ်ဟုန်ထိုးကြီးထွားလာ၏။လောချင်းချွမ်၏ ညာလက်ကရုတ်တရက်လှုပ်ရှားသွားပြီး သူ့ထံသို့ ပျံသန်းလာနေသော ငွေရောင်တံစဉ်ထံသို့တွန်းထုတ်လိုက်သည်။
လောချင်းချွမ်၏သိုင်းပညာရပ်က သူ၏ဆရာဖြစ်သူ ငရဲဘုံကိုးခုဧကရာဇ်သင်ကြား
ပေးခဲ့သောအရာဖြစ်သည်။
မကြာခင်တွင် လောချင်းချွမ်၏တိုက်ခိုက်မှုဖြစ်
သောအိမ်တစ်လုံးအရွယ်ရှိသည့် အဖြူရောင်အရိုးခေါင်းက ငွေရောင်တံစဉ်ကြီးနှင့်ထပ်မံ
ပစ်ဆောင့်သွားသည်။
“ဘန်း”
ပြင်းထန်သောပေါက်ကွဲမှုတစ်ခု
ထပ်မံဖြစ်ပေါ်လာသော်လည်း လောချင်းချွမ် အသက်သွင်းလိုက်သော အဖြူရောင်အရိုးခေါင်းက ငွေရောင်တံစဉ်၏ ထက်ရှမှုအား လှုပ်ခါအောင်လုပ်နိုင်စွမ်းရှိမနေသေးပေ။ ယခင်ကမ္ဘာဖျက်နတ်ဘုရားဓားကဲ့သို့ပင် ၎င်းကလည်းငွေရောင်တံစဉ်
ကြောင့်အပိုင်းပိုင်းကွဲကြေသွားသည်။
ငွေရောင်တံစဉ်က နောက်တစ်ကြိမ် ပြင်းထန်သောစွမ်းအင်များကိုဖြတ်သန်းပြီး လောချင်းချွမ်ထံသို့ဆက်
လက်ဦးတည်သွားသည်။
ညှို့ယူခံထားရသောလောချင်းချွမ်မှာ သူ၏နှလုံးသားထဲ၌ ဖျက်ဆီးခြင်းနှင့်သတ်ဖြတ်ခြင်း
တို့အတွက်သာရှိနေသည်။ သူ့အနေဖြင့်မည်ကဲ့သို့ခုခံရမည် သို့မဟုတ်ရှောင်တိမ်းရမည်ကို သိရှိခြင်းမရှိချေ။ သူ့ထံသို့လာနေသောငွေရောင်
တံစဉ်အားရင်ဆိုင်ရင်း သူ၏လက်နှစ်ဖက်ဖြင့်ဆီးလ်တို့
အားပုံဖော်လိုက်ဆဲဖြစ်ပြီး နောက်ထပ်စွမ်းအားကြီး တိုက်ခိုက်မှုတစ်ခုအား ထုတ်ဖော်ရန်ပြင်ဆင်လိုက်သည်။
ငွေရောင်တံစဉ်မှာမူ ၎င်းက လောချင်းချွမ်နှင့်နီးကပ်သည်
ထက်နီးကပ်လာသည်။
မျက်စိတစ်မှိတ်အတွင်း ၎င်းက လောချင်းချွမ်အားခုတ်ပိုင်းတော့မည်ဖြစ်သည်။
“ဟားဟားဟား.. သတ်..”
ရှစ်ဖုန့်၏နောက်မှလိုက်ပါလာရင်း ထိုလူကငွေရောင်တံစဉ်နှင့်
သတ်ဖြတ်ခံရတော့မည်ကို တွေ့ရသောအခါတွင် ကောင်းကင်မီးတောက်မှာ ဟက်ဟက်ပက်ပက်ကိုရယ်မောလိုက်သည်။
ရှစ်ဖုန့်၌သူ၏မျက်နှာထက်တွင်လွန်စွာလေးနက်သောအမူအယာတစ်ခုရှိနေသည်။ အတွေးတစ်ချက်ဖြင့် သူ၏ဝတ်ဆင်ထားသောသွေး
ရောင်ချပ်ဝတ်က သူ၏ကိုယ်မှပျံသန်းထွက်သွားပြီး ငွေရောင်တံစဉ်ထက်မြင့်မား
သောအမြန်နှုန်းဖြင့် လောချင်းချွမ်ထံသို့ပျံသန်းသွားသည်။
မျက်စိတစ်မှိတ်အတွင်း ရှစ်ဖုန့်၏ သွေးရောင်ချပ်ဝတ်က လောချင်းချွမ်၏ကိုယ်ပေါ်တွင်
ဝတ်လျက်သားဖြစ်သွားသည်။ ထိုအချိန်တွင် ငွေရောင်တံစဉ်က လောချင်းချွမ်၏ရင်ဘက်သို့လာ
ရောက်ထိမှန်၏။
“အား”
လောချင်းချွမ်၏ ထုတ်ဖော်နေဆဲဖြစ်သောတိုက်ခိုက်မှုက ကြားဖြတ်ဟန့်တားခံလိုက်ရ၏။ ငွေရောင်တံစဉ်၏ ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် နာကျင်စွာဖြင့် ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်သည်။ ထို့နောက်တွင် နောက်သို့လွင့်ထွက်သွား၏။
လွင့်ထွက်သွားရင်း လောချင်းချွမ်၏ ပါးစပ်မှ သွေးတို့အန်ထွက်လာသည်။ မူလကခံစားချက်မဲ့နေသော လောချင်းချွမ်၏ မျက်နှာထက်တွင် နာကျင်မှုတို့ပြည့်နှက်ဖြစ်ပေါ်လာသည်။
လောချင်းချွမ်မှာအကွာအဝေးတစ်ခုအထိလွင့်ထွက်သွားပြီးသောအခါတွင် ဟင်းလင်းပြင်အား ချိုးဖျက်နိုင်သောစွမ်းရည်ကို
ဆုံးရှုံးသွားပုံရပြီး သူ၏ကိုယ်က အောက်သို့ တည့်တည့်ပြုတ်ကျလာသည်။
ဤအချိန်တွင် အဖြူရောင်အလင်းတစ်ခုက
လောချင်းချွမ်ပြုတ်ကျသွားသည့်အောက်၌ ဖျက်ခနဲပေါ်လာသည်။ အဖြူရောင်ဝတ်စုံအားဝတ်ဆင်
ထားသောရှစ်ဖုန့်က ငွေရောင်တံစဉ်အားကိုင်ထားရင်း ပေါ်လာသည်။
ရှစ်ဖုန့်က သူ၏ညာလက်ကို
ဆန့်ထုတ်လိုက်ပြီး ကျဆင်းလာသော လောချင်းချွမ်ကိုဆုတ်ကိုင်လိုက်သည်။ ရုတ်ခြည်း လောချင်ချွမ်၏ ကိုယ်ပေါ်၌သွေးနီရောင်အလင်း
တစ်ခုလင်းလက်လာပြီး ရှစ်ဖုန့်၏လက်အတွင်းမှပျောက်
ကွယ်သွားသည်။
“ဖူး”
လောချင်းချွမ်အား သွေးကျောက်ပြားနေရာလွတ်အတွင်းသို့ စုပ်ယူလိုက်ပြီးသည့်နောက်၌ ရှစ်ဖုန့်ကလေထဲ၌ လွင့်မျောရပ်တည်ရင်း အသက်ရှူထုတ်လိုက်သည်။
“နောက်ဆုံးတော့ ငါဒီကလေးကို ကိုင်တွယ်နိုင်လိုက်ပြီ”
ထို့နောက်တွင် ရှစ်ဖုန့်၏ပုံရိပ်က သွေးရောင်အလင်းတစ်ချက်ဖျက်ခနဲလင်းလက်လာမှုနှင့်အတူ ပျောက်ကွယ်သွားသည်။ လေထဲတွင် လက်ချောင်းတစ်ချောင်းစာအရွယ်သာရှိသော သွေးရောက်ကျောက်ပြားလေး
တစ်ခုသာကျန်ရစ်နေခဲ့သည်။ ၎င်းက ဖြည်းညှင်းစွာလည်ပတ်နေပြီး လေထဲ၌လွင့်မျောနေသည်။
အကန့်သတ်မဲ့သော ကောင်းကင်နှင့်မြေကြီး၏ချီများ ပြည့်နှက်နေသည့် နေရာလွတ်
တစ်ခုထဲတွင် နေကျောက်တုံးတစ်ခုက အထက်၌လွင့်မျောနေ၏။ ၎င်းကအလင်းနှင့်အပူအားထုတ်လွှတ်နေပြီး ဤနေရာလွတ်အားအလင်းတန်းတို့နှင့်အတူ ထွန်းလင်းပေးနေသည်။
ဤနေရာလွတ်က ရှစ်ဖုန့်ကမ္ဘာဦးကျောက်တုံးများ
အားဖောက်ခွဲကာ တစ်ချိန်က ဖန်တီးခဲ့သော သွေးကျောက်ပြားနေရာလွတ်ထဲ
မှနေရာတစ်ခုဖြစ်သည်။ ဤနေရာတွင်မူလက ဟုန်ယွဲ့၊လုံမုံ့၊ စံပယ်လေးနှင့်ရှစ်ဖုန့်တို့ ကျင့်ကြံခဲ့ကြ၏။ ယခုသူတို့ကဤနေရာတွင်ရှိမ
နေသောကြောင့် ဗလာဖြစ်နေသည်။
ရုတ်ခြည်း သွေးနီရောင်အလင်းတစ်ခုဖျက်
ခနဲလင်းလက်လာသည်။သွေးနီရောင်အ
လင်းပျောက်ကွယ်သွားပြီသည့်နောက်၌ သွေးနီရောင်ချပ်ဝတ်နှင့်ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းကလောချင်းချွမ်ပင်ဖြစ်သည်။
ထို့နောက်တွင် နောက်ထပ်သွေးနီရောင်အလင်း
တစ်ခုလင်းလက်လာပြီး ရှစ်ဖုန့်၏ပုံရိပ်ကလည်းနောက်မှ
နီးကပ်စွာလိုက်ပါလာ၏။
ထို့နောက်တွင် ရှစ်ဖုန့်သူ၏စိတ်ဖြင့် ဤနေရာလွန်အားထိန်းချုပ်လိုက်သည်။ ရုတ်ခြည်း ဦးတည်ချက်ပေါင်းစုံမှစွမ်းအင်
အမျှင်တန်းများက လောချင်းချွမ်ထံသို့တစ်ဟုန်
ထိုးဦးတည်လာသည်။
သွေးကျောက်ပြားက ပျက်စီးနေခဲ့သောအရာဖြစ်သည်။ ရှစ်ဖုန့်၏လက်ထဲသို့ရောက်ရှိ
လာချိန်တွင် ၎င်းက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်
သာရှိတော့သည်။ ထို့ကြောင့်အစတုံးက ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်သော လောချင်းချွမ်အားချည်နှောင်ရန်အတွက်ဤနေရာလွတ်၏စွမ်းအားအားရှစ်ဖုန့်မသုံးနိုင်ခဲ့ပေ။
သို့သော်ယခုအချိန်တွင် ငွေရောင်တံစဉ် ၏ပြင်းထန်သောတိုက်ခိုက်မှု
ကိုခံရပြီးသည့်နောက်၌ လောချင်းချွမ်မှာပြင်းထန်စွာထိခိုက်ထားသည်။ ယင်းက သူ့အားဤနေရာလွတ်ရှိ ဧကရာဇ်နယ်ပယ်စွမ်းအားဖြင့် ၎င်းအားချည်နှောင်ရန်လုံလောက်သည်ဖြစ်၏။
ဦးတည်ချက်ပေါင်းစုံမှတလိပ်လိပ်ဖြစ်
ပေါ်လာသောစွမ်းအားများကလောချင်း
ချွမ်၏ကိုယ်ပေါ်သို့ ရောက်ရှိလာသည်။ ဤအချိန်တွင် လောချင်းချွမ်၏နှုတ်ခမ်းထောင့်၌ သွေးတို့ဖြင့်ပြည့်နှက်နေသည်။ သူ၏ခံစားချက်မဲ့နေသောမျက်နှာက ဖြူဖျော့နေပြီးသူ၏ပုံစံက လုံးဝစွမ်းအားမဲ့သည့်ပုံဖြစ်နေသည်။
ဘာခုခံခြင်းမှမရှိဘဲ ဤနေရာရှိဧကရာဇ်နယ်ပယ်စွမ်းအားက ရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်တွင်၎င်းအားချည်နှောင်သွားသည်။
“ချင်းချွမ်.. မင်းငါခေါ်တာကြားလား”
ရှစ်ဖုန့်ကသူ၏ရှေ့ရှိတပည့်ဖြစ်သူ
အားကြည့်လိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၏တုတ်နှောင်မှုကိုခံထား
ရသောလောချင်းချွမ်၏ကိုယ်က ရုတ်တရက်တုန်ယင်သွားသည်။
“ဝေါ့”
နောက်ထပ်ပါးစပ်အပြည့်သွေး
တစ်ပွက်အား လောချင်းချွမ်အန်ထုတ်လိုက်သည်။
အစောပိုင်းက လောချင်းချွမ်မှာသူ၏ဒန်တန်အား
လှည့်ပတ်ပြီးသူ့အပေါ်တိုက်ခိုက်
မှုတစ်ခုထုတ်ဖော်ချင်နေသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။သူ၏ပြင်းထန်စွာထိခိုက်ထားသောကိုယ်က ရုတ်ခြည်းတန်ပြန်သက်ရောက်မှုကိုခံလိုက်ရပြီး ပို၍ပင် ဒဏ်ရာရလာသည်။
“ကြည့်ရတာမင်းကိုယ်ကိုချည်နှောင်ထားရုံနဲ့မလုံလောက်သေးတဲ့ပုံပဲ. ဒီလိုသာဆက်သွားနေရင် မင်းကိုယ်မင်းထိခိုက်အောင်ပဲလုပ်မိလိမ့်မယ်. မင်းရဲ့ဒန်တန်ကိုယာယီဆီးလ်ခတ်
ထားရလိမ့်မယ်”
ရှစ်ဖုန့်ကပြောလိုက်ပြီးနောက်ချက်ချင်း သူ၏လက်တို့ဖြင့်ဆီးလ်တစ်ခုအား
ပုံဖော်လိုက်သည်။ အဖြူရောင်ရုန်းတစ်ခုက သူ၏ဆီးလ်မှလွင့်မျောထွက်လာပြီး လောချင်းချွမ်၏ဝမ်းဗိုက်ထံသို့လွင့်
မျောသွားကာ သူ၏ဒန်တန်ထဲသို့ဝင်ရောက်သွားသည်။
ရှစ်ဖုန့်၏ရုန်းက ရုတ်ခြည်းလောချင်းချွမ်၏ဒန်တန်
အားဆီးခတ်လိုက်သည်။
ထိုသို့ပြုလုပ်ပြီးနောက် ရှစ်ဖုန့်က လောချင်းချွမ်အားထပ်မံကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“မင်းရဲ့ဝိညာဉ်က သွေးပန်းခက်မျိုးနွယ်ရဲ့ ညှို့ယူမှုကိုခံထားရတယ်..
မင်းရဲ့ဝိညာဉ်ထဲကိုဝင်ပြီးမှပဲ မင်းရဲ့မူလနှလုံးသားကိုပြန်အ
သက်သွင်းနိုင်ပြီးတော့မင်းကိုနှိုးလို့ရမဲ့ပုံပဲ”
ထို့နောက်တွင်ရှစ်ဖုန့်၏ဝိညာဉ်က
လှုပ်ရှားသွားပြီး သူ၏ဝိညာဉ်စွမ်းအားအားစတင်
လှည့်ပတ်လိုက်သည်။ထို့နောက်တွင် သူ၏လက်အားဆန့်ထုတ်လိုက်ပြီး လောချင်းချွမ်၏နဖူးကို ဆုပ်ကိုင်လိုက်သည်။