← Chapters

အောင်မြင်မှု

Vol. 76 Ch. 1061

အောင်မြင်မှု

Vol. 76 Ch. 1061

အခန်း (၁၀၆၁) အောင်မြင်မှု

မိုးခြိမ်းသံများ ကျယ်လောင်စွာထွက်ပေါ်နေသည့် နေရာအနီးသို့ ချဉ်းကပ်လာသည်နှင့် ချိုးကျားဟိုင်က သူ မည်သူမည်ဝါဖြစ်ကြောင်း ရောင်ဝါထုတ်ဖော်ကာ ကိုယ်ထင်ပြလိုက်သည်။

မကြာမီ အဆုံးစွန်ထိ ပြင်းထန်သော မိုးကြိုးစွမ်းအားများ တဖြည်းဖြည်း အားနည်းသွားသည်။

ကောင်းကင်ထက်တွင် အနက်ရောင်တိမ်တိုက်များ ပြည့်နက်နေသေးသော်လည်း ကောင်းကင်ကိုဖျက်ဆီးပြီး မြေကြီးကိုမှောက်လှန်နိုင်မည်ဟုထင်ရသော ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ရန်ကျောက်ကဲနှင့် ချိုးကျားဟိုင်တို့အရှေ့ရှိ တောင်ထွတ်များအလယ်တွင်  ကြီးမားသောအိမ်တော်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုအိမ်တော်ကြီးက လေထုထဲတွင် တည်ရှိနေပြီး အိမ်တော်အောက်ဘက်တွင် မိုးကြိုးတိမ်တိုက်များက ခိုင်ခံ့သည့်မြေသားပမာ ထောက်ပံ့ပေးထားသည်။

“ခရီးဝေးကလာတဲ့သူတွေကို ဒီ ‘ဟန်’ လာရောက်ကြိုဆိုဖို့ ပျက်ကွက်တာ တောင်းပန်ပါတယ် ၊ ကျေးဇူးပြုပြီး စိတ်မရှိကြပါနဲ့”

စကားသံနှင့်အတူ အိမ်တော်တံခါးပွင့်သွားပြီး အတွင်းမှ အရပ်မြင့်မြင့် ခန့်ညားသည့် အဘိုးအိုတစ်ယောက်ထါက်လာကာ ရန်ကျောက်ကဲနှင့် ချိုးကျားဟိုင်တို့အား ကြိုဆိုလိုက်၏။

အဘိုးအို၏အနောက်ဘက်မှ ‘ဟန်’ မျိုးနွယ် လူပေါင်းများစွာသည်လည်း ရန်ကျောက်ကဲနှင့် ချိုးကျားဟိုင်ကိုကြိုဆိုရန် တန်းစီပြီးထွက်လာကြသည်။

ထိုအဘိုးအိုက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် ဖြစ်သည်။

သို့သော် ယခုတော့ သူ့ထက်အသက်များစွာငယ်သော လူငယ်နှစ်ယောက်ကအား ကြီးကျယ်ခမ်းနားစွာဖြင့် ကိုယ်တိုင်ထွက်၍ကြိုဆိုလေသည်။ ဤအချက်ကို လေမိုးကြိုးအိမ်တော်မှ သိုင်းကျင့်ကြံသူများအားလုံးက အထူးဆန်းသည်ဟု မထင်မှတ်ခဲ့ကြပေ။

အဘိုးအိုက လေမိုးကြိုးအိမ်တော်သခင် ‘ဟန်ရှန်းတာ့’ ဖြစ်သည်။

ခွန်လွန်တောင်ကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက ဤအဘိုးအိုအား အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်၏ အဓိကပုဂ္ဂိုလ်တစ်ယောက်ဟု ယူဆနိုင်သည်။

သူက ခင်မင်ရင်းစွဲရှိသော ချိုးကျားဟိုင်ကို ဦးစွာ နှုတ်ဆက်လိုက်သည်။

“ဆရာ’ချိုး’ မတွေ့တာကြာပြီနော်”

ထို့နောက် သူ့မျက်ဝန်းများက ဘေးနားမှ ရန်ကျောက်ကဲထံသို့ ကျရောက်သွားပြီး...

“ဒီကမိတ်ဆွေက ကောင်းကင်ဘုံကမဆင်းသက်လာတဲ့နတ်ဘုရား ‘ရန်’ သခင်လေးပဲဖြစ်ရမယ် ၊ ဒီအဘိုးကြီး ဟန်ရှန်းတာ့ နှုတ်ဆက်ပါတယ်”

ရန်ကျောက်ကဲက ပြုံးရင်း လက်နှစ်ဖက်ဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

“ယဉ်ကျေးလွန်းနေပြီ အိမ်တော်သခင်’ဟန်’ ၊ ကျွန်တော်က မဖိတ်ကြားဘဲ ရောက်လာမိလို့ အားနာနေတာပါ”

ဟန်ရှန်းတာ့က သူတို့နှစ်ယောက်အား အိမ်တော်ထဲသို့ဖိတ်ခေါ်ပြီး နေရာထိုင်ခင်းပေးကာ အကြမ်းရည်ဖြင့် ဧည့်ခံလေည်။

ပြီးမှ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“ခင်ဗျားတို့နှစ်ယောက် ဘာကြောင့်များရောက်လာကြတာလဲ...”

ချိုးကျားဟိုင်က ရန်ကျောက်ကဲဘက်သို့တစ်ချက်လှည့်ကြည့်လိုက်ပြီး ရောက်ရှိလာရသည့်ရည်ရွယ်ချက်အား ရှင်းပြလိုက်သည့်အခါ ဟန်ရှန်းတာ့ အံ့အားသင့်သွားရသည်။

“ဒါက...”

ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ဟန်ရှန်းတာ့အနေဖြင့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနှင့်ပတ်သက်ပြီး စိတ်ပူပန်ခြင်း မရှိပေ။

သူ၏ လေမိုးကြိုးအိမ်တော်တွင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုများ ပိုင်ဆိုင်ထားပြီးသားဖြစ်သလို လေမိုးကြိုးအိမ်တော်မှ ကျင့်ကြံသူများအားလုံးနီးပါးက လက်နက်ပစ္စည်းပြုလုပ်ရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည် မဟုတ်ပါလား။

အထက်ဘုံကမ္ဘာတစ်ခွင် ပြန့်ကျဲနေသည့် လေမိုးကြိုးအိမ်တော် ဂိုဏ်းခွဲများနှင့် လက်နက်အရောင်းဆိုင်ခွဲများမှာ လက်နက်မျိုးစုံရောင်းချရန်အတွက် တည်ဆောက်ထားသော ကွန်ယက်တစ်ခု ဖြစ်သည်။

လေမိုးကြိုးအိမ်တော်က အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများနှင့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများမှလွဲပြီး လက်နက်များစွာ ပြုလုပ်ရောင်းချလေသည်။

ရံဖန်ရံခါ အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကိုပင် ရောင်းဝယ်ဖောက်ကားသေးသည်။

ခွန်လွန်တောင်ပြီးလျှင် လေမိုးကြိုးအိမ်တော်မှ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ တစ်ခုစီပိုင်ဆိုင်ထားကြသည်။

ဤအိမ်တော်မှထုတ်လုပ်သောလက်နက်ပစ္စည်းများက အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်တွင်သာမက အထက်ဘုံကမ္ဘာတစ်ခုလုံးတွင် လူသိများသော အမှတ်တံဆိပ်ဖြစ်သည်။

ရန်ကျောက်ကဲက ကိုယ်ပိုင်အရောင်းအဝယ်ပြုလုပ်ရန် ၎င်းတို့၏ကွန်ရက်ကို အသုံးပြုလိုခဲ့သည်။ အခြား ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ၎င်းတို့နှင့် စီးပွားပြိုင်ဘက်ပမာ ဖြစ်နေသည်။

ဟုတ်ပေ၏။

ကျောက်စိမ်းကျောက်ဆောင်၏မျက်နှာရှိသဖြင့် ဟန်ရှန်းတာ့က ငြင်းဆိုခြင်း မရှိခဲ့ပေ။

ပြီးတော့ ရန်ကျောက်ကဲက သူတို့အား အကြီးအကျယ် စိတ်အနှောက်အယှက်ဖြစ်အောင် ပြုလုပ်နိုင်မည်ဟု လုံးဝ မယုံကြည်ခဲ့ပေ။

ရန်ကျောက်ကဲက ထူးခြားသောတန်ခိုးစွမ်းအားနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။

သို့သော် သိုင်းပညာနှင့် လက်နက်ပစ်စည်းပြုလုပ်သည်ပညာ ၊ ဆေးလုံးပြုလုပ်သည့်ပညာများက မတူကွဲပြားလှသည်။ ပညာရပ်တစ်ခုနှင့်တစ်ခုက ဆက်စပ်နေသော်ငြား ၎င်းတို့အားလုံးကို တူညီသောစံနှုန်းဖြင့် တိုင်းတာမရနိုင်ပေ။

ပထမဆုံးကြားကြားချင်း ဟန်ရှန်းတာ့ တွေးထင်သည်မှာ ရန်ကျောက်ကဲက ရတနာပစ္စည်းအချို့ မတော်တဆရရှိပြီး ရောင်းချလိုသည်ဟု ထင်မှတ်ခြင်း ဖြစ်သည်။

ဟန်ရှန်းတာ့က...

“’ရန်’ သခင်လေးက အတွင်းပိုင်း သလင်းကျောက်မီးပြင်းဖိုအပြင် တခြား ဘာတွေရော ရောင်းချင်သေးလဲ ၊ ကျုပ်က ဝယ်သူနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်”

သူက ဆက်ပြောသည်။

“အရေအတွက်များတယ်ဆိုရင်တောင်မှ ပစ္စည်းတွေက အရေအသွေးကောင်းရင် ရောင်းထွက်နိုင်ပါတယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“ငါ့ရဲ့ပစ္စည်းတွေက အားလုံးကောင်းမွန်ပါတယ် ၊ အရေအတွက်လည်းများပြားပြီး အမျိုးအစားလည်းကျယ်ပြန့်တယ်”

သူက ဆက်ပြောသည်။

“အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက ဒီပစ္စည်းတွေထဲက တစ်ခုပဲရှိပါသေးတယ် ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်ဖိုအပြင် တခြားပစ္စည်းအမျိုးအစားတွေလည်း ဒါဇင်နဲ့ချီပြီး ရောင်းဖို့ရှိပါတယ် ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုတစ်မျိုးတည်းတောင်မှ ပစ္စည်းအရေအတွက် အရမ်းများပါတယ်”

သူက ခဏနားလိုက်ပြီးမှ ထပ်မံအလေးပေးပြောဆိုလိုက်သည်။

“ပစ္စည်းအရေအတွက် အတော်လေးများတယ်လို့ ပြောလို့ရတယ်”

ထိုစကားများကိုကြားတော့ ဟန်ရှန်းတာ့ ရုတ်တရက် မှင်တက်သွားသည်။

သတိပြန်ဝင်လာသည့်အချိန် သူက အတော်လေး တုန်လှုပ်သွားပြီး...

“အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ပစ္စည်းအမြောက်အမြား... ဟုတ်လား”

ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို အမျိုးအစားစုံလင်စွာ အမြောက်အမြားရှိကြောင်း အလေးပေးပြောဆိုခဲ့သည်။ ဤသည်မှာ ကိန်းဂဏန်း တစ်လုံး နှစ်လုံး မျှသာဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

အနည်းဆုံး ရာဂဏန်းအထိ ရှိနိုင်ပေသည်။

ဟန်ရှန်းတာ့ စကားမဆိုဘဲ ချိုးကျားဟိုင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

သူတို့ လေမိုးကြိုးအိမ်တော်က ကျောက်စိမ်းကျောက်ဆောင်နှင့် ဝါဒတောင်ကို တစ်ခုခုများ စော်ကားမိသဖြင့် ယခုလိုမျိုး သူတို့ထံ ကိုယ်တိုင်ကိုယ်ကျရောက်လာကာ အခက်တွေ့အောင် ပြုလုပ်နေသည်လားဟု အဘိုးကြီး တွေးတောနေမိသည်။

ရန်ကျောက်ကဲနှင့် ချိုးကျားဟိုင်အတွက် တိမ်မျှင်ချိတ်ဆက်တောင်တန်းမှ လေမိုးကြိုးအိမ်တော် ၊ ‘ဟန်’ မျိုးနွယ်များက ကြီးမားစွာ ဆွဲဆောင်မှု ရှိနေသည်။ အဘယ်ကြောင့်ဆိုသော သူတို့က လက်နက်ပစ္စည်းရောင်းချရန်အတွက် ကွန်ရက်တစ်ခု ပိုင်ဆိုင်ထားသောကြောင့်ပင်။

တစ်နည်းဆိုရသော် သူတို့က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် ထင်ရှားကျော်ကြားသော လက်နက်ရောင်းဝယ်သူများအဖြစ် ယူဆနိုင်သည်။

ယခု ရန်ကျောက်ကဲက သူတို့၏ စီးပွားရေးအရောင်းအဝယ်ကွန်ရက်ကို အသုံးပြုရန် ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော် ဤလူငယ်က သူတို့၏အဓိကစီးပွားရေးပြိုင်ဘက်လည်းဖြစ်လာနိုင်သလို သူတို့၏လုပ်ငန်းကို ကြီးကြီးမားမား ဆုတ်ယုတ်စေသူလည်း ဖြစ်လာနိုင်သည်။

ဟုတ်ပေ၏။

ရန်ကျောက်ကဲက လက်နက်ရောင်းဝယ်မည် မဟုတ်ပေ။ သို့သော် သူက လက်နက်ပစ္စည်းပြုလုပ်ရာတွင် များစွာအထောက်အကူဖြစ်စေသော အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုများကို ရောင်းချသွားမည် ဖြစ်သည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအစွမ်းဖြင့် ကျင့်ကြံသူအများစုက လက်နက်ပစ္စည်းများသေချာပေါက် ပြုလုပ်နိုင်ကြပေမည်။ ထိုသို့ဆိုလျှင် သူတို့ လေမိုးကြိုးအိမ်တော်မှ လက်နက်များကို ဝယ်ယူကြတော့မည် မဟုတ်ပေ။

ရန်ကျောက်ကဲမှာ သူတို့နှင့်အတူ ပူးပေါင်းရန်အတွက် ရောက်ရှိလာခြင်းမဟုတ်ဘဲ ပြဿနာရှာရန်ရောက်ရှိလာသည်ဟုသာ ဟန်ရှန်းတာ့ တွေးလိုက်မိသည်။

လေမိုးကြိုးအိမ်တော်မှ ဒေါသအလွအမင်းထွက်သွားသော်လည်း ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားနှင့် ကျောက်စိမ်းကျောက်ဆောင်၏ သြဇာအာဏာကိုတွေးတောမိသည့်အခါ မည်သည့်စကားကိုမှ ကျယ်ကျယ်လောင်လောင် မပြောဝံ့ခဲ့ပေ။

‘ဟန်’ အိမ်တော်မှ အခြားသူများကတော့ ကြမ်းပြင်သို့ ခေါင်းငုံ့ကြည့်နေကြပြီး ဟန်ရှန်းတာ့က ချိုးကျားဟိုင်ကို စူးစိုက်ကြည့်လိုက်သည်။

ချိုးကျားဟိုင်က အဘိုးအိုအား ပြုံးပြလိုက်၏။

ရန်ကျောက်ကဲက လေမိုးကြိုးအိမ်တော်ကို ပြဿနာမရှာမဟုတ်ကြောင်း သေချာသဖြင့် သူက ‘ဟန်’ အိမ်တော်နှင့် ပူးပေါင်းလုပ်ဆောင်ရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

ဤသို့လုပ်ရသည်မှာလည်း ရန်ကျောက်ကဲက သူ၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သလို အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖိုအပြင် အခြားသောပစ္စည်းများလည်း ရောင်းချရန်ရှိသေးသည်ဟု ပြောဆိုသည် မဟုတ်ပါလား။

ထို့ကြောင့် ကျောက်စိမ်းကျောက်ဆောင်နှင့် လေမိုးကြိုးအိမ်တော်အကြား မျက်နှာပျက်စရာမရှိဟု ယုံကြည်သဖြင့် ချိုးကျားဟိုင်က တစ်ချက်မျက်နှာမပျက်ဘဲ တည်ငြိမ်နေခဲ့သည်။

ရန်ကျောက်ကဲကတော့ လေမိုးကြိုးအိမ်တော်မှလူများ မျက်နှာပျက်နေသည်ကို လျစ်လျူရှုပြီး စကားဆက်ပြောနေသည်။

“အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအပြင်... တစ္တေနတ်ဘုရားဆေးရည် ၊ ရွှေခန္ဓာမိုးကြိုး....”

“ရွှေခန္ဓာမိုးကြိုး” ဟူသောစကားကို ကြားလိုက်ရသည်နှင့် လေမိုးကြိုးအိမ်တော်မှ လူများအားလုံး နားရွက်ခတ်သွားကြသည်။

လူတိုင်း၏မျက်လုံးများက ရန်ကျောက်ကဲထံ စူးစိုက်ကျရောက်သွား၏။

ရန်ကျောက်ကဲမဟုတ်ဘဲ တခြားသူသာဆိုလျှင် ‘ဟန်’ အိမ်တော်မှလူများ၏အကြည့်ကြောင့် အရည်ပျော်သွားနိုင်သည်။

သို့သော် ရန်ကျောက်ကဲကတော့ အေးဆေးတည်ငြိမ်စွာပင် စကားဆက်ပြောနေသည်။

သူတစ်ပါး စကားပြောနေစဉ် ကြားဖြတ်ပြောရသည်မှာ မလေးစားရာရောက်သော်လည်း ဟန်ရှန်းတာ့ မနေနိုင်တော့ဘဲ ဖြတ်ပြောလိုက်တော့၏။

“’ရန်’ သခင်လေး... ခဏလေး ခဏလေး... ဖြတ်ပြောရတာ ရိုင်းတယ်မထင်ပါနဲ့ ၊ မင်း အခုပဲ ရွှေခန္ဓာမိုးကြိုးလို့ပြောလိုက်တာလား...”

အိမ်တော်သခင် ‘ဟန်’ စကားဖြတ်ပြောသည့်အတွက် ရန်ကျောက်ကဲက ဒေါသထွက်သွားဟန် မရှိပေ။

“ဟုတ်ပါတယ်... ငါပြောလိုက်တာ ရွှေခန္ဓာမိုးကြိုးပါ...”

ဟန်ရှန်းတာ့က ပင့်သက်တစ်ချက်ရှိုက်ရင်း...

“အဲဒီ ရွှေခန္ဓာမိုးကြိုးဆိုတာ မဟာကပ်ဘေးကြီးမတိုင်ခင်က ရွှေမိုးကြိုးတောင်ရဲ့ အဆက်အနွယ်က ရတနာပစ္စည်း မဟုတ်လား”

ရန်ကျောက်ကဲက ပြုံးရင်း...

“အမှန်ပါပဲ...”

ရွှေခန္ဓာမိုးကြိုးဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်ကာလတွင် တန်ခိုးစွမ်းအားကြီးထွားခဲ့သော သိုင်းဂိုဏ်းတစ်ခုဖြစ်သည့် ‘ရွှေမိုးကြိုးတောင်’ မှ ပိုင်ဆိုင်သော ရတနာပစ္စည်း ဖြစ်သည်။

ထို ရတနပစ္စည်းက အခြားသူများ၏လက်နက်ကို ထိခိုက်အောင် ဖျက်ဆီးရာတွင် အလွန်ထိရောက်အသုံးဝင်သည်။

ထိုအရာကိုထုတ်လွှတ်လိုက်သည်နှင့်  ရွှေရောင်မိုးကြိုးစီးကြောင်းတစ်ခု ပျံသန်းထွက်ပေါ်လာပြီး လက်နက်ပစ္စည်း၏သတ္တုထက်တွင်ကပ်သွားကာ အလိုအလျောက်ပေါက်ကွဲထွက်သွားပြီး ရန်သူများ၏လက်နက်ကို ကြီးမားစွာ ထိခိုက်ပျက်ဆီးစေနိုင်သည်။

အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအများစုပင်လျှင် ကြီးမားသောထိုးနှက်မှုကိုခံရပြီး အသက်ဓာတ်စွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများ ကြီးမားစွာ ပျက်ဆီးသွားစေနိုင်သည်။

တိုက်ပွဲတစ်ခုတွင် ရွှေခန္ဓာမိုးကြိုးအား အချိန်မီထုတ်လွှတ်နိုင်မည်ဆိုပါက လက်နက်ပစ္စည်းနှင့်ပတ်သက်သည့် အားသာချက်ကို ရရှိနိုင်မည်ဖြစ်သည်။ မဟုတ်လျှင်လည်း ရန်သူ၏လက်နက်ကို လုံးဝဖျက်ဆီးပစ်ရန် အခွင့်အရေး ရရှိပေလိမ့်မည်။

ရန်သူနှင့် လက်ရည်ညီနေသည့်အချိန်များတွင် ရန်သူ၏လက်နက်အားဖျက်ဆီးနိုင်မည်ဆိုပါက တိုက်ပွဲရလဒ်က ပြောင်းလဲသွားနိုင်သည်။

သို့သော် လေမိုးကြိုးအိမ်တော်ကတော့ ရန်သူ၏လက်နက်များကိုဖျက်ဆီးပစ်ရန် ထိုရတနာကိုလိုအပ်ခြင်း မဟုတ်ပေ။ သူတို့အိမ်တော်မှ သိုင်းသမားများ ကျင့်ကြံရာတွင် အထောက်အကူပြုနိုင်သောကြောင့်သာ လိုအပ်ခြင်း ဖြစ်ပေ၏။

All Chapters