စိတ်ဝိညာဉ်နှစ်ခုကွဲသွားတဲ့ 'ပိုးသားဧကရာဇ်'
Vol. 76 Ch. 1065
အခန်း (၁၀၆၅) စိတ်ဝိညာဉ်နှစ်ခုကွဲသွားတဲ့ 'ပိုးသားဧကရာဇ်'
ဝမ်ဖူ ၊ ချိုးကျားဟိုင်တို့ (၃)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ချိုးကျားဟိုင်က သက်ပြင်းချရင်း...
“တောင်ပိုင်း’ကျွမ်း’ က တကယ်ပဲ...”
ရန်ကျောက်ကဲကလည်း သက်ပြင်းချလိုက်ရင်း...
“တောင်ပိုင်း’ကျွမ်း’ ကိုယ်တိုင်လည်း ရလဒ်က ဒီလိုဖြစ်လာမယ်လို့ ထင်မထားဘူး ဖြစ်လိမ့်မယ် ၊ သူက ပိုးသားဧကရာဇ် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကို အချိန်မီမလာနိုင်အောင် အချိန်ဆွဲချင်တာပဲရှိတာ”
သူက ဆက်ပြောသည်။
“အင်း... သူက အစစ်အမှန်နတ်ဘုရားအဆင့်ကိုရောက်ရှိနေပြီဖြစ်တဲ့ ဧကရာဇ်တစ်ပါးပဲလေ ၊ သူ့ကိုယ်သူ ပြန်လည်ပြုပြင်ဖို့ ဖြစ်နိုင်ခြေတွေ ရှိနေမှာပါပဲ”
“ဆရာဦးလေး’ယွဲ့’ က ပိုးသားဧကရာဇ်အကြောင်း မှတ်ချက်ပေးတဲ့စကားကို မင်းပြောတာကြားလိုက်ရတော့... ငါ သဘောပေါက်သွားတာက ပိုးသားဧကရာဇ် နတ်ဘုရားတံခါးကိုဖွင့်တဲ့အချိန်မှာ လျှို့ဝှက်ပုန်းကွယ်နေတဲ့ အန္တရယ်တွေ ချန်ထားခဲ့နိုင်တယ် ၊ အဲဒါတွေက ဒီလိုအဖြစ်မျိုးကို ဦးတည်သွားစေတာပဲ”
ထားတဲ့အန္တရယ်တွေ ချန်ထားခဲ့နိုင်တယ် ၊ အဲဒါတွေက ဒီလိုအဖြစ်မျိုးကို ဦးတည်သွားစေတာပဲ”
ချိုးကျားဟိုင်က...
“ဘာကြောင့် ဒီလိုပြဿနာမျိုးက အခုမှဖြစ်လာရတာလဲ ၊ မန်ဝမ်သာ အထက်ဘုံကမ္ဘာမှာ ကြီးပြင်းခဲ့မယ်ဆိုရင် သူက ကြာပန်းနီဒေဝီ’ဖု’ နဲ့ ရွယ်တူလောက် ဖြစ်နိုင်မလား ၊ နှစ်ပေါင်းများစွာကြာခဲ့ပြီ မဟုတ်ဘူးလား”
ရန်ကျောက်ကဲက နှုတ်ခမ်းထောင့်များတွန့်ကွေးလိုက်ရင်း...
“အရင်က ဖြစ်ပျက်ခဲ့တာကို ပိုးသားဧကရာဇ်က တစ်လျှောက်လုံး သိခဲ့ပုံမပေါ်ဘူး ၊ အခုတလော ကျွမ်းရှန်မွှေတော့မှ သိရတာ ဖြစ်လိမ့်မယ် ၊ ဒါဆို... သူကိုယ်တိုင် မန်ဝမ်ကိုသွားတွေ့မှ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်ထင်တယ်”
နောက်ထပ်စကားလုံးများဖြင့် ရှင်းပြစရာမလိုတော့ပေ။
ပိုးသားဧကရာဇ်ကိုယ်တိုင် မန်ဝမ်ကို တွေ့ဆုံပြီးလျှင် လုံလောက်သွားပေမည်။
ချိုးကျားဟိုင် မျက်ဝန်းအစုံ ပြူးကျယ်သွားပြီး...
“ဒီကိစ္စကို ပိုးသားဧကရာဇ် လုံးဝ မသိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ပိုးသားဧကရာဇ်ကို မဆိုထားနှင့် သာမန်သိုင်းကျင့်ကြံသူများသည်ပင် ဤသို့သောကိစ္စမျိုးတွင် သူတို့၏မျိုးဆက်ချန်ထားမည်လား ၊ ချန်မထားဘူးလားဆိုသည့်ကိစ္စမျိုးအား ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။
တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ပိုးသားဧကရာဇ်၏ မျိုးစေ့ကို ယူဆောင်သွားမည်ဆိုလျှင် မည်သို့ရှိမည်နည်း။
သို့သော် ပိုးသားဧကရာဇ်၏မျိုးစေ့ကိုယူဆောင်သွားပြီး သားသမီးမွေးဖွားခြင်းမှာ အထက်ဘုံကမ္ဘာတွင် မည်သို့သောမိန်းကလေးက ပြုလုပ်ရဲပါမည်နည်း။
ပိုးသားဧကရာဇ် မသိအောင်လုပ်ဆောင်နိုင်ခဲ့သည်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
ထိုစဉ်အချိန်ကဆိုလျှင် လျိုရွှမ့်ထင်၏ ကျင့်ကြံခြင်းအဆင့်က ပိုးသားဧကရာဇ်ထက် များစွာနိမ့်ပါးလေရာ ထိုသို့သောဖြစ်နိုင်ခြေ လုံးဝမရှိပေ။
ရန်ကျောက်ကဲ နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။
“ဘယ်လိုဖြစ်သွားတာလဲဆိုတာ ကောင်းကင်ဘုံကပဲ သိနိုင်လိမ့်မယ်”
ဝမ်ဖူက...
“ဒီကိစ္စက ငါတို့နဲ့တိုက်ရိုက်မပတ်သက်ပေမယ့် အရမ်းအရေးကြီးတယ်”
အထက်ဘုံကမ္ဘာတွင် ဧကရာဇ် (၃)ပါး အုပ်စိုးရှင် (၅)ပါး ဆိုသည်က ပေါ့သေးသေး မဟုတ်ပေ။ အနှောက်အယှက်အနည်းငယ်က အထက်ဘုံကမ္ဘာတစ်ခုလုံးအား ထိခိုက်သွားစေနိုင်သည်။
ရန်ကျောက်ကဲက နှုတ်ခမ်းကိုတစ်ချက်ပွတ်သပ်လိုက်ရင်း....
“တိုက်ရိုက်တော့ ပတ်သက်တာမျိုး မရှိနိုင်ဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ သူ့အနေနဲ့ ငါ့အဖေဆီက ထိုက်ယိဟွာတိမ်တိုက်နဲ့ ငါ့ရဲ့ ထိုက်ယိလက်သီးသိုင်းကို မျက်စိကျတာမျိုး ဖြစ်လာနိုင်တယ်”
ကျိုးကြောင်းဆီလျှော်မှု ထိခိုက်သွားပြီး စိတ်ဖောက်ပြန်သွားသောပိုးသားဧကရာဇ် ဘာလုပ်မည်ကို မည်သူသိနိုင်ပါမည်နည်း။
ဝမ်ဖူက ရန်ကျောက်ကဲအားကြည့်ရင်း...
“အခု မေးခွန်းက ပိုးသားဧကရာဇ် ပြန်ကောင်းနိုင်ပါဦးမလား”
သူက ဆက်ပြောသည်။
“အရင်တုန်းကသာ ပိုးသားဧကရာဇ် ထိုက်ယိလက်သီးသိုင်းကိုရခဲ့မယ်ဆိုရင် အခုချိန်မှာ ဒီလောက် ဒုက္ခဖြစ်မှာ မဟုတ်ဘူး”
“ထိုက်ယိလက်သီးသိုင်းကို ပိုးသားဧကရာဇ်ဆီပေးလိုက်ဖို့ ငါက အတင်းတောင်းဆိုတာ မဟုတ်ပါဘူး ဂိုဏ်းတူညီလေး’ရန်’ ၊ ဒါပေမဲ့ အခုလိုအခြေအနေမျိုးမှာ မင်းသာ ထိုက်ယိလက်သီးသိုင်းကိုပေးမယ်လို့ ကမ်းလှမ်းလိုက်ရင် မြောက်ဖေးတောင်ထွတ်က မင်းဘက်ကမနစ်နာရအောင် တန်ဖိုးရှိတဲ့အရာတွေကို ပေးအပ်မယ်ဆိုတာ ငါ ယုံကြည်တယ်”
ရန်ကျောက်ကဲက တစ်ချက်မျှစဉ်းစားရင်း...
“ဒီကိစ္စက အဲဒီလောက် ရိုးရှင်းနိုင်ပါ့မလား”
“ဒီနှစ်ပိုင်းမှာ ငါလည်း ထိုက်ချင်အဆက်အနွယ်သိုင်းပညာတွေကို ထိုက်သင့်သလောက်လေ့လာခဲ့ပြီး ထိုးထွင်းသိမြင်မှုအချို့ ရရှိခဲ့တယ်”
သူက အနည်းငယ်ပြုံးလိုက်ရင်း...
“ပိုးသားဧကရာဇ်ရဲ့ ကျင့်ကြံခြင်းအခြေခံက ခိုင်ခံ့နေပြီဆိုတော့ ပြောင်းလဲလို့မရနိုင်တော့ဘူး ၊ အခုချိန်မှာ ထိုက်ယိလက်သီးသိုင်းကို သင်ယူမယ်ဆိုရင် သူ့အတွက် အသုံးဝင်နိုင်ကောင်းပေမယ့်... ကံမကောင်းတာက... သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ပြောင်းလဲလို့မရနိုင်တော့ဘူး ၊ ဒီအတိုင်း တန်ခိုးစွမ်းအားမြင့်မားလာတာပဲ ရှိတော့မှာ”
အခြာစကားဖြင့်ဆိုရလျှင် လက်ရှိပြဿနာကို ဖြေရှင်းရန် နည်းလမ်းမရှိတော့ပေ။ သို့သော် ဤသည်က ပိုးသားဧကရာဇ် ရူးသွပ်သွားခြင်းကို ပိုမိုကြီးထွားလာစေနိုင်သည်။
ထိုစကားကြားတော့ ဝမ်ဖူလည်း ကူရာကယ်ရာမဲ့သွားသည်။
ချိုးကျားဟိုင်က ခဏမျှစဉ်းစားပြီးနောက်...
“အခု ပိုးသားဧကရာဇ်က ဘယ်လိုအခြေအနေရှိနေမလဲ ၊ ပုံမှန်စိတ်အခြေအနေပဲ ရှိနေတာလား ဒါမှမဟုတ် သိစိတ်နှစ်ခုကွဲထွက်သလိုမျိုး အခြေအနေ ဖြစ်နေပြီလား”
ရန်ကျောက်ကဲက အနည်းငယ်ခေါင်းမော့ကာ စဉ်းစားလိုက်ရင်း...
“ငါ့ ခန့်မှန်းချက်အရတော့ သိစိတ်ကွဲထွက်တဲ့အခြေအနေ ရောက်နေလောက်ပြီ”
သူက ဆက်ပြောသည်။
“ပိုးသားဧကရာဇ်က ကျင့်ကြံခြင်းသွေဖယ်သွားပြီဆိုတော့... အဖြစ်နိုင်ဆုံး အခြေအနေက သူ့ရဲ့ သိစိတ်ကွဲထွက်သွားလောက်ပြီ ၊ သိစိတ်တစ်ခုက ခံစားချက်ပြင်းထန်လိမ့်မယ် ၊ နောက်သိစိတ်တစ်ခုကတော့ အားလုံးကို မေ့ပျောက်သွားလိမ့်မယ်”
ပိုးသားဧကရာဇ်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေ ခရီးလမ်းက ဤနှစ်များအတွင်း အဆင့်ဆင့် တက်လှမ်းသွားခဲ့သည်။
ဖုထင်နှင့် မန်ဝမ်ကို မမွေးဖွားခင်က သူသည် မရေမတွက်နိုင်သည့် မြက်ခင်းပြင်အား ဖြတ်သန်းခဲ့သည့် သစ်ရွက်တစ်ရွက်ပမာ ဖြစ်သည်။
ထိုအဆင့်တွင် ပိုးသားဧကရာဇ်သည် ထောင်ပေါင်းများစွာသောရွက်လှေများတွင် မည်သည့်ရွက်လှေကိုမှ ရွက်လွှင့်ရခြင်း မရှိသေးပေ။
ဟုတ်ပေ၏။ နှစ်ပေါင်းထောင်ချီ အချိန်ကာလအတွင်း သူကြုံတွေ့ခဲ့သောမိန်းကလေးများသည်လည်း ထောင်နှင့်သောင်းနှင့် ရှိနေခဲ့သည်။
ထိုအဆင့်တွင် သူ၏စိတ်အခြေအနေက စိတ်ခံစားမှုနှင့် မေ့လျော့မှုကြားတွင် ရှိနေခဲ့သည်။
သူသည် သူ၏ဆက်ဆံရေးတိုင်းတွင် ရိုးသားမှုနှင့် သစ္စာရှိမှုကို မြှုပ်နှံထားသည်။ သို့သော် မရေမတွက်နိုင်သော ဆက်ဆံရေးများကို စိတ်ဝိညာဉ်တစ်ခုချင်းဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့သည်။
လွန်ခဲ့သောနှစ်တစ်ရာခန့်က ပိုးသားဧကရာဇ် အသစ်သောအဆင့်တစ်ခုသို့ ဝင်ရောက်ခဲ့သည်။
ထိုအဆင့်မှာ ထောင်ပေါင်းများစွာသောရွက်လှေများအနက် ရွက်လှေတစ်စင်း ရွက်လွှင့်ခဲ့ခြင်း ဖြစ်သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် အဆုံးစွန်သောခံစားချက်တစ်ခုတည်းအား သန့်စင်နိုင်ခဲ့သည်ဟု ယူဆနိုင်၏။
ဤအခြေအနေတွင် တစ်ဦးတည်းသောသမီးဖြစ်သူ ‘ဖုထင်’ ကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ဤသို့ အသစ်သောအဆင့်တစ်ခုတက်ရောက်ခြင်းက ပိုးသားဧကရာဇ်၏ ကျင့်ကြံခြင်းအခြေခံပိုမိုတိုးတက်ကောင်းမွန်လာသည့်အခြေအနေ ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ဤလုပ်ငန်းစဉ်တွင် အမည်မသိ အကြောင်းပြချက်တစ်ခုဖြင့် ချို့ယွင်းချက်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ထိုချို့ယွင်းချက်က ‘မန်ဝမ်’ ကို မွေးဖွားခဲ့ခြင်းပင် ဖြစ်၏။
ပိုးသားဧကရာဇ်လျှောက်လှမ်းသည့် မူလ လမ်းစဉ်အတိုင်းဆိုလျှင်...
“များပြားလှစွာသော” မှ “တစ်ခု” အဖြစ် ပြောင်းလဲရမည်ဖြစ်သည်။
သို့သော် ယခုတော့ “များပြားလှစွာသော” မှ “နှစ်ခု” အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤသည်က ကျင့်ကြံခြင်းနှင့်အတူ ကပ်ဘေးကိုပါ စိုက်ပျိုးခဲ့သည့်အလား ဖြစ်ခဲ့ရသည်။
ယခုတော့ ဖုံးကွယ်ထားသောအန္တရယ်များ ထွက်ပေါ်လာပြီး ကြီးကျယ်ခမ်းနားသော ပိုးသားဧကရာဇ်၏ စိတ်ဝိညာဉ်က “နှစ်ခု” အဖြစ် ကွဲထွက်သွားသည်။
သို့သော် သူက ဧကရာဇ်တစ်ပါး ဖြစ်နေဆဲပင်။
သူက ပို၍ပင် အန္တရယ်ကြီးလာမည်ဖြစ်သည်။
ပေါ့ပါးစွာ လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် မရေမတွက်နိုင်သောလူပေါင်းများစွာကို ဇီဝိန်ခြွေနိုင်ပေမည်။
“ခံစားချက်လွန်ကဲတဲ့အဆင့်ကို ပြန်လျှောကျသွားပေမယ့် အရင်တုန်းက အခြေအနေမျိုးတော့ ပြန်ဖြစ်သွားမှာမဟုတ်ဘူး ၊ ကြည့်ရတာ မေ့ပျောက်နေတဲ့အချိန်မှာပဲ ခံစားချက်လည်း ပြင်းထန်နေမယ် ထင်တယ်”
ရန်ကျောက်ကဲ ခန့်မှန်းလိုက်သည်။
“မဟုတ်သေးဘူး... သူ့စိတ်ဝိညာဉ်နှစ်ပိုင်းကွဲသွားပြီး ခံစားချက်ကင်းမဲ့တဲ့ဘက်ခြမ်းနဲ့ ခံစားချက်ပြင်းထန်တဲ့ဘက်ခြမ်း ဖြစ်သွားနိုင်တယ်”
ခဏမျှတိတ်ဆိတ်နေပြီးမှ ချိုးကျားဟိုင်က ရုတ်တရက် မေးလိုက်သည်။
“ဒါဆိုရင် ပိုးသားဧကရာဇ်ရဲ့ စိတ်အာရုံနဲ့မှတ်ဉာဏ်တွေ ကြည်လင်ရှင်းလင်းနေသေးတာပေါ့ ၊ ဒါဆိုရင် သူ သေချာပေါက် လက်ရှိအခြေအနေကို သုံးသပ်ပြီး အဖြေတစ်ခု ရှာဖွေနိုင်မှာပါ”
“ဒါဆိုရင်... သူ လုပ်နိုင်တာက...”
ချိုးကျားဟိုင်က လက်ဝါးဇောင်းဖြင့် ဓားသွားခုတ်ပိုင်းသည့်အသွင် လုပ်ပြလိုက်သည်။
ရန်ကျောက်ကဲက ခဏမျှ စိတ်အားထက်သန်စွာ စဉ်းစားလိုက်ပြီနောက် ခေါင်းတစ်ချက်ခါယမ်းရင်း...
“အဲဒီလိုလုပ်လို့ အသုံးဝင်ပါ့မလား ၊ လောလောဆယ် သူ့မှာ သမီးနှစ်ယောက်ရှိနေတာက အဓိကပြဿနာ မဟုတ်ဘူး ၊ အတိတ်တစ်ချိန်တုန်းက သမီးနှစ်ယောက် မွေးခဲ့မိတာက ပြဿနာဖြစ်နေတာ ၊ ဆိုတော့... ပစ္စုပ္ပန်ကိုငြင်းပယ်လိုက်ရုံနဲ့ အတိတ်ကပြောင်းလဲနိုင်မှာ မဟုတ်ဘူး”
“သူတို့ထဲက တစ်ယောက်ကိုသတ်လိုက်ရုံနဲ့ အစကနေ ပြန်စနိုင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက ခဏမျှ စကားရပ်နားလိုက်ပြီး...
"ဒါပေမဲ့ နှစ်ယောက်လုံးကို တစ်ခါတည်းသတ်ပစ်လိုက်ရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်”
ဝမ်ဖူက...
“ဂိုဏ်းတူညီလေး’ရန်’ ... မင်းပြောတဲ့အတိုင်းဆိုရင်... ပိုးသားဧကရာဇ်ရဲ့ စိတ်ဝိညာဉ်က နှစ်ပိုင်းကွဲသွားမှာ မဟုတ်လား ၊ ခံစားချက်ကင်းမဲ့တဲ့အပိုင်းကတော့ အဲဒီလိုလုပ်ချင်ရင် လုပ်ပစ်နိုင်တယ်”
ချိုးကျားဟိုင်က...
“ခံစားချက်ရှိတဲ့ဘက်ခြမ်းက ဒါကို သေချာပေါက် တားဆီးမှာပဲ”
သုံးယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...
"ဒါတွေအားလုံးက ငါ့ဘက်က မှန်းဆချက်ပဲလေ ၊ ဘာလုပ်သင့်သလဲဆိုတာ မစဉ်းစားခင် ပိုးသားဧကရာဇ် အခြေအနေ ဘယ်လိုရှိလဲဆိုတာသိရအောင် အရင်ဆုံး သွားကြည့်သင့်တယ်”
ချိုးကျားဟိုင်က တောင်ဘက်ဆီသို့လှမ်းကြည့်လိုက်ရင်း...
“ပိုးသားဧကရာဇ်က ပြန်ရောက်လာတာနဲ့ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို တန်းသွားတယ် ၊ တောင်ပိုင်း’ကျွမ်း’ နဲ့ ဝူထုန်တောင်စောင်းကိုလက်စားချေချင်တာများလား”
“ဒီလိုဆိုရင်တော့ ငါတို့လိုက်သွားလည်း အလဟသဖြစ်မယ့် ခရီးပဲ...”
ကျွမ်းရှန်သေဆုံးပြီးနောက် ရန်တိနှင့် ဝါဒတောင်၏ ခြိမ်းခြောက်နိုင်စွမ်းအား ကြောက်ရွံ့သဖြင့် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်း၏ အရှင်သခင်အသစ် ‘မောက်ယွမ်ရှန်း’က ဝူထုန်တောင်စောင်းမှထွက်ခွာသွားပြီး လျှို့ဝှက်နေရာတစ်ခုတွင် ပုန်းအောင်းနေသည်မှာ ကြာပြီဖြစ်သည်။
“မဟုတ်ဘူး... မဟုတ်သေးဘူး”
ချိုးကျားဟိုင်က သူ့ခန့်မှန်းချက်ကို ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“ခံစားချက်ကင်းမဲ့တယ်ဆိုတောက... အချစ်မရှိ စာနာမှုမရှိရုံသာမကဘူး အမုန်းတရားနဲ့ဒေါသလိုမျိုး ခံစားချက်တွေလည်း မရှိဘူး မဟုတ်လား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ... ခံစားချက်ကင်းမဲ့တဲ့ပိုးသားဧကရာဇ်က ကိစ္စရပ်တွေအပေါ်မှာ ခံစားချက်နဲ့လုပ်ဆောင်မှာမဟုတ်ဘူး ၊ ကျိုးကြောင်းဆီလျော်စွာ ဆုံးဖြတ်နိုင်တယ် ၊ ပြီးတော့ သူ့အတွက် အကျိုးရှိမယ့်အရာကိုပဲ ရွေးချယ်ပြီးလုပ်လိမ့်မယ်”
သူက ဆက်ပြောသည်။
“ခံစားချက်ကင်းမဲ့တယ်ဆိုတာ ဆန္ဒကင်းမဲ့တာ မဟုတ်ဘူး ၊ ခံစားချက်ကင်းမဲ့တယ်ဆိုတာက ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးပမ်းအားထုတ်တဲ့အခါ အထောက်အကူဖြစ်စေမယ့် လုပ်ရပ်မှန်သမျှကို ပြုလုပ်ပြီး တခြားအဓိပ္ပါယ်မဲ့လုပ်ရပ်တွေကို ရှောင်ရှားတာမျိုးကို ဆိုလိုတာပဲ”
“ဥပမာပြောရရင်... ပိုးသားဧကရာဇ်က သူ့မူလအခြေအနေကို ပြန်ရောက်ချင်တယ် ၊ ဒါမှမဟုတ် ပိုပြီးတိုးတက်ကောင်းမွန်ချင်တယ်ဆိုရင်... အကျိုးမရှိတဲ့အလုပ် ဘာမှလုပ်မှာမဟုတ်ဘူး ၊ ဝူထုန်တောင်စောင်းကို လက်စားချေတာက ဘာမှအကျိုးမရှိဘူးဆိုရင် သူ အဲဒီအလုပ်ကို လုပ်မှာမဟုတ်ဘူး”
“ဒါပေမဲ့...”
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်အား လက်ဖြင့်အသာပွတ်လိုက်ရင်း...
“ခံစားချက်ရှိတဲ့ ပိုးသားဧကရာဇ်ကတော့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ခံစားချက်ကင်းမဲ့တဲ့ ပိုးသားဧကရာဇ်နဲ့ ပြောင်းပြန်ဖြစ်နေလိမ့်မယ်”
ထိုသို့ဆိုလျှင်...
ယခုအချိန် ပိုးသားဧကရာဇ်၏ စိတ်နေစိတ်ထားက မည်သို့ရှိနေပါသနည်း။