← Chapters

ပြိုင်ဘက်ကင်းသော ဓမ္မ

Vol. 45 Ch. 615

ပြိုင်ဘက်ကင်းသော ဓမ္မ

Vol. 45 Ch. 615

မနက်စောစောတွင် ချင်မူ လီမြို့၌ တည်ရှိသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဆီသို့ ရောက်လာပြီး တံခါးခေါက်လိုက်သည်။ “ဘိုးဘိုးမာနဲ့ တွေ့ချင်လို့ပါ”

ဧည့်ကြိုရဟန်းက သူ့ကို ကြိုပြီး အလျင်အမြန် သွားရောက်လျှောက်တင်ပေး၏။

ချင်မူ တထာဂတမာ ဟုမခေါ်ဘဲ ဘိုးဘိုးမာဟု ခေါ်လိုက်သည့်အကြောင်းရင်းမှာ တထာဂတမာသည် ဗုဒ္ဓသာသနာ ထွန်းကားအောင် ဆောင်ရွက်ရသော ဗုဒ္ဓလမ်းစဉ်၏ ‌ခေါင်းဆောင် ၊ မဟာမိုးခြိမ်းသံကျောင်းတော်၏ ကျောင်းထိုင် ဖြစ်၏။ ဘိုးဘိုးမာကတော့ သူ၏ဘိုးဘိုး ဖြစ်လေသည်။

တစ်ဦးက ဗုဒ္ဓ၊ တစ်ဦးက ဆွေမျိုးပင်။

တထာဂတမာကို တွေ့ရန် သူ့အနေဖြင့် လူသားဧကရာဇ်၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ဆိုသည့် ရာထူးအဆင့်အတန်းကို သုံးရလိမ့်မည်။ ဘိုးဘိုးမာကို တွေ့ရန်အတွက်မူ ဘိုးဘိုးမာ ထိန်းပေးခဲ့သော ကလေးတစ်ယောက်သာ ဖြစ်သည်။

တခဏကြာသော် ဧည့်ကြိုရဟန်း ပြန်ရောက်လာသည်။ “အဘိုးကြီးမာက ခေါ်ခိုင်းလိုက်ပါတယ်”

ချင်မူ  ပြုံးလိုက်ပြီး ဧည့်ကြိုရဟန်း၏နောက်မှ ဘုန်းကြီးကျောင်းထဲ လိုက်ဝင်သွားသည်။

ဤနေရာသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ လှူဒါန်းထားသော နေရာဖြစ်၏။ မဟာမိုးခြိမ်းသံကျောင်းတော်၏ ရဟန်းများက ဘုန်းကြီးကျောင်းတစ်ကျောင်း တည်ဆောက်ကာ နိစ္စဓူဝ သီတင်းသုံးကြလေသည်။

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ဘုန်းကြီးကျောင်း၏အပေါ်တွင် ဝိုးတိုးဝါးတား လွင့်မျောနေသော ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ကို မြင်ရသည်။ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်၏အောက်၌ ကျမ်းစာများ မရပ်မနား ရွတ်ဖတ်နေသော ရဟန်းများစွာ ရှိနေသေး၏။ ကျမ်းစာရွတ်ဖတ်သံများက ကောင်းကင်ယံသို့ ပျံ့လွင့်သွားပြီး ကောင်းကင်နှင့် ထိတိုက်သည့်အခါ ဗုဒ္ဓရောင်ခြည်တော်အလင်းတန်းများအဖြစ် ကွန့်မြူးဖြာထွက်လျက် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ထဲသို့ စီးမျောဝင်ရောက်သွားတတ်၏။

ကောင်းကင်ဘုံအဆင့်နှစ်ဆယ်သည် ဗုဒ္ဓကောင်းကင်ဘုံများ ဖြစ်ပြီး ဘုန်းကြီးကျောင်းအထက်၌ ပျံဝဲနေသော ဤကောင်းကင်ဘုံအဆင့်နှစ်ဆယ်၏ ပုံရိပ်မှာ အစစ်မဟုတ်ပေ။

ချင်မူ အကြည့်လွှဲလိုက်သည်။ ဤအခိုက်အတန့်တွင် တထာဂတသင်္ကန်းတော်မြတ်ကို ချွတ်ထားပြီး သူ့ကို အပြုံးတစ်ခုဖြင့် ကြည့်နေသော ရိုးရိုးရှင်းရှင်း အဘိုးအိုတစ်ယောက်အား တွေ့လိုက်ရသည်။

ဘိုးဘိုးမာ

ချင်မူ စိတ်လှုပ်ရှားလာသည်။ အဘိုးကြီးမာ မဟာမိုးခြိမ်းသံကျောင်းတော်၏ တထာဂတမာ ဖြစ်လာခဲ့ကတည်းက သူတို့နှစ်ယောက် တွေ့ရသည့်အချိန် နည်းသွားခဲ့သည်။ ယခုတွင် သင်္ကန်းဖယ်ခွာလျက် သူ့ကို မိသားစုဝင်တစ်ဦးအဖြစ် လက်ခံတွေ့ဆုံနေပြီဖြစ်ရာ သူ စိတ်မလှုပ်ရှားဘဲ နေပါမည်လော။

သို့သော် ဤနေရာသည် မဟာမိုးခြိမ်းသံကျောင်းတော်၏ သာသနာ့နယ်မြေ ဖြစ်၍ ရဟန်းများ ပြည့်နေသည်။ သူ့အနေဖြင့် ရင်ဘတ်ထဲရှိ ခံစားချက်များကို ထိန်းချုပ်ပြီး ဘိုးဘိုးမာအား ဒုက္ခမပေးရန် လိုအပ်၏။

“ဘိုးဘိုးမာ၊ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်နဲ့ ဆက်သွယ်ပြီးတာ ကြာပြီမဟုတ်ဘူးလား”

ချင်မူ စိတ်ကို ငြိမ်အောင် ထိန်းကာ စပ်စုကြည့်လိုက်သည်။ “ဘာလို့ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေသေးတာလဲ... ဗုဒ္ဓဘုံ တက်လှမ်းသွားတဲ့ ဗုဒ္ဓဘုရားတွေက အဆင့်မြင့်ကျင့်စဉ်တွေ၊ သိုင်းကွက်တွေ မလွှဲပေးလို့လား”

“လွှဲပေးပါတယ်.... ဒါပေမဲ့ သိပ်မများဘူး”

အဘိုးကြီးမာက ကျမ်းစာများ ရွတ်ဖတ်ရင်း ဗုဒ္ဓဘုံနှင့် ဆက်သွယ်ရန် ကြိုးစားနေသော ရဟန်းများဘေးသို့ ခေါ်သွားသည်။ ဤဘုန်းကြီးကျောင်း၏ အတွင်းပိုင်းပရဝုဏ်သည် အလွန်ကျယ်ဝန်းပြီး ရဟန်းအပါးတစ်‌ထောင်ခန့်က တင်ပျဉ်ဖွဲ့ထိုင်နေတော်မူကြ၏။ တချို့က မြေပြင်ထက်၌ ထိုင်နေတော်မူပြီး တချို့က လေထဲ၌ ထိုင်နေကြသည်။ စေတီ၏အပေါ်တွင် ထိုင်နေကြသော ရဟန်းတချို့လည်း ရှိသည်။

“ဗုဒ္ဓဘုံက ငါတို့အားလုံးကို လောကီကိစ္စတွေမှာ ဝင်မပါဘဲ တရားပဲ တစိုက်မတ်မတ် ကျင့်စေချင်တယ်... လူ့လောကနဲ့ မပတ်သက်စေချင်ဘူး... အဲဒါက တားမြစ်ချက်တွေလိုပဲ... ဘိုးဘိုးကတော့ ပိုမိုနက်နဲတဲ့ ကျင့်စဉ်တွေ ထားခဲ့ချင်တယ်... ဗုဒ္ဓဆိုတာ သတ္တဝါအားလုံးရဲ့ ကယ်တင်ရှင်မဟုတ်လား... သတ္တဝါတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ မကူညီဘဲ ဘယ်နေနိုင်ပါ့မလဲ”

ချင်မူ ဘေးဘီဝဲယာ ကြည့်လိုက်သည်။ ရဟန်းများတွင် ယောက်ျား၊ မိန်းမ၊ လူသား၊ မိစ္ဆာအစုံအလင် ပါဝင်ကြသည်။ သူတို့အားလုံး မရပ်မနား ရွတ်ဖတ်နေကြပြီး ကောင်းကင်ဘုံအဆင့်နှစ်ဆယ်အား အေးအေးချမ်းချမ်း နေခွင့်မပေးကြပေ။

ဤကဲ့သို့ တိုက်ခိုက်နည်းမှာ ဆိတ်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ခြင်းဖြစ်သည်။ ဗုဒ္ဓတို့၏ နာမတော်များကို ရွတ်ခြင်းဖြင့် ဗုဒ္ဓတို့ ကြားသိလိမ့်မည်။ မဟာမိုးခြိမ်းသံကျောင်းတော်၏ ရဟန်းများက ထိုကဲ့သို့တိုက်ခိုက်နေခြင်း ဖြစ်လေသည်။

“အစတုန်းကတော့ ကျင့်စဉ်သိုင်းကွက်တွေ လာပို့ချပေးတဲ့ ဗုဒ္ဓတချို့ ရှိတယ်... နောက်ပိုင်း ဘယ်သူမှ မပို့ချပေးတော့ဘူး... အောက်ဘုံဆီ ပင့်ချင်ပေမယ့် သူတို့က ဆင်းလာပြီး ကူညီလိုစိတ်မှ မရှိတာ”

အဘိုးကြီးမာ ခေါင်းယမ်းလိုက်သည်။ “ငါ့အမြင်အရ သူတို့တွေ ကြောက်နေတာက လောကီအနှောင်အဖွဲ့တွေနဲ့ ညိတွယ်သွားမှာကို မဟုတ်ဘူး... တချို့ဖြစ်တည်မှုတွေကိုပဲ... အဲဒီဗုဒ္ဓတွေဟာ အဆင့်မြင့်မားတဲ့အပြင် နက်နဲဆန်းကြယ်တဲ့ ကျင့်စဉ်တွေ ပိုင်ဆိုင်ထားပေမယ့် စိတ်အခြေအနေတွေကတော့ နိမ့်ကျနေခဲ့ပြီ... လွန်ခဲ့တဲ့ ရက်ပိုင်းက ဗုဒ္ဓဘုံက ဗုဒ္ဓတွေ နားမခံသာတော့လို့ ဗုဒ္ဓသားတော်တွေနဲ့ ဓမ္မပြိုင်ပွဲလုပ်ဖို့ အကြံပြုခဲ့တယ်”

“ဓမ္မပြိုင်ပွဲဟုတ်လား”

ချင်မူ တမုဟုတ်ချင်း စိတ်လှုပ်ရှားလာပြီး ပြုံးလျက် ပြောလိုက်သည်။ “ဘယ်လိုပြိုင်ကြတာလဲ”

“အကောင်းဆုံး တပည့်ကို ရွေးချယ်ပြီး ဘယ်သူ့တရားဓမ္မက ပိုမြင့်မားလဲ ကြည့်တာမျိုးပါပဲ... ဒီပြိုင်ပွဲမျိုးက ဟင်းလင်းပြင်တွေအကြား ကျင်းပရတာ... ငါ ကျန်းခုံးကို လွှတ်ထားတယ်”

အဘိုးကြီးမာက လက်ညှိုးလှမ်းထိုးပြသည်။ “ကျန်းခုံးက ဟိုမှာပဲ... သူက ကောင်းကင်ဘုံအဆင့်နှစ်ဆယ်က ဗုဒ္ဓသားတော်တချို့ကို အနိုင်ယူခဲ့ပြီးပြီ”

ချင်မူ ခေါင်းမော့ကြည့်လိုက်ရာတွင် စေတီတစ်ဆူအပေါ်၌ ထိုင်နေသော မိစ္ဆာမျောက်ဝံကျန်းခုံးကို မြင်လိုက်ရသည်။ ထိုစေတီသည် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ဖြင့် အမြင့်အတူလောက် ရှိသည်။ ကျန်းခုံး၏အရှေ့၌ ဗုဒ္ဓသားတော်တစ်ပါးက ကျောက်စိမ်းပုလဲများ လွှမ်းခြုံထားသော ဆင်တော်ကို စီးနင်းလျက် ထိုင်နေသည်။

ဆင်တော်၏အနောက်တွင် ခမ်းနားတင့်တယ်သည့် ဘုန်းကြီးကျောင်းအစုအဝေးတစ်စု ရှိနေသည်။ ထိုနေရာ၌ အလွန်ကြီးမားသော ဗုဒ္ဓမြတ်စွာများသည် ကြည်ညိုဖွယ်ရာ အမူအရာများ ဆင်မြန်းလျက် ထိုင်နေတော်မူကြပြီး သူတို့၏ဦးခေါင်းနောက်တွင် ရောင်ခြည်တော်စက်ဝန်းများ ကွန့်မြူးတောက်ပနေ၏။

စကားစစ်ထိုးပွဲက ပြင်းထန်လေသည်။ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်မှ ထိုဗုဒ္ဓသားတော်၏ တရားသံက မြစ်တစ်စင်းပမာ အဆက်မပြတ် စီးဆင်းနေပြီး တစ်နာရီကြာသည်အထိ မရပ်သေးပေ။ သူ၏အသံသည် တစ်ချက်တစ်ချက် တိုးလာလိုက်၊ ကျယ်လာလိုက်ဖြင့် ပဲ့တင်ထပ်နေသည့်အတွက် ကြားသူများအား ဆက်လက်နားထောင်လိုစိတ်များ တဖွားဖွား ပေါ်လာစေနိုင်သည်။

မည်သူမဆို သူ၏တရားတော်တွင် နစ်မျောသွားနိုင်၏။

ထိုဗုဒ္ဓသားတော်က တရားဟောပြီးသည့်အခါ ပြုံးလျက် မိစ္ဆာမျောက်ဝံဆီသို့ ကြည့်လိုက်သည်။

မိစ္ဆာမျောက်ဝံက အမွှေးထူထူ လက်ဝါးကြီးကို ဆန့်ထုတ်လိုက်၏။ သူက ဩရှသောအသံဖြင့် စကားတစ်လုံး ပြောလိုက်သည်။ “အဆုံးစွန်”

ဗုဒ္ဓသားတော်က သူ့စကားကို နားမလည်၍ အသည်းအသန် တွေးနေသည်။ တခဏကြာသော် မိစ္ဆာမျောက်ဝံက ပြော၏။ “သုညတ”

ဗုဒ္ဓသားတော်မှာ မျက်မှောင်ကြုတ်သွားပြီး အလျင်အမြန် တွေးကြည့်လိုက်သည်။ မိစ္ဆာမျောက်ဝံက ဆက်ပြောသည်။ “ရှိ”

ဗုဒ္ဓသား‌တော် တုန်လှုပ်သွားကာ အော်ဟစ်လိုက်သည်။ “သုညတမှာ ဘယ်အရာ ရှိနိုင်မှာလဲ”

မိစ္ဆာမျောက်ဝံက သူ့ကို အာရုံမစိုက်ဘဲ ပြောသည်။ “တိတ်ဆိတ်မှု”

ဗုဒ္ဓသားတော် ဒေါသထွက်သွားပြီး အော်ဟစ်လိုက်၏။ “ရှိနေမှတော့ ဘာကြောင့် တိတ်ဆိတ်နိုင်ဦးမှာလဲ... ကိုယ်တော့်စကားတွေက ဓမ္မနဲ့ မကိုက်ညီဘူး”

မိစ္ဆာမျောက်ဝံက ဆက်ပြောသည်။ “မြူမှုန်”

သူ၏အနောက်ရှိ ဧရာမဗုဒ္ဓကြီးတစ်ပါးက သက်ပြင်းချတော်မူကာ မိန့်လေသည်။ “အဆုံးစွန်သော သုညတတွင် မြူမှုန်မျှသော တိတ်ဆိတ်ခြင်းသဘော ရှိလေသတည်း ... အမှန်တကယ် နက်နဲလှပါပေတယ်... စကားတစ်လုံးစီတိုင်းက ပုလဲတစ်လုံးလို အဖိုးတန်ပြီး မဟာယနရဲ့ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြနေတယ်... ချစ်သားခုံးရှန်း၊ သင် တစ်နာရီကြာ တရားဟောကြားခဲ့တဲ့ ဓမ္မဟာ ကိုယ်တော်ကျန်းခုံးရဲ့ စကားငါးခွန်းထဲက စကားတစ်ခွန်းကိုတောင် မယှဉ်နိုင်ပေဘူး... ချစ်သား၊ ရှုံးနိမ့်သွားပြီ။ နောက်ပြန်ဆုတ်ခဲ့ပါ”

ထို‌ဗုဒ္ဓသားတော်က ဆင်တော်အပေါ်မှ ထ၍ မိစ္ဆာမျောက်ဝံဆီသို့ အရိုအသေပေးကာ နောက်ဆုတ်သွား၏။

ချင်မူ အံ့အားသင့်သွားပြီး ဇဝေဇဝါ ဖြစ်နေသည်။ သူက အဘိုးကြီးမာကို မေးလိုက်၏။ “ဘိုးဘိုးမာ၊ အကောင်ကြီးက အဲဒီလောက် ဉာဏ်ပညာကြီးမားတယ်လား”

အဘိုးကြီးမာက အလေးအနက် ပြန်ဖြေ၏။ “ကြီးမားတယ်... သူ့ဉာဏ်ရည်က ငါနဲ့ မင်ရှင်းထက်တောင် မြင့်မားသေးတယ်”

ဤအခိုက်အတန့်တွင် အထက်ရှိ ကောင်းကင်ဘုံတစ်ဘုံမှ ဗုဒ္ဓသားတော်တစ်ပါး ကြွလာြပီး သူ၏အနောက်မှ အလွန်ကြီးမားသော ဗုဒ္ဓဘုရားကြီးများ လိုက်လာကြသည်။ ဤဗုဒ္ဓသားတော် ထိုင်လိုက်သည့်အခါ သူ၏ကိုယ်ရောင်ကိုယ်ဝါသည် တောက်ပလာပြီး ကောင်းကင်ဘုံအဆင့်နှစ်ဆယ်မှ အလင်းတန်းများက ဘုန်းကြီးကျောင်းအပေါ်သို့ ဖြာကျလာ၏။

ဗုဒ္ဓရောင်ခြည်တော်များ ဖြာကျလာသည့်အချိန်တွင် ဘုန်းကြီးကျောင်းထဲရှိ ဘုန်းကြီးအားလုံး အံ့ဩသွားကြသည်။ “ဒီဗုဒ္ဓသားတော်က ဓမ္မအဆင့် မြင့်မားတာပဲ”

မိစ္ဆာမျောက်ဝံက လက်မြှောက်ကာ သူ၏မျက်စိအရှေ့သို့ ကာလိုက်သည်။ သူ၏လက်ဝါးကြီးက ဗုဒ္ဓ၏ရောင်ခြည်တန်းများအား ကာလိုက်၍ လက်ဝါးအရိပ်သည် သူ့မျက်နှာအပေါ် ကျရောက်လာ၏။

ဗုဒ္ဓသားတော်မှာ တရားချင်းပြိုင်ရန် ထိုင်လိုက်သော်လည်း ဤမြင်ကွင်းကို မြင်လျှင် အကြီးအကျယ် တုန်လှုပ်သွားပြီး သွေးတစ်လုပ် အန်လိုက်ရသည်။ သူက အော်ဟစ်လိုက်သည်။ “ကိုယ်တော်ရဲ့ ဓမ္မက အမှန်တကယ် မြင့်မားတာပဲ.... တရားချင်းတောင် မပြိုင်ရသေးဘူး ကိုယ်တော်က နိုင်သွားပြီ” ထို့နောက် သူ့မှာ မေ့လဲသွားပြီး အသက်မျှင်းမျှင်းသာ ရှူတော့သည်။

သူ့အနောက်ရှိ ဗုဒ္ဓများက သူ့ကို အလျင်အမြန် ကယ်တင်လိုက်၍ အသက်မသေလိုက်ပေ။ ဗုဒ္ဓတစ်ပါးက ချီးကျူးသည်။ “ဗုဒ္ဓသားတော်ပုကျောက်က အလင်းနဲ့ပတ်သက်ပြီး ဆွေးနွေးချင်ခဲ့တယ်... ဒီဗုဒ္ဓသားတော်လေး သူ့မေးခွန်းကို ထိုးဖောက်မြင်သွားမယ် မထင်ခဲ့ဘူး... ဒီဗုဒ္ဓသားတော်လေးက တရားစစ်ထိုးတဲ့နေရာမှာ ထူးချွန်ထက်မြက်ပါပေတယ်... လေးစားမိတယ်၊ လေးစားမိတယ်”

ချင်မူ မှင်သက်သွားသည်။ သူက မိစ္ဆာမျောက်ဝံ၏နောက်ကျောဆီမှ အကြည့်လွှဲကာ အဘိုးကြီးမာဆီသို့ သံသယများဖြင့် ကြည့်လိုက်သည်။

ဤကဲ့သို့ စကားစစ်ထိုးပွဲမျိုးကို သူ နားမလည်ပေ။

အဘိုးကြီးမာက ရှင်းပြသည်။ “ဗုဒ္ဓသားတော်ပုကျောက်က ‘အလင်းက ဘာလဲ’ မေးတဲ့ သဘောနဲ့ သူ့ရဲ့ ဗုဒ္ဓရောင်ခြည်တော်တွေကို ဖြန့်ကျက်လိုက်တယ်... အဲဒီအချိန်မှာ ကျန်းခုံးက လက်မြှောက်ပြီး ကာလိုက်တော့ သူ့လက်ဝါးအောက်မှာ အမှောင်ထု ရှိနေတယ်... သဘောက အလင်းရှိရင် အမှောင်လည်း ရှိလိမ့်မယ်၊ အလင်းနဲ့ အမှောင်က အချင်းချင်း မှီခိုနေတယ်လို့ ပြောလိုက်တာ... ဒါကြောင့် ဗုဒ္ဓသားတော်ပုကျောက်က အစမှာတင် မေးခွန်းသတ်ခံလိုက်ရတော့ သူ့ရင်ထဲရှိသမျှ အရာအားလုံး ပြောမရတော့တာနဲ့ သွေးအန်လိုက်ရတာပဲ... ဒါကို ကြည့်ရင် ကျန်းခုံးရဲ့ ဉာဏ်ပညာကို မြင်နိုင်ပါတယ်”

ချင်မူလည်း ဆွံ့အသွားသည်။

ဗုဒ္ဓသားတော်ပုကျောက်၏ သိုင်းအဆင့်က အတိုင်းထက်အလွန် မြင့်မားကြောင်း သူ မြင်ရသည်။ ကောင်းကင်နတ်အသွင်အဆင့်တွင် ဓမ္မစရိယတစ်ပါး ဖြစ်လောက်၏။ ချင်မူ သူနှင့် တိုက်ခိုက်လျှင် အနိုင်ယူနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် မိစ္ဆာမျောက်ဝံအလင်းရောင်ကို ကာလိုက်ရုံလေးဖြင့် ဗုဒ္ဓသားတော်ပုကျောက် သွေးအန်ပြီး သေလုမျောပါး ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မိစ္ဆာမျောက်ဝံသည် လက်ချမီဘုံအထိ အနိုင်ယူပြီး၍ နောက်ဘုံမှာ သူရဿတီဘုံ ဖြစ်သည်။

သူရဿတီဘုံမှ ဗုဒ္ဓများက ငယ်ရွယ်နုပျိုသော ဗုဒ္ဓသားတော်တစ်ပါးနှင့်အတူ ကြွဆင်းလာကြသည်။ ဗုဒ္ဓသားတော်က မိစ္ဆာမျောက်ဝံနှင့် မျက်နှာချင်းဆိုင်၌ ထိုင်လိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။ သူက ကြာခက်တစ်ခက်သာ ကိုင်လျက် ပြောလိုက်သည်။ “အတ္ထိ”

မိစ္ဆာမျောက်ဝံက ပြောသည်။ “နတ္ထိ”

ဗုဒ္ဓသား‌တော်ငယ်က မျက်မှောင်ကြုတ်ကာ ကြာပန်းအား ချလိုက်သည်။ “နတ္ထိ”

မိစ္ဆာမျောက်ဝံက ပြောသည်။ “အတ္ထိ”

ဗုဒ္ဓသားတော်က ထပြီး အော်သည်။ “သင်က သာမညလော”

မိစ္ဆာမျောက်ဝံက ခေါင်းယမ်း၏။ “ငါ အရိယာ”

ဗုဒ္ဓသားတော်က နားကန်းလုအောင် ကျယ်လောင်သည့် အသံဖြင့် အော်လိုက်သည်။ “သင်က အရိယာလော”

မိစ္ဆာမျောက်ဝံက ခေါင်းယမ်းပြန်သည်။ “ငါ သာမည”

ဗုဒ္ဓသားတော်မှာ အမျက်ဒေါသကြောင့် မျက်နှာတစ်ပြင်လုံး နီရဲသွားပြီး အော်ဟစ်လိုက်၏။ “ကိုယ်တော့်လက်ထဲမှာ ရှိနေတုန်းက သင်က မရှိဘူးလို့ ဆိုတယ်.... ကိုယ်တော့်လက်မှာ ဘာမှမရှိတော့ သင်က ရှိတယ် ဆိုပြန်တယ်... သင်က သာမညလော မေးတော့ အရိယာလို့ ဆိုတယ်... အရိယာလော မေးတော့ သာမညလို့ ဆိုပြန်တယ်... သင် ဘာကိုဆိုလိုချင်နေတာလဲ”

သူ့အနောက်ရှိ ဗုဒ္ဓများက မျက်မှောင်ကြုတ်သွားပြီး ဗုဒ္ဓသားတော်အား ပြန်ခေါ်လိုက်ကြသည်။ ဗုဒ္ဓတစ်ပါးက မိစ္ဆာမျောက်ဝံအား တောင်းပန်၏။ “ခွင့်လွှတ်တော်မူပါ ညီတော်၊ သူ့နှလုံးသားက အခု ဖောက်ပြန်သွားလို့ပါ... အနန္တနဲ့ အတ္တကို ရှုမြင်နိုင်တဲ့အခါ ရှိခြင်းကို မရှိခြင်းသဖွယ်၊ မရှိခြင်းကို ရှိခြင်းသဖွယ် သဘောထားနိုင်အံ့။ နှလုံးသားက အရိယာဖြစ်လာတဲ့အခါ အရိယာသည်လည်း သာမညဖြစ်လတ္တံ့ ”

မိစ္ဆာမျောက်ဝံက အသာအယာ ခေါင်းညိတ်၍ နှုတ်ဆက်လိုက်သော်လည်း မည်သည်ကိုမျှ မပြောပေ။

ချင်မူ မှင်သက်သွားပြီး ခေါင်းကိုက်လာသည်။ သူက သူ့နဖူးသူ ကိုင်ကာ အဘိုးကြီးမာအား ပြောလိုက်သည်။ “ဘိုးဘိုးမာ၊ ကျွန်တော် တစ်လုံးမှ နားမလည်ဘူး... ကျွန်တော့်မှာ ဒီလို ဉာဏ်ပညာမျိုး မရှိမှတော့ နားမထောင်တာ အကောင်းဆုံးဖြစ်လိမ့်မယ်”

အဘိုးကြီးမာက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ငါလည်း ကျန်းခုံးအရွယ်တုန်းက သူ့လောက် နားမလည်ခဲ့ပါဘူး... အခု မင်း ခေါင်းကိုက်နေပြီဆိုမှတော့ ဘုန်းကြီးကျောင်းအပြင်မှာ လမ်းလျှောက်ရင်း စကားပြောတာပေါ့”

ချင်မူမှာ ဝန်ထုပ်ကြီးပေါ့သွားသလို ခံစားလိုက်ရသည်။

သူတို့နှစ်ယောက် ဘုန်းကြီးကျောင်းအပြင် ရောက်သည့်အခါ အဘိုးကြီးမာက အသက်ပြင်းပြင်းရှူလိုက်၏ သူက ပြုံးလျက် ချင်မူ့ကို ကြည့်ကာ ပြောလေသည်။ “မူအာ၊ ဘိုးဘိုးက အခု ဗုဒ္ဓဖြစ်နေပြီ... မင်းနဲ့ တဖြည်းဖြည်း ဝေးကွာသွားရတော့မယ်... ဘိုးဘိုး သင်္ကန်းပြန်ရုံပြီး ဗုဒ္ဓနေရာမှာ ထိုင်လိုက်ရင် အရင်တုန်းက အဘိုးကြီးမာ မဟုတ်တော့ဘူး... ဘိုးဘိုးရဲ့မျက်လုံးထဲမှာ မင်းတို့အားလုံး သတ္တဝါတွေပဲ... ဒါပေမဲ့ ဗုဒ္ဓနေရာကနေ ဆင်းပြီး သင်္ကန်းချွတ်လိုက်ရင်တော့ ဘိုးဘိုးက ဒုက္ခိတကျေးရွာက အဘိုးကြီးမာ၊ လူဆိုးထိန်းမာ ဖြစ်လာလိမ့်မယ်... ဘိုးဘိုး မင်းအရွယ်ရောက်လာတာကို ကြည့်နေမှာပါ”

ချင်မူ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်မိသည်။

အဘိုးကြီးမာမှာ အတန်ငယ် မှင်သက်သွားသော်လည်း ပြုံး၍ သူ့ကျောကို ပွတ်သပ်ပေးကာ ပြောလေသည်။ “ကျန်းခုံးက သင်ယူတာ မြန်တယ်... မင်ရှင်းကလည်း လိမ္မာတယ်... သူတို့နှစ်ယောက်က နောင်တစ်ချိန်ကျရင် မဟာမိုးခြိမ်းသံကျောင်းတော်ကို ဦးစီးမယ့်သူတွေ ဖြစ်လာလိမ့်မယ်... အဲဒီအချိန်ကျရင် ဘိုးဘိုးက တထာဂတ မဟုတ်တော့ဘူး... ဒုက္ခိတကျေးရွာကို ပြန်လာခဲ့မယ်... ဘိုးဘိုးတို့ ရယ်ရယ်မောမော စကားပြောကြဆိုကြရင်း သောက်ကြစားကြတာပေါ့”

ချင်မူ မေးလိုက်သည်။ “ကောင်းကင်ဘုံအဆင့်နှစ်ဆယ်က ဗုဒ္ဓတွေက ဘာလို့တရားလာမဟောချင်ကြတာလဲ... ဘာလို့ လူသားတွေကို မကူညီချင်တာလဲ... ဘိုးဘိုး သူတို့ကို မေးကြည့်ဖူးလား”

“မေးဖူးတယ်... ဗုဒ္ဓတစ်ပါးက ပြောတယ်.... မဟာမိုးခြိမ်းသံကျောင်းတော် အရင်ကပ်ဘေးအားလုံးကနေ လွတ်မြောက်ခဲ့တဲ့ အကြောင်းရင်းက မမေးလို့တဲ့... မေးလိုက်တာနဲ့ ဘိုးဘိုးတို့ကို မကာကွယ်နိုင်တော့ဘူး ပြောတယ်... သူတို့က ဘိုးဘိုးကို မမေးစေချင်ဘူး”

အဘိုးကြီးမာ သက်ပြင်းချကာ ပြော၏။ “ဒီတစ်ကြိမ် ဘိုးဘိုးတို့ သုံးနေတာက ရွှေအ သင်ပေးခဲ့တဲ့ အကွက်ပဲ... ‌ရွှေအက ဘုန်းဘုန်းကြီးတွေ ဗုဒ္ဓတွေရဲ့ နာမည်တိုင်တည်ပြီး ကျမ်းစာရွတ်ရင် သူတို့ကို နှောင့်ယှက်နိုင်တယ်တဲ့.... မခံနိုင်တော့ရင် ဆင်းလာပြီး စကားပြောလိမ့်မယ်လို့ သင်ပေးခဲ့တာ... ဘိုးဘိုးတို့ ဒီပြိုင်ပွဲကို နိုင်ရင် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်က ဘုန်းကြီးသုံးပါးကို ဗုဒ္ဓဘုံထဲ ဝင်ခွင့်ပြုပြီး ပညာသင်ပေးလိမ့်မယ်... ဒါပေမဲ့ ဗုဒ္ဓဘုံက ဗုဒ္ဓတွေကိုတော့ အောက်ဆင်းပြီး ကူညီခွင့်မပေးသေးဘူး... ဘိုးဘိုးလည်း စဉ်းစားကြည့်တော့ နေရာသုံးနေရာ ရတာက တစ်နေရာမှ မရတာထက် စာရင် ကောင်းပါသေးတယ်”

ဤအခိုက်အတန့်တွင် ဘုန်းကြီးကျောင်းထဲမှ ကြွေးကြော်သံများ ထွက်လာသည်။ ချင်မူနှင့် အဘိုးကြီးမာ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ကျောင်းထဲ အမြန်ဝင်လိုက်ကြ၏။

ရဟန်းများက မိစ္ဆာမျောက်ဝံကို မြှောက်လိုက် ဖမ်းလိုက်ဖြင့် အောင်ပွဲခံနေကြောင်း မြင်လိုက်ရလေသည်။

“နိုင်ပြီ ငါတို့နိုင်ပြီ” ရဟန်းအားလုံး စိတ်လှုပ်တရှား ကြွေးကြော်နေကြသည်။

၎

င

၎

၎

All Chapters