ဗြဟ္မဗုဒ္ဓ
Vol. 45 Ch. 618
အမိတဘကျောင်းဆောင်မှာ လေတဖြူးဖြူး တိုက်နေပြီး တောင်ထိပ်ပေါ်ရှိ ဗုဒ္ဓများက လေနှင့်အတူ လွင့်ထွက်သွားသော ကျောက်တုံးများအား ကြည့်နေကြသည်။
ဓမ္မကထိကမိုလွင်မှာ ချင်မူ့အား တားရန် လက်မြှောက်လိုက်သော်လည်း တိုက်ပွဲမှာ ရပ်တန့်သွားပြီဖြစ်၏။ ချင်မူ့လက်များ လှန်မှောက်လိုက်သော အမြန်နှုန်းက မြန်လွန်း၍ သူ တားတော့မည့်အချိန်တွင် ချင်မူက ရပ်သွား၍ သူ့မှာ လက်ပြန်ချလိုက်ရသည်။
ကျန်ကောင်းကင်ဘုံများမှ ဗုဒ္ဓများ အံ့အားသင့်နေကြသည်။ သူတို့က ကြေမွသွားသော တောင်ဆီမှ အကြည့်လွှဲ၍ ချင်မူ့ထံသို့ လှမ်းကြည့်ကြ၏။
တတိယလူသားဧကရာဇ်၏ ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များသည် အမှန်တကယ် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။ ဤကောင်းကင်နတ်သိုင်း၏ အမြန်နှုန်းက အားကောင်းပြင်းထန်ပြီး မြန်လှသောကြောင့် မည်သူမျှ အချိန်မှီ မတုံ့ပြန်နိုင်လိုက်ပေ။
ချင်မူ ဤလက်သိုင်းကို ထုတ်လွှတ်လိုက်သည့်နှုန်းက စာရွက်များ လှန်နေသလို မြန်သည်။
ရုတ်တရက် ဆယ်မိုင်အကွာရှိ ကျောက်ဆောင်များ အက်ကွဲလာပြီး ကျောက်တုံးကြီးများ မြေကြီးပေါ်သို့ ဘုန်းခနဲ ဘုန်းခနဲ ပြုတ်ကျနေသည်။ ချင်မူသည် မြန်လွန်းသလို၊ ကြမ်းလွန်း၏။ တောင်တစ်လုံးစလုံးမှာ ချင်မူ၏ ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များကြောင့် စိစိညက်ညက် ပြိုကျနေချေပြီ။
သို့သော် တောင်တစ်တောင်စလုံး ပြိုကျသွားသည့်တိုင် ယွဲ့ကွမ်အိမ်ရှေ့မင်းသားမှာ ပေါ်မလာသေးပေ။
မင်ရှင်းကိုယ်တော်မှာ စိတ်မသက်မသာ ဖြစ်လာ၍ ချင်မူ့နား အနားကပ်ကာ တိုးတိုးပြောလိုက်သည်။ “နောင်တော်ချင် သူ့ကို သေအောင် ရိုက်သတ်လိုက်ပြီလား”
“မရိုက်သတ်ရသေးဘူး”
ချင်မူ ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ ဖြေရှင်းနေရမှာ ကြောက်လို့ ညှာပေးထားတယ်... သူ့ကျင့်စဉ်စွမ်းအင်က အင်မတန် မြင့်မားတယ်.... လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင်အောက် မနိမ့်ကျဘူး... မှော်ဆရာသခင်လောက် ဉာဏ်မကောင်းတာပဲ ရှိတာ.... ငါ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းပဲ သုံးထားတာမလို့ သူ မသေပါဘူး... ဒါပေမဲ့ အရိုးအများစုတော့ ကျိုးသွားလိမ့်မယ်... ယွဲ့ကွမ်အိမ်ရှေ့မင်းသားရဲ့ အစွမ်းအစတွေက အမှန်တကယ် အင်အားကြီးပါပေတယ်၊ ဒီကမ္ဘာရဲ့ သူရဲကောင်းတွေကို အမှန်တကယ် အထင်မသေးဝံ့ပါဘူး”
သူက လေးစားနေပုံရ၏။
မင်ရှင်းကိုယ်တော်မှာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်၏။ ‘စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်းတဲ့လား ၊ ဒီကမ္ဘာရဲ့ သူရဲကောင်းတွေကို အထင်မသေးဝံ့ဘူးတဲ့လား... ဂိုဏ်းသခင်ချင်ကတော့ ဒီလိုနှိမ့်ချတဲ့ အပြောနဲ့တင် တစ်ဖက်လူ ဒေါသထွက်ပြီး သေအောင် လုပ်နိုင်တယ်... ကံကောင်းလို့၊ ယွဲ့ကွမ်အိမ်ရှေ့မင်းသား သတိလစ်နေလို့သာပေါ့... မဟုတ်ရင် ဒေါသကြောင့် ဝိညာဉ်ပါ ပြိုကွဲသွားလိမ့်မယ်”
သူ မသိသည်မှာ ချင်မူက အမှန်တကယ် နှိမ့်ချနေပြီး ဟန်ဆောင်နေခြင်းမဟုတ်သည်ကိုပင်။ ချင်မူသည် သူ့ကိုယ်သူ လောကသခင်ခန္ဓာဟု အမြဲယုံကြည်ထားသူ မဟုတ်ပါ၏လော။ သူ၏ပြိုင်ဘက်အနေဖြင့် သူ့အား ယှဉ်ပြိုင်ချင်လျှင် များစွာကြိုးစားအားထုတ်ပြီး အချိန်ပေးခဲ့ရလိမ့်မည်။
ယွဲ့ကွမ်လို ဤပြိုင်ဘက်မျိုးက အမှန်တကယ် လေးစားထိုက်လေသည်။
ဓမ္မကထိကမိုလွင် လက်ခါလိုက်သည့်အခါ ဆယ်မိုင်အကွာရှိ ကျောက်ဆောင်များ အမှုန့်ဖြစ်သွားသည်။ အိမ်ရှေ့မင်းသားယွဲ့ကွမ်မှာ ဒဏ်ရာအပြင်းအထန်ဖြင့် ကျောက်တုံးများအကြား တုံးလုံးပက်လက် လဲနေသည်။ သတိလည်း မေ့နေသောကြောင့် ဓမ္မကထိကမိုလွင်က သူ့ကို မှော်စွမ်းအင်ဖြင့် ပင့်မြှောက်လိုက်၏။
ဓမ္မကထိကမိုလွင်သည် ယွဲ့ကွမ်အိမ်ရှေ့မင်းသားကို မြေပြင်ပေါ် ချကာ သူ၏ဒဏ်ရာများအား စစ်ဆေးလိုက်၏။ သူ မျက်နှာပျက်သွားသည်။ “ယောဂီချင်က ဓားသိုင်းနဲ့ ပြိုင်ဖို့ ပြင်ခဲ့တာမဟုတ်ဘူးလား... ဘာလို့ မုဒြာသိုင်း ထုတ်လွှတ်လိုက်တာလဲ... ဒကာ သူ့ကို အလစ်တိုက်ချင်ခဲ့တာလားလို့တောင် သံသယဝင်မိပါတယ်... ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ လမ်းမှား နည်းလမ်းတွေက ကိုယ်တော်တို့ ဗုဒ္ဓဝါဒရဲ့ မေတ္တာကရုဏာလမ်းစဉ် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ချင်မူက မင်ရှင်းကို လှမ်းကြည့်လိုက်၍ မင်ရှင်းကိုယ်တော် အလျင်အမြန် ပြောလိုက်သည်။ “နောင်တော်ချင် စောစောက ဓားစက်လုံး သုံးလိုက်တုန်းက ရက်စက်ကြမ်းကြုတ်ပြီး လမ်းမှားကျင့်ထားတဲ့လူလို့ ဆူပူခံခဲ့ရပါတယ်... ဒါကြောင့် ဓားစက်လုံးကို မသုံးရဲဘဲ မုဒြာသိုင်းကိုပဲ သုံးခဲ့တာပါ... အရှင်ဗုဒ္ဓဘုရား၊ ဒီမုဒြာလက်သိုင်းကလည်း ရက်စက်ကြမ်းကြုတ်တဲ့ လမ်းမှားပဲလားဘုရား”
ဓမ္မကထိကမိုလွင်က ပြန်မဖြေပေ။ ချင်မူ စောစောက ဓားစက်လုံး သုံးလိုက်တုန်းက ‘လမ်းမှား’ ဟု သူ ပြောခဲ့သော်လည်း ယွဲ့ကွမ်အိမ်ရှေ့မင်းသားသည် ချင်မူ့ကို ဓားဖြင့် ယှဉ်ပြိုင်ချင်ခဲ့၏။
ယွဲ့ကွမ်အိမ်ရှေ့မင်းသားမှာ သူ၏မျိုးဆက်ဖြစ်၍ အငယ်မျိုးဆက်ထဲတွင် ထူးချွန်သည်။ အစွမ်းအစများ ထုတ်လွှတ်ရန် အချိန်မရှိခဲ့သောကြောင့်သာ အငိုက်ဖမ်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်လေသည်။ ယွဲ့ကွမ်၏ အစွမ်းအစများက မသေးပေ။ ချင်မူ သူ့ကို နှုတ်ဆက်နေသည်ဟု ထင်သွား၍ မခုခံခြင်းသာ ဖြစ်သည်။
ယခုတွင် ချင်မူ၏ ရက်ရက်စက်စက် ရိုက်နှက်မှုကြောင့် ကောာင်းကင်နတ်ဘုံ အရှက်ကွဲခဲ့ရေချပြီ။
ယွဲ့ကွမ်အိမ်ရှေ့မင်းသားက ထူးချွန်ပါသော်လည်း ချင်မူ၏ လက်ရှိအစွမ်းအစများအရ တကယ်တမ်းတိုက်လျှင် မည်သူနိုင်မည်ပြောရန် ခက်ခဲ၏။
ဓမ္မကထိကမိုလွင်က ကျန်ဗုဒ္ဓများကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “အောက်ဘုံရဲ့ ဗုဒ္ဓသာသနာဟာ နေရာတစ်နေရာတည်းထဲမှာ ရပ်တည်နေရပေမယ့် ဗုဒ္ဓကောင်းကင်နတ်သိုင်းတွေကတော့ လျစ်လျူရှုမခံထားရဘူးပဲ... သိပ်လေးစားစရာ ကောင်းပါပေတယ်... နောင်တော်တို့၊ သူတို့က ဒီမှာ ပညာလာရှာတာဆိုတော့လည်း ပညာသင်ပေးကြရင် မကောင်းပေဘူးလား”
ကျန်ဗုဒ္ဓများက ခေါင်းညိတ်ထောက်ခံကြသည်။
ဓမ္မကထိကမိုလွင်က ချင်မူနှင့် ကျန်ရှိသူများအား ပြုံးပြသည်။ “ဒီစန္ဒရကောင်းကင်ဘုံမှာ စန္ဒရကျမ်းစာ ရှိတယ်.. ကိုယ်တော်တို့က အစစ်အမှန်ဗုဒ္ဓကျင့်စဉ် စန္ဒရကျမ်းတွေကို ကျင့်ကြံကြတာပဲ... စန္ဒကျမ်းစာမှာ ကျမ်းသုံးထောင်ရှိတယ်... မင်းတို့အနေနဲ့ ယူသွားလို့မရတော့ အကုန်လုံး နားလည်ဖို့ ကိုယ်တော်ရဲ့ အမိတဘကျောင်းဆောင်မှာ နှစ်တစ်ရာသီတင်းသုံးလိုက်ပါ.... ပြီးရင် အောက်ဘုံကို ဖြန့်ဝေပေးလိုက်ပေါ့... ကိုယ်တော့်အတွက်လည်း ကုသိုလ်ကြီးဖြစ်လိမ့်မယ်”
မင်ရှင်းကိုယ်တော် အမူအရာအနည်းငယ် ပျက်သွား၏။ ဗုဒ္ဓကျမ်းသုံးထောင်၊ နှစ်တစ်ရာ သီတင်းသုံးရမည်တဲ့လော... ထို့အပြင် အစစ်အမှန်ဗုဒ္ဓကျမ်းစာများ ဖြစ်နေသေးသည်။ ဤသည်မှာ သူတို့ကို နှစ်တစ်ရာအကျဉ်းချလိုက်ခြင်းနှင့် တူပေသည်။
ချင်မူ ကျယ်လောင်စွာ အော်လိုက်သည်။ “အရှင်ဗုဒ္ဓမှာ ဧကရာဇ်ပလ္လင်အဆင့် ကျမ်းစာတွေ ရှိလား... သင်ကြားပို့ချပေးချင်တယ်ဆိုရင်လည်း အမှန်တကယ် သင်ကြားပို့ချပေးပါ.... ကျမ်းစာတွေ ပေးချင်ရင်လည်း ကျမ်းစာအစစ်တွေပဲ ပေးပါ.. သေးသေးမွှားမွှား ကျမ်းတွေလောက်ကတော့ မဟာမိုးခြိမ်းသံကျောင်းတော်မှာလည်း ရှိတယ်”
ဓမ္မကထိကမိုလွင် မျက်နှာပျက်သွားပြီး သရော်သလို ပြောလိုက်၏။ “ဒကာက ငါ့ရဲ့ စန္ဒရကျမ်းတွေကို အထင်သေးနေတာလား... ရိုင်းပျချက်ပဲ... ငါက မင်းကို ဓမ္မအမွေ ပေးခဲ့တဲ့အပြင် မင်းဆီက ငွေတစ်ပြားတစ်ချပ်တောင် မတောင်းခဲ့ဘူး.. ဒီလောက်မေတ္တာထားပေးခဲ့တာတောင် ဒကာက ချေးများနေသေးတယ်”
မင်ရှင်းကိုယ်တော်က တုပ်တုပ်မလှုပ်သော မိစ္ဆာမျောက်ဝံအား လက်တို့လိုက်သည်။ မိစ္ဆာမျောက်ဝံကျန်းခုံးက ရှေ့တစ်လှမ်းတက်လိုက်၍ ခက္ခရာတောင်ဝှေးမှာ တချွင်ချွင် လှုပ်ခတ်သွား၏။ “များ အတု၊ နည်း အစစ်”
ဓမ္မကထိကမိုလွင်မှာ မှင်သက်သွားပြီး သူနှင့် စကားစစ်ထိုးရန် တွေးလိုက်သည်။ သို့သော် ဤစကားလေးလုံး၏ အဓိပ္ပါယ်ကို တွေးကြည့်သည့်အခါ သူ ခေါင်းကိုက်လာသည်။
ဟာရီတီဗုဒ္ဓက ချောင်းဟန့်ကာ ပြောသည်။ “ဓမ္မကထိက၊ သူတို့က ကျမ်းစာအစစ် ယူဖို့ ရောက်လာတာမဟုတ်လား... ပေးလိုက်ပါ”
ဓမ္မကထိကမိုလွင်က သရော်တတော်တော် ပြော၏။ “သူတို့လိုချင်တာက ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်လေ... ငါ့မှာ ရှိမှမရှိတာ။ သိကြားဗုဒ္ဓအရှင်ဆီမှာတောင် မရှိဘူး.... ဗြဟ္မဗုဒ္ဓဆီမှာပဲ ရှိတယ်... ဗြဟ္မဗုဒ္ဓက လောကီကိစ္စတွေကို စိတ်မဝင်စားသလို၊ နှစ်တစ်သောင်းနေလို့ တစ်ခါတောင် ပေါ်မလာဘူး... ငါ ဗုဒ္ဓဘုံကို ရောက်တာဖြင့် နှစ်ပေါင်းများစွာ ရှိပြီ... ဗြဟ္မဗုဒ္ဓရဲ့ ပုံစံအစစ်အမှန်ကို တစ်ခါမှ မမြင်ဖူးတာ.. ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်ကတော့ အဝေးကြီးပဲ.. ငါ့ရဲ့ စန္ဒရကျမ်းတွေကို တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘဲ ရနေတာနဲ့တင် သူတို့ အကျိုးအမြတ်တွေ ရနေပြီ”
သူပြောသည်မှာလည်း လက်တွေ့ကျ၍ မည်သူမှ မတုံပြန်နိုင်ပေ။
ကောင်းကင်နတ်ဘုံသည် ဗုဒ္ဓဘုံကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့သည့်အပြင် ဗုဒ္ဓဘုံမှာ ကောင်းကင်နတ်ဘုံ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း ဗုဒ္ဓဘုံ၏ အထွတ်အမြတ်ကျမ်းစာ၊ ဗြဟ္မဗုဒ္ဓ၏ကျမ်းစာကို ကောင်းကင်နတ်ဘုံမှ မရရှိခဲ့ပေ။
ကျန်ကောင်းကင်ဘုံ၏ ကျမ်းစာများကိုတော့ အနည်းနှင့်အများ ရခဲ့၏။ သူတို့က ကောင်းကင်ဘုံတစ်ဘုံစီသို့ တပည့်များ စေလွှတ်ကာ ဗုဒ္ဓသားတော်များ ဖြစ်လာစေခဲ့၍ ဤကောင်းကင်ဘုံများအကြောင်း ကောင်းကောင်းသိ၏။ ဗြဟ္မာဘုံမှ လွဲ၍ပင်။
ဗြဟ္မဗုဒ္ဓက မျက်နှာပြခဲသလို၊ တရားဟောပြခြင်းလည်း မရှိပေ။
မိစ္ဆာမျောက်ဝံကျန်းခုံး စကားစစ်ထိုးခဲ့တုန်းက ဗြဟ္မာဘုံမှ ဗုဒ္ဓသားတော်သည် ဗြဟ္မဗုဒ္ဓ၏ လက်အောက်တွင် ရှိသော်လည်း သူ၏သင်ကြားပို့ချမှုများအား မရရှိခဲ့ပေ။
ဤအခိုက်အတန့်တွင် သူတို့အားလုံး ဗုဒ္ဓသံ ကြားလိုက်ရပြီး ရဟန်းတစ်ပါးက သုတ်သုတ်ပျာပျာ ဆင်းလာသည်။ သူက အမိတဘကျောင်းဆောင်ပေါ် ဆင်းသက်၍ ဗုဒ္ဓများအား အရိုအသေပေးလိုက်၏။ “ဗုဒ္ဓတို့၊ ဗြဟ္မဗုဒ္ဓက ဘုံအားလုံးက ဗုဒ္ဓသားတော်တွေနဲ့ အောက်ဘုံက ဗုဒ္ဓသားတော်တွေကို ဗြဟ္မဘုံထဲ ဝင်ခွင့်ပြုလိုက်ပါတယ်... ဗုဒ္ဓအရှင်တော်မြတ်က သူ့ရဲ့သင်ကြားပို့ချမှုတွေကို အမှန်တကယ် လက်ဆင့်ကမ်းပေးဖို့ ထူးချွန်ထက်မြက်တဲ့ ဗုဒ္ဓသားတော်တစ်ပါးကို ရွေးချယ်မယ်တဲ့ဘုရား”
ဓမ္မကထိကမိုလွင် အံ့အားသင့်သွားကာ ဝမ်းသာသွား၏။ ကောင်းကင်နတ်ဘုံမှာ ဗြဟ္မဗုဒ္ဓ၏ ကျင့်စဉ်ကို မျက်စိကျနေခဲ့သော်လည်း အခွင့်အရေးမရခဲ့ပေ။
ဤတစ်ကြိမ်တွင် ချင်မူ၊ မင်ရှင်းနှင့် မိစ္ဆာမျောက်ဝံတို့ ပညာလာရှာခြင်းက ကောင်းကင်နတ်ဘုံအတွက် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် ရယူရန် အခွင့်အရေးဖြစ်သွားသည်။
ကောင်းကင်နတ်ဘုံသည် ဤဗုဒ္ဓဘုံတွင် မျက်စိများစွာ ပို့ထား၍ သူတစ်ယောက်တည်း မဟုတ်ပေ။ ဗုဒ္ဓသားတော်များအကြား၌ တစ်ဝက်ကျော်မှာ ကောင်းကင်နတ်ဘုံ၏ လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့အားလုံး ပညာသင်ယူရန် ဗုဒ္ဓဘုံကို လာခဲ့ကြခြင်း ဖြစ်လေသည်။
ယွဲ့ကွမ်အိမ်ရှေ့မင်းသားက သူ၏တပည့်ဖြစ်သော်လည်း ဗုဒ္ဓဘုံတွင် ဗုဒ္ဓသားတော်အရေအတွက်ကား များပြားလှ၏။ ဗြဟ္မဗုဒ္ဓ သင်ပြလိုလျှင် အခွင့်အရေးက ဤတောဘုန်းကြီးနှစ်ပါးနှင့် ယောဂီလက်ထဲ ရောက်မည်မဟုတ်ပေ။ ကောင်းကင်နတ်ဘုံ၏ လက်ထဲသို့သာ ရောက်လာလိမ့်မည်။
ဓမ္မကထိကမိုလွင်မှာ တက်တက်ကြွကြွ ဖြစ်သွား၍ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကဲ ဒါဆို ဗုဒ္ဓသားတော်အားလုံး ဗြဟ္မဘုံမှာ တရားသွားနာဖို့ လွှတ်လိုက်ကြစို့... နောင်တော်တို့ ဘယ်လိုထင်ပါသလဲ”
ဗုဒ္ဓအားလုံး ခေါင်းညိတ်ကြသည်။ ဗြဟ္မဗုဒ္ဓမှ တရားဟောပြောမည့် အခွင့်အရေးကား နှစ်တစ်သောင်းမှ တစ်ခါသာ ရနိုင်သော အခွင့်အရေးဖြစ်၏။
ဓမ္မကထိကမိုလွင်က ယွဲ့ကွမ်အိမ်ရှေ့မင်းသားကို ပွေ့သယ်ကာ ပျောက်ကွယ်သွား၏။ ကျန်ဗုဒ္ဓများလည်း လှုပ်ရှားလိုက်ကြပြီး ဗုဒ္ဓသားတော်များအား ဗြဟ္မဘုံသို့ ခေါ်သွားရန် သူတို့၏ကောင်းကင်ဘုံများဆီသို့ ပြန်သွားကြသည်။ မကြာမီတွင် အမိတဘကျောင်းဆောင်တစ်ခုလုံး ပြောင်ရှင်းသွားသည်။
“ငါတို့ ဗြဟ္မဘုံကို ဘယ်လိုသွားကြမလဲ”
ချင်မူ အကြပ်ရိုက်နေစဉ် သိကြားဗုဒ္ဓက ထိုင်ခုံမှ ဆင်း၍ သူတို့ဆီ လျှောက်လာသည်။ ဤဗုဒ္ဓသည် ခြေဗလာဖြစ်ပါသော်လည်း သူ လမ်းလျှောက်လာနေစဉ် သဲတစ်မှုန်မှ သူ၏ခြေဖဝါး၌ မကပ်ငြိပေ။ သူ၏ဦးခေါင်းနောက်၌ အလင်းတန်းများ ကွန့်မြူးနေပြီး သူ၏ရုပ်သွင်မှာ နူးညံ့သိမ်မွေ့သော ရဟန်းငယ်တစ်ပါးနှင့် တူနေ၏။ သူက သူတို့ကို နွေးထွေးစွာ ကြည့်ကာ ပြုံးလျက် ပြောသည်။ “ကိုယ်တော့်ရဲ့ လက်သီးသိုင်းကို ကျင့်ထားကြတာပဲ”
ချင်မူတို့ အလျင်အမြန် အရိုအသေပေးလိုက်ကြပြီး သိကြားဗုဒ္ဓ ပြောသည့် လက်သီးသိုင်းမှာ မိုးကြိုးရှစ်ချက်လက်သီးသိုင်း ဖြစ်၏။ ချင်မူ အဘိုးကြီးမာဆီမှ မိုးကြိုးရှစ်ချက်လက်သီးသိုင်း သင်ယူပြီးနောက် မိစ္ဆာမျောက်ဝံကျန်းခုံးအား သင်ပေးခဲ့သည်။ ကျန်းခုံးက နောက်ပိုင်းတွင် တထာဂတနှင့် တွေ့ခဲ့ရပြီး တထာဂတ၏ မဟာယနသုတ္တန်တစ်ခုလုံးကို သင်ယူခဲ့ရသည်။
မင်ရှင်းကိုယ်တော်ကမူ ကိုယ်တော်ကြီးကျင့်မင်ဆီမှ သင်ယူခဲ့ရသော်လည်း ကိုယ်တော်ကြီးကျင့်မင်မှာ အပြည့်အစုံမသင်ခဲ့ရသောကြောင့် ဟာကွက်တစ်ကွက် ကျန်နေခဲ့သည်။
ထို့နောက် မိစ္ဆာမျောက်ဝံက မိုးခြိမ်းသံကျောင်းတော်ငယ်၏ မိစ္ဆာဘုန်းကြီးများဖြင့် မဟာမိုးခြိမ်းသံကျောင်းတော်တွင် စကားစစ်ထိုးခဲ့ပြီး မည်သူမှ သူ့ကို မယှဉ်နိုင်ခဲ့ပေ။ မင်ရှင်းကိုယ်တော်က သတင်းကြားလျှင် အလျင်အမြန် ပြန်၍ ယှဉ်ပြိုင်ခဲ့သည်။ နောက်ဆုံးတွင် ရှုံးခဲ့ရသော်လည်း ချီးမြှင့်မြှောက်စားခံခဲ့ရ၏။ တထာဂတမာက သူ့ကို မဟာယနသုတ္တန်သင်ကြားပေးခဲ့သောကြောင့် ဟာကွက်အား ဖာထေးနိုင်ခဲ့လေသည်။
သိကြားဗုဒ္ဓက ပြုံးလျက် ပြောသည်။ “ကိုယ်တော်ကလည်း အောက်ဘုံကပါ... မဟာမိုးခြိမ်းသံကျောင်းတော်ကနေ ဗုဒ္ဓဖြစ်လာတဲ့ ရဟန်းပါပဲ... ငါ့ရှင်တို့က ကိုယ်တော်နဲ့ ရေစက်ပါတော့ ကိုယ်တော် ဗြဟ္မဘုံဆီ ခေါ်သွားပေးပါ့မယ်”
သူ့ခြေထောက်အောက်၌ ကြာတိမ်တိုက်တစ်ခု ဖွဲ့တည်လာပြီး သူတို့သုံးယောက်အား သယ်ဆောင်လိုက်သည်။ အားလုံး ကောင်းကင်ယံသို့ တဖြည်းဖြည်း မြောက်တက်လာကြကာ တိမ်တိုက်များ၊ လျှပ်စီးမိုးကြိုးများအား ဖြတ်ကျော်လာကြ၏။ အမြင့်သို့ ရောက်သထက် ရောက်လာသည်နှင့်အမျှ ကမ္ဘာတစ်ခုပြီးတစ်ခုအား ဖြတ်သန်းကြရလေသည်။
ချင်မူမှာ တအံ့တဩ စုပ်သပ်နေမိ၏။ ယခုအချိန်မှသာ ဗုဒ္ဓကောင်းကင်ဘုံအဆင့်နှစ်ဆယ်သည် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် မြင့်မားသော တောင်ကြီးတစ်လုံး၏ ပတ်ပတ်လည်၌ ဖွဲ့တည်နေခြင်းဖြစ်ကြောင်း မြင်လိုက်ရသည်။
ဤတောင်ကြီးက စကြဝဠာ၏အလယ်၊ ကြယ်တာရာကောင်းကင်ထဲတွင် လွင့်မျောနေသည်။ တောင်အတွင်း၌ တောင်များ၊ ပင်လယ်များ၊ လများ၊ ကြယ်များ၊ နေများ တည်ရှိနေ၏။
ဤကမ္ဘာမှာ ကမ္ဘာနှစ်ဆယ်(ကောင်းကင်ဘုံနှစ်ဆယ်) အဖြစ် ပိုင်းခြားခံထားရပြီး တစ်လွှာပေါ် တစ်လွှာထပ်လျက် အထပ်လိုက်ရှိနေသည်။ အလွှာတစ်လွှာစီတိုင်းတွင် နေ၊ လနှင့် ကြယ်များ လှည့်ပတ်နေသည့်အပြင် နယ်မြေ၊ နိုင်ငံတိုင်းပြည်များလည်း ရှိနေသည်။
သိကြားဗုဒ္ဓ ခေါ်သွားပေး၍မဟုတ်လျှင် သူတို့အနေဖြင့် အစွမ်းကုန်ပျံသန်းလျှင်ပင် တောင်ထိပ်သို့ ရောက်ရန် နှစ်ပေါင်းများစွာ ကြာလိမ့်မည်။
သိကြာဗုဒ္ဓက သူတို့ကို ဗြဟ္မဘုံသို့ ခေါ်သွားသည်။ ဗြဟ္မဘုံသည် ဤတောင်ကြီး၏ ထိပ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ရွှေရောင်တောင်ထွတ်ဟုလည်း ခေါ်သည်။ ရောင်ခြည်အလင်းတန်းတစ်သောင်း ကွန့်မြူးတောက်ပနေသည့်အတွက် နေနှင့်ညမခြား အစဉ်မပြတ် လင်းထိန်နေသည်။
ရွှေရောင်တိမ်တိုက်အလွှာအပေါ်တွင် တောင်ထိပ်များ ထွက်နေပြီး ရွှေရောင်တဖျပ်ဖျပ် တောက်နေရာ အမှန်တကယ် တင့်တယ်သပ္ပါယ်နေ၏။ ရွှေအလင်းတန်းများက ဓမ္မစာလုံးများအသွင် ဖွဲ့လျက် လေထဲတွင် လွင့်မျောပျံဝဲလျက်ရှိပြီး အလွန်ခံညားထည်ဝါသော မြင်ကွင်းကို ဖန်တီးနေတော့သည်။
သူတို့ရောက်လာသည့်အခါ ခေါင်းလောင်းထိုးသံကဲ့သို့ ပဲ့တင်ထပ်နေသောအသံတစ်သံ ကြားလိုက်ရသည်။ အသံက ဓမ္မသံလော၊ သက်ရှိသတ္တဝါများ၏ ကျမ်းစာရွတ်ဖတ်သံများ ဤနေရာသို့ကို ရောက်လာခဲ့ခြင်းလော မသိပေ။
မိစ္ဆာမျောက်ဝံမှာ မနေနိုင်တော့ဘဲ ချီးကျူးလိုက်သည်။ “အိုး၊ ပေါက်စီ”
ချင်မူက ခေါင်းညိတ်ကာ ချီူးကျူးလေသည်။ “အမှန်ပဲ ပေါက်စီပေါင်းထားတဲ့ အိုးကို ဖွင့်လိုက်သလိုပဲ... ဒီရွှေအလင်းတန်းတွေက ပေါက်စီပူပူကနေ အငွေ့တထောင်းထောင်း ထနေသလိုပေါ့”
သိကြားဗုဒ္ဓမှာ ရယ်မလား၊ ငိုရမလား မသိတော့ပေ။ “ငါ့ရှင်ရဲ့ ဥပမာက အမှန်တကယ် ပေါ်လွင်ပါပေတယ်... ဒီတောအုပ်က ဗြဟ္မဗုဒ္ဓအရှင် တံခါးပိတ်သီတင်းသုံးတော်မူတဲ့ နေရာပါ... ဗုဒ္ဓသားတော်တွေအများကြီး ရောက်နေကြပြီ... ကိုယ်တော် လိုက်ပို့ပေးပါ့မယ်”
သူက ဓမ္မစာလုံးများကို ဖြတ်ကျော်ကာ ရွှေပင်လယ်၏ အလယ်သို့ ရောက်လာသည်။ ထို့နောက် အလွန်တိတ်ဆိတ်ငြိမ်သက်နေသော တောအုပ်တစ်အုပ်အတွင်း ဆင်းသက်လိုက်ကြ၏။ အရှေ့တွင် သိပ်မကြီးသော ကျောင်းဆောင်တစ်ခု ရှိနေသည်။
ဗုဒ္ဓသားတော် ရာပေါင်းများစွာ ရောက်နေကြပြီဖြစ်ပြီး သူတို့ကို ခေါ်လာခဲ့သည့် ဗုဒ္ဓများကလည်း ဗုဒ္ဓရုပ်သွင်များ ဖယ်ခွာကာ သာမန်ရဟန်းငယ်၊ ရဟန်းအိုများအသွင်ဖြင့် ရှိနေကြသည်။ သူတို့သည် ဗြဟ္မဗုဒ္ဓအား အလွန်လေးစားကြည်ညိုကြကြောင်း ထင်ရှား၏။
“ဗုဒ္ဓသားတော်တွေ အများကြီးပါလား”
ချင်မူ ရင်ထဲတွင် ထိတ်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဗြဟ္မဗုဒ္ဓကို ဖူးရဖို့ ဘယ်လောက်ကြာကြာ တိုက်ခိုက်ရမှာလဲ... မဟာမြို့ပျက်ရဲ့ စည်းမျဉ်းတွေအတိုင်း သွားလို့မရဘူးလား”
မင်ရှင်းကိုယ်တော်နှင့် မိစ္ဆာမျောက်ဝံ တုန်လှုပ်သွားသည်။ ချင်မူ မည်မျှကြမ်းခဲ့သည်ကို ပြန်တွေးရင်း နှစ်ယောက်သား ကပျာကယာ ခေါင်းယမ်းလိုက်ကြ၏။
မင်ရှင်းက ကမန်းကတန်း ဝင်ပြောလိုက်သည်။ “နောင်တော်ချင်၊ မဟာမြို့ပျက်ရဲ့ စည်းမျဉ်းတွေအတိုင်း သွားလို့မဖြစ်ဘူး... အဲဒါတွေက ရက်စက်လွန်းတယ်၊ ကြမ်းလွန်းတယ်... ဒီနေရာက ဗုဒ္ဓသာသနာမြေပါ၊ မဆင်မခြင်လုပ်ဖို့ မရဘူး”
“နှမြောစရာပဲ...”
ချင်မူက ညည်းတွားလိုက်သည်။ “မဟာမြို့ပျက်ရဲ့ စည်းမျဉ်းတွေအတိုင်းဆို အများကြီး လွယ်ကူမှာ... တိုက်ခိုက်ပြီးရင် ဧကရာဇ်ပလ္လင်အဆင့်ကျမ်းစာကို နာလို့ရပြီလေ... အခုတော့ ဇယားတွေ ရှုပ်ဦးမယ်”
သိကြားဗုဒ္ဓက စပ်စုလိုက်သည်။ “မဟာမြို့ပျက်ရဲ့ စည်းမျဉ်းတွေက ဘာလဲ”
မိစ္ဆာမျောက်ဝံက လက်မြှောက်ပြီး သူ့လည်ပင်းသူ ညှစ်ကာ ချိုးလိုက်သည့်အမူအရာ လုပ်ပြ၏။
၎
င
၎
၎