← Chapters

သူက ဘာလို့ ငါ့ကို ကူညီနေတာလဲ

Vol. 119 Ch. 1660

သူက ဘာလို့ ငါ့ကို ကူညီနေတာလဲ

Vol. 119 Ch. 1660

အစတွင် ကျန်းရီသည် ဟယ်နုန်ယင်းအပေါ် အကောင်းမြင်စိတ်အချို့ ရှိခဲ့သည်။ သူမက သူ့ကို မြားဖြင့်ပစ်ကာ အပြင်းအထန် ဒဏ်ရာရသွားစေခဲ့သော်လည်း နောက်ဆုံးတွင် သူ့ကို မသတ်ခဲ့သလို သူ၏မီးနဂါးဓားကိုလည်း လုယူမသွားခဲ့သည် မဟုတ်လော။ ဟယ်နုန်ယင်းက အလွန်စည်းကမ်းရှိသူတစ်ယောက် ဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ဟယ်နုန်ယင်း၏ လှည့်စားမှုကို ခံလိုက်ရသဖြင့် ကျန်းရီ၏ သူမအပေါ်ခံစားချက်က လုံးဝပြောင်းလဲသွားခဲ့သည်။ သူသည် မိန်းမများက သူ့အပေါ် လှည့်စားခြင်းကို အလွန်မုန်းသည်။ ဟယ်နုန်ယင်းကြောင့်သာ မဟုတ်ခဲ့လျှင် သူ မိစ္ဆာသတ်ဖြတ်နန်းတော်၏ စတုတ္ထထပ်သို့ရောက်ကာ ရှားပါးရတနာအချို့ကို ရခဲ့နိုင်သည်။ သူ ကောင်းကင်ဘုံသို့ ထွက်ပြေးလာရန်လည်း မလိုခဲ့လောက်။

ထို့ကြောင့် ဟယ်နုန်ယင်းကို တွေ့လိုက်သောအခါ ကျန်းရီသည် ဟယ်နုန်ယင်းက သခင်မလေးကုန်းယန်၊ သခင်‌လေးလျန်တို့ကဲ့ သူ့ကို ဖမ်းရန် ဤနေရာသို့ ရောက်လာခြင်းဟု တွေးမိသွားပေသည်။ သူ့လက်မှ လက်စွပ်က လင်းလက်လာ၏။ သူ အလောင်းကြီးကိုထုတ်ရန် ဟန်ပြင်နေပေပြီ။ သို့သော် ထိုအခိုက်တွင် ဟယ်နုန်ယင်းက ရုတ်တရက် ပြောလိုက်၍ ကျန်းရီ သူ့လုပ်ရပ်ကို ရပ်တန့်လိုက်သည်။

“အကြီးအကဲနှစ်ဆယ့်ခြောက်... အခုတင် သခင်လေးတောက်ရန်က ကျွန်မဆီ သတင်းလှမ်းပို့တယ်။ သူက မိုးပြာသက်တံမြို့မှာ တစ်ခုခု ရှာတွေ့ထားပုံပဲ။ သူက ကျွန်မကို တစ်ချက်လာကြည့်ဖို့ ပြောတာ။ ဒါပေမဲ့ ကျွန်မ နည်းနည်းပင်ပန်းနေလို့ အကြီးအကဲပဲ လူနည်းနည်းခေါ်ပြီး အရင်သွားကြည့်လို့ ရမလား”

ဟယ်နုန်ယင်းသည် အကြီးအကဲနှစ်ဆယ့်ခြောက်ကို သိ၏။ သူမသည် ကျန်းရီကို တစ်ချက်ကြည့်ပြီးနောက်တွင် အကြီးအကဲနှစ်ဆယ့်ခြောက်ကိုပဲ စိုက်ကြည့်ကာ ပြောလိုက်သည်။ အကြီးအကဲနှစ်ဆယ့်ခြောက်၏ မျက်လုံးများ ရုတ်ခြည်း အရောင်လက်သွား၏။ သခင်လေးတောက်ရန်မှာ သခင်လေးတောက်ဖုန့်ပြီးလျှင် ဒုတိယဖြစ်သည်။ ယခု ဟယ်နုန်ယင်းက ပြောလိုက်ပြီဖြစ်ရာ တောက်ရန်က အမှန်ပင် သတင်းပို့လိုက်ခြင်းဖြစ်မည်။ သူမက လိမ်နေခြင်းတော့ မဖြစ်နိုင်။

သို့သော် အကြီးအကဲနှစ်ဆယ့်ခြောက်သည် ခေတ္တမျှတွေးတောပြီးနောက် အခြေအနေကို နားလည်သွား၏။ တောက်ရန်၏ ‘ရှာတွေ့မှု’မှာ ကျန်းရီကို ရှာတွေ့ခြင်းမဟုတ်ဘဲ အကြောင်းပြချက်တစ်ခုသာ ဖြစ်နိုင်သည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ ဟယ်နုန်ယင်းကို ခေါ်ရန်ဖြစ်နိုင်သည်။ ထိုမှ သူ သူမကို ပိုးပန်းနိုင်မည် မဟုတ်ပါလား။ ဟယ်မျိုးနွယ်၏ ပထမသခင်မလေးကို မည်သူက မပိုးပန်းလိုဘဲ ရှိပါမည်နည်း။ ထို့ပြင် ဟယ်နုန်ယင်းက ချီလင်းဧကရီ၏ မွေးစားမြေးလည်း ဖြစ်ပေသည်။

အကြီးအကဲနှစ်ဆယ့်ခြောက်သည် ဟယ်နုန်ယင်း၏ ဆိုလိုရင်းကိုလည်း နားလည်၏။ သူမသည် ဖိတ်ခေါ်မှုကို ငြင်းရန် အခက်တွေ့နေသဖြင့် သူ့ကို သူမကိုယ်စား သွားစေ၍ တောက်ရန်အား အရေးကြီးကိစ္စမရှိလျှင် သူမကို မနှောင့်ယှက်ရန် ကိုယ်စားပြောပေးစေလိုခြင်းဖြစ်သည်။

အကြီးအကဲနှစ်ဆယ့်ခြောက် ချီတုံချတုံ ဖြစ်သွား၏။ ထိုကိစ္စကို လုပ်ဆောင်ရန် မလွယ်ပေ။ တောက်ဖုန့်က သေသွားပြီဖြစ်၍ ယခုတွင် တောက်ရန်က ပထမသခင်လေး ဖြစ်သွားပေပြီ။ အကယ်၍ သူသာ တောက်ရန်ကို ထိုစကားများ သွားပြောလိုက်လျှင် တောက်ရန်က သူ့အပေါ် သေချာပေါက် အမြင်မကြည် ဖြစ်သွားနိုင်သည်။

“ဘာဖြစ်လို့လဲ”

ဟယ်နုန်ယင်းသည် မျက်နှာသေဖြင့် ကြည့်ကာ ‌ဒေါသမပါသောလေသံဖြင့် ပြောလိုက်၏။

“အကြီးအကဲနှစ်ဆယ့်ခြောက်.. အကြီးအကဲက သခင်လေးတောက်ရန်ရဲ့ စကားကိုတောင် နားမထောင်‌တော့ဘူးလား”

“မဟုတ်ပါဘူး”

အကြီးအကဲနှစ်ဆယ့်ခြောက် ခါးသက်သက်ပြုံးကာ ပြန်ပြောလိုက်သည်။

“ကျုပ်က အခု အနီးနားက မြို့တွေမှာ ကျန်းရီ ပုန်းအောင်းနေမလားဆိုပြီး လိုက်ရှာနေရလို့ပါ”

“ဟွန်း...”

ဟယ်နုန်ယင်းက အေးစက်စက် နှာမှုတ်ကာ ပြောလိုက်၏။

“အရင်က ကျွန်မ ကျန်းရီနဲ့ တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးတယ်။ ကျွန်မ သူရဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို ရင်းနှီးတယ်။ ဒီမှာ လူသုံးသောင်း ချန်ခဲ့ပါ။ ကျွန်မ အနီးက မြို့တွေမှာ လိုက်ရှာပေးပါမယ်။ ပြီးတော့ သခင်လေးတောက်ရန်ကိုလည်း ပြောလိုက်ပါ၊ ဒီရက်ပိုင်း ကျွန်မ သိပ်နေမကောင်းလို့ တိတ်တိတ်ဆိတ်ဆိတ် အနားယူချင်တယ်လို့”

“အဲ့လိုဆိုလည်း ကောင်းပါပြီ”

ယခုတွင် ဟယ်နုန်ယင်းက ဒေါသထွက်နေပြီဖြစ်၍ အကြီးအကဲနှစ်ဆယ့်ခြောက်သည် အခြေအနေကို ပိုဆိုးအောင် မလုပ်လိုတော့ပေ။ ထို့ပြင် ဟယ်နုန်ယင်းက အုပ်ချုပ်သူအဆင့်ဖြစ်ပြီး သူမနှင့်အတူ ဟယ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်လည်း ပါလာရာ လူသုံးသောင်းချန်ပေးခဲ့လျှင် လုံလောက်ပေလိမ့်မည်။

“သွားကြစို့...”

အကြီးအကဲနှစ်ဆယ့်ခြောက်သည် မြို့ကို ထပ်မံဝေ့ကြည့်လိုက်၏။ ကျန်းရီက အခြားမျိုးနွယ်တစ်ခုမှ သူလျှိုတစ်ယောက် ဖြစ်နိုင်သည်ဟု သံသယဖြစ်ရသည်မှလွဲ၍ အခြားအရာများကို ရှာမတွေ့ပေ။ သို့ဖြင့် သူ လက်ဝှေ့ယမ်းကာ သူ့လူများကိုခေါ်၍ ထွက်သွားပြီး ဟယ်နုန်ယင်း သုံးရန်အတွက် လူသုံးသောင်းချန်ခဲ့ပေးလိုက်လေသည်။

ကျန်းရီ အလွန်စိတ်လှုပ်ရှားနေ၏။ သူ ဟယ်နုန်ယင်း၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ သူသည် ထွက်ပြေးရန်နှင့် ဟယ်နုန်ယင်းကို ဓားစာခံလုပ်ရန်ပင် အကြိမ်များစွာ တွေးမိပေသည်။ သို့သော် နောက်ဆုံးတွင် မလှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဟယ်နုန်ယင်းက သူ့ကို အရေးမစိုက်သည့်ဟန်ဖြင့် ထပ်မံကြည့်လိုက်ခြင်းကြောင့်ပင်။ သူမမျက်နှာပေါ်တွင် ရန်လိုမှုလည်း မရှိချေ။ သူမက သူ့ကို မလောရန် အသံမဲ့ ပြောနေသကဲ့သို့ပင်။

‘ငါ ထွက်ပြေးဖို့ ကြိုးစားသင့်လား၊ မကြိုးစားသင့်ဘူးလား’

ကျန်းရီ ဒွိဟဖြစ်နေသည်။ ဟယ်နုန်ယင်းက အလွန်ဉာဏ်ကောင်းသော သခင်မလေးတစ်ယောက်ဖြစ်ကြောင် သံသယဖြစ်စရာ မရှိပေ။ အကယ်၍ သူမက သူ့ကို ထောင်ချောက်ဆင်ရန် ကြံနေခြင်းဆိုလျှင် မကြာခင်တွင် တောက်နုနှင့် တောက်လန်တို့ ရောက်လာနိုင်သည်။ ထိုအခါကျလျှင် သူ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

‘ငါ ဒီမှာပဲ သေဖို့ထိုင်စောင့်မနေနိုင်ဘူး’

နောက်ဆုံးတွင် ကျန်းရီသည် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်၏။ သူ ရုတ်တရက် ဒူးထောက်ချကာ ပြောလိုက်သည်။

“ဟယ်တ သခင်မလေးကို အရိုအသေပေးပါတယ်”

“အာ...”

ကျန်းရီကို ရန်လိုမှုများနှင့် ကြည့်နေခဲ့သော တောက်ကွေ့နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မှင်တက်သွားကြ၏။ အကြီးအကဲနှစ်ဆယ့်ခြောက်သည် ထွက်မသွားခင်တွင် ‌တောက်ကွေ့ထံ အသံပို့လွှတ်ကာ ကျန်းရီက မိုးပြာဒေသထဲတွင် ပုန်းအောင်းနေသော သူလျှိုတစ်ယောက် ဖြစ်နိုင်သဖြင့် သူ့ကို သေသေချာချာ စစ်မေးရန် မှာခဲ့သည်။ တောက်ကွေ့သည်လည်း ကျန်းရီက ဟယ်မျိုးနွယ်မှ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“အန်...”

ဟယ်နုန်ယင်းဘေးမှ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးက အံ့ဩသွားပြီး ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်၏။ သူမသည် တစ်စုံတစ်ခု ပြောလိုသော်လည်း ဟယ်နုန်ယင်းက လက်ဟန်ပြကာ တားလိုက်သည်။ ထို့နောက် ဟယ်နုန်ယင်း ပြောလိုက်လေသည်။

“ရှင်က အိမ်တော်ထိန်းရဲ့သား ဟယ်တမဟုတ်လား။ ဒီကို ပျံတက်လာပြီး ဘာဖြစ်ခဲ့တယ်ဆိုတာ ပြော”

အသက်လတ်ပိုင်းအရွယ် အမျိုးသမီး မျက်မှောင်ကြုတ်သွား၏။ သို့သော် ဟယ်နုန်ယင်းက သူမကို တံတောင်ဖြင့် အသာအယာတွတ်လိုက်၍ သူမ မည်သို့မှ ဝင်မပြောဝံ့တော့ပေ။ ကျန်းရီ တွေဝေနေသည်။ ဟယ်နုန်ယင်းက ဘာကြံနေခြင်းနည်း။ သူမက သူ့ကို မျှားခေါ်၍ သတ်ပစ်ရန် ကြိုးစားနေခြင်းလော။

သို့သော် ယခုမှတော့ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။

ကျန်းရီ အံကြိတ်လိုက်ပြီး လေထဲရှိ စစ်ရထားလုံးဆီသို့ ခပ်ဖြည်းဖြည်း ပျံတက်သွားလိုက်သည်။ ဟယ်နုန်ယင်း၏ မျက်နှာထားက အနည်းငယ်မှ မပြောင်းလဲပေ။ အလွန်တည်ငြိမ်ကာ ခံစားချက်ကင်းမဲ့နေသည်။ သို့သော် သူမဘေးမှ အမျိုးသမီးက စတင်စိတ်လှုပ်ရှားလာ၏။ သူမ၏ သတ်ဖြတ်အရှိန်အဝါ ခပ်ရေးရေးက ကျန်းရီကို လွှမ်းခြုံသွားသည်။ သူမ အချိန်မရွေး လှုပ်ရှားရန် အသင့်ဖြစ်နေပေပြီ။

ပေတစ်ထောင်၊ ပေငါးရာ၊ ပေသုံးရာ... ပေတစ်ရာ

ကျန်းရီသည် ပေါင်းစည်းမီးတောက်များ ထုတ်လွှတ်လိုက်ရန် အကြိမ်များစွာ တွေးမိ၏။ ထို့ပြင် အလောင်းကြီးကို ထုတ်လွှတ်၍ ဟယ်နုန်ယင်းကို ဖမ်းကာ ဓားစာခံလုပ်ရန်လည်း အကြိမ်ကြိမ် တွေးမိသည်။ ဟယ်နုန်ယင်းကိုသာ ဓားစာခံလုပ်လိုက်နိုင်လျှင် သူ အထက်ဘုံသို့ ပြန်နိုင်မည့် အခွင့်အရေးတစ်ခု ရနိုင်သည် မဟုတ်ပါလား။

သို့သော် ကျန်းရီ မည်သည်ကိုမှ မလုပ်ခဲ့ပေ။ ဟယ်နုန်ယင်း၏ မျက်ဝန်းများက တည်ငြိမ်နေသည်။ သူမသည် ကျန်းရီက တိုက်ခိုက်မည်ကို မကြောက်သည့်အလား အေးအေးလူလူသာ ရှိနေပေသည်။

“သခင်မလေး...”

ကျန်းရီ ရိုရိုသေသေ ဦးညွှတ်လိုက်၏။ သူ့တွင် တိုက်ခိုက်လိုက်သော အရိပ်လက္ခဏာ မရှိပေ။ ဟယ်နုန်ယင်းက နှုတ်ခမ်းတွန့်ကွေးကာ ပြုံး၍ ပြောလိုက်သည်။

“ရှင် ဒဏ်ရာရထားတာလား။ ရှင် အခု သွားလို့ရပြီ။ နောက်မှ ကျွန်မကို လာရှာပါ”

“နားလည်ပါပြီ”

ကျန်းရီ ထပ်မံဦးညွှတ်လိုက်ပြီး စစ်ရထားလုံးနောက်တွင် သွားရပ်လိုက်၏။ ဟယ်နုန်ယင်းသည် ကျန်းရီကို ထပ်မံမကြည့်တော့ဘဲ အောက်ဘက်မြေပြင်သို့ သူမ၏ အားကောင်းသော ကောင်းကင်စိတ်အာရုံကို ပို့လွှတ်လိုက်၏။ ငါးကြိမ် အာရုံခံပြီးနောက် သူမ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“မြို့အရှင်က ဘယ်သူလဲ။ အကုန်လုံးကို ပြန်ခိုင်းလိုက်တော့။ ပြီးရင် ကျွန်မ အနားယူဖို့အတွက် အခန်းတစ်ခန်း ပြင်ဆင်ပေးပါ။ ကျန်ခဲ့တဲ့ တပ်သားတွေ အကုန်လုံးက မြို့အပြင်မှာ စောင့်ကြပ်နေကြပါ။ ကျွန်မ အနားယူပြီးရင် အနားက မြို့တွေမှာ သွားရှာကြမယ်”

“သခင်မလေးဟယ် ကြွပါ”

တောက်ကွေ့က ခပ်သွက်သွက် ပျံတက်လိုက်ပြီး ဟယ်နုန်ယင်းကို ရဲတိုက်တစ်ခုဆီသို့ ခေါ်သွား၏။ တပ်သားသုံးသောင်းသည်လည်း တောင်ခြေတစ်ခုသို့သွားကာ စခန်းချလိုက်သည်။ မြို့ထဲရှိ လူများမှာမူ မြို့စောင့်တပ်သားများ၏ ညွှန်ကြားချက်အတိုင်း လူစုခွဲလိုက်ကြသည်။

ဟယ်နုန်ယင်းက ဧရာမရဲတိုက်ကြီးတစ်လုံးထဲ ပျံဝင်သွားပြီဖြစ်သော်လည်း ကျန်းရီ လေထဲတွင် တွေတွေကြီး ရပ်နေသေးသည်။ သူ့မျက်ဝန်းများထဲတွင် မရေရာမှုများ ရှိနေ၏။ ဟယ်နုန်ယင်းက သူ့ကို ကူညီနေခြင်းလော သို့မဟုတ် သူ့ကို လုံခြုံသည်ဟု ထင်စေ၍ တောက်နုနှင့် တောက်လန်တို့ ရောက်လာမည့်အချိန်ကို စောင့်နေခြင်းလော။

ကျန်းရီသည် ဟယ်နုန်ယင်း၏ ရည်ရွယ်ချက်ကို နားမလည်သဖြင့် အတန်ငယ် ချီတုံချတုံ ဖြစ်နေသည်။ သူ ခေတ္တမျှ ရပ်နေပြီးနောက် မြို့ထဲသို့ ပျံဆင်းကာ သူ တည်းခိုနေသည့် တည်းခိုခန်းကို ပြန်ရှာလိုက်သည်။

ကျန်းရီ သူ့အခန်းထဲသို့ ဝင်ပြီးနောက်တွင် အားကောင်းသော ကောင်းကင်စိတ်အာရုံတစ်ခု ရောက်ရှိလာပြီး သူ့နားထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

“ကျန်းရီ... ရှင် ကျွန်မကို ယုံ၊ မယုံဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ ရှင် အသက်ရှင်ချင်ရင် ကျွန်မပြောတာ နားထောင်ရမယ်။ မိုးပြာဒေသတစ်ခွင်လုံးမှာ စွမ်းအားကြီး သိုင်းသမားတွေ ရှိနေတယ်။ ရှင်တစ်ယောက်တည်းဆိုရင် ဒီကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အချိန်ယူပြီး ဒဏ်ရာတွေ ကုသပါ။ နာရီနည်းနည်းကြာပြီးရင် ကျွန်မကို လာရှာပါ”

“အာ...”

ကျန်းရီ လုံးဝ နားမလည်နိုင် ဖြစ်နေ၏။ ဟယ်နုန်ယင်းက သူ့ကို အမှန်တကယ် ကူညီပေးနေခြင်းလော။ သူမသည် သူ့ကို ကယ်ရန် အကြီးအကဲနှစ်ဆယ့်ခြောက်ကို အာရုံလွှဲခဲ့ပြီး ယခုတွင်လည်း သူ့ထံ အသံပို့လွှတ်ကာ စိတ်ပါလက်ပါ ပြောနေသည်။ အကယ်၍ သူမက ဟန်ဆောင်နေခြင်းဖြစ်ပြီး သူ့ကို လုံခြုံသည်ဟု အထင်မှားအောင် ကြိုးစားနေခြင်းဆိုလျှင် သူမ၏ သရုပ်ဆောင်မှုက အတော်လေးကောင်းသည်ဟု ဆိုရပေမည်။

‘သူက ဘာလို့ ငါ့ကို ကူညီနေတာလဲ’

ဤလောကထဲတွင် အကြောင်းမရှိဘဲ အကျိုးမဖြစ်ပေ။ ကောင်းကင်ဘုံ မျိုးနွယ်ကြီးတစ်ခုမှ ပထမသခင်မလေး ဟယ်နုန်ယင်းက တောက်ဖုန့်တို့နှင့် တစ်ဘက်တည်းတွင် ဖြစ်သည်။ အထက်ဘုံမှ လူတစ်ယောက်က အရှုပ်အထွေးတစ်ခု ဖြစ်စေ၍ ကောင်းကင်ဘုံ မျိုးနွယ်ကြီးများကို မျက်နှာပျက်စေခဲ့သည်။ ထိုမျိုးနွယ်ကြီးများထဲတွင် သေချာပေါက် ဟယ်မျိုးနွယ်လည်း ပါပေလိမ့်မည်။ သို့ဖြစ်ရ အဘယ်ကြောင့် ဟယ်နုန်ယင်းက သူ့ကို ကူညီနေရပါသနည်း။

‘အဲ့ဒါက ထောင်ချောက် ဟုတ်၊ မဟုတ် ငါ သူ့ကို သွားတွေ့လိုက်ရင် သိရမှာပဲ’

မကြာခင်တွင် ကျန်းရီ စိတ်ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဟယ်နုန်ယင်းက အမှန်ပင် သူ့ကို လှည့်စားနေခြင်းဆိုလျှင် သူ သူမကို သက်ညှာတော့မည် မဟုတ်ပေ။

All Chapters