← Chapters

ကံကောင်းခြင်းလော၊ အန္တရာယ်လော

Vol. 119 Ch. 1663

ကံကောင်းခြင်းလော၊ အန္တရာယ်လော

Vol. 119 Ch. 1663

ကျန်းရီသည် ငယ်စဉ်က ဒန်တျန် ချိပ်ပိတ်ခံခဲ့ရသဖြင့် ကျင့်ကြံရန် မဖြစ်နိုင်ခဲ့ပေ။ ‌နောက်ပိုင်း၌ ချိပ်စည်းက ပျက်သွားပြီး အမည်မဲ့ကျင့်စဉ်ဟုခေါ်သည့် ဆန်းကြယ်သော ကျင့်စဉ်တစ်ခုကို ရခဲ့သည်။

၎င်းနောက် ပုလဲတစ်လုံးနှင့် ဓားတစ်ချောင်းကိုလည်း ရခဲ့သည်။ ထိုဓားက ပို၍ပင် ဆန်းကြယ်လျက် ခုနစ်ပိုင်း ကွဲနေခဲ့သည်။ ယခုတွင် သူ အပိုင်းလေးပိုင်းကိုသာ ရှာတွေ့သေးသည်။ သို့သော်လည်း ဓားမှာ တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုနှင့်ပင် တုပြိုင်နိုင်နေပြီဖြစ်သည်။

လူတစ်ဦးတည်းသာ ထိုဓားနှင့် ဓားပိုင်ရှင်ကို မှတ်မိခဲ့သည်။ တိရှအရှင်ပင်။ တိရှအရှင်သည် ထိုဓား၏ ဇာစ်မြစ်ကို ကျန်းရီအား မပြောခဲ့သော်လည်း ထိုဓားက အလွန်အဖိုးတန်ကြောင်း ကျန်းရီ သိသည်။ ၎င်း၏သခင်မှာလည်း အလွန်စွမ်းအားကြီးရပေမည်။

တိရှအရှင်က အတွေးမဲ့ပင်လယ်ဟုခေါ်သော ပင်လယ်တစ်စင်းထဲတွင် နေသည်။ ထိုပင်လယ်အလယ်တွင် အမည်မဲ့ကျွန်းဟုခေါ်သော ကျွန်းတစ်ကျွန်းရှိသည်။

‘ကျန်းရီ မင်းက အရမ်းကံကောင်းတဲ့သူပဲ။ မှတ်ထားပါ.. မင်း သေရမယ်ဆိုရင်တောင် အဲ့ဓားကို အဆုံးရှုံးခံလို့မဖြစ်ဘူး’

ကျန်းရီသည် တိရှအရှင် ပြောခဲ့သော စကားများနှင့် တိရှအရှင်၏ ဓားကို မြင်လိုက်သောအခါ တောက်ပလာသောမျက်ဝန်းများကို ပြန်အမှတ်ရလာသည်။ တိရှအရှင်မှာ အထက်ဘုံ၏ စွမ်းအားအကြီးဆုံး လူများထဲမှ တစ်ယောက်ပင်။ သူ့ကဲ့သို့ လူအများ၏ လေးစားမှုကို ခံရပြီး ဩဇာအာဏာရှိသူတစ်ယောက်မှာ အလွန်ထူးခြားသော ယောက်ျားတစ်ယောက်ပင် ဖြစ်ရမည်။

အဓိကကျသည်မှာ ယခုတွင် မီးနဂါးဓား၏ အစိတ်အပိုင်းလေးခုကို ပေါင်းစည်းပြီးပြီဖြစ်ခြင်းပင်။ ဟယ်နုန်ယင်း ပြောခဲ့သလို ၎င်းဓားက တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုနှင့်ပင် ယှဉ်နိုင်သည်။ အကယ်၍ ကျန်းရီသာ ကျန်သော အပိုင်းသုံးပိုင်းကိုပါ ပေါင်းစည်းနိုင်လိုက်မည်ဆိုလျှင် ၎င်းဓားက မည်မျှစွမ်းအားကြီးလာမည်နည်း။ ကျန်းရီသည် ကမ္ဘာဦးဝိညာဉ်ရတနာများက မည်မျှစွမ်းအားကြီးကြောင်း အတိအကျမသိသော်လည်း နောက်ဆုံးတွင် သူ့ဓားက ထိုရတနာများနှင့်ပင် ယှဉ်နိုင်လာလောက်သည်ဟု ခန့်မှန်းပေသည်။

နောက်ဆုံးတွင် အရာအားလုံးက စတင်အဓိပ္ပာယ်ရှိလာသည်။ ဆန်းကြယ်သော အဘိုးအိုက ယန်ကိုးပါးကောင်းကင်ဧကရာဇ်လော။ မီးနဂါးဓားက သူကိုင်ဆောင်ခဲ့သည့် နတ်ဘုရားလက်နက်လော။

ကျန်းရီ အရာအားလုံးကို မယုံဝံ့သေးပေ။ ၎င်းက အလွန်ဟာသဆန်နေသည် မဟုတ်ပါလား။ လူသားမျိုးနွယ်၏ အထွတ်အထိပ်ဖြစ်သော ကောင်းကင်ဧကရာဇ်က သူ၏ ဝိညာဉ်အစအနကို ကောင်းကင်ကြယ်တာရာနယ်နမိတ်ကဲ့သို့သော ဘုံလေးတစ်ဘုံသို့ အမှန်တကယ် ပို့လိုက်သည်လော။ သူက ကျန်းရီကို သူ၏အဖိုးအတန်ဆုံး ကျင့်စဉ်ကို ပေးခဲ့သည်လော။ ထို့ပြင် ကျန်းရီအား အလားအလာ အကန့်အသတ်မဲ့သော မီးနဂါးဓားကိုလည်း ပေးခဲ့သည်လော။

‘တစ်ခုခုတော့ မဟုတ်သေးဘူး...’

ယခုတွင် ကျန်းရီ စိတ်လှုပ်ရှားနေပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်က အလွန်ကျော်ကြားသည်။ သို့ဖြစ်ရာ မီးနဂါးဓားကို မည်သူမှ မသိသည်မှာ မဖြစ်နိုင်။ ဟယ်နုန်ယင်းကဲ့သို့ ကောင်းကင်ဘုံမှ လူအချို့သည် သေချာပေါက် ထိုဓားကို ယခင်က မြင်ခဲ့ဖူးနိုင်သည်။ သို့သော် မည်သူကမှ အံ့ဩသည့်ပုံ မပေါ်ပေ။ ယင်းမှာ ထိုမီးနဂါးဓားက မီးနဂါးဓားအစစ်အမှန် မဟုတ်ဟူသော အဓိပ္ပာယ်ပင်။ မဟုတ်လျှင် မရေမတွက်နိုင်သော လူများစွာသည် ယခင်ကတည်းက ထိုဓားကို မျက်စိကျနေပေလိမ့်မည်။ မဟာဧကရာဇ်လေးပါးသည်လည်း ယခုလောက်ဆို ကျန်းရီနောက်သို့ လိုက်နေလောက်ပြီဖြစ်သည်။

‘အဲ့ဒါက မဖြစ်နိုင်ပါဘူး...’

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် လက်တွေ့မကျသည့် အတွေးများကို ခေတ္တမျှ ဘေးဖယ်ထားလိုက်သည်။ ဤလောကထဲတွင် ပါရမီရှင်များစွာ ရှိသည်။ အဘယ်ကြောင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ကို သူ၏ဆက်ခံသူအဖြစ် ရွေးချယ်ရပါမည်နည်း။ ထို့ပြင် ကောင်းကင်ဧကရာဇ်တစ်ပါးအနေဖြင့် ဆက်ခံသူတစ်ယောက်ကို ပျိုးထောင်လိုလျှင် ကျန်းရီတစ်ယောက် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်မှာသာ ရှိနေဦးမည်လော။ ယခုလောက်ဆို သူက ဧကရာဇ်တစ်ပိုင်းအဆင့် မဟုတ်လျှင်ပင် အုပ်ချုပ်သူအဆင့်သို့ ရောက်နေသင့်ပြီ မဟုတ်လော။

ထိုအဘိုးအိုသည် အမည်မဲ့ကျင့်စဉ်မှလွဲ၍ ကျန်းရီအား အခြားမည်သည့်အရာမှ မပေးခဲ့ပေ။ ကျန်းရီသည် မီးနဂါးဓား၏ အစိတ်အပိုင်းများကိုလည်း ကိုယ်တိုင် လိုက်ရှာခဲ့ရသည်။ အရေးအကြီးဆုံးမှာ အကယ်၍ မီးနဂါးဓားက အမှန်ပင် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ဆိုလျှင် ကောင်းကင်ဘုံမှ သခင်လေးများနှင့် သခင်မလေးများသည် ၎င်းကို မှတ်မိနေလောက်ပေပြီ။ ကောင်းကင်ဘုံမှ အကြီးအကဲများသည်လည်း ၎င်းဓားကို မြေလှန်၍ ရှာနေလောက်ပြီ။ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ကို ရလျှင် လောကထဲတွင် အထွတ်အထိပ်သို့ ရောက်သွားမည် မဟုတ်ပါလား။

ကျန်းရီသည် ထိုကဲ့သို့သော ကိစ္စကြီးကို ဟယ်နုန်ယင်းနှင့် မဆွေးနွေးလိုပေ။ သူ့အတွေးသာ မှန်လျှင် သူ မဟာဧကရာဇ်လေးပါးကိုယ်တိုင် လိုက်ဖမ်းသည်ကိုပင် ခံရနိုင်သည်။ ထို့ကြောင့် ကျန်းရီ အကြည့်လွှဲကာ မေးလိုက်သည်။

“သခင်မလေးဟယ်... အထက်ဘုံကို တည်နေရာပြောင်းရွှေ့နိုင်တဲ့ အစီအရင်က ယန်ကိုးပါးမြို့ထဲမှာလို့ ခင်ဗျား ပြောတယ်မဟုတ်လား။ ယန်ကိုးပါးမြို့က ယန်ကိုးပါးစစ်တပ် အခြေချတဲ့ မြို့လား”

“ဟုတ်တယ်...”

ဟယ်နုန်ယင်းက ခေါင်းညိတ်ကာ ပြောသည်။

“ယန်ကိုးပါးစစ်တပ်က အနားမှာပဲ။ ယန်ကိုးပါးမြို့ကို ယန်ကိုးပါးစစ်တပ်ရဲ့ ကောင်းကင်ဘုရင် သုံးဆယ့်ခြောက်ပါးက ထိန်းချုပ်တယ်။ ဘာလို့လဲ။ ကျန်းရီ.. ရှင် ယန်ကိုးပါးစစ်တပ်ထဲ ဝင်ချင်လို့ပါ”

“အွန်း...”

ကျန်းရီ ပြတ်သားစွာ ခေါင်းညိတ်၍ ပြောလိုက်၏။

“ကျွန်တော် ဝင်လို့ရမလား”

“ရှင်က မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်ကို ‌ရောက်နေပြီနော်။ အင်း... ရှင် စစ်တပ်ထဲ ဝင်လို့ရပါတယ်”

ဟယ်နုန်ယင်းက သက်ပြင်းသဲ့သဲ့ချကာ ပြောသည်။

“ရှင် ကျွန်မနဲ့အတူ ချီလင်းဧကရီတောင်ထွတ်ကို လိုက်ခဲ့မှာ မဟုတ်မှန်း ကျွန်မ သိပါတယ်။ ရှင်က မိန်းမတွေအပေါ် မမှီခိုချင်းဘူးမဟုတ်လား။ ထားလိုက်ပါ‌တော့။ ခဏနေရင် ကျွန်မနဲ့ လိုက်ခဲ့ပါ။ ကျွန်မ ရှင့်ကို ယန်ကိုးပါးစစ်တပ်ဆီ ခေါ်သွားပေးမယ်”

“ကျေးဇူးတင်ပါတယ် သခင်မလေးဟယ်။ ကျွန်တော် ခင်ဗျားအပေါ် ကျေးဇူးကြွေးတစ်ခု တင်သွားပါပြီ။ အခု ကျွန်တော် သွားလိုက်ပါဦးမယ်”

ကျန်းရီသည် ကျေးဇူးတင်စကားဆို၍ လှုပ်ရှားကာ အခန်း၏ အကာအရံကို ဖွင့်လိုက်၏။ ထို့နောက် သူ အပြင်သို့ ထွက်သွားလိုက်လေသည်။

ဟယ်နုန်ယင်းသည် ကျန်းရီ ထွက်သွားသော်လည်း ထပင်မရပ်ချေ။ ထိုအစား သူမလက်ရှိ မြလက်ကောက်ကလေးကို ပွတ်သပ်နေသည်။ အတော်ကြာအောင် ထိုင်နေပြီးနောက်မှ သူမ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“ဒီနေ့ ရှင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာလား။ ကျန်းရီ... ရှင်က ကံကောင်းကြယ်လား၊ ကံဆိုးကြယ်လား။ ကျွန်မ ရှင့်ကို ကယ်ခဲ့တာ ရှင် လူသားမျိုးနွယ်ကြားမှာ ပရမ်းပတာဖြစ်အောင် လုပ်ဖို့ မဖြစ်ပါစေနဲ့လို့ ကျွန်မ မျှော်လင့်ပါတယ်...”

***

“ယန်ကိုးပါးစစ်တပ်...”

ကျန်းရီတစ်ယောက် ရဲတိုက်ထဲမှ ထွက်လာပြီးနောက် မျက်လုံးများ အရောင်လက်နေ၏။ တည်နေရာပြောင်းရွှေ့အစီအရင်က ယန်ကိုးပါးမြို့ထဲတွင် ဖြစ်သည်။ သူ အခွင့်အရေးရသည်နှင့် ဟွင့်သွမ့်ပင်လယ်ထဲသို့ တည်နေရာပြောင်းရွှေ့ကာ အထက်ဘံသို့ ပြန်နိုင်သည်။ ထို့ပြင် ယန်ကိုးပါးမြို့ထဲ၌ ယန်ကိုးပါးကောင်းကင်ဧကရာဇ်အပေါ် သစ္စာရှိသူများနှင့် ပြည့်နှက်နေပေလိမ့်မည်။ အကယ်၍ သူသာ ယန်ကိုးပါးစစ်တပ်ထဲ ဝင်လိုက်မည်ဆိုလျှင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ မီးနဂါးဓားအကြောင်းကို ပိုစုံစမ်းနိုင်မည်ဖြစ်သည်။

ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အမှန်ပင် မီးနဂါးဓားထဲရှိ ဆန်းကြယ်သော အဘိုးအိုဆိုလျှင် ကျန်းရီ ကံကောင်းပေပြီ။ သို့သော် ယင်းက အန္တရာယ်လည်း ဖြစ်နိုင်သေးသည်။

ကျန်းရီ ကံကောင်းမည်ကတော့ သံသယဖြစ်စရာ မရှိပေ။ ယန်ကိုးပါးကောင်းက်ဧကရာဇ်က ဆန်းကြယ်သော အဘိုးအိုဖြစ်နေလျှင် သူ့ထံ၌ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်နှင့် ကောင်းကင်ဧကရာဇ်ကိုယ်တိုင် တီထွင်ထားသော ကျင့်စဉ်တစ်ခု ရှိနေသလို ဖြစ်သွားမည် မဟုတ်ပါလား။ ထို့ပြင် သူက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်ကြောင်း သေချာသွားမည်ဆိုလျှင် ယန်ကိုးပါးစစ်တပ်က သူ့ကို သူတို့၏သခင်အဖြစ် မှတ်ယူလောက်သေးသည်။

ယန်ကိုးပါးစစ်တပ်ကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကိုယ်တိုင် တည်ထောင်လေ့ကျင့်ပေးခဲ့ခြင်းပင်။ ထို့ကြောင့် ၎င်းစစ်တပ်၏ ယန်ကိုးပါးကောင်းကင်ဧကရာဇ်အပေါ် ထားမည့် သစ္စာတရားကို ကျန်းရီ သံသယဖြစ်ရန် မလိုပေ။ ထို့ပြင် ဆန်းကြယ်သော အဘိုးအို၏ ဝိညာဉ်အစအနက လုံးဝပျောက်ကွယ်မသွားသေး။ ဆန်းကြယ်သော အဘိုးအိုက တစ်ခွန်းပြောလိုက်သည်နှင့် ကောင်းကင်ဘုံ၏ အင်အားအကြီးဆုံး စစ်တပ်ကြီးက ကျန်းရီ၏ လက်အောက်သို့ ရောက်လာပေလိမ့်မည်။ ကျန်းရီ ထိုစစ်တပ်ကို အသုံးပြု၍ ဘုံတစ်ခုကိုပင် အုပ်စိုးနိုင်သည်။ ထိုအခါကျလျှင် အထွတ်အထိပ်သို့ ရောက်ရန်မှာ ခက်တော့မည် မဟုတ်ပေ။

သို့သော် မီးနဂါးဓားကြောင့် ကျန်းရီ အန္တရာယ်များနှင့် ကြုံရနိုင်ခြေလည်း ရှိသေးသည်။

ကောင်းကင်ဧကရာဇ် သေဆုံးသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ လက်ရှိ မဟာဧကရာဇ်လေးပါးက မည်သူ့ထံတွင်မှ သစ္စာမခံထားပေ။ လူတိုင်းက ဩဇာအာဏာကို ပိုလိုချင်ကြသည်ချည်းသာ။ မဟာဧကရာဇ်လေးပါးစလုံးက ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်လိုကြပေလိမ့်မည်။ အကယ်၍ ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်နေမည်ဆိုလျှင် မည်သူ့ကိုမှ ကြောက်ရန်လိုလိမ့်မည် မဟုတ်ချေ။ သို့သော် ပြဿနာမှာ သူက အုပ်ချုပ်သူအဆင့် သိုင်းသမား မဟုတ်ခြင်းပင်။ သို့ဖြစ်ရာ မဟာဧကရာဇ်လေးပါးအနေဖြင့် သူ့ကိုသတ်ပစ်ရန် အလွန်လွယ်ကူနေပေလိမ့်မည်။

‘လုံလောက်တဲ့ အင်အားနဲ့ လုံခြုံမှု မရှိရင် ငါ ဘယ်သူဆိုတာနဲ့ မီးနဂါးဓားကို ထုတ်ပြလို့မရဘူး။ ဆန်းကြယ်တဲ့ အဘိုးအိုအကြောင်းကိုလည်း ဘယ်သူ့ကိုမှ ပြောပြလို့မဖြစ်ဘူး’

မီးနဂါးဓားက ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျန်းရီသည် နောင်၌ ၎င်းကို မလိုအပ်ဘဲ ထုတ်မသုံးရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် သူ အန္တရာယ်နှင့် ကြုံရနိုင်ခြေရှိသည်။ မဟာဧကရာဇ်လေးပါး၏ စိတ်ထဲတွင် သံသယတစ်စမျှ ရှိသွားလျှင်ပင် သူ သေချာပေါက် သေရပေလိမ့်မည်။

ကျန်းရီသည် တည်းခိုခန်းသို့ ပြန်ရောက်သောအခါ သူ့အခန်းထဲရှိ ပရိဘောဂများက အသစ်ဖြစ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ တည်းခိုးခန်းမှ ဝန်ထမ်းတစ်ယောက်က အခန်းအပြင်တွင် ကျန်းရီကို စောင့်နေသည်။ ကျန်းရီ ပြန်လာသည်ကို တွေ့လိုက်သောအခါ ထိုဝန်ထမ်းက ခပ်သွက်သွက် ဦးညွှတ်ကာ ပြောလိုက်သည်။

“အရှင် ပြန်ပါလာပြီလား။ အရှင်က မြို့အရှင်အိမ်တော်မှာ နေလိမ့်မယ်လို့ ကျွန်တော်က ထင်နေတာ”

“ငါ တစ်ရက်အတွင်း သွားမှာပါ။ ဒီမှာ နတ်ဘုရားအမြစ်တစ်‌သောင်း။ ငါ ကျင့်ကြံနေတုန်း ကောင်းကင်စွမ်းအားနည်းနည်း မတော်တဆ ထုတ်မိလိုက်လို့ ပရိဘောဂတွေ ပျက်စီးသွားတယ်။ ငါ အလျော်ပြန်ပေးပါမယ်”

ကျန်းရီ သူ့လက်စွပ်ထဲမှနေ၍ နတ်ဘုရားအမြစ်တစ်သောင်းထုတ်ကာ ဝန်ထမ်းကိုပေးလိုက်သည်။ ဝန်ထမ်းသည် မယူဝံ့ပေ။ ယခုတွင် ကျန်းရီက ဟယ်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ မည်သို့ပင်ဖြစ်စေ ကျန်းရီက အတင်းပေးလိုက်ပြီး အေးစက်စက်လေသံဖြင့်‌ ပြောလိုက်သည်။

“ကျွန်တော် အခန်းအောင်းပြီး ကျင့်ကြံလိုက်ဦးမယ်။ အရေးကြီးကိစ္စမရှိရင် ကျွန်တော့်ကို မနှောင့်ယှက်ပါနဲ့”

ဝန်ထမ်းသည် အတန်ငယ်ပင် သံသယမဖြစ်ဘဲ ခပ်သုတ်သုတ် ထွက်သွားလိုက်သည်။ ကျန်းရီ သူ့အခန်းထဲဝင်ပြီး အခန်းအကာအရံကို နှိုးလိုက်သည်။ သူ အတန်ငယ် ခေါင်းစားနေပေသည်။ ဤမြို့မှ ထွက်သွားနိုင်ရန် နောက်တစ်ရက်‌လောက် စောင့်ရဦးမည်ဖြစ်သည်။ တစ်ရက်ပြည့်လျှင် သူ့မျက်နှာပေါ်တွင် အနာဖေးများနှင့် အမာရွတ်များ ရှိနေပါဦးမည်လော။ မရှိတော့လျှင် သူ အခြားသူများကို မည်သို့တွေ့ရမည်နည်း။ အကယ်၍ လူများက စတင်သံသယဖြစ်လာမည်ဆိုလျှင် ဟယ်နုန်ယင်းပင် သူ့ကို ကယ်နိုင်လိမ့်မည် မဟုတ်ပေ။

‘စွန့်စားရမှာပဲ’

ကျန်းရီ အံကြိတ်လိုက်ပြီး သူ့ဒဏ်ရာများကို မကုသရန် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့ကို သဘာဝအတိုင်းသာ ပြန်ကောင်းစေလာမည်ဖြစ်သည်။ သို့ဆိုလျှင် အနည်းဆုံးတော့ သူ့မျက်နှာပေါ်၌ အမာရွတ်များ ကျန်ခဲ့နိုင်သေးပြီး သူ့ကို အလွန်ရုပ်ဆိုးနေစေပေလိမ့်မည်။ သို့သော် ထိုသို့လုပ်လိုက်လျှင် နောက်တွင်လည်း သူ၏မျက်နှာကို ပြန်ကုနိုင်လိမ့်မည် မဟုတ်ပေ။ တစ်နည်းတော့ရှိသည်။ ယင်းမှာ ကျန်းရီ သူ့ကိုယ်သူ ထပ်မံမီးရှို့၍ နတ်ဘုရားသစ်ရွက်ကိုသုံးကာ ပြန်ကုသခြင်းဖြစ်သည်။

ရှိစေတော့။

ကျန်းရီ အဆုံးစွန်အထိ လုပ်ရပေမည်။ သူ ယန်ကိုးပါးစစ်တပ်သို့ ရောက်လျှင်ပင် သူ၏မျက်နှာအစစ်အမှန်ကို ပြ၍ရမည် မဟုတ်ပေ။ ထို့ကြောင့် ရုပ်ဖျက်ရန် အမာရွတ်များ ချန်ထားခြင်းမှာလည်း မဆိုးသောနည်းလမ်းပင်။ ထို့ပြင် သူ နှစ်ကြိမ် မီးလောင်ခံခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ နောက်တစ်ကြိမ်ထပ်၍ မီးလောင်ခံရန်မှာ မပြောပလောက်တော့ပေ။

ယောက်ျားများသည် မိမိကိုယ်ကိုယ် ရက်စက်ရပေမည်။

All Chapters