← Chapters

စွမ်းအားကြီးကာ ပြိုင်ဘက်ကင်းသော

Vol. 120 Ch. 1664

စွမ်းအားကြီးကာ ပြိုင်ဘက်ကင်းသော

Vol. 120 Ch. 1664

ကျန်းရီသည် ဟယ်နုန်ယင်းကို ယုံကြည်သော်လည်း သတိလက်လွတ် မဖြစ်ဝံ့သေးပေ။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ပတ်ဝန်းကျင်ကို မပြတ်အာရုံခံနေလိုက်သည်။ အနိမ့်ဘုံအချိန် ဆယ်ရက်ကြာသည်အထိ မြို့က တည်ငြိမ်နေမှ ကျန်းရီ စိတ်အေးအေးထားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဟယ်နုန်ယင်းက သူ့ကို သစ္စာဖောက်လိုက်လျှင် ယခုလောက်ဆို တောက်လန်နှင့် တောက်နုတို့က ဤသို့ ရောက်လာလောက်ပေပြီ။

ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားနှစ်ယောက်က ရောက်မလာခဲ့သော်လည်း တောက်ရန် ရောက်လာခဲ့သည်။

တောက်ဖုန့်က သေသွားပြီဖြစ်သည်။ ထို့ကြောင့် တောက်ရန်က တောက်မျိုးနွယ်၏ စွမ်းအားအကြီးဆုံး သခင်လေး ဖြစ်လာသည်။ သူ စိတ်လှုပ်ရှားနေသည်ဟု ဆိုနိုင်သည်။ ဟယ်နုန်ယင်းက ချီလင်းဧကရီ၏ မွေးစားမြေးပင်။ အကယ်၍ တောက်ရန်သာ သူမကို လက်ထပ်နိုင်မည်ဆိုလျှင် သူ နောင်တွင် သေချာပေါက် တောက်မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင် ဖြစ်လာနိုင်သည်။ ထို့ပြင် ဟယ်နုန်ယင်းက ကောင်းကင်ဘုံရှိ အလှဆုံးမိန်းမပျိုများထဲမှ တစ်ယောက်ဖြစ်သည်။ သူမသည် ယောက်ျားတိုင်း၏ တပ်မက်မှုကို ခံရသော ဂုဏ်သရေရှိ မိန်းမပျိုတစ်ယောက်ပင်။

ကျန်းရီက မြို့ထဲတွင် ရှိနေသဖြင့် ဟယ်နုန်ယင်းသည် ရွေးချယ်စရာ မရှိတော့ဘဲ တောက်ရန်ကို တစ်ခဏမျှ လက်ခံတွေ့ဆုံပေးရသည်။ တောက်ရန်၏ အပြုအမူများက ဟယ်နုန်ယင်းကို သူ့အား ပိုမုန်းစေသည်။ သူမသည် တောက်ဖုန့်ကို မနှစ်မြို့သော်လည်း တောက်ရန်နှင့် ယှဉ်လျှင် တောက်ဖုန့်က ‌တော်သေးသည်ဟုပင် ခံစားမိသည်။ တောက်ရန်သည် တောက်ဖုန့်ထက် အစစအရာရာ ပိုဆိုးပေသည်။ တောက်ဖုန့် သေခဲ့သည်မှာ မည်မျှသာကြာသေးသနည်း။ ကျန်းရီကိုလည်း မဖမ်းမိသေး။ သို့သော် တောက်ရန်က ဟိတ်ဟန်အပြည့်နှင့် ရောက်လာပြီး ဟယ်နုန်ယင်းကို ပိုးပန်းရန် ကြိုးစားနေပေသည်။

တောက်ရန်သည် ဟယ်နုန်ယင်းကို အဖော်ပြု၍ အနီးမှ မြို့တစ်မြို့တွင် ကျန်းရီကို ဆက်ရှာ၏။ သူတို့နှင့်အတူ တပ်သားတစ်သိန်းနှင့် အုပ်ချုပ်သူအဆင့် အကြီးအကဲ နှစ်ယောက် ပါလာသည်။ တောက်ရန်က စွမ်းအားကြီးပုံပေါ်သော်လည်း ရှာဖွေမှုအပေါ် အရေးမစိုက်ကြောင်း ထင်ရှားသည်။ သူ၏အတွေးအားလုံးက ဟယ်နုန်ယင်းအပေါ်တွင်သာ ရှိနေသည်။ သူက ထိုသို့ပြုမူလေလေ ဟယ်နုန်ယင်းက သူ့ကို ရွံလာလေလေပင်။

အနီးရှိ မြို့ လေး၊ ငါးမြို့ကို ရှာပြီးနောက် ဟယ်နုန်ယင်းတို့ ပြန်လာကြ၏။ ဟယ်နုန်ယင်းသည် သူမက ဤမြို့၌ နေရသည်ကို အသားကျနေပြီဖြစ်၍ ခေတ္တမျှ ဆက်နေကာ အနားယူမည်ဟု ပြောလိုက်သည်။ ထို့ပြင် သူမ ဧည့်သည်များနှင့်လည်း တွေ့ဆုံတော့မည်လည်း မဟုတ်ပေ။ ထို့ကြောင့် တောက်ရန်သည် ရွေးချယ်စရာ မရှိတော့ဘဲ သူ့လူများကို ခေါ်၍ ပြန်သွားရလေသည်။ သူ့မျိုးနွယ်တစ်ခုလုံးက ကျန်းရီကို လိုက်ရှာနေကြသည် မဟုတ်လော။ သူက မည်သည့်အကြောင်းမှ မရှိဘဲ ဤနေရာတွင် ဆက်နေနေမည်ဆိုလျှင် အများပြောစရာ ဖြစ်ပေလိမ့်မည်။

တောက်ရန်ထွက်သွားပြီး နေ့ဝက်ကြာပြီးနောက် ဟယ်နုန်ယင်းသည် တောက်ရန် ပြန်လာမည်စိုးသဖြင့် ကျန်းရီကို အပြင်သို့ ခေါ်ထုတ်သွားရန် ပြင်ဆင်လိုက်သည်။ ကျန်းရီထံ သတင်းပို့ရန် သူမ လူတစ်ယောက် စေလွှတ်လိုက်သည်။ ကျန်းရီသည် သတင်းရရချင်း အခန်းအောင်းကျင့်ကြံနေရာမှ ထွက်ကာ မြို့အရှင်အိမ်တော်ဆီ ခပ်သုတ်သုတ် သွားလိုက်လေသည်။

“ရုပ်ဆိုးလိုက်တာ...”

ဟယ်နုန်ယင်းသည် ကျန်းရီ၏ မျက်နှာကို တွေ့သောအခါ အသံတစ်သံပို့လွှတ်လိုက်ပြီး သူ့ကို ထပ်မံမကြည့်တော့ပေ။ သူမ ဒေါ်လေးရွှမ်နှင့်အတူ စစ်ရထားလုံးပေါ် တက်လိုက်သည်။ ထို့နောက် ဒေါ်လေးရွှမ်က အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။

“တပိုင်... သွားကြစို့”

ဆယ့်ငါးမီတာလောက်ရှည်သော နှင်းဖြူရောင် သားရဲကြီးက လေထဲသို့ ပျံတက်သွား၏။ စစ်ရထားလုံးက ကောင်းကင်ကိုခွင်း၍ ပျံတက်သွားချိန်တွင် ဟယ်နုန်ယင်းသည် ကျန်းရီကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ဟယ်တ... ကျွန်မတို့နောက်က လိုက်ခဲ့”

ဝှစ်...

ကျန်းရီလည်း ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး စစ်ရထားလုံးနောက်က ကပ်လိုက်၍ အရှေ့မြောက်ဘက်သို့ ဦးတည်သွားလိုက်လေသည်။ မြို့နှင့် ကီလိုမီတာငါးဆယ်အကွာသို့ ရောက်သောအခါ စစ်ရထားလုံးက ရုတ်တရက် ရပ်တန့်သွားသည်။ ဟယ်နုန်ယင်းက အသံပို့လွှတ်ကာ ပြောလိုက်၏။

“ကျွန်မရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်။ ရှင် အဲ့ထဲမှာ လုံလုံခြုံခြုံ ကျင့်ကြံနိုင်တယ်။ ငါးရက်နေရင် ကျွန်မတို့ မိုးပြာဒေသထဲက ထွက်ပြီ”

“အဲ့လောက်တောင် ကြာတယ်လား”

ကျန်းရီ အံ့အားသင့်သွား၏။ မိုးပြာဒေသက မည်မျှကြီးမားသနည်း။ အဘယ်ကြောင့် ဟယ်နုန်ယင်းက ဒေသအပြင်သို့ တည်နေရာမပြောင်းရွှေ့ရသနည်း။ သို့သော် ကျန်းရီသည် ထိုမေးခွန်းများကို မေးရန် ရှက်နေမိသည်။ ထို့ကြောင့် သူ မည်သို့မှ မပြောတော့ဘဲ သူ့ကို သူမ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်ဖို့ ဟယ်နုန်ယင်းအား ခွင့်ပြုလိုက်သည်။ ထို့နောက် သူ လှပသော အဖြူရောင်ခန်းမလေးတစ်ခုထဲသို့ ရောက်သွားပေသည်။

“ဟင်းဟင်း.. အဲ့ကောင်စုတ်က တော်တော် ရဲတင်းတာပဲ။ သခင်မလေးက သူ့ကို ရောင်းစားလိုက်မှာကို မကြောက်ဘူးလား မသိဘူး”

ဒေါ်လေးရွှမ်သည် ဟယ်နုန်ယင်း၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ကြည့်၍ လှောင်ပြုံးပြုံးလိုက်၏။ ကျန်းရီက သူ၏အသက်ကိုရင်းကာ ဟယ်နုန်ယင်းကို ယုံကြည်နေခြင်းပင်။ အကယ်၍ လေဟာနယ်နတ်ဘုရားအသုံးအဆောင်သာ ပေါက်ကွဲသွားမည်ဆိုလျှင် ကျန်းရီလည်း အပိုင်းပိုင်းပြတ်သွားပေလိမ့်မည်။

“ကျွန်မက လူကဲခတ် တော်ပါတယ်”

ဟယ်နုန်ယင်းက ယုံကြည်မှုရှိရှိ ပြောသည်။

“သူသာ မသေခဲ့ရင် အနိမ့်ဆုံး ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်။ သူက ဒုတိယ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်တောင် ဖြစ်လာနိုင်တယ်။ ခက်တာက သူ့ရဲ့ သတ်ဖြတ်လိုစိတ်က အရမ်းအားကောင်းနေတာပဲ။ နောက်ကျရင် သူ ကောင်းကင်ဘုံတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုန်ဖြစ်သွားအောင် လုပ်ပစ်မှာကို ကျွန်မ စိုးရိမ်မိတယ်”

“သခင်မလေး လုပ်ပြီးပြီဆိုတော့ ဆက်တွေးနေစရာ မလိုတော့ပါဘူး။ ကျွန်မတို့ အရာအားလုံးကို ကံကြမ္မာလက်ထဲပဲ ထည့်ထားတာပေါ့”

ဒေါ်လေးရွှမ်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ ထို့နောက် သားရဲကြီးကို အော်ပြောလိုက်သည်။

“တပိုင်... မြန်မြန်သွား...”

သားရဲကြီးက အဖြူရောင်တောက်ပလာပြီး အရှိန်တင်လိုက်၏။ စစ်ရထားလုံးက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်၏ အမြန်နှုန်းနှင့် သွားနေပြီး အဝေးရှိ မရေမတွက်နိုင်သော တောင်ထွတ်များ၊ တောင်ကြားများအကွယ်တွင် ပျောက်ကွယ်သွားပေသည်။

လမ်းတစ်လျှောက်တွင် ကျန်းရီကို ရှာဖွေနေသော တောက်မျိုးနွယ်မှ တပ်သားများစွာနှင့် ကြုံရ၏။ သို့သော် ဟယ်နုန်ယင်းကို တွေ့သောအခါ မည်သူကမှ သူမတို့လမ်းကို မပိတ်ဝံ့ကြပေ။ လူများသည် သူမ၏လမ်းကို မပိတ်ရုံသာမက တပ်သားအချို့က သူမကို လိုက်ပင် ပို့ဆောင်ပေးကြသေးသည်။ သို့သော် ဟယ်နုန်ယင်းက သူတို့ကို လိုက်မပို့ရန် ငြင်းလိုက်ပေသည်။

တစ်ရက်ကြာအောင် အေးအေးချမ်းချမ်း ပျံသန်းနေပြီးနောက် ဟယ်နုန်ယင်း၏ စစ်ရထားလုံးက လေထဲတွင် ရုတ်တရက် ရပ်တန့်သွား၏။ တပ်ကြီးတစ်တပ်က သူမတို့အရှေ့မှ လမ်းကို ပိတ်ဆို့ထားသည်။ တပ်ကြီးကို ဦးဆောင်လာသူမှာ သခင်လေးတောက်ရန်ပင်။ တောက်လန်လည်း ရှိနေသဖြင့် ဟယ်နုန်ယင်းနှင့် ဒေါ်လေးရွှမ်တို့နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။

တောက်မျိုးနွယ်၏ တတိယစွမ်းအားအကြီးဆုံးပုဂ္ဂိုလ်က သူမတို့၏လမ်းကို ပိတ်နေသည်။ ယင်းမှာ ဘာအဓိပ္ပာယ်နည်း။ တောက်မျိုးနွယ်က သူမကို သံသယဖြစ်နေပြီဆိုသော အဓိပ္ပာယ်ပင်။ သူမက ကျန်းရီကို ကယ်သွားခြင်း ဖြစ်မည်ဟု သူတို့ သံသယဖြစ်နေခြင်းလော။ အဘယ်ကြောင့် တောက်လန်ကဲ့သို့သော လူတစ်ယောက်က ဤသို့ ရောက်လာရခြင်းနည်း။

“ဒေါ်လေးရွှမ်၊ ဘာမှ မပြောပါနဲ့။ ပြောစရာရှိတာ ကျွန်မပဲ ပြောပါမယ်”

ဟယ်နုန်ယင်း စိတ်မသက်မသာ ခံစားနေရ၏။ သို့သော် သူမ၏ မျက်နှာထားက မပြောင်းလဲပေ။ သူမသည် ဒေါ်လေးရွှမ်ဆီ အသံပို့လွှတ်လိုက်ပြီးနောက် စစ်ရထားလုံးကို ရပ်ကာ ထရပ်၍ တောက်လန်ကို ဦးညွှတ်လိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် အေးစက်ဧကရာဇ်၊ နှုတ်ခွန်းဆက်ပါတယ် သခင်လေးတောက်ရန်”

တောက်လန်က မည်သို့မှ မပြောပေ။ သို့သော် တောက်ရန်က ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။

“သခင်မလေးနုန်ယင်း... သခင်မလေးက ဘာလို့ တစ်ခွန်းမှမပြောဘဲ ထွက်သွားရတာလဲ။ အဲ့ဒါက တော်တော်လေး မယဉ်ကျေးရာကျတယ်မဟုတ်လား။ ကျွန်တော်က သခင်မလေး မိုးပြာမဟာဧကရာဇ်တောင်ထွတ်ကို ရောက်လာမှာကို စောင့်နေခဲ့တာ။ သခင်မလေး အိမ်ပြန်နေပြီဆိုတဲ့သတင်း ရတာနဲ့ ကျွန်တော် ချက်ချင်း အပြေးအလွှား ထွက်လာခဲ့တာပဲ”

ဟယ်နုန်ယင်းက သိမ်မွေ့စွာပြုံး၍ ပြန်ပြောလိုက်သည်။

“ကျွန်မက မိုးပြာဒေသထဲမှာ ရှုခင်းပတ်ကြည့်နေတာပါ။ ပြီးတော့ ကျွန်မ ဟွင့်သွမ့်ပင်လယ်က ပြန်ရောက်ရောက်ချင်း မိုးပြာဒေသကို လာခဲ့ရတာ။ အခု အိမ်ပြန်ဖို့ အချိန်တန်ပြီမဟုတ်လား”

တောက်ရန်က ပြုံးကာ ခေါင်းညိတ်သည်။

“ဟုတ်ပါတယ်။ သခင်မလေး မိုးပြာဒေသထဲမှာ ရှိနေခဲ့တာ ကြာပါပြီ။ ချီလင်းဧကရီက သခင်မလေးကို လွမ်းနေလောက်ရောပေါ့။ ကျွန်တော်တို့က ကောင်းကောင်းကင်ဧည့်ဝတ်မကျေခဲ့တဲ့အတွက် ကျွန်တော် အပြစ်ရှိသလို ခံစားရပါတယ်”

ဟယ်နုန်ယင်း ပြန်ပြောသည်။

“သခင်လေးရန်က အားနာလွန်းနေပါပြီ”

တောက်ရန် ဆက်မပြောတော့ဘဲ ‌တောက်လန်က ပြုံးကာ ဝင်ပြောလိုက်သည်။

“သခင်မလေးဟယ်... သခင်မလေးက ဘာလို့ အိမ်ကို တည်နေရာပြောင်းရွှေ့ပြီး မပြန်တာလဲ။ ပျံသွားရတာက... မပင်ပန်းဘူးလား”

မျှော်လင့်ထားသကဲ့သို့ပင်...

ဟယ်နုန်ယင်း ရင်ထဲမှ သက်ပြင်းချလိုက်သည်။ တောက်လန်က အမှန်ပင် သူမကို သံသယဖြစ်နေပေပြီ။ သို့သော် သူမသည် မည်သို့ရှင်းပြရမည်ကို ယခင်ကတည်းက တွေးထားပြီးဖြစ်သည်။ ထို့ကြောင့် သူမ ပြုံးကာ ပြောလိုက်သည်။

“အခုလို စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ် အေးစက်ဧကရာဇ်။ နုန်ယင်းက ဝိညာဉ်ငြိမ်သက် ဆန်းကြယ်စွမ်းရည်ကို ကျင့်ကြံနေတာပါ။ တကယ်လို့ တည်နေရာမပြောင်းရွှေ့လို့ရမယ်ဆိုရင် မပြောင်းရွှေ့ဘဲ နေချင်ပါတယ်”

“ဝိညာဉ်ငြိမ်သက်လား”

တောက်ရန် မျက်လုံးများ လင်းလက်သွားပြီး လက်မထောင်လိုက်၏။

“ချီလင်းဧကရီက သခင်မလေးကို ဝိညာဉ်ငြိမ်သက် ပေးလိုက်တာလား။ သခင်မလေးနုန်ယင်း... သခင်မလေးက သေချာပေါက် ဒုတိယချီလင်းဧကရီ ဖြစ်လာမှာပဲ”

“သခင်မလေးဟယ်... သခင်မလေးက အရမ်းကံကောင်းတာပဲ”

တောက်လန်က ခေါင်းညိတ်ကာ သူမကို ချီကျူးလိုက်၏။ သို့သော် သူ ချက်ချင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“သခင်မလေးဟယ်က မိုးပြာဒေသထဲမှာ သခင်မလေးတို့မျိုးနွယ်က လူတစ်ယောက်ကို တွေ့ခဲ့တယ်လို့ ကျုပ် ကြားပါတယ်။ သူက ဘယ်မှာပါလဲ”

ဒေါ်လေးရွှမ် ခန္ဓာကိုယ်တောင့်တင်းသွား၏။ တောက်လန်က ဟယ်နုန်ယင်းကို တဲ့တိုးမေးနေသည်လော။ ဟယ်တက ကျန်းရီဟု တောက်လန် သံသယဖြစ်နေလောက်ပြီဖြစ်ကြောင်း ထင်ရှားသည်။ အမှန်တွေးကြည့်မည်ဆိုလျှင်လည်း ဟယ်တက အမှန်ပင် အလွန်သံသယဖြစ်စရာကောင်းသည်။ မည်သည့်တောက်မျိုးနွယ်တပ်သားကမှ ဟယ်တကို ဟယ်နုန်ယင်း၊ ဒေါ်လေးရွှမ်တို့နှင့် မတွေ့ခဲ့ပေ။ ထို့ကြောင့် တောက်လန်က သံသယဖြစ်ခြင်းမှာ ပုံမှန်သာဖြစ်သည်။

“ဪ... ရှင်က ဟယ်တအကြောင်း ပြောနေတာလား”

ဟယ်နုန်ယင်းက ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။

“သူက ကျွန်မတို့မျိုးနွယ်က အိမ်‌တော်ထိန်းအိုကြီးရဲ့ သားပါ။ ကျွန်မ သူ့ကို တာဝန်တစ်ခု ထမ်းဆောင်ဖို့ စေလွှတ်လိုက်တာပါ။ အေးစက်ဧကရာဇ်... ဘာလို့ ရှင်က ကျွန်မတို့မျိုးနွယ်က အစေခံတစ်ယောက်အတွက် စိတ်ပူနေရတာပါလဲ”

ဟယ်နုန်ယင်းက ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်၏။ သူမ၏ မျက်နှာထားက တစ်ချက်မှ ပြောင်းမသွားပေ။ ထိုအစား သူမ၏တစ်ကိုယ်လုံးမှနေ၍ တည်ငြိမ်သော အငွေ့အသက်များ ထွက်နေသည်။ အကယ်၍ ကျန်းရီသာ အပြင်တွင် ရှိနေလျှင် သေချာပေါက် လက်မထောင်ပြလိုက်မည်ဖြစ်သည်။

တောက်ရန်သည် ဟယ်နုန်ယင်းက အတန်ငယ် အေးစက်လာသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် တင်းမာနေသော အခြေအနေကို ဖြေလျှော့ရန် သူ ခပ်သွက်သွက် ရှေ့ထွက်ကာ ဝင်ပြောလိုက်သည်။

“သခင်မလေးနုန်ယင်း... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ဦးလေးလန်က ဒီအတိုင်း မေးလိုက်တာပါ.. ဒီအတိုင်း မေးတာပါ”

“မဟုတ်ဘူး...”

တောက်ရန်က တင်းမာမှုကို ဖြေလျှော့ရန် ကြိုးစားနေသော်လည်း တောက်လန်က အေးစက်စက်လေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။

“သခင်မလေးဟယ်... အဲ့ဟယ်တနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ ကျုပ်ထင်တယ်။ ပြီးတော့... ဟယ်တက သခင်မလေးရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲမှာ ရှိနေတယ်လို့ ကျုပ် သံသယရှိတယ်။ သူ့ကို ကျုပ် စစ်ဆေးရအောင် အပြင်ထုတ်ပေးလို့ရမလား”

“အာ...”

တောက်ရန်၏ မျက်နှာပေါ်မှ အပြုံးက တင်းမာသွားသည်။ ဒေါ်လေးရွှမ်လည်း ဒေါသထွက်သွား၏။ တောက်လန်က သူမတို့အပေါ် လုံးဝ ‌လေးစားမှု မပြပေ။ သို့ဖြစ်ရာ ဟယ်နုန်ယင်း၏ ကိုယ်ရံတော်တစ်ယောက်အနေဖြင့် သူမ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

သို့သော် ဟယ်နုန်ယင်း၏ မျက်နှာထားက ပြောင်းလဲမသွားသေးပေ။ သူမ အတန်ငယ် ပြုံးလိုက်ပြီး တောက်ရန်ကို မျက်လုံးချင်းဆုံအောင် ကြည့်ပြီးနောက် တောက်လန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“အေးစက်ဧကရာဇ်ရဲ့ တိုက်ခိုက်စွမ်းရည်တွေက စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းတယ်လို့ ကျွန်မ ကြားဖူးတာ ကြာပါပြီ။ ကျွန်မ ဒီနေ့ အဲ့ဒါကို ကိုယ်တိုင် မြင်ရ‌တော့မှာပေါ့။ ဟယ်တက ကျွန်မရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲမှာ မရှိပါဘူး။ အေးစက်ဧကရာဇ် ကျွန်မကို မယုံဘူးဆိုရင် လာရှာနိုင်ပါတယ်။ ရှင် လာရှာလို့ ဘာကိုမှ မတွေ့ရင်၊ ကျွန်မက အမှန်ကိုပြောနေတာဆိုရင် တောက်မျိုးနွယ်က ကျွန်မရဲ့ အဘွားကို ဖြေရှင်းချက်ပေးလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”

All Chapters