← Chapters

အသင်းတစ်ခုဖွဲ့စည်းကာ ထွက်ခွာခြင်း

Vol. 38 Ch. 532

အသင်းတစ်ခုဖွဲ့စည်းကာ ထွက်ခွာခြင်း

Vol. 38 Ch. 532

ကုလန်သည် တစ်နှစ်လျှင် ဆည်းဆာရွှေရာချီသာ ဝင်ငွေရှိသောကြောင့် အမဲလိုက်ခရီးသာ အဆင်ပြေလျှင် အနည်းဆုံး သောင်းချီ၊ထို့ထက်မကလျှင် သိန်းချီပင်ရနိုင်သည်။ ဤကား သူနှင့်လင်းယုအတွက် ဘဝတစ်ခုလုံး အဆင်ပြေလောက်သော ပမာဏဖြစ်သည်။ ယဲ့ချန်သည် နှစ်ကိုယ်ခွဲရန် အစီအစဥ်တစ်ခု ဆွဲထားခဲ့သည်။ တစ်ယောက်က ဆေးစံအိမ်တွင် ဆေးပညာလေ့လာနေစဥ် ကျန်တစ်ယောက်က ကုလန်နှင့်အတူ ကောင်းကင်ဘုံငယ်သို့ ခရီးထွက်မည်ဖြစ်သည်။ ယဲ့ချန်နှင့်ကုလန် ဆွေးနွေးနေစဥ် လူနှစ်ယောက်က ခြံဝန်းအတွင်း ဝင်ရောက်လာကာ ဆေးစံအိမ်မှ ရွှမ်အန်းနှင့် ဖန်ရောင်တို့ဖြစ်ကြသည်။ သူတို့က အကြောင်းတစ်ခုနှင့်ပတ်သက်၍ အချင်းများနေပုံပေါ်သည်။

"ဖန်ရောင် ငါက အများကြီးအစွမ်းမထက်ပေမယ့် မင်း ငါ့ကို ယုံကြည်ပေးပါ။ မင်းကို ကောင်းမွန်တဲ့ ဘဝတစ်ခုမှာထားမယ်လို့ ကတိပေးပါတယ်"

ရွှမ်အန်းက တောင်းပန်လိုက်သည်။

"နင့်မှာ ဘာအရည်အချင်းရှိလို့လဲ။ ဆေးစံအိမ်မှာ တောက်တိုမယ်ရလုပ်ပြီး ရတဲ့ငွေလေးက ဟာသ မဟုတ်ဘူးလား"

ဖန်ရောင်က ရွှမ်အန်းကို အထင်သေးစွာ ကဲ့ရဲ့လိုက်၏။ သူမက စားသောက်ဆိုင်တွင် စားပွဲထိုးလုပ်နေသောအခါ ငွေကိုရေလိုသုံးသော အထက်တန်းစားများကို နေ့တိုင်း တွေ့နေရသည်။ ထိုလူများက အစားတစ်နပ်အတွက် ဆည်းဆာရွှေသန်းချီ အသုံးပြုသည်ကို မြင်သောအခါ ရွှမ်အန်းသည် သူမကို ထိုဘဝမျိုးမပေးနိုင်ဟု ဆုံးဖြတ်ထားသည်။

"ဖန်ရောင် ငါ သေချာပေါက် အလုပ်ကြိုးစားပါ့မယ်"

ရွှမ်အန်းက ဖန်ရောင်၏လက်ကိုဆွဲရန် ပြင်လိုက်သည်။ သို့သော် ဖန်ရောင်ကမူ ရိုင်းပျစွာဖြင့် သူ၏လက်ကိုပုတ်ချ၍ အခန်းတွင်းသို့ဝင်ကာ တံခါးကို ဒုန်းခနဲ ဆောင့်ပိတ်လိုက်သည်။ ရွှမ်အန်းသည် တံခါးရှေ့တွင် အထီးကျန်စွာကျန်ရစ်ခဲ့ပြီး ခဏအကြာတွင် လှည့်ထွက်လိုက်သောအခါ ယဲ့ချန်နှင့် ကုလန်ကို မြင်လိုက်ရသဖြင့် ခါးသက်သက်ပြုံးလိုက်မိသည်။

"အစ်ကိုကု အစ်ကိုယဲ့"

ရွှမ်အန်း၏မျက်နှာထားက ပုံမှန်ဖြစ်သွားကာ ယဲ့ချန်တို့ကို နှုတ်ခွန်းဆက်လိုက်သည်။

"ရွမ်အန်းနဲ့ယှဥ်ရင် ငါက ရှင်မကိုရထားတာ အတော်ကံကောင်းတယ် ပြောရမယ်။ သူမက အထက်တန်းစားဖြစ်လာမယ့် အခွင့်အရေးကိုလွှတ်ချပြီး ငါနဲ့အတူ ဆင်းဆင်းရဲရဲနေထိုင်ဖို့ ရွေးချယ်ခဲ့တယ်။ ငါက သူမအတွက် ဘာလို့အသက်မစွန့်နိုင်ရမှာလဲ"

ကုလန်က ယဲ့ချန်ထံ အသံဖြင့် တိတ်တဆိတ်ဆက်သွယ်ကာ ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်သည်လည်း ကုလန်၏ခံစားချက်ကို နားလည်သောကြောင့် ခေါင်းညိတ်လိုက်သည်။ အမဲလိုက်ခရီးက သူတို့စုံတွဲ၏ဘဝကိုပြောင်းလဲပေးနိုင်သော အခွင့်အရေးဖြစ်သောကြောင့် ကုလန်က လက်လျှော့မည်မဟုတ်ပေ။

"ညီလေးရွှမ် မင်း ဒီလိုမိန်းမမျိုးအတွက် အောက်ကျခံနေစရာ မလိုဘူး။ မင်းက သူမအတွက် မျက်စိစုံလုံးကန်းနေရင် တစ်ဘဝလုံး နိမ့်ကျသွားလိမ့်မယ်။ မင်းကိုယ်မင်းတိုးတက်အောင် ကြိုးစားစမ်းပါကွာ။ အချိန်ကျလာရင် ပိုကောင်းတဲ့ မိန်းမတစ်ယောက် တွေ့လာလိမ့်မယ်"

ယဲ့ချန်က သူ့ကိုကူညီပေးခဲ့သော ရွှမ်အန်းကိုဖြောင်းဖျရန် ဆုံးဖြတ်လိုက်၏။ နောက်ဆုံးဆုံးဖြတ်ချက်အတွက်မူ ရွှမ်အန်းကိုယ်တိုင် ပြတ်သားရပေလိမ့်မည်။ သူက ယဲ့လော့၊ နင်အာ ၊ပိုလင်းနှင့် ထန်တိုက်လင်အကြောင်း တွေးမိလိုက်သည်။ ရွှမ်အန်းနှင့်ယှဥ်လျှင် အေးအတူပူအမျှ ခံစားဝံ့သော မိန်းကလေးများ ပိုင်ဆိုင်ထားရခြင်းအတွက် ကိုယ့်ကိုကိုယ်ကံကောင်းသည်ဟု ခံစားမိသည်။

ယဲ့ချန်၏စကားအဆုံးတွင် ရွှမ်အန်းက မင်သက်သွားကာ ခဏတာတိတ်ဆိတ်သွားခဲ့သည်။ သူက ယဲ့ချန်၏ဆိုလိုရင်းကို သဘောပေါက်သော်လည်း လက်လွှတ်ရန်ခက်ခဲနေပြီး ဖန်ရောင်၏သဘောထား ပြောင်းလဲလာမည်ဟု မျှော်လင့်နေခဲ့သည်။

"ညီလေးရွှမ် ငါနဲ့ရှင်မအထင် မင်းက တကယ်တော်တဲ့ လူငယ်လေးတစ်ယောက်ပါ။ ဒါပေမယ့် စုံတွဲဆိုတာ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ အတူတကွရှိနေနိုင်ကြတယ်။ ဒီလိုဆိုရင် မချမ်းသားဘူးဆိုရင် အေးချမ်းသာယာတဲ့ ဘဝလေးမှာ နေနိုင်လိမ့်မယ်"

ကုလန်က ရွှမ်အန်း၏ပခုံးကို လက်ဖြင့်ပုတ်၍ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏စကားကြောင့် ရွှမ်အန်းက တစ်စုံတစ်ခုကို နောက်ဆုံး၌ နားလည်သွားခဲ့သည်။ ကုလန်အတွက် လင်းယုသည် အထက်တန်းစားဖြစ်လာမည့် အခွင့်အရေးကို လက်လွှတ်ခဲ့သည်။ ကျန်တစ်ဖက်တွင် ဖန်ရောင်က အထက်တန်းစားဖြစ်လာရန် အမြဲတမ်းလောဘတက်နေကာ သူ့ကိုလက်ခံခဲ့လျှင်ပင် အမြင့်သို့တက်ရန် အခွင့်အရေးရလာပါက သူ့ကို သေချာပေါက် ထားရစ်ခဲ့ပေလိမ့်မည်။ သူက ဤမျှလောဘကြီးသော မိန်းမတစ်ယောက်ကို ဆက်လက်စွဲလန်းနေရန် မသင့်တော်ပေ။

"ကျေးဇူးတင်ပါတယ် အစ်ကိုကု အစ်ကိုယဲ့။ ကျုပ် နားလည်သွားပါပြီ"

ရွှမ်အန်းက စိတ်ထဲတွင် နာကျင်နေသော်လည်း ဆုံးဖြတ်ချက်တစ်ခု ပိုင်ပိုင်နိုင်နိုင် ချမှတ်လိုက်၏။ ရွှမ်အန်းထွက်ခွာသွားသောအခါ ယဲ့ချန်နှင့်ကုလန်က တစ်ယောက်ကို တစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။

နောက်တစ်ရက်ရောက်သောအခါ နံနက်စောစောတွင် ယဲ့ချန်တစ်ယောက်က ဆေးစံအိမ်သို့ အလုပ်လုပ်ရန် ထွက်ခွာသွားသည်။ ကျန်တစ်ယောက်ကမူ ကုလန်ကို တစ်ချက်ကြည့်၍ ခြံဝန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။ ကုလန်က အလုပ်သွားဟန်ဆောင်၍ မြို့ဝင်ပေါက်တွင် ယဲ့ချန်နှင့်ပြန်ဆုံရန် အချိန်းအချက်ပြုလုပ်ထားသည်။ လင်းယုသည် လုပ်ရိုးလုပ်စဥ်အတိုင်း အလုပ်သွားရန်အတွက် ကုရန်နှင့်အတူ ထွက်ခွာလာခဲ့သည်။

မြို့ဝင်ပေါက်တွင် လူများစွာဝင်ထွက်သွားလာနေကာ အလွန်စည်ကားနေသည်။ ယဲ့ချန်က ခဏတာစောင့်ဆိုင်းပြီးနောက် ကုလန် ရောက်ရှိလာခဲ့သည်။

"ရှင်မကို ပထုတ်ရတာ မလွယ်ဘူးကွာ။ စောင့်ရတာ စိတ်မရှိပါနဲ့"

ယဲ့ချန်ကိုမြင်သောအခါ ကုလန်က တစ်ချက်ပြုံးပြလိုက်သည်။ ထို့နောက် သူတို့က မြို့ရိုး၏ထောင့်တစ်နေရာသို့ ထွက်ခွာလာကာ ကျင့်ကြံသူခြောက်ယောက်နှင့် တွေ့ဆုံခဲ့သည်။ ခေါင်းဆောင်ဖြစ်သူက ကုလန်နှင့်ရုပ်ချင်းဆင်ပြီး တစ်ချက်ကြည့်ရုံဖြင့် ညီအစ်ကိုများဖြစ်ကြောင်း ပြောနိုင်သည်။ ကွဲပြားသော အချက်မှာ အသက်အနည်းငယ်ပိုကြီးခြင်းနှင့် မုတ်ဆိတ်များရှိခြင်းဖြစ်သည်။

"မင်းက ညီလေးယဲ့ဖြစ်ရမယ်။ ကုလန်က ငါ့နာမည်ကို ပြောထားမှာပေါ့။ ငါက ကုဖေးပါ"

ကုဖေးက လက်နှစ်ဖက်ဆုပ်၍ ကြိုဆိုလိုက်သည်။ သူက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ အရပ်ရှည်ရှည်နှင့် တောင့်တင်းသန်မာ၍ ပွင့်လင်းသော စိတ်ထားရှိသူ တစ်ယောက်ဖြစ်သည်။

"အစ်ကိုကု"

ယဲ့ချန်ကလည်း လက်နှစ်ဖက်ဆုပ်၍ ပြန်လည်နှုတ်ဆက်လိုက်သည်။ ကုလန်၏အဆိုအရ ကုဖေးသည် ချီပင်လယ်အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

"ဒါက ဟောက်ရဲပါ။ ငါတို့ကတော့ သူ့ကို မျောက်ကြီးလို့ခေါ်တယ်။ သူက ချီပင်လယ်အဆင့်ငါးဖြစ်တယ်"

ကုဖေးက သူ့ဘေးရှိ ပိန်ပိန်ပါးပါးလူတစ်ယောက်ကို ညွှန်ပြ၍ မိတ်ဆက်ပေးလိုက်သည်။

"ညီလေးယဲ့"

ဟောက်ရဲသည် တစ်ချက်ပြုံးပြလိုက်ပြီး သူက အလွန်ပိန်သော်လည်း အားမာန်ရှိသူဖြစ်ကြောင်း ပြောနိုင်သည်။ သူ၏မျက်လုံးများက တောက်ပနေပြီး ပေါ့ပါးသော ငွေရောင်ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသည်။ သူက အလွန်သွက်လက် ပေါ့ပါးပုံပေါ်သောကြောင့် နာမည်ပြောင်နှင့် ကိုက်ညီမှုရှိသည်။

"ဒါကတော့ ဟောက်လင်း၊ ရှောင်ယွဲ့၊ လင်းနန်တို့ဖြစ်ပြီး ချီပင်လယ်အဆင့်ငါး ကျင့်ကြံသူတွေဖြစ်တယ်။ ဒါကတော့ မိန်းကလေးမင်ယွဲ့ဖြစ်ပြီး ချီပင်လယ်အဆင့်လေးပါ"

ကုဖေးက နောက်ထပ်အဖွဲ့ဝင်များနှင့် ယဲ့ချန်ကို မိတ်ဆက်ပေးလိုက်ပြီး မင်ယွဲ့မှလွဲလျှင် အားလုံးက ယောကျ်ားလေးများဖြစ်ကြသည်။ သူမက အသက်ဆယ့်ရှစ်နှစ်အရွယ် အချောအလှလေးတစ်ယောက်ဖြစ်ပြီး သူမ၏နာမည်အတိုင်း လမင်းကြီးပမာ လှပပေသည်။ သူမက တင်းကျပ်ပြီး ဒူးအထိရှည်သော ဂါဝန်ကိုဝတ်ဆင်ထားကာ ဖိနပ်ရှည်များ၏ တစ်ဖက်တစ်ချက်တွင် ဓားမြှောင်များ တပ်ဆင်ထားသည်။ သူမ၏အသွင်အပြင်အရ တိုက်ပွဲအတွေ့အကြုံရှိပုံပေါ်ပြီး ခန္ဓာကိုယ်ကောက်ကြောင်းများက ပေါ်လွင်ထင်ရှားနေသည်။ သူမက အဖွဲ့သို့ အသစ်ဝင်ရောက်လာသော ယဲ့ချန်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ပေါ်တင်အကဲခတ်နေခဲ့သည်။ ကျန်ယောကျ်ားလေးသုံးယောက်က အသက်နှစ်ဆယ်အရွယ်များဖြစ်ပြီး အားလုံးက စိတ်ဓာတ်တက်ကြွသူများဖြစ်ကြသည်။ လူတိုင်းက ယဲ့ချန်ကိုမိတ်ဆက်၍ သူကလည်း ယဥ်ကျေးစွာတုံ့ပြန်လိုက်သဖြင့် ပတ်ဝန်းကျင်၌ ကောင်းမွန်သော အငွေ့အသက်တို့ ဖြစ်ပေါ်လာသည်။

"ညီလေးယဲ့ရဲ့ ကျင့်ကြံဆင့်ကို ပြောပြပေးပါဦး"

ဟောက်ရဲသည် ယဲ့ချန်၏ကျင့်ကြံဆင့်ကို ထွင်းဖောက်မမြင်ရသောကြောင့် ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်သည်။

"ချီပင်လယ်အဆင့်နှစ်"

ယဲ့ချန်က အမှန်အတိုင်း ဖြေလိုက်သည်။ ဤအဖွဲ့တွင် ကုဖေးပြီးလျှင် ဟောက်ရဲက အာဏာအနည်းငယ်ရှိကြောင်း သူက သတိထားမိလိုက်သည်။ ယဲ့ချန်၏စကားကြောင့် လူတိုင်း၏မျက်နှာထားများက လေးနက်သွားပြီး ကောင်းကင်ဘုံငယ်၏ အန္တရာယ်များအကြောင်း တွေးမိလိုက်ကြသည်။

"ဒီလိုဆိုရင် ညီလေးယဲ့က ကောင်းကင်ဘုံငယ်ထဲကိုရောက်ရင် တစ်ကိုယ်တော် မလှုပ်ရှားပါနဲ့။ ငါတို့နဲ့အတူတူ ပူးပေါင်းဆောင်ရွက်ရမယ်"

ကုဖေးက တစ်ချက်စဥ်းစား၍ ညွှန်ကြားလိုက်၏။

"ကောင်းပါပြီ"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ သူက ချီပင်လယ်အဆင့်နှစ်ဖြစ်သော်လည်း ကိုယ့်အသက်ကို ကာကွယ်နိုင်မည်ဟု ယုံကြည်မှုရှိသည်။ ချီပင်လယ်အဆင့်ငါး ကျင့်ကြံသူတစ်ယောက်ကိုပင် အနိုင်ယူနိုင်မည်ဟု ကိုယ့်ကိုကိုယ် ယုံကြည်ထားသည်။

"ဒါဆိုရင်......"

ကုဖေးက စကားပြောနေရင်း ကုလန်အနောက်သို့ အကြည့်ရောက်သွားကာ တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းက ကုလန်အနောက်သို့ ကြည့်လိုက်သောအခါ လင်းယုရပ်နေသည်ကို မြင်လိုက်ရပြီး နေရာတွင် ကြက်သေသေသွားကြသည်။ ကုလန်သည်လည်း လင်းယုကိုမြင်သောအခါ အနည်းငယ်အပြစ်ရှိသယောင် ခံစားလိုက်ရ၏။ လင်းနန်သည် လင်းယု၏မောင်လေးဖြစ်သောကြောင့် ဤခရီးအကြောင်းပြောလိုက်သူမှာ လင်းနန် ဖြစ်နိုင်သည်။

"ငါလည်း ဒီခရီးကို အတူလိုက်ခဲ့မယ်"

လင်းယုက ကုလန်ကို လေးနက်စွာ ပြောလိုက်ခြင်းဖြစ်သည်။ ကုလန်နှင့် ကုဖေးသည် လင်းယုက သိမ်မွေ့သော်လည်း အလွန်ခေါင်းမာကြောင်း သိထားကြသည်။ သူမက ဆုံးဖြတ်ချက်ချထားပြီးလျှင် နွားသိုးဆယ်ကောင်ဖြင့်ဆွဲသည့်တိုင်အောင် ပြောင်းလဲမည် မဟုတ်ချေ။

"ရှင်မ ကောင်းကင်ဘုံငယ်က အန္တရာယ်များလွန်းပါတယ်။ အိမ်ပြန်လိုက်ပါကွယ်"

ကုလန်က ကြင်နာစွာ ပြောလိုက်သည်။

"ရှင်တောင်သွားနိုင်ရင် ဒီက ဘာကြောင့်မလိုက်နိုင်ရမှာလဲ။ ရှင်က ချီပင်လယ်အဆင့်ငါးဆိုရင်တောင် ငါက အဆင့်ခြောက်နော်။ ပြီးတော့ ငါတို့က လင်မယားတွေ မဟုတ်ဘူးလား။ လင်မယားဆိုတာက နှစ်ကိုယ့်တစ်စိတ်ဖြစ်နေပြီ။ ရှင်တစ်ယောက်တည်း သွားခွင့် မပေးနိုင်ဘူး။ ကောင်းကင်ဘုံငယ်မှာ အန္တရာယ်ကြုံလာရင် အတူတူရင်ဆိုင်ကြမယ်။ သေစရာရှိရင်တောင် ရှင်နဲ့အတူသေရရင် ထိုက်တန်ပါတယ်"

လင်းယု၏လေသံက ပြတ်သားနေသော်လည်း သိမ်မွေ့မှုတစ်ခု ပါဝင်နေသည်။

"ညီလေး ယောင်းမလေးကို လိုက်ခွင့်ပေးလိုက်ပါ။ ငါတို့ဂရုစိုက်ရင် အဆင်ပြေပါလိမ့်မယ်"

ကုဖေးက တစ်ချက်စဥ်းစားပြီးနောက် လင်းယုကို လိုက်ခွင့်ပေးလိုက်သည်။ ကုလန်သည် လင်းယု၏ပြတ်သားမှုကြောင့် ထပ်မံဖြောင်းဖျရန် မကြိုးစားတော့ဘဲ ခေါင်းညိတ်လက်ခံလိုက်ရသည်။ လင်းယုက ပျော်ရွှင်စွာပြုံး၍ ကုလန်၏လက်ကို ဆွဲကိုင်လိုက်သည်။ ကုလန်သည်လည်း သူမ၏လက်ကို တင်းတင်းကြပ်ကြပ် ပြန်လည်ဆုပ်ကိုင်ထားခဲ့သည်။ သူတို့၏မုဆိုးအဖွဲ့တွင် လင်းယုတစ်ယောက် တိုးလာသောကြောင့် ကိုးယောက်ဖြစ်လာခဲ့သည်။

အဖွဲ့က ရန်ယွင်မြို့မှ ထွက်ခွာလာခဲ့ပြီး အဓိလမ်းမကြီးမှတဆင့် ပန်းတိုင်ဖြစ်သော ကောင်းကင်ဘုံငယ်သို့ ထွက်ခွာလာခဲ့သည်။ ကောင်းကင်ဘုံငယ်များ၏ဝင်ပေါက်က ရန်ယွင်မြို့မြောက်ပိုင်းရှိ တောင်တန်းများတွင်တည်ရှိပြီး နာရီဝက်တိုင်တိုင် လမ်းလျှောက်ရပေလိမ့်မည်။ လမ်းဘေးဝဲယာတွင် အထက်တန်းစားများ၏နယ်မြေများ ရှိသောကြောင့် ပျံသန်းခြင်းကို ပိတ်ပင်ထားသည်။ မြောက်ပိုင်းတောင်တန်းများကြားတွင် အလွန်ကျယ်ဝန်းပြီး ပြန့်ပြူးသော လွင်ပြင်တစ်ခုရှိသည်။ ထိုနေရာတွင် တည်နေရာရွှေ့ပြောင်းအစီအရင်ကြီးတစ်ခုကို ခင်းကျင်းထားပြီး မျှော်စင်တမျှမြင့်မားသော ဝင်ပေါက်ကြီးများနှင့် ဆက်သွယ်ထားသည်။ ၎င်းတို့က အလင်းရောင်များ ထွန်းလင်းနေသဖြင့် မြင်ရသူတိုင်းကို အံ့သြမင်သက်သွားစေနိုင်သည်။

ဝင်ပေါက်ခြောက်ခုလုံးကို ကျောက်တုံးများဖြင့်ပြုလုပ်ထားကာ အစီအရင်ရုန်းများ ရေးထွင်းထား၍ ချီစွမ်းအင်များ ထွက်ပေါ်နေသည်။ ဤတံခါးများမှတဆင့် ကောင်းကင်ဘုံငယ်များသို့ ဝင်ရောက်နိုင်သောကြောင့် အထူးအစောင့်များဖြင့် ကာကွယ်ထားရသည်။ တစ်ခုချင်းစီက ကောင်းကင်ဘုံငယ်ဆယ်ခုနှင့် ဆက်သွယ်ထားပြီး ဖြတ်သန်းသွားလာခအဖြစ် ငွေကြေးများ ပေးဆောင်ရသည်။ ယဲ့ချန်တို့အဖွဲ့သည် ကျင့်ကြံသူများ ပျားပန်းခတ်မျှစည်ကားနေသော လွင်ပြင်သို့ ရောက်ရှိလာခဲ့ကြသည်။ မုဆိုးအဖွဲ့များက ကောင်းကင်ဘုံငယ်များအတွင်း နေ့တိုင်း ဝင်ရောက်နေကြသည်။

လင်းနန်၊ ရှောင်ယွဲ့စသော လူငယ်များက အလွန်စိတ်လှုပ်ရှားနေကြပြီး ကောင်းကင်ဘုံငယ်အတွင်းသို့ ပထမဆုံး ဝင်ရောက်ခြင်းဖြစ်သည်။ သူတို့အားလုံးက အနာဂတ်အတွက် အသက်စွန့်ရန် ပြင်ဆင်ထားကြလေသည်။

All Chapters