အခန်း (၄၃၅)
Vol. 32 Ch. 435
လူတိုင်းက ဟွမ်ကျစ်ဟူကို ကြည့်လိုက်ကြသည်။
ဟွမ်ကျစ်ဟူက အံကြိတ်ထားပြီး စကားမပြောဘဲ ခေါင်းခါသည်။
ယွင်တိက ဟွမ်ကျစ်ဟူကိုကာကွယ်ထားပြီး ခေါင်းဆောင်တောက်ရင်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များက တိတ်ဆိတ်စွာလျှောက်လာပြီး ဟွမ်ကျစ်ဟူကို ကာကွယ်ထားကြသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်များကလည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အလိုလျောက် ကာကွယ်လိုက်ကြသည်။
မရေမတွက်နိုင်သောလူများက သူတို့အုပ်စုကို ကြည့်နေကြသည်။
ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများ၏မျက်နှာထားသည် ရှုပ်ထွေးနေပြီး ခေါင်းငုံ့ထားကြသည်။
‘ဟန်မူယဲ့က ဘယ်ရောက်သွားတာလဲ’
ရှောင်ယွဲ့လီက ပိုင်ဝူဟန်ကို လှည့်ကြည့်သည်။
ပိုင်ဝူဟန်က တီးတိုးပြောသည်။
“အစ်ကိုဟန်က တကယ့်ကို ရှားပါးတဲ့သူရဲကောင်းတစ်ယောက်ပဲ”
ကမ္ဘာတစ်ခုကိုဖိနှိပ်ပြီး စစ်ပွဲတွင် အန္တရာယ်နှင့်ရင်ဆိုင်ခဲ့သည်။
ဟန်မူယဲ့က နတ်ဘုရားသားရဲများနှင့်ယှဉ်နိုင်သော ဝိညာဉ်သံချပ်ကာမိစ္ဆာများ၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်လား ပိုင်ဝူဟန်မသိပေ။
သူမက အနိုင်ရမည့်အခွင့်အရေးကို မမြင်မိပေ။
သူမက အဝေးတစ်နေရာတွင်ရပ်နေသော ငါးမိစ္ဆာလက်ရွေးစင်များကို ကြည့်သည်။
ထိုငါးမိစ္ဆာများကလည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ပြန်လာရန် ရွေးချယ်ခဲ့သည်။
“ဘုန်း”
ပိုင်ဝူဟန်၏ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်လိုစိတ်များပေါ်ထွက်လာသည်။
“ဒီနေ့ကစပြီး တောင်ပိုင်းကုန်းမြေရဲ့မိစ္ဆာတွေနဲ့ ကြေးခွံနက်ငါးမိစ္ဆာတွေက အတူယှဉ်တွဲပြီး မရှိနိုင်ဘူး”
ကျယ်လောင်သောအော်သံနှင့်အတူ အဆုံးမရှိသောမိစ္ဆာချီများသည် လက်ဝါးချက်အဖြစ်ပြောင်း၍ အဝေးတွင်ရှိသောငါးမိစ္ဆာများကို ရိုက်ချသည်။
အမြီးကိုးချောင်းကောင်းကင်မြေခွေးသည် ဝိညာဉ်သူငယ်အဆင့်ကိုကျော်လွန်နေသော ဖြစ်တည်မှုမျိုးဖြစ်သည်။
ထိုသို့ အားကောင်းသောမဟာမိစ္ဆာ၏တိုက်ခိုက်မှုကို မည်သူက ခုခံနိုင်မည်နည်။
“ဂါး”
ဝိညာဉ်သံချပ်ကာငါးမိစ္ဆာကလန်သည် ဟိန်းဟောက်လိုက်ပြီး အားကောင်းသောပုံရိပ်များ ပျံသန်းထွက်လာသည်။
ဝိညာဉ်သူငယ် အဌမအဆင့် ....
ထိုကျွမ်းကျင်သူများသည် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်သော ဝိညာဉ်သူငယ်အဌမအဆင့် ကျွမ်းကျင်သူများဖြစ်သည်။
တောင်ပိုင်းကုန်းမြေသို့လိုက်ပါလာသော ငါးမိစ္ဆာအစောင့်အကြပ်များကြားတွင် ကျွမ်းကျင်သူများ ပုန်းအောင်းနေခဲ့သည်။
ကလန်အသီးသီးမှ ကျွမ်းကျင်သူများ ချွေးပြန်သွားသည်။
ငါးမိစ္ဆာများ ရုတ်တရက်တိုက်ခိုက်လာလျှင် စိတ်ကူးမယဉ်နိုင်လောက်သောအကျိုးဆက်နှင့် ရင်ဆိုင်ရလိမ့်မည်။
“ဘုန်း”
အားကောင်းသောကျွမ်းကျင်သူများက ပူးပေါင်း၍ အမြီးကိုးချောင်းမြေခွေး၏တိုက်ခိုက်မှုကို ခုခံခဲ့သည်။ ထို့နောက် သူတို့က သွေးအန်လိုက်ပြီး လဲကျသွားသည်။
ကောင်းကင်မြေခွေး၏စွမ်းအားကို ခန့်မှန်းနိုင်ရန် ခက်ခဲသည်။
ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်၏ လက်ရွေးစင်များသည် စိုးရိမ်စိတ်များဖြင့် သတိထားနေသည်။
“ဟမ့်၊ အရှေ့ပင်လယ်ကို ပြန်သွားလိုက်တော့။ တောင်ပိုင်းကုန်းမြေကို ငါသိမ်းပိုက်ပြီးရင် ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ကိုတိုက်ခိုက်ဖို့ စစ်တပ်စေလွှတ်မယ်”
ချင်းရီမင်က နှာမှုတ်လိုက်ပြီး စစ်သားများနှင့်အတူ ထွက်သွားသည်။
လျှို့ဝှက်နယ်မြေ၏တိုက်ပွဲကို ကြုံတွေ့ခဲ့ရသောကြောင့် ချင်းရီမင်က ထိုငါးမိစ္ဆာများကို မသတ်ချင်ပေ။
သူအလိုရှိလျှင် ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်တစ်ခုလုံးကို ဖျက်ဆီးပစ်မည်။
ကလန်အသီးသီးမှ လက်ရွေးစင်များသည် ကျွမ်းကျင်သူများ၏ကာကွယ်မှုအောက်တွင် လူစုခွဲလိုက်သည်။
သူတို့က ကလန်သို့ လုံခြုံစွာပြန်ရောက်ပြီး ကျင့်ကြံခြင်းတည်ငြိမ်ရန် လေ့ကျင့်ပြီးလျှင် နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့သောအခါ အဆပေါင်းများစွာတိုးတက်နေလိမ့်မည်။
ယဇ်ပလ္လင်ဂိတ်တံခါးရှေ့တွင် ပုံရိပ်များ ထွက်ခွာသွားကြသည်။
အဆုံးတွင် ဂိတ်တံခါးသည် ပြိုကျလာပြီး လေဟာနယ်စွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများက နေရာတွင်ရပ်နေပြီး ခေါင်းဆောင်တောက်ရင်ကို လှည့်ကြည့်သည်။
ခေါင်းဆောင်တောက်ရင်က ပျောက်ကွယ်သွားသောဂိတ်တံခါးကိုကြည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များ၏စကားကြောင့် ခေါင်းဆောင်တောက်ရင်၊ ကောင်းချန်ကုန်းနှင့် တခြားလူများက လျှို့ဝှက်နယ်မြေထဲတွင် ဟန်မူယဲ့၏လုပ်ဆောင်ချက်များကို အကြမ်းဖျင်းသိသွားကြသည်။
လူတစ်ယောက်နှင့်ဓားတစ်လက်သည် ကမ္ဘာတစ်ခုကို ဖိနှိပ်ခဲ့သည်။
ဓားအင်မော်တယ်အမည်သည် လျှို့ဝှက်နယ်မြေတွင် ပဲ့တင်ထပ်နေခဲ့သည်။
ခန္ဓာကိုယ်ကို တာအိုအဖြစ်ပြောင်းပြီး သူတော်စင်တစ်ယောက် ဖြစ်လာခဲ့သည်။
အကယ်၍ ဟန်မူယဲ့ပြန်ရောက်လာလျှင် အလယ်ပိုင်းကုန်းမြေ၏ ကျောင်းတော်သားများနှင့်ယှဉ်နိုင်သော ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလိမ့်မည်။
ကံမကောင်းစွာဖြင့် ဟန်မူယဲ့က ကောင်းကင်လမ်းလျှောက်သူများကို ပြန်ပို့ပြီး လျှို့ဝှက်နယ်မြေတွင် ဝိညာဉ်သံချပ်ကာငါးမိစ္ဆာများနှင့်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။
ထိုတိုက်ပွဲကို မည်သူမှ မမြင်ခဲ့ပေ။
ထိုအကြောင်းကို စိတ်ကူးရဲသောလူလည်း မရှိပေ။
ကမ္ဘာတစ်ခုကိုဖိနှိပ်နိုင်သော လူတစ်ယောက်၏အပြုအမူများကို တခြားလူများ နားမလည်နိုင်ပေ။
“သခင်က သခင်မလေးကျစ်ဟူကို အလယ်ပိုင်းကုန်းမြေရဲ့ သမင်ဖြူတောင်တန်းဆီလွှတ်ဖို့ စီစဉ်ခဲ့ပါတယ်”
ဟွမ်ကျစ်ဟူ၏ဘေးတွင်ရပ်နေသော ယွင်တိက ပြောလိုက်သည်။
ခေါင်းဆောင်တောက်ရင်က ခေါင်းညိတ်သည်။ သူက သင်္ဘောပျံကို အသက်သွင်းလိုက်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်များကို ဦးဆောင်သွားသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ဟန်မူယဲ့သည် ဓားတစ်လက်ဖြင့် လျှို့ဝှက်နယ်မြေကို ဖိနှိပ်ခဲ့သည်။
သူပြန်ရောက်မလာလျှင်ပင် သူ့လုပ်ဆောင်ချက်များသည် ဒဏ္ဍာရီတစ်ခု ဖြစ်နေလိမ့်မည်။
အကယ်၍ ဟန်မူယဲ့ပြန်ရောက်လာခဲ့လျှင် အလယ်ပိုင်းကုန်းမြေ၏ သူတော်စင်ကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ပြောကြသည်။
ထိုသတင်းနှင့်ပတ်သတ်၍ အလယ်ပိုင်းကုန်းမြေ၏အမတ်ချုပ်ကြီးဝမ်သည် ငြင်းဆိုခြင်းမရှိဟု ပြောကြသည်။
ကံမကောင်းစွာဖြင့် ထိုလူသည် ပြန်မလာနိုင်ခဲ့ပေ။
တစ်နှစ် ....
၂နှစ် ....
သုံးနှစ် ....
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် လျှို့ဝှက်နယ်မြေမှပြန်လာသော လက်ရွေးစင်များသည် ခုန်ပေါက်တိုးတက်သွားကြသည်။
လွန်ခဲ့သောသုံးနှစ်တွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူများ ပေါ်ထွက်မလာခဲ့သော်လည်း ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများ ဆယ်ယောက်ရှိလာခဲ့သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေကိုဖိနှိပ်နိုင်သော နံပတ်တစ်ဂိုဏ်းအဖြစ် ဆက်ရှိနေသည်။
ခေါင်းဆောင်တောက်ရင်က ဓားစံအိမ်ကို တာဝန်ယူထားပြီး လျှိုဟုန်က ဓားစံအိမ်၏ အရေးကိစ္စများကို ကိုင်တွယ်နေရသည်။
ယန်မင်ရွှမ်၊ ကျန်းမင်၊ လင်းရှန်နှင့် တခြားလူများက ကုန်သွယ်ရေးအဖွဲ့အစည်းနှင့်ပတ်သတ်၍ အလုပ်ရှုပ်နေသည်။
ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းသည် ဓားနှင့်ဆေးလုံးများကို အဓိကရောင်းချသည်။ မူလမီးတောက်ကမ္ဘာတွင် သန့်စင်ထားသောဓားများကို ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နေရာအသီးသီးသို့ တင်ပို့ရောင်းချသည်။
အထူးသဖြင့် နှစ်စဉ်နှစ်တိုင်း ဓားများသန်းချီလိုအပ်နေသော အလယ်ပိုင်းကုန်းမြေနှင့် အရှေ့ပင်လယ်သို့ ဖြစ်သည်။
တောင်ပိုင်းကုန်းမြေ၏ချင်းရီမင်သည် ဓားများကို ဈေးကြီးပေး၍ဝယ်ယူရန်အတွက် အံ့ဖွယ်ကိုးပါးတောင်ကို လူလွှတ်ခဲ့သည်။
ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းတွင် ဟန်မူယဲ့၏ အမြင့်ဆုံးအဆင့်အရည်အသွေးဆေးလုံးများ လိုအပ်နေသောကြောင့် ဆေးလုံးနှင့်ပတ်သတ်၍ ကျော်ကြားမှုလျော့ကျသွားသည်။
သို့သော် မူမိသားစု၏ မူရှန်းချန်က ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ပူးပေါင်းထားပြီး စပါးစိမ်းတောင်ကုန်းမှ ဝိညာဉ်ဆေးပင်များကို ဆက်လက်ထောက်ပံ့ပေးနေသောကြောင့် ဆေးလုံးစီးပွားရေးသည် အကျိုးအမြတ်များနေဆဲဖြစ်သည်။
သို့သော် မူမိသားစုခေါင်းဆောင်သန့်စင်ပေးသော အဆင့်မြင့်အရည်အသွေး ဆေးလုံးများသည် လုံလောက်မှုမရှိခဲ့ပေ။
အလယ်ပိုင်းကုန်းမြေ၏ ကုန်သွယ်ရေးအဖွဲ့အစည်းများက အမြင့်ဆုံးအဆင့်အရည်အသွေး ဆေးလုံးများ ရောင်းချပပေးရန်အတွက် တောင်းဆိုထားသည်။
ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းသည် သုံးနှစ်အတွင်း၌ အလွန်တိုးတက်လာပြီး ကျင်းမိသားစုနှင့် ယှဉ်ပြိုင်နိုင်ခဲ့သည်။ ပိုင်စုကျန်းထိန်းချုပ်ထားသော ပိုင်မိသားစုစီးပွားရေးသည် တတိယနေရာသို့ ရောက်သွားခဲ့သည်။
ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းကဲ့သို့ အရှေ့ပင်လယ်၊ အလယ်ပိုင်းကုန်းမြေနှင့် တောင်ပိုင်းကုန်းမြေကို ဆက်သွယ်နိုင်သောလူများ မရှိပေ။
သုံးနှစ်ကြာသောအခါတွင် ကျင့်ကြံခြင်းလောကသည် ဟန်မူယဲ့၏တည်ရှိမှုကို မေ့လျော့သွားခဲ့သည်။
....
တောင်ပိုင်းကုန်းမြေ၏ ခရမ်းဆောင်းဦးသစ်တော ....
ဤနေရာသည် တောင်ပိုင်းကုန်းမြေမှ မြေခွေးကလန်၏ နယ်မြေဖြစ်သည်။
ကောင်းကင်မြေခွေးဖြစ်သော ပိုင်ဝူဟန်တစ်ယောက် ပြန်ရောက်လာသောအခါတွင် ထိုနေရာသည် တောင်ပိုင်းကုန်းမြေ၏ မြင့်မြတ်နယ်မြေဖြစ်လာခဲ့သည်။
ခရမ်းဆောင်းဦးသစ်တောထဲတွင်ရှိသော တဲအိမ်လေး၏နောက်ဖေးခြံဝိုင်းတွင် မူဝမ်က လက်မြှောက်ပြီး မီးပြင်းဖိုထဲမှထွက်လာသော ဆေးလုံးများကို ဖမ်းယူသည်။
“ဒါက အကြီးအကဲဝူဟန်လိုချင်တဲ့ ဆဌမအဆင့် အရိုးကွဲဆေးလုံးပါ။ ဒါပေမဲ့ နှစ်လုံးပဲရခဲ့တယ်။ တစ်လုံးကပဲ အရည်အသွေးမြင့်တယ်”
မူဝမ်က နောင်တအချို့နှင့်အတူ ဆေးလုံးများကို ကျောက်စိမ်းသေတ္တာထဲသို့ ထည့်လိုက်သည်။
သူမက ဆဌမအဆင့်ဆေးလုံးများကိုသာ သန့်စင်နိုင်သည်။
အဆုံးတွင် သူမ၏ အာခီမီပါရမီသည် လုံလောက်မှုမရှိခဲ့ပေ။
“ညီမမူဝမ်ရဲ့ အာခီမီပါရမီက တကယ်ကောင်းတာပဲ”
ပိုင်ဝူဟန်က ဆေးလုံးများကိုယူလိုက်ပြီး တခစ်ခစ်ရယ်သည်။
သူမက ဆေးလုံးများကိုစစ်ဆေးလိုက်ပြီး မူဝမ်ကိုကြည့်သည်။
“အစ်ကိုဟန်ကလွဲရင် ငါမြင်ဖူးတဲ့ အာခီမီကျင့်ကြံသူတွေထဲမှာ ညီမမူဝမ်က ပါရမီအကောင်းဆုံးပဲ”
“ညီမမူဝမ်က အာခီမီကျင့်ကြံသူအစစ်ပဲ”
အာခီမီကျင့်ကြံသူ ....
အစ်ကိုဟန် ....
မူဝမ်က ခေါင်းညိတ်လိုက်ပြီး ခြံဝိုင်း၏အပြင်ဘက်တွင်ရှိသော စိမ်းလန်းသည့်မြင်ကွင်းကို ကြည့်သည်။
‘ဒီလောကမှာ အစ်ကိုဟန်လိုမျိုး ဘယ်သူက ပါရမီရှိနိုင်မှာလဲ’
‘အစ်ကိုဟန်ပေးခဲ့တဲ့ဆေးလုံးကြောင့်ပဲ ငါက အပင်တွေနဲ့ လိုက်ဖက်ညီမှုမြင့်လာပြီး အာခီမီတာအိုမှာ ခုန်ပေါက်တိုးတက်လာခဲ့တာမဟုတ်လား’
“အစ်ကိုဟန် ....”
သူမက ခေါင်းငုံ့လိုက်ပြီး တီးတိုးရေရွတ်သည်။ သူမ၏မျက်နှာပေါ်တွင်ရှိသော နာကျင်မှုများကို ပိုင်ဝူဟန် မမြင်စေလိုပေ။
ဤတစ်ကြိမ်တွင် သူမက မိစ္ဆာများအတွက် သွေးမျိုးဆက်စွမ်းအားတိုးမြင့်စေနိုင်သော အရိုးကွဲဆေးလုံးကိုသန့်စင်ပေးရန်အတွက် ပိုင်ဝူဟန်၏ဖိတ်ခေါ်ချက်ကြောင့် တောင်ပိုင်းကုန်းမြေသို့ ရောက်လာခဲ့သည်။
ပိုင်ဝူဟန်က တန်ကြေးအနေဖြင့် တောင်ပိုင်းကုန်းမြေတွင်ပေါက်ရောက်သော ထူးခြားသည့်ဆေးပင်များအား ပိုင်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းကို ပေးလိမ့်မည်။
သူမက အလုပ်ရှုပ်နေလျှင် စိတ်သက်သာရာရသည်။
သူမက ပိုင်ဝူဟန်၏ ကိုယ်တိုင်လိုက်ပို့ပေးရန်ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး မူရှန်မြို့၏ သင်္ဘောပျံကိုစီး၍ အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ပြန်ရောက်လာသည်။
လျှို့ဝှက်နယ်မြေမှ ပြန်လာသောအခါတွင် ချင်းရီမင်အပြင် အဖွဲ့အစည်းအသီးသီး၏ခွန်အားများ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
ယခုအချိန်တွင် တောင်ပိုင်းကုန်းမြေသည် ငြိမ်းချမ်းမှုမရှိပေ။ မျိုးနွယ်အသီးသီး၏ကျွမ်းကျင်သူများသည် စောင့်ဆိုင်းနေကြသည်။ အံ့ဖွယ်နေမင်းကိုယ်ရံတော်များနှင့် မီးတောက်နီစစ်တပ်တို့၏တိုက်ပွဲသည် စတင်တော့မည်ဖြစ်သည်။
မူဝမ်က စစ်ပွဲနှင့် မပတ်သတ်ချင်သောကြောင့် တောင်ပိုင်းကုန်းမြေတွင် ကြာမြင့်စွာမနေခဲ့ပေ။
“အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်ရောက်ရင် အလယ်ပိုင်းကုန်းမြေရဲ့ အာခီမီညီလာခံကိုသွားဖို့ အသင့်ပြင်ထားရမယ်”
သင်္ဘောပျံပေါ်တွင် မူဝမ်က တီးတိုးရေရွတ်လိုက်သည်။
“ဘုန်း”
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ သင်္ဘောပျံသည် တုန်ခါသွားခဲ့သည်။
“သခင်မလေး၊ ဂရုစိုက်ပါ။ ကျွန်တော်တို့ကို အားကောင်းတဲ့ရန်သူတွေ ဝိုင်းထားတယ်”
အခန်း၏အပြင်ဘက်မှ အော်သံထွက်လာသည်။
မူဝမ်က မတ်တပ်ရပ်လိုက်ပြီး အခန်းထဲမှ ထွက်သွားသည်။
အပြင်ဘက်တွင် ဆယ်ပေရှည်သော သင်္ဘောပျံသုံးစင်းက လမ်းပိတ်ထားသည်။
သိပ်မဝေးသောနေရာတွင် အနက်ရောင်ချပ်ဝတ်နှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်များ ရပ်နေသည်။
“အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေလား”
မူဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး ညင်သာစွာပြောသည်။
“ငါတို့ ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းနဲ့ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေက မဟာမိတ်တွေလို့ ယူဆနိုင်တယ်။ ဘာဖြစ်လို့ လမ်းပိတ်ထားတာလဲ”
သူမက တိုက်ခိုက်ခြင်းတွင် မကျွမ်းကျင်သော်လည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်သောနည်းလမ်းများ ရှိသည်။
သူမ၏ပတ်ပတ်လည်တွင် ပန်းရောင်ပွင့်ချပ်များပေါ်လာသည်။
“ခေါင်းဆောင်ရဲ့အမိန့်အရ နတ်မိမယ်မူဝမ်ကို ဖိတ်ခေါ်ဖို့ရောက်လာတာပါ”
တစ်ဖက်သင်္ဘောပျံတွင်ရှိသော လူတစ်ယောက်က ဦးညွှတ်လိုက်ပြီး ပြောသည်။
‘ဖိတ်ခေါ်တာလား’
မူဝမ်၏ဘေးတွင်ရှိသော ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူက လှုပ်ရှားလိုက်ပြီး သူမကို ကာကွယ်ထားသည်။
မူဝမ်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
“သွားကြစို့”
သူမတို့အဖွဲ့သည် အံ့ဖွယ်နေမင်းသက်တော်စောင့်များကို မတားနိုင်ပေ။
ချင်းရီမင်က လူများလွှတ်၍ ဖိတ်ခေါ်ခဲ့သောကြောင့် မကောင်းသောရည်ရွယ်ချက် မရှိနိုင်ပေ။
သင်္ဘောပျံသည် တစ်နာရီကျော်ကြာသည်အထိ ပျံသန်းခဲ့ပြီး မြစ်ကမ်းဘေးတွင် ရပ်နားလိုက်သည်။
ဓားရိုးပေါ်တွင် လက်တင်ထားသော အံ့ဖွယ်နေမင်းသက်တော်စောင့်များ စီတန်းလျက်ရှိနေသည်။ သူတို့၏ရှေ့တွင် လူနှစ်ယောက်က ပျော်ရွှင်စွာငါးမျှားနေကြသည်။
မူဝမ်ကို မြင်လိုက်ရသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့်ချင်းရီမင်က မတ်တပ်ရပ်သည်။
“ညီအစ်ကိုဟန်၊ ငါ ချင်းရီမင်က လက်အောက်ငယ်သားတွေနဲ့ပတ်သတ်ပြီး သိပ်မတင်းကျပ်ခဲ့ဘူး။ ငါက ခုန်းချောင်တိအတွက် ဖြေရှင်းချက်ပေးပါ့မယ်”
ချင်းရီမင်က အပြုံးတစ်ခုနှင့်အတူ မူဝမ်ကို လှည့်ကြည့်သည်။
“မင်းအတွက် နတ်မိမယ်မူဝမ်ကို ဖိတ်ခေါ်လိုက်ပြီ။ မင်းတို့ကို ဆက်ပြီးမနှောင့်ယှက်တော့ဘူး”
ထို့နောက် သူက ရယ်မောလိုက်ပြီး လက်တစ်ဖက်ဖြင့် ငါးမျှားတံကိုကောက်ယူသည်။ နောက်လက်တစ်ဖက်တွင် နှစ်ပေရှည်သောငါးကို ကိုင်ထားသည်။
ကမ်းခြေတွင်ထိုင်နေသောလူက လှည့်ကြည့်သည်။ မူဝမ်က ညင်သာစွာပြုံးလိုက်သည်။
“ညီမဝမ်၊ အတော်ကြာသွားပြီပဲ”
“အစ်ကိုဟန်၊ ပြန်ရောက်လာပြီလား ....”
မူဝမ်က လှပသောပန်းတစ်ပွင့်သဖွယ် ပြုံးသည်။ သူမ၏ပါးပြင်ပေါ်တွင် မျက်ရည်များစီးကျနေသည်။