← Chapters

အခန်း (၄၃၈)

Vol. 32 Ch. 438

အခန်း (၄၃၈)

Vol. 32 Ch. 438

“တောင်ပိုင်းဒေသက မငြိမ်းချမ်းသေးဘူး။ မီးတောက်နီစစ်တပ်နဲ့ အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေရဲ့ နောက်ခံမရှိရင် ကုန်သည်အဖွဲ့တွေက လူဆယ်ယောက်ထက် ကျော်လို့မရဘူး”

လမ်းတစ်လျှောက်တွင်တွေ့ခဲ့သော ကုန်သည်အဖွဲ့များသည် လူခုနစ်ယောက် ရှစ်ယောက်ခန့်သာ ရှိသည်။

ဟန်မူယဲ့၏အမြင်တွင် ထိုစည်းကမ်းမျိုးကိုရှောင်တိမ်းရန် လွယ်ကူသည်။

သူတို့က ခွင့်ပြုမိန့်စာရွက်စာတမ်းများ မိတ္တူတစ်စုံတင်ပြီး အခွန်ပိုဆောင်၍ မတူညီသောအဖွဲ့များဟု ပြောလိုက်လျှင် အဆင်ပြေသည်။

“ဒါက အလယ်ပိုင်းကုန်းမြေရဲ့ နယ်စပ်ဂိတ်ပဲ”

ရှောင်ချူးက ရှေ့တွင်ရှိသော ကြီးမားသည့်မြို့တံခါးကိုညွှန်ပြပြီး ပြောသည်။

ပေငါးရာမြင့်သော မြို့တံခါး၏ရှေ့တွင် ကျောက်တုံးပြာရင်ပြင်တစ်ခုရှိသည်။

အဓိကလမ်းမပေါ်မှတစ်ဆင့် မြို့ဂိတ်ပေါက်၏နောက်တွင်ရှိသော ချီစွမ်းအင်အလင်းများကို မြင်နိုင်သည်။

မြို့ဂိတ်တံခါးတွင် မှိန်ဖျော့သော အတားအဆီးတစ်ခုရှိနေသည်။ သို့သော် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ထူထဲသော ကောင်းကင်အတားအဆီးနှင့်ယှဉ်လိုက်လျှင် တောင်ပိုင်းကုန်းမြေ၏အတားအဆီးသည် အလွန်ပါးလျသည်။

ချီစုစည်းခြင်းအဆင့်သို့ရောက်နေလျှင် အတားအဆီးကို ဖြတ်သွားနိုင်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေသည် ရွှေအမြုတေအဆင့်သို့ရောက်မှသာ ဖြတ်သွားနိုင်သည်။ ထို့ကြောင့် ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် ကောင်းကင်ဂိတ်တံခါးကို ဖွင့်ခဲ့သည်။

ယခုအချိန်၌ အလယ်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေကြားတွင် သွားလာချင်လျှင် ဓားကျင့်ကြံသူတစ်ဦးဖြစ်ရန်သာ လိုအပ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံခြင်းလောကသည် ပိုမိုတိုးတက်လာခဲ့သည်။

“ကျန်းနန်နယ်စပ်”

ဟန်မူယဲ့က ရွှေရောင်စာလုံးများကို ကြည့်သည်။

တောင်ပိုင်းကုန်းမြေကို စောင့်ကြပ်ထားသော နယ်စပ်ဂိတ်ဖြစ်သည်။

“ဟားဟား၊ အဲ့ဒီစာလုံးတွေက ကွန်ဖြူးရှပ်တာအို ဆရာသခင်တစ်ယောက်ရဲ့ လက်ရာလေ။ လူတစ်ယောက်ရဲ့ သဘောသဘာဝကို ခွဲခြားနိုင်စွမ်းရှိတယ်။ အဲ့ဒီရွှေရောင်စာလုံးတွေကြောင့် မိစ္ဆာသူလျှိုတွေအများကြီးကို ဖမ်းမိခဲ့တယ်”

ရှောင်ချူးက ဂုဏ်ယူစွာပြောသည်။

“ဆရာသခင်မာယွမ်က ရှောင်မိသားစုနဲ့ ဆက်ဆံရေးကောင်းတာလား”

ဟန်မူယဲ့က တစ်ဖက်လှည့်ပြီး မေးသည်။

ရွှေရောင်စာလုံးများ၏အောက်တွင် လက်မှတ်ရှိနေသည်။

“သခင်မာယွမ်နဲ့ ရှောင်မိသားစုခေါင်းဆောင်က ဒေသတစ်ခုရဲ့ အရာရှိတွေပဲ။ သူတို့က အမျိုးတော်ဖို့ စီစဉ်နေကြတယ် ....”

ရှောင်ချူးမဖြေခင် နောက်တွင်ရှိသော မိသားစု၏တပည့်တစ်ယောက်က ကျယ်လောင်စွာပြောသည်။

‘အမျိုးတော်ဖို့စီစဉ်နေတာလား။ မထူးဆန်းတော့ပါဘူး’

အရာရှိများအတွက် တစ်ဦးနှင့်တစ်ဦး ကာကွယ်ပေးခြင်းသည် ပုံမှန်ပင်ဖြစ်သည်။

ဟန်မူယဲ့က ကွန်ဖြူးရှပ်တာအိုကိုကျင့်ကြံပြီး အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုအမွေအနှစ်များကို နားလည်သည်။

မိသားစုဆက်ဆံရေးတွင် လျှို့ဝှက်ချက်များရှိသည်။ အရာရှိများသည် တစ်ဦးကိုတစ်ဦး ကာကွယ်ပေးသည်။ ဆရာများသည် တာအိုကိုလေးစားပြီး အဆင့်အတန်းများ အစီအစဉ်တကျရှိသည်။

အလယ်ပိုင်းကုန်းမြေမှ ကွန်ဖြူးရှပ်တာအို၏စည်းကမ်းများသည် ကောင်းကင်နှင့်လူသားဆက်ဆံရေး၏ စည်းကမ်းများနှင့် ဆက်နွယ်နေသည်။

ထိုအရာသည် ဝမ်မော့ရှန်နားလည်ထားသော ကွန်ဖြးရှပ်တာအို၏ အနှစ်သာရဖြစ်နိုင်သည်။

ကျင့်ကြံသူများနှင့် အရာရှိတိုင်းသည် အရင်ဆုံး လူသားဖြစ်ရန်လိုအပ်သည်။

လူသားများသည် လူသားများပင်ဖြစ်သည်။

လူ့အဖွဲ့အစည်း မတည်ရှိခဲ့လျှင် ခံစားချက်များအားလုံးကို ဖြတ်တောက်ထားသော ကျင့်ကြံခြင်းလမ်းစဉ်သည် လူသားလောကကို အုပ်စိုးရန်အတွက် မသင့်တော်ပေ။

လူသားများကို အားနည်းသူများအဖြစ်ဆက်ဆံသော ကျင့်ကြံခြင်းဂိုဏ်းများနှင့်ယှဉ်ကြည့်လိုက်လျှင် ကွန်ဖြူးရှပ်တာအိုသည် ကောင်းမွန်စွာဆောင်ရွက်နေသည်။

ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုစည်းမျဉ်းကို အစားထိုးနိုင်မည့်နည်းလမ်းများ မတွေးနိုင်ပေ။

“သခင်လေးမူယဲ့၊ သူ့စကားတွေကို နားမထောင်ပါနဲ့”

ရှောင်ချူးက နောက်ကို အကြည့်တစ်ချက်ပေးလိုက်ပြီး တီးတိုးပြောသည်။

“အကြီးဆုံးသခင်မလေးက နန်းမြို့တော်မှာ မနေချင်ဘူး။ ငါတို့ရှောင်မိသားစုက သိုင်းပညာမိသားစုတစ်ခုပဲ။ ငါတို့က ကွန်ဖြူးရှပ်မိသားစုနဲ့ ဆက်ဆံရေးကောင်းပေမဲ့ အရင်းအမြစ်တွေ မတူညီဘူးလေ”

“လက်ထပ်ပွဲက ကောလဟာလပါပဲ။ အလေးအနက်ယူလို့ မရဘူး”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

အမှန်ဖြစ်စေ အမှားဖြစ်စေ သူနှင့်မသက်ဆိုင်ပေ။

သို့သော် ကောင်းချန်ကုန်းကတော့ ဖိအားများနေသည်။

ဟန်မူယဲ့က ခံစားနေရသော ကောင်းချန်ကုန်းကြောင့် ပျော်ရွှင်သွားသည်။

ကျန်းနန်ဂိတ်ပေါက်တွင် ဝင်ရောက်ရန်စောင့်ဆိုင်းနေသော အဖွဲ့များရှိသည်။

ကံကောင်းစွာဖြင့် ဂိတ်တံခါးသည် ဒါဇင်ချီသောကုန်သည်အဖွဲ့များ ပြိုင်တူသွားနိုင်ရန် ကျယ်ဝန်းသည်။

ဂိတ်ပေါက်ဝတွင် ဆူညံသံများပေါ်လာသည်။

“ဘာဖြစ်လို့ သူ့ကိုမဝင်ခိုင်းတာလဲ”

“သူက ကျားတစ်ကောင်ပဲ။ ဒါပေမဲ့ ငါ့ယောင်္ကျားလည်းဟုတ်တယ်။ သူ့ကို အထဲခေါ်သွားမှဖြစ်မယ်”

မီးခိုးရောင်ဝတ်စုံမိန်းကလေးနှင့် ကျားကလန်း၏ အရပ်ရှည်သောလူငယ်လေးဖြစ်သည်။

မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ထိုနှစ်ယောက်သည် ရှောက်ယွမ်ကမ်းပါးတွင်တွေ့ခဲ့သော စွေ့စွေ့နှင့် ရှောက်တထျန်းဖြစ်သည်။

သူတို့က အဆုံးတွင် ခိုးပြေးခဲ့ကြသည်။

တံခါးဝတွင်စောင့်ကြပ်နေသော စစ်သားများသည် သဘောကောင်းပြီး အကြမ်းဖျင်း ရှင်းပြနေသည်။

အတိုချုံးလိုက်လျှင် ရှောက်တထျန်းတွင် ကိုယ်ပိုင်အမှတ်အသားတံဆိပ် မရှိသည့်အပြင် အာမခံပေးမည့်လူလည်း မရှိပေ။ ထို့ကြောင့် အလယ်ပိုင်းကုန်းမြေသို့ မဝင်ရောက်နိုင်ပေ။

စွေ့စွေ့ကတော့ ဝင်ရောက်နိုင်သည်။

သူမသည် လူသားဖြစ်သည်။

“စွေ့စွေ့၊ အလယ်ပိုင်းကုန်းမြေကို အရင်သွားလိုက်ပါ့လား”

ရှောက်တထျန်းက မြို့တံတိုင်းကိုကြည့်လိုက်ပြီး ခေါင်းကုတ်သည်။

“ညကျရင် တံတိုင်းကိုကျော်ပြီး ငါတက်ခဲ့မယ်လေ”

သူ့စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသောလူများ ရယ်လိုက်ကြသည်။

“မင်းက ဂိတ်စောင့်စစ်သားတွေရှေ့မှာ မြို့တံတိုင်းကိုကျော်တက်မယ်လို့ ပြောတယ်ပေါ့။ ဒါက တမင်သက်သက် ရန်စနေတာလား”

“ဟမ့်၊ မြို့တံတိုင်းပေါ်မှာ ဝင်္ကပါရှိတယ်။ နောက်ဆုံးတစ်ခေါက်တက်သွားတဲ့လူက ပြန်ဆင်းမလာသေးဘူး”

ချပ်ဝတ်စစ်သားက နှာမှုတ်လိုက်သည်။

ရှောက်တထျန်းက မြို့တံတိုင်းကိုကြည့်လိုက်သည်။ တံတိုင်းပေါ်တွင်ရှိနေသောလူကို သူမမြင်ရပေ။

စွေ့စွေ့က သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။

“ကြည့်မနေနဲ့တော့။ အဲ့ဒီလူက သေသွားတာကြာပြီ”

ထိုစကားများကြောင့် ရှောက်တထျန်းသည် တုန်ခါသွားသည်။

စွေ့စွေ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ဟန်မူယဲ့တို့အုပ်စုကို မြင်လိုက်ရသောအခါတွင် ပျော်သွားသည်။

သူမက ရှောက်တထျန်း၏လက်ကိုကိုင်ပြီး ရှောင်ချူး၏မြင်းလှည်းအနားသို့ တိုးလာသည်။

“ရှင်တို့က ရှောက်ယွမ်ကမ်းပါးမှာရှိခဲ့တဲ့ ကုန်သည်အဖွဲ့မဟုတ်လား”

“ကျွန်မက ကျိုးဖူရဲ့မြေး၊ စွေ့စွေ့ပါ”

မိန်းကလေးသည် သွက်လက်ပုံပေါ်သော်လည်း ရှောက်တထျန်းက အနည်းငယ်စိတ်လှုပ်ရှားနေသည်။

ရှောင်ချူးက ခေါင်းညိတ်လိုက်ပြီး မေးသည်။

“မင်းတို့က အလယ်ပိုင်းကုန်းမြေကို ဝင်မလို့လား”

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့က အလယ်ပိုင်းကုန်းမြေကိုဝင်ပြီး ကျွန်မတို့အမျိုးတွေနဲ့ တွေ့မလို့ပါ”

စွေ့စွေ့က ရှောက်တထျန်း၏အင်္ကျီလက်စကို ဆွဲလိုက်သည်။

“ဟုတ်ပါတယ်။ ဆွေမျိုးတွေပါ”

ရှောက်တထျန်းက မော့မကြည့်ရဲပေ။

ရှောင်ချူးက မျက်မှောင်ကြုတ်သည်။

သူက အတွေ့အကြုံများသောလူဖြစ်သောကြောင့် စွေ့စွေ့နှင့်ရှောက်တထျန်းတို့ကြားတွင် မသင်္ကာစရာတစ်ခုခုရှိနေကြောင်း သတိထားမိသည်။

ရှောက်ယွမ်ကမ်းပါးသည် ရှောင်မိသားစုကုန်သည်အဖွဲ့၏ ဆေးပင်များစုဆောင်းရာနေရာဖြစ်သည်။ စွေ့စွေ့နှင့် ရှောက်တထျန်းတို့၏သတင်းစကားကို ပို့ဆောင်ပေးရန်အတွက်လည်း အကောင်းဆုံးအဖွဲ့ဖြစ်သည်။

ကျိုးဖူက ကျေးဇူးတင်လိမ့်မည်ဟု သူယုံသည်။

“နင်တို့က တကယ်ပဲ အလယ်ပိုင်းကုန်းမြေကိုသွားမှာလား”

ထိုအချိန်တွင် မူဝမ်က ရုတ်တရက်ပြောလိုက်သည်။

ရှောင်ချူးက မူဝမ်နှင့် ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ဟန်မူယဲ့က ပြုံးသည်။

ရှောင်ချူးက သခင်လေးမူယဲ့၏နောက်ခံကို မသိပေ။

သူက ကောင်းချန်ကုန်း၏ သွေးဝေးသော ဆွေမျိုးတစ်ယောက်ဖြစ်သည်ဟု ပြောခဲ့သည်။ သို့သော် သူတို့၏ အကြီးဆုံးသခင်မလေးသည် သူ့ကို ရန်မစရန်အတွက် သီးသန့်သတိပေးခဲ့သည်။

အကြီးဆုံးသခင်မလေး၏အကျင့်စရိုက်အရ ခေါင်းဆောင်ချင်းရီမင်ကိုပင် ထိုသို့ အလေးထားမည်မဟုတ်ပေ။

ထို့ကြောင့် ရှောင်ချူးက လမ်းတစ်လျှောက်တွင် ဟန်မူယဲ့နှင့်မူဝမ်ကို အလေးထားခဲ့သည်။

“ကျွန်မတို့က အလယ်ပိုင်းကုန်းမြေကို သွားမှာပါ”

စွေ့စွေ့က ရှောက်တထျန်း၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်သည်။

မူဝမ်က ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။

“အစ်ကိုဟန်၊ သူတို့ကို ခေါ်ခဲ့ပေးပါ”

စွေ့စွေ့က သူမထက်ပို၍ သတ္တိရှိသည်ဟု မူဝမ်က ခံစားလိုက်ရသည်။

တချို့အရာများကို တိုက်ခိုက်၍ ယူရမည်။

“ဆိုင်ရှင်ရှောင်၊ ပြဿနာရှိမလား”

ဟန်မူယဲ့က ရှောင်ချူးကို ကြည့်သည်။

ရှောင်ချူးက ရယ်လိုက်ပြီး ပြောသည်။

“ကျန်းနန်ဂိတ်ကို ဖြတ်တဲ့နေရာမှာ ရှောင်မိသားစုရဲ့ကုန်လှည်းက ပြဿနာရှိနေတယ်ဆိုရင် တောင်ပိုင်းကုန်းမြေကလူတွေ အလယ်ပိုင်းကုန်းမြေကို ဝင်နိုင်တော့မှာမဟုတ်ဘူး”

ရှောင်ယွဲ့လီသည် တောင်ပိုင်းသို့နယ်ချဲ့ခဲ့သော စစ်သူကြီးများထဲမှ တစ်ယောက်ဖြစ်သည်။

ရှောင်မိသားစုသည် အလယ်ပိုင်းကုန်းမြေ၏ နန်းမြို့တော်တွင် အဆင့်အတန်းတစ်ခုရှိသည်။

ရှောင်မိသားစု၏နာမည်နှင့် ကျန်းနန်ဂိတ်ကို လွယ်ကူစွာဖြတ်သန်းနိုင်သည်။

စွေ့စွေ့က ပျော်ရွှင်သွားသည်။ သူမက ရှောက်တထျန်း၏လက်ကို ကိုင်ထားပြီး ထပ်ကာတလဲလဲဦးညွှတ်သည်။

ရှောင်ချူးက ဖြတ်သန်းခွင့်စာရွက်ကိုထုတ်လိုက်ပြီး ကုန်သည်အဖွဲ့ကိုဦးဆောင်၍ ကျန်းနန်ဂိတ်မှ ထွက်လာခဲ့သည်။

စွေ့စွေ့နှင့် ကျားစိမ်းကလန်၏လူငယ်တို့သည် ဂိတ်တံခါးကို ဖြတ်သန်းလာသည်။ သူတို့ကို တားဆီးမည့်လူ မရှိပေ။

ဟန်မူယဲ့က မြင်းစီး၍ ဂိတ်တံခါးမှ ထွက်လာသောအခါတွင် အဝေးတစ်နေရာသို့ မော့ကြည့်သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် ချီစွမ်းအင်တချို့ ပေါ်လာသည်။

သူနှင့်နီးကပ်နေသော မူဝမ်နှင့်ရှောင်ချူးတို့က လှုပ်ရှားလာသော ဖိနှိပ်ထားသည့်စွမ်းအားများကို ခံစားမိသည်။

ရှောင်ချူးက အံ့အားသင့်မှုကြောင့် မျက်လုံးပြူးသွားသည်။

သူက မီးပင်လယ်ထဲတွင်ရောက်နေပြီး ပြာကျသွားတော့မည်ဟု ခံစားရသည်။

သူက ဟန်မူယဲ့ကို ကြည့်လိုက်သောအခါတွင် ခရမ်းရောင်ငွေ့အသက်တချို့ကို မြင်ရသည်။

‘ဒီသခင်လေးမူယဲ့က ဘယ်သူလဲ’

ဟန်မူယဲ့က ခေါင်းငုံ့လိုက်ပြီး မျက်လုံးထဲတွင်ရှိသောမီးတောက်များကို ဖိနှိပ်သည်။

ကံကောင်းစွာဖြင့် သူက လုံလောက်သောပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ သူ့ဝိညာဉ်၏စွမ်းအားသည် အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်တာအိုကို အနည်းငယ်လှုံ့ဆော်မိလိုက်သော်လည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် သူက အလယ်ပိုင်းကုန်းမြေသို့ရောက်လာကြောင်း ဝမ်မော့ရှန်က သိသွားလိမ့်မည်။

“သွားကြစို့။ ဟယ်ကျီးဒေသက ရှေ့မှာမဟုတ်လား”

ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး မြင်းစီးသွားသည်။

“ချင်းရီမင်က ခုန်းချောင်တိကို ဖြေရှင်းချက်ပေးချင်တယ်လို့ ပြောခဲ့တယ်။ သူက စကားတည်လားဆိုတာ ကြည့်ရမယ်”

ချင်းရီမင် ....

သခင်လေးမူယဲ့သည် တောင်ပိုင်းမြို့၏ခေါင်းဆောင်ကို ပေါ့ပါးစွာ နာမည်တပ်ခေါ်သွားသည်။

ရှောင်ချူးက ထိတ်လန့်မှုများကို ဖိနှိပ်လိုက်ပြီး မူဝမ်ကို လှည့်ကြည့်သည်။

“နတ်မိမယ်မူ၊ ငါတို့ ဟယ်ကျီးဒေသကို သွားတော့မလား”

မူဝမ်က ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့၏နောက်သို့ လိုက်သွားသည်။

ကုန်သည်အဖွဲ့သည် လမ်းမတစ်လျှောက် ရွေ့လျားလာခဲ့သည်။

“အဲ့ဒီတော့ ဒါက အလယ်ပိုင်းကုန်းမြေပေါ့”

ကျားလူငယ် ရှောက်တထျန်းသည် ပတ်ဝန်းကျင်တွင်ရှိသော အုတ်ခဲများဖြင့်ဆောက်လုပ်ထားသည့် စံအိမ်များကိုကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။

‘ဒါက စွေ့စွေ့တို့ နေတဲ့နေရာလား’

‘ငါက ဒီလို နတ်ဘုံဆန်တဲ့နေရာကို ရောက်လာခဲ့တာလား’

ရှောက်တထျန်းက နောက်သို့လှည့်ကြည့်လိုက်ပြီး လွမ်းဆွတ်နေသော စွေ့စွေ့၏မျက်နှာကို မြင်ရသည်။ သူက လက်သီးဆုပ်လိုက်သည်။

သူက စွေ့စွေ့၏ ခင်ပွန်းဖြစ်သည်။

“စွေ့စွေ့၊ ငါတို့ ဘယ်သွားမှာလဲ”

“အလယ်ပိုင်းကုန်းမြေကိုရောက်လာရင် ငါက ကုန်ပစ္စည်းတွေသယ်ပြီး မင်းကိုထောက်ပံ့ပေးဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေ ရှာလို့ရတယ်ဆို။ ငါက တခြားလူတွေအတွက် အစောင့်လည်းလုပ်လို့ရတယ်။ ငါတို့နှစ်ယောက်လုံးကို ထောက်ပံ့နိုင်တယ်”

ရှောက်တထျန်းက လက်နှစ်ဖက်ကိုပွတ်သပ်လိုက်ပြီး တီးတိုးပြောသည်။

စွေ့စွေ့က ပြုံးလိုက်ပြီး ရှောက်တထျန်းကို ကြည့်သည်။ သူမ၏မျက်လုံးထဲတွင် နူညံ့မှုများဖြင့်ပြည့်နေသည်။

“ငါတို့က ဝိညာဉ်ဆေးပင်တွေ အများကြီးယူခဲ့တယ်မဟုတ်လား။ အရင်ဆုံး ကောင်းကောင်းနေကြတာပေါ့”

စွေ့စွေ့က ပတ်ဝန်းကျင်ကိုကြည့်ပြီး ရှောက်တထျန်း၏အင်္ကျီလက်ကို ဆွဲသည်။

“ဒီနေရာမှာ ဝိညာဉ်ဆေးပင်တွေကိုရောင်းရင် ဈေးကောင်းရမှာမဟုတ်ဘူး။ ကျွန်မတို့ ကုန်သည်အဖွဲ့နောက်ကို လိုက်မယ်။ ဟယ်ကျီးဒေသကို သွားမယ်”

သူမက စကားပြောလိုက်ပြီး လျှောက်ထွက်သွားသည်။

ရှေ့တွင် ကုန်လှည်းများ၏နောက်မြီးကိုသာ မြင်ရတော့သည်။

“ကောင်းပြီ။ သူတို့နောက်ကို လိုက်သွားကြမယ်”

ရှောက်တထျန်းက စွေ့စွေ့၏ခါးကို ဖက်လိုက်သည်။ သူက သူမကို ပခုံးပေါ်သို့တင်လိုက်ပြီး ပြေးလိုက်သွားသည်။

စွေ့စွေ့က ရှောက်တထျန်း၏လည်ပင်းကို ဖက်ထားပြီး ပျော်ရွှင်စွာရယ်သည်။

“တထျန်း၊ ငါတို့ကို လူတွေအများကြီး ကြည့်နေကြတယ် ....”

ပတ်ဝန်းကျင်တွင်ရှိသော ဖြတ်သွားဖြတ်လာများနှင့် ကုန်သည်အဖွဲ့များက သူတို့ကို ကြည့်နေသောကြောင့် စွေ့စွေ့က အနည်းငယ်ရှက်သွားသည်။

“ကြည်ပါစေပေါ့။ ငါက မင်းရဲ့ခင်ပွန်းပဲ။ ဘာကိုကြောက်နေရမှာလဲ” ရှောက်တထျန်းက ကျယ်လောင်စွာပြောသည်။

တောင်းပိုင်းကုန်းမြေတွင် တခြားလူများ၏အတွေးကို ဂရုမစိုက်ပေ။

ရှောက်တထျန်း၏အသံကို ကြားလိုက်ရသောအခါတွင် လူအများအပြားက တီးတိုးပြောလိုက်ကြသည်။

ရှက်သွားသောစွေ့စွေ့က ရှောက်တထျန်း၏လည်ပင်းကို တင်းကျပ်စွာဖက်ထားပြီး ပွယောင်းနေသောဆံပင်များထဲသို့ မျက်နှာအပ်လိုက်သည်။

မြင်းစီးနေသော ဟန်မူယဲ့နှင့်မူဝမ်က နောက်လှည့်ကြည့်သည်။

မူဝမ်က နှုတ်ခမ်းကိုက်လိုက်သည်။

‘ဒါက လူသားလောကရဲ့ အချစ်လား’ သူမက တွေးမိသည်။

‘ကောင်းလိုက်တာ’

....

ဟယ်ကျီးဒေသသည် အလယ်ပိုင်းကုန်းမြေ၏ အနောက်ဘက်အကျဆုံးအပိုင်းဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်တွင် စစ်တပ်၏ရန်ပုံငွေနှင့် တောင်ပိုင်းကုန်းမြေ၏ ကုန်သွယ်မှုများကြောင့် ဟယ်ကျီးဒေသသည် ကြွယ်ဝလာခဲ့သည်။

All Chapters