အခန်း (၄၃၉)
Vol. 32 Ch. 439
အဝေးမှကြည့်လျှင် ခေါင်းစည်းစာတန်းအမျိုးမျိုးဖြင့် မိုးမျှော်အဆောက်အအုံများကို တွေ့နိုင်သည်။
ချီစွမ်းအင်ဖြင့်ပျံသန်းနေသော ကျင့်ကြံသူများအပြင် သားရဲအမျိုးမျိုးကို စီးနင်းထားသောလူများလည်း ရှိနေသည်။
မြို့အပြင်ဘက်တွင် လူများက မြို့နံရံတွင်ကပ်ထားသော သတိပေးစာကို ဝိုင်းအုံ၍ ကြည့်နေသည်။
“ဒေသအုပ်ချုပ်သူချင်းက ဒီလိုလူမျိုးလား။ အရင်နှစ်တွေမှာ ချင်းမိသားစု တိုးတက်လာနေတာ မထူးဆန်းတော့ပါဘူး”
“ဘုရားရေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးပိုင်းမှာ ခြစားပြီး စစ်တပ်ရန်ပုံငွေတွေကို သုံးစွဲနေတာက ပြစ်မှုကြီးတစ်ခုပဲ”
သတိပေးစာရှေ့တွင် ဆွေးနွေးသံများ ဆူညံ့နေသည်။
ဟယ်ကျီးဒေသအုပ်ချုပ်သူ ချင်းယုနွန်နှင့် မီးတောက်နီစစ်တပ်မှ ချောင်ရှန်တို့သည် ပြိုင်ဘက်များအားဖိနှိပ်နိုင်ရန်အတွက် စစ်တပ်ရန်ပုံငွေများကို အလွဲသုံးစားလုပ်ခဲ့သည်ဟု သတိပေးစာတွင် ရှင်းလင်းစွာဖော်ပြထားသည်။
သူတို့၏ပြစ်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် သူတို့က ခုန်းမိသားစုကို ချောက်တွန်းခဲ့ပြီး ပျက်စီးသွားစေသည်။
ချင်းယုနွန်နှင့် ချောင်ရှန်တို့ကို နန်းမြို့တော်သို့ ပြန်ပို့မည်ဟု ဖော်ပြထားသည်။ ခုန်းမိသားစု၏ အသက်ရှင်ကျန်ရစ်သူများရှိနေလျှင် ပြန်လာပြီး မိသားစုအမွေအနှစ်ကို ဆက်ခံနိုင်သည်။
ချင်းရီမင်က ဟန်မူယဲ့နှင့် ခုန်းချောင်တိအတွက် ဖြေရှင်းပေးလိုက်ပုံပေါ်သည်။
ချင်းရီမင်က မဟာကျင့်ကြံသူကြီးတစ်ယောက်ဖြစ်ပြီး သူ့ရှေ့တွင် လှည့်ကွက်များသုံးလိမ့်မည်မဟုတ်ကြောင်း ဟန်မူယဲ့က ယုံကြည်သည်။
ဤဖြေရှင်းချက်ကို ခုန်းချောင်တိက လက်ခံချင်မှ လက်ခံလိမ့်မည်။
အကယ်၍ ခုန်းချောင်တိက လက်စားချေလိုလျှင် ဟန်မူယဲ့က သူ့ကို လက်စားချေနိုင်စွမ်းရှိလာသည်အထိ ကာကွယ်ပေးလိမ့်မည်။
ဟန်မူယဲ့က မူဝမ်ကိုကြည့်သည်။
“ဒီရတနာတွေက ဘယ်လောက်လဲ”
‘ငါက ဒါတွေကို ဘယ်လိုရောင်းရမှာလဲ’
မူဝမ်က ခေါင်းခါလိုက်ပြီး လက်မြှောက်၍ ကျောက်စိမ်းသေရည်အိုးနှစ်အိုးနှင့် ကျောက်စိမ်းသေတ္တာအချို့ကို ထုတ်ယူသည်။
“ဒါတွေက သိပ်ပြီး အဖိုးမတန်လောက်ဘူး။ သူတို့ပို့လိုက်တဲ့အထဲမှာ အဓိကပစ္စည်းတွေ မဖြစ်နိုင်ဘူး”
သူမက စကားပြောလိုက်ပြီး သေရည်အိုးနှင့် ကျောက်စိမ်းသေတ္တာများကို စားပွဲပေါ်သို့ တင်သည်။
“ဒါက မက်မွန်ပွင့်သေရည်နဲ့ နှင်းခုံးကောင်လိမ်းဆေးပဲ။ ပြီးရင် အစ်ကိုဟန် စမ်းကြည့်လိုက်ပါ”
“မက်မွန်ပွင့်သေရည်ကို သမင်ဖြူတောင်တန်းကျောင်းတော်ရဲ့ ဆရာသခင်တုန်းဖန်က ပို့လိုက်တယ်။ နှင်းခုံးကောင်လိမ်းဆေးကိုတော့ အရှေ့ပင်လယ် တိမ်တိုက်ဓားဂိုဏ်းရဲ့ ပထမတပည့် ကောင်းထန်ကျင်းက ပို့လိုက်တယ်”
ဆိုင်ရှင်ကျား၏လက်များ တုန်ခါသွားသည်။
ရှောင်ချူး၏နှုတ်ခမ်းထောင့်များ တွန့်သွားသည်။
‘သမင်ဖြူတောင်တန်းကျောင်းတော်ရဲ့ ဆရာသခင်တုန်းဖန်း’
‘အရှေ့ပင်လယ် တိမ်တိုက်ဓားဂိုဏ်းရဲ့ ပထမတပည့်’
အတွေ့အကြုံများသောလူနှစ်ယောက်သည် ပြောစရာစကား ရှာမတွေ့တော့ပေ။
ကံကောင်းစွာဖြင့် စားပွဲထိုးသည် ပြင်ဆင်ထားသောဟင်းလျာများကို ချပေးခဲ့သည်။ ဆိုင်ရှင်ကျားက ထိတ်လန့်မှုနှင့် အရှက်ရမှုများကို ဖုံးကွယ်နိုင်ရန်အတွက် ဟင်းလျာများကို ရှင်းပြလိုက်သည်။
“ဒါက လျှိုယွီမြစ်ရဲ့ ငါးပူတင်းပါ။ အရမ်းအရသာရှိတယ်”
“သခင်လေးမူယဲ့၊ နတ်မိမယ်မူ ဒီ အစိမ်းရောင်ပုစွန်တုပ်ဟင်းလျာကို မြည်းကြည့်ပါ”
“ဒါကတော့ အထူးဟင်းလျာဖြစ်တဲ့ ကံကြမ္မာဂဏန်းပေါင်းပဲ”
အခန်းထဲတွင် သင်းရနံ့များဖြင့်ပြည့်နေသည်။
ဟန်မူယဲ့နှင့်မူဝမ်က ခေါင်းညိတ်သည်။
မူဝမ်က သေရည်အိုးကို မလိုက်ပြီး သေရည်ခွက်ကိုဖြည့်သည်။
ရှောင်ချူးနှင့် ကျားယန်ဟုအမည်ရသော ဆိုင်ရှင်သည် ဟန်မူယဲ့နှင့်မူဝမ်ကို ခွက်မြှောက်ပြလိုက်သည်။
“တကယ့်ကို ရှီစိုင်တောင်ရဲ့ မက်မွန်ပွင့်သေရည်ပဲ။ အရသာက အရမ်းကိုချိုမြိန်ပြီး ပျံသန်းနေတဲ့ကြိုးကြာကိုတောင် မြင်နိုင်တယ်လို့ ခံစားရတယ်”
ကျားယန်က သက်ပြင်းချလိုက်ပြီး သေရည်ခွက်ကိုသောက်သည်။
ဟန်မူယဲ့က ခွက်ကို စားပွဲပေါ်သို့ချလိုက်ပြီး ခေါင်းခါသည်။
“ဒီသေရည်က နည်းနည်းပေါ့တယ်။ အရင်တုန်းကအရသာနဲ့ သိပ်မတူဘူး”
မူဝမ်က တခစ်ခစ်ရယ်သည်။ ကျားယန်နှင့်ရှောင်ချူးက ဖျော့တော့စွာပြုံးသည်။
စားသောက်ဆိုင်၏အောက်ထပ်တွင် ဆူညံသံများထွက်လာသည်။
ဟန်မူယဲ့က အောက်သို့ လှမ်းကြည့်လိုက်သောအခါတွင် စွေ့စွေ့နှင့် ရှောက်တထျန်းကို မြင်လိုက်ရသည်။ စားပွဲထိုးတစ်ယောက်က သူတို့ကို တားဆီးထားသည်။
“ငါတို့ကို ဘာဖြစ်လို့ဝင်ခွင့်မပေးတာလဲ”
“ငါတို့ မတတ်နိုင်မှာ စိုးရိမ်နေတာလား”
ရှောက်တထျန်းက ခါးမတ်ထားပြီး လက်ထဲတွင် အိတ်လေးတစ်အိတ်ကို တင်းကျပ်စွာကိုင်ထားသည်။
“ဆရာ၊ ကျွန်တော်တို့ဆိုင်က ဝိညာဉ်ကျောက်တုံးတွေကိုပဲ လက်ခံပါတယ်။ ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်ပြီးမှ ပြန်လာခဲ့ပါ”
ဆိုင်ဝန်ထမ်းက လက်မြှောက်ပြီး သူတို့နှစ်ယောက်ကို တားသည်။
စွေ့စွေ့က ရှောက်တထျန်းကိုဆွဲယူလိုက်ပြီး တီးတိုးပြောသည်။
သူတို့နှစ်ယောက်က စားသောက်ဆိုင်၏ဘေးတွင်ရှိသော ဆိုင်ထဲသို့ ဝင်သွားကြသည်။ ခဏအကြာတွင် စွေ့စွေ့က လေးလံသောအိတ်တစ်လုံးကို ကိုင်ထားပြီး သတိထား၍ လျှောက်လာသည်။
ရှောက်တထျန်းက သူမကို စားသောက်ဆိုင်ဆီသို့ ခေါ်သွားချင်သော်လည်း စွေ့စွေ့က ခေါင်းခါလိုက်ပြီး စကားအနည်းငယ်ပြောသည်။ ထို့နောက် လမ်းဘေးဆိုင်တစ်ဆိုင်သို့ ရှောက်တထျန်းကို ဆွဲခေါ်သွားသည်။
“စွေ့စွေ့၊ ငါတို့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှိနေပြီလေ။ မင်းက ပင်လယ်စာ စားချင်တယ်လို့ မပြောခဲ့ဘူးလား”
ရှောက်တထျန်းက ပြောသည်။
“အတူတူပါပဲ။ အဲဒီစားသောက်ဆိုင်မှာရှိတဲ့ ပင်လယ်စာတွေက ဒီဆိုင်မှာရှိတဲ့ ပင်လယ်စာလိုမျိုး လတ်ဆတ်နေမှာပဲ”
စွေ့စွေ့က ငါးအသားတုံးတစ်တုံးကို ကောက်ယူလိုက်ပြီး မျက်လုံးများမှေးကျဉ်းသည်။
ရှောက်တထျန်း၏ တူတစ်စုံသည် ချောမွေ့ပြီးနူးညံ့သော ငါးအသားကို မကောက်ယူနိုင်ခဲ့ပေ။
စွေ့စွေ့က ပြုံးလိုက်ပြီး ငါးအသားကိုကောက်ယူ၍ လေမှုတ်လိုက်သည်။
ထို့နောက် ရှောက်တထျန်းကို ခွံ့ကျွေးသည်။
“သတိထား။ ပူနေသေးတယ်”
ရှောက်တထျန်းက ငါးအသားတုံးကို မဝါးနိုင်ဘဲ အစာအိမ်ထဲသို့ လျောကျသွားသည်။
သူက နှုတ်ခမ်းသပ်လိုက်သည်။ စွေ့စွေ့က တစ်ကိုယ်လုံးလှုပ်ရှားလာသည်အထိ ရယ်နေသည်။
လမ်းဘေးဆိုင်တွင် သူတို့နှစ်ယောက်သည် အရသာရှိသောစားသောက်ဖွယ်ရာများကို သုံးဆောင်နေပုံပေါ်သည်။
စားသောက်ဆိုင်ထဲတွင် ဟန်မူယဲ့က လက်မြှောက်သည်။
“ဘမ်း”
သူ့လက်ထဲတွင်ရှိသော ကျောက်စိမ်းတူတစ်စုံသည် တစ်ပိုင်းတစ်စစီဖြစ်သွားခဲ့သည်။
မူဝမ်က စဉ်းစားကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။ သူမက ငါးအသားတစ်တုံးကို ကောက်ယူလိုက်ပြီး ဟန်မူယဲ့ဆီသို့ ပို့ပေးသည်။
ငါးအသားသည် အမှန်တကယ်နူးညံ့သောကြောင့် သို့မဟုတ် မူဝမ်က ကိုယ်တိုင်ခွံ့ကျွေးလာသောကြောင့် ဖြစ်နိုင်သည်။ ငါးအသားက မွှေးပျံ့နေကြောင်း ဟန်မူယဲ့က ခံစားလိုက်ရသည်။
“အရသာကောင်းတယ်”
သူတို့က ငါးဟင်းအကြောင်းပြောနေသည်လား သို့မဟုတ် တခြားတစ်ခုအကြောင်းကို ပြောနေသည်လား မသိနိုင်ပေ။
“အဟမ်း၊ လူအိုကြီးကျား၊ ငါက တောင်ပိုင်းကုန်းမြေကနေ ပစ္စည်းတွေသယ်လာခဲ့တယ်။ မင်း ကြည့်ချင်လား”
ရှောင်ချူးက ကျားယန်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
ကျားယန်က ရှောင်ချူး၏စကားကို နားလည်သည်။ သူက လျင်မြန်စွာထရပ်လိုက်ပြီး ဟန်မူယဲ့နှင့်မူဝမ်ကိုတောင်းပန်၍ ရှောင်ချူးနှင့်အတူ အောက်ဆင်းသွားသည်။
သူတို့နှစ်ယောက် ဆက်ရှိနေလျှင် ကမောက်ကမ ဖြစ်နေလိမ့်မည်။
“အစ်ကိုဟန်၊ ဒီပုစွန်ဟင်းကို စားကြည့်မလား”
မူဝမ်က လက်ကိုဆန့်ထုတ်သည်။
“ငါကိုယ်တိုင်လုပ်လိုက်ပါ့မယ်”
ဟန်မူယဲ့က ပုစွန်ဟင်းပန်းကန်ကို ဆွဲယူလိုက်သော်လည်း ဖျက်ဆီးမိသွားသည်။
မူဝမ်က တခစ်ခစ်ရယ်လိုက်ပြီး အခွံခွာထားသော သူမ၏ပုစွန်တုပ်များကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။
လမ်းဘေးဆိုင်တွင် ရှောက်တထျန်းက ထမင်းငါးပန်းကန်နှင့် ဟင်းလျာသုံးပွဲကို ဆက်တိုက်စားလိုက်သည်။ သူက ပန်းကန်းလုံးထဲရှိ စွပ်ပြုတ်ရည်များကို အကုန်သောက်လိုက်ပြီး ပါးစပ်သုပ်သည်။
စွေ့စွေ့က သူ့နှုတ်ခမ်းထောင့်တွင်ရှိသော ထမင်းလုံးကို သေချာဖယ်ပေးလိုက်သည်။
“နင် ဗိုက်ပြည့်ပြီလား”
စွေ့စွေ့က တိတ်ဆိတ်စွာမေးသည်။
“ငါ .... ငါဗိုက်ပြည့်ပြီ”
“စွေ့စွေ့၊ စိတ်မပူပါနဲ့။ နောက်ကျ ငါအလုပ်ရလာရင် ငါတို့က အရသာရှိတဲ့စားစရာတွေကို နေ့တိုင်းစားမယ်”
ရှောက်တထျန်းက စားသောက်ဆိုင်ကြီးကို ညွှန်ပြသည်။
“နောက်ကျရင် စားသောက်ဆိုင်ကြီးတစ်ခုဖွင့်မယ်။ မင်းက သူဌေးမလုပ်လေ”
ရှောက်တထျန်းက ဗိုက်ကိုပုတ်လိုက်ပြီး ပျော်ရွှင်စွာပြောသည်။
စွေ့စွေ့က သူ့ကိုကြည့်လိုက်ပြီး ဘာမှမပြောဘဲ တခစ်ခစ်ရယ်သည်။
စားသောက်ဆိုင်၏တတိယထပ်တွင် ဟန်မူယဲ့က ရုတ်တရက်ပြောသည်။
“ညီမမူ၊ နန်းမြို့တော်မှာ ဆေးဆိုင်ဖွင့်ကြမလား”
“ငါက ဆိုင်ရှင်လုပ်မယ်။ မင်းက သူဌေးမလုပ်ပေါ့”
‘သူဌေးမ’
မူဝမ်က မျက်နှာတစ်ခုလုံး နီရဲနေကြောင်း ခံစားမိသည်။
သူမက ညင်သာစွာ ခေါင်းညိတ်သည်။
ကုန်သည်အဖွဲ့သည် ညအချိန် အနားယူနိုင်ရန်အတွက် ဟယ်ကျီးဒေသတွင် စခန်းချခဲ့သည်။ ရှောင်ချူးက ရှောင်မိသားစုဝင်များကိုဦးဆောင်၍ နယ်မြေထွက်ကုန်များကို ဝယ်ယူနေသည်။
ရေချိုငါးအများအပြားကို ရေခဲရိုက်ထားသည်။ ထိုငါးများကို နန်းမြို့တော်သို့ သယ်သွားလျှင် အမြတ်ဆယ်ဆရလိမ့်မည်။
တောင်ပိုင်းကုန်းမြေ၏ အဆင့်နိမ့်ဆေးပင်အချို့ကိုလည်း ဟယ်ကျီးဒေသတွင် ရောင်းချနိုင်သည်။
ကျားယန်၏ပြောစကားအရ နန်ယွမ်စီရင်စုတွင် ဟယ်ကျီးဒေသသည် တိုးတက်မှုအမြန်ဆုံးဖြစ်ပြီး အရာရှိဌာအခြေစိုက်သော နန်ယွမ်မြို့နှင့်ပင် ယှဉ်နိုင်သည်။
ဟန်မူယဲ့နှင့် မူဝမ်တို့ရှိနေသောကြောင့် ရှောင်ချူးက ကုန်သည်အဖွဲ့ အနားယူနိုင်ရန်အတွက် အဆင့်မြင့်တည်းခိုခန်းကို စီစဉ်ခဲ့သည်။
ယခင်က ကုန်သည်အဖွဲ့များ မြို့ထဲတွင်နေနိုင်လျှင် အလွန်ကောင်းနေပြီဖြစ်သည်။
ရှောင်မိသားစုတပည့်အချို့က တစ်ခုခုကို အာရုံခံမိပြီး ဟန်မူယဲ့နှင့်မူဝမ်ကို သတိထားနေကြသည်။ တချို့ကတော့ သေချာနားမလည်နိုင်ဘဲ တစ်ယောက်တစ်ခန်းစီယူထားသော ဟန်မူယဲ့နှင့်မူဝမ်ကို မကျေမနပ်ဖြစ်နေသည်။
“သခင်လေးမူယဲ့နဲ့ နတ်မိမယ်မူ၊ လျှိုယွီမြစ်ရဲ့ ညမြင်ကွင်းက မဆိုးဘူး။ သခင်လေးတို့နှစ်ယောက် အပြင်ထွက်ချင်လား”
ရှောင်ချူးက အရာအားလုံးစီစဉ်ပြီး အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို မေးသည်။
မူဝမ်၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
ထို့နောက် သူတို့နှစ်ယောက်က မြို့ပြင်တွင်ရှိသော မြစ်ဆီသို့ အတူတူလျှောက်သွားလိုက်ကြသည်။
လျှိုယွီမြစ်သည် စီရင်စုသုံးခု၏မြစ်ရေကို သယ်ဆောင်လာပြီး နန်ယွမ်စီရင်စုကို ဖြတ်သန်းလာသည်။ ဟယ်ကျီးဒေသသို့ ရောက်သောအခါတွင် ပေထောင်ချီကျယ်ဝန်းသော မြစ်တစ်စင်းဖြစ်လာသည်။
မြစ်ပြင်သည် ကျယ်ဝန်းပြီ နေဝင်သွားပြီဖြစ်သည်။ လနှင့်ကြယ်များ ပေါ်ထွက်လာပြီး လှိုင်းကြက်ခွပ်များသည် ကြယ်ရောင်ကို အလင်းပြန်နေသည်။
သိပ်မဝေးသောနေရာတွင် ကုန်တင်သင်္ဘောများ၊ ငါးဖမ်းသင်္ဘောများ၊ အလှဆင်ထားသော သင်္ဘောများ ရှိနေသည်။ သင်္ဘောပေါ်ရှိ မီးအိမ်များ၏အလင်းနှင့် ကြယ်အလင်းသည် တစ်ခုနှင့်တစ်ခု အားပြိုင်နေသည်။
“အရမ်းလှတာပဲ ....”
မူဝမ်က အစိမ်းရောင်မိုးမခပင်အောက်တွင် ရပ်နေပြီး ညင်သာစွာပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အဝေးသို့ကြည့်သည်။ သူ့မျက်လုံးထဲတွင် ရွှေအလင်းများရှိနေသည်။
“ဒါက လူသားလောကပဲ”
“ငါတို့ ကျင့်ကြံတဲ့အချိန်မှာ လူသားလောကကို စွန့်ခွာရတယ်။ ဒါပေမဲ့ လူသားလောကကို မှတ်မိနေလိမ့်မယ်”
ယခုအချိန်တွင် ဟန်မူယဲ့က လက်ဆန့်ထုတ်ပြီး မူဝမ်ကို ပွေ့ဖက်ချင်မိသည်။ သိပ်မဝေးသောနေရာတွင် ရှောက်တထျန်းတို့နှစ်ယောက်ကလည်း ပွေ့ဖက်နေသည်။ သို့သော် သူက အားသုံးမိပြီး မူဝမ်အား ထိခိုက်သွားမည်ကို စိုးရိမ်နေသည်။
မူဝမ်က ဟန်မူယဲ့၏စိတ်အခြေအနေကို သတိထားမိပုံပေါ်သည်။ သူမက ဖြည်းဖြည်းချင်းနီးကပ်လာပြီး ဟန်မူယဲ့၏ပခုံးပေါ်သို့ ခေါင်းမှီလိုက်သည်။
လရောင်သည် လှိုင်းတွန့်များပေါ်တွင် တလက်လက်တောက်ပနေသည်။
မြစ်ရေသည် ညင်သာစွာလှိုင်းထသွားသည်။
“စွေ့စွေ့၊ နောက်ကျ ငါးဖမ်းမယ်ဆိုရင်ရော ဘယ်လိုလဲ။ ငါးဖမ်းတတ်တဲ့လူတွေ အများကြီးရှိတယ်မဟုတ်လား။ ငါလည်း ငါးဖမ်းတတ်တယ်”
သိပ်မဝေးသောနေရာတွင် ရှောက်တထျန်းက ညလေအေးကြောင့် အအေးပတ်သွားမည်ကို စိုးရိမ်နေသည့်အလား စွေ့စွေ့ကို ပွေ့ဖက်ထားသည်။
“မရဘူး။ ငါတို့ ကျိုးမိသားစုရဲ့ နေအိမ်ဟောင်းက ဟယ်ကျီးဒေသမှာရှိတယ်။ ငါတို့ ဒီမှာနေရင် သူတို့ သိသွားလိမ့်မယ် ....”
စွေ့စွေ့၏အသံထဲတွင် အကူအညီမဲ့ခြင်းနှင့် တွန့်ဆုတ်ခြင်းများ ရှိနေသည်။
“နန်ယွမ်မြို့ကို သွားကြစို့။ နန်းမြို့တော်ကို သွားကြစို့။ အလယ်ပိုင်းကုန်းမြေက အရမ်းကြီးပါတယ်။ ငါတို့ အဲ့ဒီမှာ အိမ်တစ်လုံး မဆောက်နိုင်ဘူးလား”
“နင်က စားသောက်ဆိုင်တစ်ခုဖွင့်ချင်တယ်လို့ မပြောခဲ့ဘူးလား။ နန်းမြို့တော်ကိုသွားပြီး စားသောက်ဆိုင်ဖွင့်ရအောင်လေ”
“အချိန်ကျလာရင် ငါတို့ကလေးတွေက တော်ဝင်ကျောင်းတော်ကိုသွားပြီး စာသင်နိုင်မယ်။ သူတို့ အသက်ကြီးလာရင် ဒေသတစ်ခုကိုအုပ်ချုပ်တဲ့ အဆင့်မြင့်အရာရှိတွေ ဖြစ်လာလိမ့်မယ်”
“ငါ့အဘိုးက အရာရှိတွေကို အရမ်းသဘောကျတယ်။ သူ့မြစ်တွေက အဆင့်မြင့်အရာရှိတွေဖြစ်နေတာကို မြင်လိုက်ရင် နားရွက်တက်ချိတ်အောင် ပြုံးနေလိမ့်မယ်”
“အဲ့ဒီအချိန်ကျရင် ငါတို့ လက်ဆောင်တွေအများကြီးဝယ်ပြီး ကလန်ကို ပြန်သွားမယ် ....”
ဟန်မူယဲ့နှင့်မူဝမ်က စကားမပြောဘဲ လူငယ်စုံတွဲ၏ အနာဂတ်အစီအစဉ်များကို နားထောင်နေကြသည်။
ထိုအစီအစဉ်များသည် သာမန်ဖြစ်နိုင်သလို အလှမ်းကွာနေဆဲလည်း ဖြစ်နိုင်သည်။ သို့သော် လှပသည့်အနာဂတ်အတွက် ဖြစ်သည်။
“ကောင်းပြီ။ မင်းသဘောပါပဲ။ မင်းသဘောပါပဲ”
ရှောက်တထျန်းက ပြောသည်။
ဟန်မူယဲ့က ငုံ့ကြည့်လိုက်သောအခါတွင် သူ့ကိုကြည့်နေသော မူဝမ်ကို မြင်လိုက်ရသည်။
သူတို့နှစ်ယောက်က အဝေးသို့ ကြည့်လိုက်သည်။
မြစ်ပေါ်တွင် အပျော်လှေသည် ညင်သာစွာလှုပ်ရှားနေသည်။ သာယာသောဂီတသံကို ကြားနိုင်သည်။