← Chapters

အခန်း (၄၄၂)

Vol. 32 Ch. 442

အခန်း (၄၄၂)

Vol. 32 Ch. 442

တုန်းရှန်ဒေသတွင် အရင်းအမြစ်များ ရှားပါးသည်။

ဂိုဏ်းအများအပြားသည် ဝိညာဉ်ကျောက်တုံးများကိုင်၍ ဆိပ်ကမ်းတွင် စောင့်နေကြသည်။

တုန်းရှန်ဒေသ၏အုပ်ချုပ်ရေးရုံးသည်လည်း ဝိညာဉ်ကျောက်တုံးအများအပြား သုံးစွဲနေသည်။

တုန်းရှန်ဒေသမှာ ဝိညာဉ်ကျောက်တုံးများ မလိုအပ်ပေ။ သူတို့က လူများကိုသာ လိုအပ်သည်။

တုန်းရှန်ဒေသ၏ကြွယ်ဝမှုသည် အပေါ်ယံသာရှိသေးသည်။ သူတို့က လူများကိုဆွဲဆောင်ရန်အတွက် ကြိုးစားနေသည်။

“ရှောင်မိသားစုကုန်သည်အဖွဲ့ကို ဘယ်သူကဦးဆောင်လာတာလဲ သိပါရစေ”

သီးသန့်ခန်း၏အပေါက်ဝတွင် အသံတစ်သံထွက်လာသည်။

အစိမ်းရောင်ဝတ်စုံနှင့် သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က နေရာတွင်ရပ်နေပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားသည်။

ရှောင်ချူးက မတ်တပ်ရပ်သည်။

“ငါက နန်ယွမ်ဒေသရဲ့ အုပ်ချုပ်သူ ချန်ရှန့်ပါ။ ကျေးဇူးပြုပြီး ဆိုင်ရှင်ရှောင်က အုပ်ချုပ်ရေးရုံးကို လာခဲ့ပါအုံး”

အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက ရှောင်ချူး၊ ဟန်မူယဲ့နှင့် တခြားလူများကို လက်သီးဆုပ်၍ နှုတ်ဆက်သည်။

ဒေသအုပ်ချုပ်သူရုံး ....

ရှောင်ချူးက လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်ပြီး လိုက်သွားသည်။

ရှောင်ချူးက တစ်နာရီအကြာတွင် လေးနက်သောမျက်နှာထားဖြင့် ပြန်လာသည်။

“နန်းမြို့တော်ကိုသွားနေတဲ့ အုပ်ချုပ်ရေးအဖွဲ့က ငါတို့နဲ့အတူ လိုက်ချင်တယ်တဲ့”

“ဖူချန်တာအိုဂိုဏ်းက ချင်းယုနွန်ရဲ့နောက်ကွယ်မှာ ရှိနေလိမ့်မယ်”

ရှောင်ချူး၏စကားများကြောင့် ကျားယန်၏မျက်နှာထား ပြောင်းလဲသွားသည်။

“ဖူချန်တာအိုဂိုဏ်းလား။ သူတို့က ဘယ်လိုလုပ်ပြီး ဒီကိစ္စထဲမှာ ပါလာတာလဲ”

ဖူချန်တာအိုဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေ၏ ဒေသဆယ့်ကိုးခုတွင် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ သူတို့က အရှေ့တောင်ဒေသရှစ်ခုကို ဖြန့်ကျက်ထားနိုင်သည်။

ဖူချန်တာအိုဂိုဏ်းတွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူများ များပြားစွာရှိသည်။ ထိပ်တန်းကျွမ်းကျင်သူနှစ်ဦးသည် ဒေသတစ်ခုကို လွှမ်းမိုးနိုင်သည်ဟု ပြောကြသည်။

ဖူချန်တာအိုဂိုဏ်းသည် နှစ်ပေါင်းများစွာကြာသည်အထိ နိုင်ငံရေးကိစ္စများတွင် ဝင်မပါခဲ့ပေ။ သူတို့က ကွန်ဖြူးရှပ်တာအိုကိုလည်း လေးစားသည်။

သို့သော် တော်ဝင်မိသားစုမှလွဲ၍ ထိုဂိုဏ်းကို ဆန့်ကျင်ရဲသောလူများ မရှိပေ။

ဖူချန်တာအိုဂိုဏ်းသည် ကွန်ဖြူးရှပ်တာအိုကို လေးစားသော်လည်း နောက်ကွယ်တွင် လှည့်ကွက်များသုံးလိမ့်မည်။

အရှေ့တောင်ပိုင်း၏ ဒေသရှစ်ခုတွင် ဖူချန်တာအိုဂိုဏ်းက အနည်းဆုံး ဖြစ်ရပ်တစ်ခုနှစ်ခုတွင် ပါဝင်ပတ်သတ်နေကြောင်း ကျားယန်သိထားသည်။

“ငါတို့က ဒီလိုကိစ္စကြီးမှာ ဝင်ပါနိုင်လို့လား”

ကျားယန်က ကြောက်ရွံ့မှုတချို့နှင့်အတူ ရှောင်ချူးကို ကြည့်သည်။

ရှောင်ချူးက ခေါင်းခါလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“သခင်လေးမူယဲ့၊ နတ်မိမယ်မူနဲ့ ဆိုင်ရှင်ကျားတို့က တခြားသင်္ဘောတစ်စင်းနဲ့ ထွက်သွားမယ်ဆိုရင်ရော ဘယ်လိုလဲ”

“ငါက ရှောင်မိသားစုကုန်သည်အဖွဲ့ကိုဦးဆောင်ပြီး ဒီနေ့ပဲ ထွက်သွားလိုက်မယ်”

ကျားယန်က ပါးစပ်ဖွင့်ထားသော်လည်း စကားမပြောနိုင်ခဲ့ပေ။

“ဒါက ဖူချန်တာအိုဂိုဏ်းကို လမ်းလွှဲနိုင်မယ်လို့ ထင်နေတာလား”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“သင်္ဘောတစ်စင်းပဲဖြစ်ဖြစ် နှစ်စင်းပဲဖြစ်ဖြစ် သူတို့က ကြားဝင်တိုက်ခိုက်မှာပဲ”

ဂိုဏ်းကြီးများသည် လွှမ်းမိုးနိုင်စွမ်းရှိစွာ တိုက်ခိုက်လိမ့်မည်။

သူတို့ တိုက်ခိုက်လာလျှင် မိုးကြိုးတစ်စင်းကဲ့သို့ ပြင်းထန်နေလိမ့်မည်။

ရှောင်ချူး၏မျက်နှာထားက လေးနက်နေပြီး တီးတိုးပြောသည်။

“သခင်လေးပြောချင်တာကို နားလည်ပါတယ်။ ဒါပေမဲ့ ရှောင်မိသားစုက ဒီတာဝန်ကို မငြင်းနိုင်ဘူး”

ရှောင်မိသားစုသည် နန်းမြို့တော်၏ မိသားစုကြီးတစ်ခုဖြစ်သည်။ သူတို့က ဤတာဝန်ကို မငြင်းနိုင်ပေ။

သူတို့က တိုင်းပြည်၏ကြွယ်ဝမှုကို ခံစားထားသောကြောင့် အလိုလျောက် တာဝန်ယူရမည်။

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး စားသောက်ဆိုင်၏အပြင်ဘက်သို့ ကြည့်သည်။

“နန်ယွမ်ဒေသက ခင်ဗျားတို့ရှောင်မိသားစုကို သူတို့နဲ့အတူတူ ဆွဲချသွားချင်တာဖြစ်မှာပေါ့”

ရှောင်ချူးက ခေါင်းညိတ်သည်။

ထိုအရာသည် ပွင့်လင်းပြီး မငြင်းဆန်နိုင်သော အကြံအစည်ဖြစ်သည်။

“အဲဒါဆိုရင်လည်း မနက်ဖြန် ထွက်သွားကြရအောင်။ ဖူချန်တာအိုဂိုဏ်းက ဘယ်လိုနည်းလမ်းမျိုးတွေ ပိုင်ဆိုင်ထားတာလဲ သိချင်မိတယ်”

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး ခေါင်းခါသည်။ ထို့နောက် အောက်ထပ်သို့ ဆင်းသွားသည်။

ကျားယန်က ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ညီအစ်ကိုရှောင်၊ ဒီတစ်ကြိမ်မှာ ငါတို့က သခင်လေးမူယဲ့ကိုပဲ မှီခိုရလောက်တယ်”

ကုန်သည်အဖွဲ့၏ခွန်အားနှင့်ဆိုလျှင် ဖူချန်တာအိုဂိုဏ်းကိုတားဆီးရန် မဖြစ်နိုင်ပေ။

ထိုတာဝန်သည် သူတို့ကို ရှင်းလင်းစွာ သေလမ်းပို့နေခြင်းဖြစ်ပြီး သူတို့နောက်ကွယ်ရှိအင်အားစုများနှင့် ဖူချန်တာအိုဂိုဏ်းကို ရန်တိုက်ပေးနေသည်။

သို့သော် ဤခရီးတွင် ဟန်မူယဲ့ပါလာခဲ့ကြောင်း တခြားလူများ မသိခဲ့ပေ။

“ဒီသခင်လေးမူယဲ့က ဘယ်သူလို့ မင်းထင်လဲ။ သူရဲ့ကျင့်ကြံဆင့်ကရော ဘယ်လောက်လဲ”

ကျားယန်က ရှောင်ချူးကို ကြည့်သည်။

ရှောင်ချူးက ခေါင်းခါသည်.

သူမသိပေ။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က ဖူချန်တာအိုဂိုဏ်းကို ကြောက်ရွံ့ပုံမပေါ်ပေ။ ထို့ကြောင့် သူတို့က စိတ်သက်သာရာရသွားသည်။

နောက်တစ်နေ့မနက်တွင် ကုန်သည်အဖွဲ့သည် မြို့မှထွက်လာပြီး လျှိုယွီမြစ်သို့ ဦးတည်လိုက်သည်။

ဆိပ်ကမ်းသို့ရောက်လာသောအခါတွင် ပေသုံးရာရှည်လျားသောသင်္ဘောနှစ်စင်းကို မြင်လိုက်ရသည်။

ကုန်သည်အဖွဲ့သည် ကုန်ပစ္စည်းများကို သင်္ဘောပေါ်သို့တင်ပြီး ရွက်လွှင့်ခဲ့သည်။ သူတို့က ရေစီးကြောင်းကိုဆန့်ကျင်၍ ခရီးဆက်ခဲ့သည်။

မြစ်ကမ်းဘေးတွင် အစိမ်းရောင်တောင်တန်းများ၊ အပြာရောင်လှိုင်းများနှင့် အဆုံးမရှိသော လယ်ကွင်းများကို မြင်နိုင်သည်။

ဟန်မူယဲ့က ကုန်းပတ်ပေါ်တွင် မူဝမ်နှင့်အတူ ရပ်နေပြီး အငွေ့အသက်များအားလုံးကို ထိန်းချုပ်ထားသောကြောင့် သာမန်လူသားတစ်ယောက်နှင့် တူနေသည်။

“တောင်တန်းတွေက လောကရဲ့ အပြာရောင်ရေလှိုင်းတွေနဲ့ ဆက်သွယ်ပြီး ....”

ဟန်မူယဲ့က ရေရွတ်သည်။

“လှိုင်းကြမ်းတွေကြားမှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေတယ်။ ဘယ်လိုလဲ”

သူ့နောက်မှ အသံတစ်သံထွက်လာသည်။

ဟန်မူယဲ့က လှည့်ကြည့်လိုက်သောအခါတွင် ခြေကျင်းဝတ်တွင် ချိန်းကြိုးများရှိနေသော အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကို မြင်ရသည်။ သူက ဖြည်းဖြည်းချင်း လျှောက်လာသည်။

သံခြေကျင်းသည် တချွင်ချွင်မြည်နေသည်။

“လှိုင်းကြမ်းတွေလား။ ကြည်လင်နေတဲ့မြစ်မှာ ဘယ်လိုလုပ်ပြီး လှိုင်းကြမ်းတွေရှိနိုင်မှာလဲ”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“အဲ့ဒါက မသင့်တော်ဘူး”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းအရွယ်လူကြီးက ရယ်မောလိုက်ပြီး ညွှန်ပြသည်။

“ဒီဝိညာဉ်စပါးခင်းတွေကို ကြည့်လိုက်ပါ။ သာမန်လူတွေက ဘယ်လောက်စားနိုင်မယ်ထင်လဲ”

“အပြာရောင်ရေလှိုင်းတွေက တကယ်ပဲကြည်လင်နေရဲ့လား”

“လူသားလောကမှာ ဘယ်လိုလုပ်ပြီး သန့်ရှင်းနိုင်မှာလဲ”

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး သူ့ကိုလှည့်ကြည့်သည်။

“မထူးဆန်းတော့ပါဘူး ....”

ဟန်မူယဲ့က အေးစက်သောမျက်နှာထားဖြင့် ခေါင်းခါသည်။

“အဲဒီတော့ မင်းက ကွန်ဖြူးရှပ်တာအိုကိုပြောင်းလာတဲ့ တာအိုတန်ခိုးရှင်တစ်ယောက်ပဲ။ လူသားလောကမှာ ညစ်ညမ်းတယ်လို့ခံစားရတဲ့အတွက် တာအိုလမ်းစဉ်ကို ပြန်သွားချင်နေတာပဲ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းအရွယ်လူကြီက ဂုဏ်ယူသောမျက်နှာထားကို ပြသသည်။

“ငါက ကွန်ဖြူးရှပ်တာအိုရဲ့ယိုယွင်းချက်ကို မြင်ပြီးသွားပြီ။ ငါ ချင်းယုနွန်က ကွန်ဖြူးရှပ်လမ်းစဉ်ကိုစွန့်ပစ်ပြီး တာအိုလမ်းစဉ်ကို ဝင်ရောက်မယ်။ အနာဂတ်မှာ ငါက နှစ်ထောင်ချီကြာတဲ့အထိ လွတ်လပ်တဲ့ဘဝကို နေနိုင်လိမ့်မယ်”

ချင်းယုနွန်သည် ဟယ်ကျီးဒေသ၏ အုပ်ချုပ်သူဖြစ်သည်။

သူက ဖူချန်းတာအိုဂိုဏ်းနှင့်ပူးပေါင်းပြီး စစ်တပ်ပစ္စည်းများကို ရောင်းချခဲ့သည်။

ဟန်မူယဲ့က ချင်းယုနွန်ကို ကြည့်သည်။

“ငါက တခြားအရာတွေကို ဂရုမစိုက်ဘူး။ သိချင်ရုံတင်ပါ။ ခုန်းချောင်တိကလည်း ပါရမီရှိပါတယ်။ မင်းက ဘာဖြစ်လို့ သူ့မိသားစုကို အန္တရာယ်ပေးရတာလဲ”

ခုန်းချောင်တိ ....

ချင်းယုနွန်၏မျက်နှာထားက ပြောင်းလဲသွားပြီးဟန်မူယဲ့ကို စိုက်ကြည့်သည်။

အချိန်အတော်ကြာသောအခါတွင် သူက ခေါင်းခါသည်။

“ခုန်းချောင်တိရဲ့ပါရမီက ငါ့အောက်မကျဘူး။ သူက အရမ်းကိုအသေးစိတ်ကျတယ်။ ငါက သူ့ကို သည်းမခံနိုင်ဘူး”

ထိုစကားများသည် အမှန်ပင်ဖြစ်သည်။

ခုန်းချောင်တိသည် ဒေသတစ်ခုကို စီမံပေးနိုင်ပြီး စစ်တပ်နှင့်ပတ်သတ်သော စားနပ်ရိက္ခာများအတွက် သယ်ယူပို့ဆောင်ခြင်းကို တာဝန်ယူထားသည်။ ချင်းယုနွန်၏လုပ်ရပ်များကို ဖုံးကွယ်မထားနိုင်ပေ။

“မင်းရဲ့အမြင်မှာ မိသားစုတစ်ခုရဲ့ သေခြင်းရှင်ခြင်းက ဒီလောက်တောင် အရေးမပါဘူးလား”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ချင်းယုနွန်က သူ့ကိုကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။

“ငါက အရေးသာနေတာပဲ။ ဘာဖြစ်လို့ လျှောက်ပြောနေရမှာလဲ”

“ငါက မင်းရဲ့ကဗျာမှာ ပေါင်းထည့်ပေးလိုက်မယ်”

“တောင်တန်းတွေက ရေလှိုင်းပြာနဲ့ဆက်သွယ်ပြီး လှိုင်းကြမ်းတွေလိုမျိုး နိမ့်လိုက်မြင့်လိုက်ဖြစ်နေတယ်။ တစ်နေ့မှာ တိမ်နဲ့လေပြင်းတွေ ပေါ်ထွက်လာပြီး မဟာတာအိုက ဘုံကိုးပါးအထိ မြင့်တက်သွားလိမ့်မယ်”

‘ဘုံကိုးပါးအထိ မြင့်တက်သွားမယ်တဲ့လား’

ဟန်မူယဲ့၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

‘ဖူချန်တာအိုဂိုဏ်းက အလယ်ပိုင်းကုန်းမြေရဲ့ ကောင်းကင်တာအိုအမိန့်အာဏာကို နှစ်ခြမ်းခွဲနိုင်မယ်လို့ တကယ်ပဲထင်နေတာလား’

“ဝှစ် ....”

ရေထဲမှ လူတစ်ယောက်ထွက်လာသည်။

“သခင်လေး၊ ရေအောက်မှာ ငါးတွေအများကြီးရှိတယ်။ အများကြီးရှိပဲ။ အရမ်းလည်းကြီးတယ်”

ရှောက်တထျန်းက သုံးပေရှည်လျားသောငါးတစ်ကောင်ကို ကိုင်ထားပြီး တီးတိုးပြောသည်။

မူဝမ်က ထိုငါးကို မြင်လိုက်ရသောအခါတွင် မျက်မှောင်ကြုတ်သည်။

“ဖီးနစ်အမြီးငါးကြင်းလား။ သူတို့ရဲ့သားပေါက်ရာသီက ကုန်သွားပြီလေ။ လျှိုယွီမြစ်ထဲမှာ ဘာဖြစ်လို့ ဒီငါးကြင်းတွေရှိနေတာလဲ”

ရှောက်တထျန်းက ခေါင်းခါလိုက်ပြီး လက်ထဲတွင်ရှိသောငါးကို ကြည့်သည်။

“ရေအောက်မှာ အများကြီးပဲ”

ဖီးနစ်အမြီးငါးကြင်း ....

ရွှေရောင်အကွက်များရှိသော ရှည်လျားပြီးသွယ်လျသည့်အမြီးကြောင့် ထိုနာမည်ကို ရထားသည်။

ထိုငါးကြင်းသည် အလွန်အရသာရှိပြီး လျှိုယွီမြစ်၏ စားသောက်ကုန်တစ်ခုဖြစ်သည်။

ဖီးနစ်အမြီးငါးကြင်းများသည် နှစ်တိုင်း ရေဆန်တက်သည်။ သူတို့က နွေရာသီသို့မရောက်ခင် မိုင်တစ်သန်းကွာဝေးသော တောင်ပိုင်းကုန်းမြေနှင့် အလယ်ပိုင်းကုန်းမြေ၏ နယ်စပ်ရှိ ယုစီရေကန်သို့သွားလိမ့်မည်။

မူဝမ်ပြောခဲ့သည့်အတိုင်း ယခုအချိန်သည် သူတို့၏ရာသီမဟုတ်ပေ။

ထိုအရာသည် ဟာသမဟုတ်ပေ။

ပထမဆုံးအချက်အနေဖြင့် သူတို့သည် ရာသီချိန်ကို လွဲချော်သွားသည်။ သူတို့ဥချသောနေရာတွင် ရေကြီးနေပြီး ဥအများအပြားသည် ရေနှင့်အတူပါသွား၍ တခြားငါးများအတွက် အစာဖြစ်သွားလိမ့်မည်။

ဒုတိယအချက်အနေဖြင့် အနက်ရောင်ခွန်ငါးများသည် ဥချရန်အတွက် ရေဆန်တက်လာလိမ့်မည်။

သိမ်မွေ့သော ဖီးနစ်အမြီးငါးကြင်းများသည် အနက်ရောင်ခွန်ငါးများအတွက် အစာဖြစ်သည်။

ဖီးနစ်အမြီးငါးအုပ်သည် ပျက်စီးသွားလိမ့်မည်။

ဟန်မူယဲ့က လှည့်ကြည့်လိုက်သောအခါတွင် အနီရောင်ငါးအမြီးများ၏အရိပ်ကို မြင်နိုင်သည်။

“အစ်ကိုဟန်၊ ဘာဖြစ်တာလဲသိလား”

မူဝမ်က ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ခေါင်းခါသည်။

အသွင်ပြောင်းနိုင်သော ငါးမိစ္ဆာများရှိလျှင် မေးမြန်းကြည့်နိုင်သည်။

သို့သော် ငါးအုပ်ထဲတွင် အသွင်ပြောင်းနိုင်သောငါးမိစ္ဆာများကို အာရုံမခံမိပေ။

ရှောက်တထျန်းက ဖမ်းလာသောငါးကို တစ်ဝက်ခွဲလိုက်ပြီး တစ်ဝက်ကိုအတုံးတုံး၍ တစ်ဝက်ကို ငါးစွပ်ပြုတ်လုပ်ခဲ့သည်။

ငါးအသားတုံးများကို ဟန်မူယဲ့နှင့်မူဝမ်ဆီသို့ ပေးလိုက်ပြီး စွပ်ပြုတ်ကို စွေ့စွေ့ဆီသို့ ယူသွားခဲ့သည်။

စွေ့စွေ့၏ခန္ဓာကိုယ်က အားနည်းပြီး လေစိမ်းများကို မခံနိုင်ပေ။

ဟန်မူယဲ့နှင့်မူဝမ်သည် သင်္ဘောထိပ်တွင် ထိုင်နေခဲ့သည်။ သူတို့နှစ်ယောက်ကြားရှိ စားပွဲပေါ်တွင် မက်မွန်ပွင့်သေရည်နှင့် ငါးအသားတုံးများ ရှိနေသည်။

ဟန်မူယဲ့က ငါးအသားတစ်ဖတ်ကို ကောက်ယူလိုက်ပြီး ခက်ခဲစွာ ပါးစပ်ထဲထည့်သည်။

မူဝမ်က သူ့ကိုကြည့်ပြီး တခစ်ခစ်ရယ်သည်။

“ငါးအသားလွှာက ပုစဉ်းတောင်ပံလိုပဲ ပါးလျပြီး ကြည်လင်နေတယ်။ အနံ့လည်းကောင်းတယ်။ တကယ် မဆိုးဘူးပဲ”

“ရှောက်တထျန်းက နန်းမြို့တော်မှာ ငါးဟင်းလျာတွေအထူးပြုတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ရင် ဝိညာဉ်ကျောက်တုံးတွေ တကယ်ရနိုင်လိမ့်မယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် မူဝမ်က တခစ်ခစ်ရယ်သည်။ သူမက ငါးအသားလွှာတစ်ခုကိုကောက်ယူပြီး စားကြည့်သည်။

သူမက မော့ကြည့်လိုက်သောအခါတွင် ဟန်မူယဲ့နှင့် အကြည့်ချင်းဆုံသွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။

သူမက ဝါးတူကိုချလိုက်ပြီး မက်မွန်ပွင့်ဝိုင်ကို ငှဲ့သောက်သည်။

ဟန်မူယဲ့ကလည်း မူဝမ်ငှဲ့ပေးသောဝိုင်ခွက်ကို ဖျက်ဆီးမိမည်စိုးရိမ်သောကြောင့် ဂရုတစိုက်ကိုင်ထားသည်။

ထို့ကြောင့် မူဝမ်က ပါးစပ်အုပ်ပြီး ရယ်လိုက်ပြန်သည်။

ရှေ့တွင်ရှိသောသင်္ဘောပေါ်တွင် ကျားယန်နှင့်ရှောင်ချူးက ကုန်းပတ်ပေါ်တွင်ရပ်ပြီး နောက်သို့လှည့်ကြည့်သည်။

“သခင်လေးမူယဲ့ရဲ့က အရမ်းထူးခြားတာကို မသိခဲ့ရင် သူ့ကို သာမန်ကွန်ဖြူးရှပ်ကျောင်းတော်သားလို့ပဲ ထင်မိလိမ့်မယ်”

ရှောင်ချူးက နောက်တွင်ရှိသောသင်္ဘော၏ဦးထိပ်ကို ကြည့်သည်။

ထိုနေရာတွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ခါးတွင် ဓားရှည်ကိုချိတ်ဆွဲထားပြီး လေးနက်သောမျက်နှာထားဖြင့် ရပ်နေသည်။

“ဖူရှန်တာအိုဂိုဏ်းရဲ့လူတစ်ယောက်က အံ့ဖွယ်နေမင်းကိုယ်ရံတော်ဌာနချုပ်ကို တကယ်လာရဲတယ်လား”

အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ယောက်သည် အလွန်အားကောင်းသည်။ ထို့အပြင် သူထိန်းချုပ်ထားသော အာဏာသည်လည်း မသေးငယ်ပေ။ ထို့အပြင် သူ့အဆင့်အတန်းအရ တိုင်းပြည်ကို ကိုယ်စားပြုသည်။

ခေါင်းဆောင်တစ်ယောက်လိုက်ပါပို့ဆောင်နေသော အကျဉ်းသားအရာရှိကို လုပ်ကြံသတ်ဖြတ်ရဲသောလူများသည် တိုင်းပြည်၏ဂုဏ်သိက္ခာကို စိန်ခေါ်နေခြင်းဖြစ်သည်။

All Chapters