အခန်း (၄၄၄)
Vol. 32 Ch. 444
ရှောက်တထျန်းက စွေ့စွေ့ကို အခန်းထဲတွင် အနားယူရန်အတွက် တီးတိုးနှစ်သိမ့်ပေးနေသည်။
ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များ ပေါ်လာကြသည်။
သူ့စိတ်နယ်ပယ်ထဲတွင် ချီစွမ်းအင်အလင်းများ လှုပ်ရှားလာသည်။
သူ့ခန္ဓာကိုယ်ထဲမှ ရွှေရောင်သမာဓိစွမ်းအားများ စိမ့်ထွက်လာမည့်ပုံပေါ်သည်။
လူသားလောကသည် နှလုံးသားကို သန့်စင်ပေးသည်။
လမ်းတစ်လျှောက်တွင် သူနှင့်မူဝမ်က ပြင်ပလူများအဖြစ် အကောင်းဆုံးကြိုးစားပြီး ကိုယ်ပိုင်ပျော်ရွှင်မှုအား ကာကွယ်နေသော ရှောက်တထျန်းနှင့်စွေ့စွေ့တို့ကို စောင့်ကြည့်ခဲ့သည်။
ကုန်သည်အဖွဲ့ရှိလူတိုင်းသည် တာဝန်ကျေပွန်စွာဆောင်ရွက်သည်။
ချင်းယုနွန်၏ ရူးသွပ်မှုနှင့် ကျန်းယောင်ဟွေ့၏ သတိကြီးမှု ....
ကျင့်ကြံသူကြီးများ၏ လှည့်ကွက်များလည်း ရှိနေသေးသည်။
ပွင့်လင်းမြင်သာသော အကြံအစည် ....
အရာအားလုံးသည် ရှုပ်ထွေးနေသည်။
အရှုပ်အထွေးများထဲမှ လွတ်မြောက်နိုင်ရန်အတွက် အလွန်ခက်ခဲသည်။
သူက စောင့်ကြည့်နေသူတစ်ယောက် မဟုတ်ခဲ့လျှင် ထိုအရာများအားလုံးကို ထွင်းဖောက်မြင်နိုင်မည်မဟုတ်ပေ။
သူ့မှာ စောင့်ကြည့်နေရန်အတွက် အစွမ်းအစမရှိခဲ့လျှင် အရာအားလုံးကို မြင်နိုင်သော်လည်း အရေးပါမည်မဟုတ်ပေ။
ဟန်မူယဲ့က အနည်းငယ်စိုးရိမ်နေပုံပေါ်သော မူဝမ်ကို လှည့်ကြည့်သည်။
သူက မူဝမ်ကို အမှန်တကယ် အားကျမိသည်။
မူဝမ်က လိုချင်သောအရာတစ်ခုအတွက် သတ္တိရှိစွာဖြင့် အရာအားလုံးကိုပစ်ချပြီး လိုက်လံရှာဖွေရဲသည်။
သူမ၏ကျင့်ကြံဆင့်သည် အရာအားလုံးကိုမြင်နိုင်ရန်အတွက် လုံလောက်စွာမမြင့်မားသော်လည်း သူမက စစ်မှန်ပြီး နောင်တများမရှိပေ။
သူမက ကြင်နာတတ်ပြီး စွေ့စွေ့အတွက် သွေးမျိုးဆက်ထိန်းချုပ်ဆေးကို အကြိမ်ပေါင်းများစွာ စမ်းသပ်လိမ့်မည်။ သို့သော် စကားတစ်ခွန်းမှ မဟပေ။
ထိုအရာသည် ကျင့်ကြံခြင်းဖြစ်သည်။
လူတစ်ယောက်သည် အစစ်အမှန်သဘာဝကို ဆုံးရှုံးသွားလျှင် ကျင့်ကြံရခြင်းသည် အဓိပ္ပာယ်မရှိတော့ပေ။
တိမ်တိုက်များပေါ်တွင်ရှိသော ကျင့်ကြံသူများသည် ကွမ်မြစ်ဝရှေ့တွင်ရှိသော သက်ရှိများအားလုံးကို အလေးအနက်မထားခဲ့ပေ။
ကွမ်မြစ်ဝတွင် တိုက်ပွဲဖြစ်ခဲ့လျှင် မရေမတွက်နိုင်သောသက်ရှိများ သေဆုံးသွားရလိမ့်မည်။
“ဒေါင် ....”
သာယာသော ကျောက်စိမ်းခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
ကောင်းကင်ပေါ်တွင်ရှိသောတိမ်တိုက်များသည် ပိုးမျှင်များဖြင့်ရက်လုပ်ထားသော မင်္ဂလာခန်းမကဲ့သို့ နီရဲသွားသည်။
မြစ်ထဲတွင်ရှိသော ဖီးနစ်အမြီးငါးကြင်းများသည် လှုပ်ရှားနေပြီး မြစ်တစ်စင်းလုံးကို ရွှေနီရောင်သန်းနေစေသည်။
မြစ်ကမ်းပါးတွင် သာမန်လူသားများက ဒူးထောက်ပြီး ဆုတောင်းစာများ ရွတ်ဖတ်နေသည်။
အမွှေးတိုင်ရနံ့သည် လေထုထဲတွင် ပြည့်နှက်သွားသည်။
“ပူဇော်ခြင်းကနေ တာအိုကို ရရှိလာတာလား”
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် အမွှေးတိုင်ပူဇော်ခြင်းမျိုး မရှိပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် လူတိုင်း၏ မျှော်လင့်ချက်စွမ်းအားများသည် ကွန်ဖြူးရှပ်တာအိုအတွက် ပြောင်းလဲသွားသည်။ တာအိုလမ်းစဉ်အရ ဆုတောင်းပူဇော်ခြင်းအတွက် နေရာမရှိပေ။
ဖူချန်တာအိုဂိုဏ်းသည် ယုံကြည်မှုစွမ်းအားများကို စုစည်း၍ ကောင်းကင်နှင့်မြေကြီး၏ကံကြမ္မာကို ခွဲဝေပြီး ကိုယ်ပိုင်တာအိုအဖြစ် ယူဆောင်ခဲ့သည်။ ဖူချန်တာအိုဂိုဏ်းသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို သစ္စာဖောက်တော့မည်လား။
“ဖူချန်တာအိုဂိုဏ်းရဲ့ သခင်လေးနဲ့ ယုစီရေကန်ရဲ့ နတ်မိမယ်ဖန့်ကျူးတို့က ကွမ်မြစ်ဝမှာ တာအိုလက်တွဲဖော်အဖြစ် မင်္ဂလာပွဲကို ဆင်နွှဲမယ်။ တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး အသိသက်သေဖြစ်ပေးကြပါ”
“အနာဂတ်မှာ ဖူချန်တာအိုဂိုဏ်းက လျှိုယွီမြစ်ကိုကာကွယ်ပြီး ရေစီးဆင်းမှုချောမွေ့အောင် သေချာပေါက်ဆောင်ရွက်ပေးမယ်။ ရေကြီးတာမျိုး မရှိစေရဘူး”
လေထုထဲတွင်ထွက်ပေါ်လာသောအသံသည် ညှို့ယူနိုင်စွမ်းများကို သယ်ဆောင်ထားပြီး မိုင်ရာချီအထိ ပျံ့နှံ့သွားသည်။
“အခုအချိန်ကစပြီး အရာအားလုံး အဆင်ပြေသွားလိမ့်မယ် ....”
အဆင်ပြေသွားလိမ့်မည်။
မြစ်ကမ်းပါးတွင်ရှိသောလူများသည် ကောင်းမွန်သောဘဝတစ်ကိုသာ လိုချင်သည်။
အသံထွက်ပေါ်လာသောအခါ မြစ်ကမ်းနှစ်ဖက်တွင်ရှိသော သာမန်လူသားများသည် ဒူးထောက်၍ အရိုအသေပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် လူသားများ၏ဆန္ဒစွမ်းအားသည် အမွှေးတိုင်မီးခိုးများနှင့်ပေါင်းစပ်ပြီး လေထုထဲတွင် တိမ်တိုက်နဂါးတစ်ကောင် ဖြစ်လာခဲ့သည်။
တိမ်တိုက်နဂါးသည် ဟိန်းဟောက်လိုက်ပြီး မုန်တိုင်းတစ်ခုဖြစ်လာစေသည်။
မြစ်ထဲတွင် လှိုင်းထန်လာသည်။
တိမ်တိုက်နဂါးသည် စွမ်းအားများကို ထိန်းချုပ်ထားပြီး မြစ်ရေသည် မြစ်ကမ်းပါးကိုကျော်လွန်၍ မြင့်တက်လာသည်။ သို့သော် မြစ်ရေသည် မြေသြဇာကောင်းသောမြေကို ဖုံးလွှမ်းမသွားခဲ့ပေ။
“အံ့အားသင့်စရာပဲ ....”
“ဖူချန်တာအိုဂိုဏ်းရဲ့အင်မော်တယ်တွေ ပေါ်လာပြီ ....”
“အင်မော်တယ်တစ်ယောက်ရဲ့လုပ်ဆောင်ချက်တွေကြောင့် ငါတို့ရဲ့ဘဝတွေ ကောင်းမွန်နေလိမ့်မယ်”
မြစ်ကမ်းပါး၌ လှိုင်းလုံးများ၏အောက်တွင် တုန်ခါနေသောသာမန်လူသားများက ထိတ်လန့်စွာအော်ဟစ်လိုက်သည်။
သင်္ဘောပေါ်တွင် ကျန်းယောင်ဟွေ့က ဓားရိုးကိုကိုင်ပြီး အံတင်းတင်းကြိတ်ထားသည်။
ရှေ့သင်္ဘောပေါ်တွင် ရှောင်ချူးနှင့်ကျားယန်တို့၏မျက်နှာထားက မည်းမှောင်နေသည်။
တာအိုဂိုဏ်းသည် လူအများရှေ့တွင် သဘာဝလွန်စွမ်းအားများဖော်ထုတ်ပြီး ကွန်ဖြူးရှပ်တာအိုနှင့်ယှဉ်ပြိုင်၍ လူသားဆန္ဒစွမ်းအားကို လုယူနေသည်။ ဖူချန်တာအိုဂိုဏ်းသည် အလယ်ပိုင်းကုန်းမြေကို ဆန့်ကျင်မည့်ပုံပေါ်သည်။
“ရေခဲတောင်ဓားဂိုဏ်းက ဖူချန်တာအိုဂိုဏ်းကို ဂုဏ်ပြုပေးဖို့အတွက် ရောက်လာပါတယ်”
ကောင်းကင်ထက်မှ အသံတစ်သံထွက်လာသည်။ ထို့နောက် သင်္ဘောပျံတစ်စင်းသည် တိမ်တိုက်များကိုထိုးခွဲပြီး ကွမ်မြစ်ဝသို့ ရောက်လာသည်။
“ကျင့်ကြံခြင်းလောကရဲ့စွမ်းအားလား”
ကျန်းယောင်ဟွေ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။ သူ့ကိုယ်ပေါ်တွင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။
ချင်းယုနွန်က ခပ်ဟဟရယ်သည်။
တုန်းရှန်ဒေသ၏ ကျင့်ကြံရေးဂိုဏ်းအများစုသည် ဂုဏ်ပြုပေးရန်အတွက် ရောက်လာကြသည်။
ဟန်မူယဲ့က သင်္ဘောထိပ်တွင်ရပ်နေပြီး နတ်အာရုံကို ဖြန့်ကျက်လိုက်သည်။
သိပ်မဝေးသောနေရာတွင် ရှောက်တထျန်းက လက်ထဲတွင် တုတ်ရှည်တစ်ချောင်းကိုင်ထားပြီး အခန်းတံခါးရှေ့တွင်ရပ်၍ ရှေ့ကို စိုးရိမ်စွာကြည့်နေသည်။
ကောင်းကင်ထက်တွင် တိမ်တိုက်နဂါးတစ်ကောင် ပေါ်လာသည်။
တိမ်တိုက်နဂါး၏ခေါင်းပေါ်တွင် မင်္ဂလာဝတ်စုံနှင့်လူငယ်တစ်ယောက် မတ်တပ်ရပ်နေသည်။
မြစ်ထဲတွင် ဖီးနစ်အမြီးငါးကြင်းများက လူတစ်ယောက်ကို ပင့်တင်ပေးလိုက်သည်။
သူမက သွယ်လျပြီး မင်္ဂလာဝတ်စုံကို ဝတ်ထားသည်။ သူမ၏ဆံပင်ရှည်များကို ဆံထုံးအဖြစ် ထုံးဖွဲ့ထားပြီး ဖီးနစ်သရဖူတစ်ခု ဆောင်းထားသည်။
ငါးမိစ္ဆာ ဖုန့်ကျူးနှင့် ဖူချန်တာအိုဂိုဏ်း၏ သခင်လေး ....
လူသားနှင့် မိစ္ဆာတစ်ယောက်၏ ပေါင်းဖက်မှုဖြစ်သည်။
မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။
စွေ့စွေ့နှင့်ရှောက်တထျန်းတို့သည် ခက်ခဲသောအခြေအနေကို ကြုံတွေ့နေရသည်။ ယခုစုံတွဲသည် ကောင်းမွန်သောအဆုံးသတ်ကို ရနိုင်မည်လား။
“ပြီးပြည့်စုံတဲ့စုံတွဲပဲ”
“ဒီနတ်မိမယ်က မိစ္ဆာမျိုးနွယ်ကို ထိန်းချုပ်ထားတယ်။ ဖူချန်တာအိုဂိုဏ်းက လျှိုယွီမြစ်ကို ကာကွယ်တယ်။ အဲ့ဒါကြောင့် အချင်းချင်းကူညီနိုင်တယ်။ ဒီလိုလက်ထပ်ပွဲမျိုးကို ကောင်းကင်ဘုံက သတ်မှတ်ထားတာပဲ”
လေထုထဲတွင် ကျယ်လောင်သောစကားသံကို ကြားနိုင်သည်။
သာမန်လူသားများကလည်း ထိုအသံကို ကြားရသည်။
ကောင်းကင်ဘုံက သတ်မှတ်ထားသော လက်ထပ်ပွဲ ....
သာမန်လူသားများသည် တန်ခိုးရှင်များ၏လက်ထပ်ပွဲကို သိပ်ဂရုမစိုက်ပေ။ မြစ်ကမ်းနှစ်ဖက်တွင် ငြိမ်းချမ်းမှုရနိုင်လျှင် သူတို့အတွက် အဆင်ပြေသည်။
အကြိမ်ရေအနည်းငယ်ခန့် အရိုအသေပေးခြင်းသည်လည်း အဆင်ပြေသည်။
မြစ်ကမ်းပါးတွင်စုစည်းနေသော လူသားဆန္ဒစွမ်းအားများ ပိုမိုသန်မာလာသည်။
“အစ်ကိုကြီးယုနွန်၊ ကျွန်တော့်ကို မှတ်မိသေးလား”
တိမ်တိုက်နဂါး၏ခေါင်းပေါ်တွင်ရပ်နေသော လူငယ်လေးက သင်္ဘောပေါ်တွင်ရှိသော ချင်းယုနွန်ကို ခေါင်းငုံ့ကြည့်သည်။
ပွဲစလာသည်။
ကျန်းယောင်ဟွေ့က အံ့ဖွယ်နေမင်းဓားကိုထုတ်၍ ကျန်းယုနွန်၏နောက် သုံးပေအကွာတွင် ရပ်လိုက်သည်။
သုံးပေအတွင်း၌ သူက ဓားတစ်ချက်ဖြင့် ကျန်းယုနွန်ကို သတ်နိုင်သည်။
“ဟီးဟီး၊ ငါ့ရဲ့ နောက်လိုက်လေးက ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ သခင်လေးဖြစ်နေပြီပဲ”
ချင်းယုနွန်က အထီးကျန်သောမျက်နှာထားဖြင့် ခေါင်းမော့ကြည့်သည်။
“ငါက အသက်ကြီးပြီး ပျက်စီးနေပြီ။ အချိန်တွေအများကြီးဖြုန်းတီးခဲ့ပေမဲ့ ကျရှုံးနေတုန်းပဲ”
“ကွန်ဖြူးရှပ်ကျင့်ကြံခြင်းက တကယ့်ကိုအသုံးမဝင်တာပဲ”
ချင်းယုနွန်၏ခန္ဓာကိုယ်က တုန်ခါလာပြီး ချိန်းကြိုးများ ပျက်စီးသွားသည်။
ကျန်းယောင်ဟွေ့၏မျက်နှာထားက ပြောင်းလဲသွားပြီး တုံ့ဆိုင်းမှုမရှိဘဲ ဓားဖြင့်ခုတ်ချသည်။
“ခလွမ် ....”
ချင်းယုနွန်၏ခန္ဓာကိုယ်သည် ရွှေရောင်သမာဓိစွမ်းအင်အလင်းများကို ထုတ်လွှတ်နေပြီး ဓားချက်ကို တားဆီးလိုက်သည်။
သူ့ပတ်ပတ်လည်တွင် အဆောင်လက်ဖွဲ့များ ပေါ်လာသည်။
ကျန်းယောင်ဟွေ့၏မျက်နှာသည် မည်းမှောင်သွားပြီး ခပ်အုပ်အုပ်အော်ဟစ်သည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒီအကာအကွယ်အဆောင်က ဘယ်ကနေ ရောက်လာတာလဲ”
ချင်းယုနွန်က နောက်လှည့်မကြည့်ဘဲ ဟန်မူယဲ့ကိုသာ ကြည့်သည်။
“တာအိုဂိုဏ်းက ကွမ်မြစ်ဝမှာ ပွင့်ပွင့်လင်းလင်းတိုက်ခိုက်လိမ့်မယ်လို့ မင်းပြောခဲ့တာ မှန်တယ်”
“ဒါပေမဲ့ လမ်းတစ်လျှောက်မှာ ငါတို့က ငါးဖမ်းလှေအုပ်စု ၁၂စုနဲ့ ကြုံတွေ့ခဲ့ရတယ်။ သူတို့က ငါ့ကို အကာအကွယ်အဆောင်တချို့ ပေးလိမ့်မယ်”
“မင်းက အဲ့ဒါကို မျှော်လင့်မထားဘူးမဟုတ်လား”
ဟန်မူယဲ့က ချင်းယုနွန်ကို လှည့်ကြည့်သည်။
“တွေးကြည်ပါအုံး။ ထွက်ပြေးတာက ပြင်းထန်တဲ့ပြစ်မှုပဲ”
“မင်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတော့မှာလား”
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အလယ်ပိုင်းကုန်းမြေသည် ကွန်ဖြူးရှပ်တာအို၏ လောကဖြစ်သည်။
ကွန်ဖြူးရှပ်တာအိုကို သစ္စာဖောက်သောလူများသည် ကောင်းမွန်သောအဆုံးသတ်ကို မရနိုင်ပေ။
“ငါက ငါ့ရဲ့ညီလေးကို မျက်နှာသာပေးပြီး မင်္ဂလာပွဲကို ကြီးကြပ်ပေးချင်ရုံပါပဲ။ သေရည်တစ်ခွက် သောက်တာလောက်ကတော့ ပြဿနာမရှိဘူးမဟုတ်လား”
ချင်းယုနွန်က ခပ်ဟဟရယ်လိုက်ပြီးအဝတ်အစားများကို ဆွဲဆန့်၍ ဖြည်းဖြည်းချင်း ရှေ့တက်သွားသည်။
သူက သင်္ဘောပေါ်မှ ထွက်သွားနိုင်လျှင် တိုင်းပြည်၏ထိန်းချုပ်မှုမှ ကင်းလွတ်သွားလိမ့်မည်။
မရေမတွက်နိုင်သော လူများ၏ရှေ့တွင် တာအိုဂိုဏ်းသည် အပြစ်သားအရာရှိတစ်ဦးကို အောင်မြင်စွာကယ်ထုတ်နိုင်လိမ့်မည်။
ထိုဖြစ်ရပ်သည် တိုင်းပြည်၏ဥပဒေကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။
ယနေ့တွင် ချင်းယုနွန်လွတ်မြောက်သွားလျှင် တာအိုဂိုဏ်းသည် တုန်းရှန်ဒေသကို လွှမ်းမိုးနိုင်လိမ့်မည်။
သင်္ဘောပေါ်တွင် ကျန်းယောင်ဟွေ့က ပျံတက်သွားပြီး လက်ထဲတွင်ရှိသော အံ့ဖွယ်နေမင်းဓားဖြင့် ခုတ်ချသည်။
သို့သော် ထိုဓားချက်သည် ချင်းယုနွန်၏ အကာအကွယ်အလင်းလွှာကို မထိုးဖောက်နိုင်ခဲ့ပေ။
ချီစွမ်းအင်အလင်းများ ဖျတ်ခနဲပေါ်လာသည်။ အဆောင်လက်ဖွဲ့များ၏အလင်းတန်းကြောင့် ကျန်းယောင်ဟွေ့က ပေဒါဇင်ချီ၍ လွင့်စင်ပြီး သင်္ဘောဝမ်းထဲသို့ ပြုတ်ကျသွားသည်။
သူ့နောက်တွင်ရှိသော သစ်သားတိုင်များသည် ချက်ချင်းပျက်စီးသွားခဲ့သည်။
ချင်းယုနွန်က ကျန်းယောင်ဟွေ့ကို လှည့်ကြည့်သည်။
“ဒုခေါင်းဆောင်ကျန်းက အကူအညီတောင်းတဲ့အချက်ပြမှုကို ထုတ်လွှတ်ခဲ့သင့်တယ်”
“ဒေသသုံးခုရဲ့ အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင် လုယန်က အခု တုန်းရှန်ဒေသမှာ ရှိနေတယ်။ ခင်ဗျားက ဘာဖြစ်လို့ အကူအညီမတောင်းတာလဲ”
ကျန်းယောင်ဟွေ့၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။
“မင်းက သခင်လုယန်ကို အကွက်ချနေတာပဲ”
သူ့စကားများကြောင့် ချင်းယုနွန်က ကျယ်လောင်စွာရယ်သည်။
သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တစ်လှမ်းချင်းစီ လျှောက်လာသည်။
“လုယန်ရဲ့တာအိုလမ်းစဉ်နဲ့ တုန်းရှန်ဒေသ ပျက်စီးသွားဖို့အတွက် ငါ့ခေါင်းကို ကမ်းလှမ်းမယ်။ အဲဒါက ထိုက်တန်တယ်မဟုတ်လား”
ချင်းယုနွန်က ကုန်းပတ်၏အစွန်တွင် ရပ်လိုက်သည်။
“လုယန်၊ မင်းမလာရင် ငါက မင်္ဂလာပွဲကို တကယ်ပဲစီမံပေးလိုက်မယ်”
ချင်းယုနွန်က အော်ပြောသည်။
“ဘုန်း”
အဝေးတစ်နေရာတွင် မြစ်ရေထဲမှ သွေးနီရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
အနက်ရောင်ချပ်ဝတ်နှင့် ခါးတွင် ဓားရှည်တစ်လက်ချိတ်ဆွဲထားသော အသက်သုံးဆယ်အရွယ်လူငယ်တစ်ယောက်က ရေလှိုင်းများကို စီးနင်းလာသည်။
သူ့ဆီမှထွက်ပေါ်လာသော သွေးရောင်သတ်ဖြတ်လိုစိတ်များကြောင့် ကောင်းကင်ထက်တွင်ရှိသော တိမ်တိုက်များ ပြိုကွဲသွားသည်။
ဟိန်းဟောက်နေသောတိမ်တိုက်နဂါးသည် ခြိမ်းခြောက်နိုင်သောအငွေ့အသက်များကြောင့် ခေါင်းငုံ့ထားပြီး ခပ်တိုးတိုးညည်းညူနေသည်။
တိမ်တိုက်နဂါး၏ခေါင်းပေါ်တွင်ရပ်နေသော လူငယ်သည် အံတင်းတင်းကြိတ်ပြီး လက်သီးဆုပ်ထားသည်။
အောက်တွင်ရှိနေသော ဖီနစ်အမြီးငါးကြင်းသည် အလွန်ကြောက်ရွံ့သွားပုံပေါ်သည်။ သူက မင်္ဂလာဝတ်စုံနှင့်အမျိုးသမီးကိုသယ်ဆောင်၍ ရေအောက်သို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။
ဒေသသုံးခု၏ ဆန်းကြယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်၊ လုယန် ....
သားသတ်သမားလု ....
လုယွီကျိုး၏ အကြီးဆုံးမြေး ....
ကွန်ဖြူးရှပ်လမ်းစဉ်ကိုပစ်ပယ်ပြီး သိုင်းပညာလမ်းစဉ်ကို လိုက်စားခဲ့သည်။
ချင်းယုနွန်က သင်္ဘောဦးထိပ်တွင်ရပ်နေပြီး တင်းကျပ်စွာ လက်သီးဆုပ်ထားသည်။
လုယန်၏နာမည်ပြောင်သည် သတ်ဖြတ်ခြင်းမှရလာသော သားသတ်သမားဖြစ်သည်။
သူက သတ်ရဲသည်။
အရာရှိကျောင်းတော်သားဆယ်ယောက်ကျော်သည် သူ့လက်ထဲတွင် သေဆုံးသွားခဲ့သည်။
လေထုထဲတွင် ပုံရိပ်များပေါ်လာသည်။
“ငါက ဖူချန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှစ်ယွမ်ကျီပဲ။ ဒီနေ့က ငါတို့ဂိုဏ်းရဲ့ ဂုဏ်ယူစရာနေ့တစ်နေ့ပဲ။ သွေးမမြင်ရတာ ပိုကောင်းပါလိမ့်မယ် ခေါင်းဆောင်လု”
ခရမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ချီစွမ်းအင်အလင်းများကိုထုတ်ဖော်လိုက်ပြီး တီးတိုးပြောသည်။
“ငါတို့ရဲ့ ဖူချန်တာအိုဂိုဏ်းက တိုင်းပြည်ရဲ့အရေးကိစ္စတွေနဲ့ မပတ်သတ်ခဲ့ဘူး။ မင်းက ဒီမှာပဲ ရပ်လိုက်မယ်လို့ မျှော်လင့်တယ်”
စကားပြောလိုက်သောလူသည် ပိန်ပါးပြီး လက်ထဲတွင် ကျောက်စိမ်းမြင်းမြီးကြာပွတ်ကို ကိုင်ထားသည်။ သူ့မျက်လုံးများက တောက်ပနေသည်။
ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူ ....
ယနေ့တွင်ပေါ်လာသောလူအားလုံးသည် ကောင်းကင်အဆင့်တွင် ရှိနေသည်။
လေထုထဲတွင်ရပ်နေသောလူများအားလုံးသည် တာအိုလမ်းစဉ်မှဖြစ်သည်။
အရှေ့တောင်ဘက်၏ဒေသရှစ်ခုတွင် တာအိုလမ်းစဉ်သည် အလေးစားခံရဆုံးဖြစ်သည်။
ချင်းယုနွန်က လေထုထဲတွင်ရှိသောလူများ၏ဖိအားကို ခံစားလိုက်ရပြီး စိတ်သက်သာရာရစွာ သက်ပြင်းချသည်။