အခန်း (၄၄၅)
Vol. 32 Ch. 445
အနည်းဆုံး သူ့ကို စွန့်ပစ်မသွားကြပေ။
သားသတ်သမားလုက ရူးသွပ်မနေပေ။
ယနေ့တွင် လုယန်က သူ့ကို သတ်ဖြတ်ခဲ့လျှင် အရှေ့တောင်ပိုင်းတွင်ရှိသော ဒေသရှစ်ခုနှင့် ရန်သူများဖြစ်သွားလိမ့်မည်။
ယနေ့တွင် တာအိုတန်ခိုးရှင်များ စုဝေးနေသောကြောင့် သူတို့က လုယန်ကို မသတ်ဖြတ်နိုင်လျှင်ပင် သူ့ကို တွန်းအားပေးပြီး အပြင်းအထန်ဒဏ်ရာရသွားသည်အထိ ဆောင်ရွက်နိုင်သည်။
လုယန်က ရေလှိုင်းများပေါ်တွင် လမ်းလျှောက်လာသည်။ သူ့အငွေ့အသက်သည် အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများနှင့်တူပြီး ခြေလှမ်းတိုင်းတွင် ခွန်အားများစုစည်းလာသည်။
သူက သင်္ဘောရှေ့သို့ ရောက်သောအခါတွင် စွမ်းအားများကို အဆုံးစွန်အထိ စုစည်းထားခဲ့သည်။ သူက ပေါက်ကွဲရန်အသင့်ဖြစ်နေသော မီးတောင်တစ်လုံးနှင့် တူသည်။
လုယန်က ရေလှိုင်းပေါ်တွင်ရပ်နေပြီး ချင်းယုနွန်ကို ကြည့်သည်။
ချင်းယုနွန်၏မျက်နှာသည် ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ သို့သော် သူက စကားမပြောခဲ့ပေ။
ကောင်းကင်ထက်တွင် ချီစွမ်းအင်အလင်းများ ချိတ်ဆက်သွားသည်။
လုယန်က ဓားကို ဆွဲထုတ်လိုက်လျှင် ပြင်းထန်သောတိုက်ကွက်တစ်ခု ကျဆင်းလာလိမ့်မည်။
မြစ်ရေသည် မြစ်ကမ်းပါးကိုကျော်လွန်၍ ပေရာချီအထိ မြင့်တက်နေသည်။
ရေလှိုင်းများကို လွှတ်ပေးလိုက်လျှင် မိုင်ထောင်ချီအထိ ရေလွှမ်းသွားလိမ့်မည်။
မိုင်တစ်ထောင်ပတ်လည်သည် ရွှံ့အိုင်ဖြစ်သွားမည်။
မရေမတွက်နိုင်သော သာမန်လူသားများနှင့် သက်ရှိများသည် ငါးစာဖြစ်သွားလိမ့်မည်။
ထိုသို့ဖြစ်လာလျှင် လုယန်၏အပြစ်ပင်ဖြစ်သည်။
လူတိုင်းက လုယန်ကို ကြည့်နေသည်။
သူက ဓားမသုံးခဲ့လျှင် ဘဝတစ်လျှောက်လုံးစုစည်းလာခဲ့သော သားသတ်သမားဂုဏ်ပုဒ်သည် ပျက်စီးသွားလိမ့်မည်။
ဓားမသုံးလျှင် အပြစ်သားချင်းယုနွန်က တုန်းရှန်ဒေသ၏ အုပ်ချုပ်မှုနယ်မြေတွင် လွတ်မြောက်သွားလိမ့်မည်။
ထိုအရာသည် လုယန်နှင့် လုမိသားစုအတွက် ပြစ်မှုကြီးတစ်ခုဖြစ်သည်။
ဓားကိုဆွဲထုတ်ခဲ့လျှင် ပြင်ဆင်၍မရသောပြစ်မှုကို ကျူးလွန်မိလိမ့်မည်။
လုယန်က ဆယ်ယောက်ရှိနေလျှင်ပင် လူများ၏အငြိုးအတေးနှင့် ကျင့်ကြံသူများ၏တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။
ချင်းယုနွန်၏နောက်တွင် ဖြူဖျော့သောမျက်နှာထားဖြင့် မတ်တပ်ရပ်နေသောချင်းယုနွန်က ဓားရှည်ကိုကိုင်၍ ဒူးတစ်ဖက်ထောက်သည်။
“သခင်လု၊ ကျွန်တော်က မစွမ်းဆောင်နိုင်ခဲ့ပါဘူး”
ချင်းယုနွန်က ပြုံးလိုက်ပြီး တီးတိုးပြောသည်။
“သားသတ်သမားလု၊ ဟီးဟီး၊ သားသတ်သမားလု”
လုယန်က ဓားရိုးပေါ်တွင် လက်တင်လိုက်သည်။
ကောင်းကင်နှင့် မြစ်ပေါ်တွင်ရှိသော လူများအားလုံးသည် သူ့လက်ကို အာရုံစိုက်ထားခဲ့သည်။
ထိုဓားသည် အရှေ့တောင်ပိုင်း၏ ဒေသရှစ်ခုကို အခြေအနေပြောင်းသွားစေနိုင်သည်။
လုယန်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ကုန်းပတ်ပေါ်သို့ ရောက်လာသည်။
ချင်းယုနွန်က မျက်လုံးမှိတ်ထားသည်။
ကုန်းပတ်ပေါ်တွင် အံ့ဖွယ်နေမင်းကိုယ်ရံတော်များအားလုံးက ဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။
ကောင်းကင်ထက်တွက် ချီစွမ်းအင်အလင်းများက သိပ်သည်းလာသည်။
“လုယန်က ဘလေးကို နှုတ်ဆက်ပါတယ်”
ကုန်းပတ်ပေါ်တွင် လုယန်က ဓားရိုးကို လွှတ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဦးညွှတ်သည်။
ဟန်မူယဲ့က လုယန်ကိုကြည့်လိုက်ပြီး ပြောသည်။
“မင်းအဖေက ငါ့ကို အဲဒီလိုခေါ်ခွင့်ပြုလိုက်တာလား”
လုချန်က အမြဲတမ်း သူ့အမြင်ကို ပြောခဲ့သည်။
သူတို့က ညီအစ်ကိုများဖြစ်သည်။
လုယန်က ခေါင်းငုံထားပြီး နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ သူက တီးတိုးပြောသည်။
“အကြီးအကဲတွေကို လေးစားရမယ်တဲ့။ ကျွန်တော့်အဖေရဲ့ပေါက်ကရစကားတွေကို နားထောင်စရာမလိုဘူးလို့ အဘိုးက ပြောလိုက်ပါတယ်”
သူက ဆက်ပြောသည်။
“အကြီးအကဲက ဘေးမှာရှိနေတာကြောင့် လုယန်က အကြီးအကဲရဲ့သင်ပြမှုကို နာခံပါ့မယ်။ ကျေးဇူးပြုပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို ညွှန်ကြားပေးပါ”
ဟန်မူယဲ့က ရယ်လိုက်ပြီး လုယန်ကိုကြည့်သည်။
“ငါက ဘယ်လိုဆုံးဖြတ်ချက်မျိုးကို လုပ်ပေးရမလဲ”
လုယန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး လေးနက်စွာပြောသည်။
“ဘလေး၊ ကျေးဇူးပြုပြီး လူဘယ်နှယောက်သတ်ရမလဲ ပြောပေးပါ”
ထိုအချိန်တွင် အားလုံး ထိတ်လန့်သွားခဲ့သည်။
ဟန်မူယဲ့နှင့် လုယန်တို့၏ပြောစကားများသည် သူတို့ကို စိတ်လွတ်သွားစေသည်။
ဒူးတစ်ဖက်ထောက်ထားသော ကျန်းယောင်ဟွေ့က ဗလာဖြစ်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့နှင့်လုယန်ကို မော့ကြည့်သည်။
ချင်းယုနွန်က ကြောင်အစွာဖြင့် ဖြည်းဖြည်းချင်း နောက်ပြန်လှည့်လာသည်။
လေထုထဲတွင်စုစည်းနေသော ချီစွမ်းအင်များသည် ပြိုကျလုနီးပါး ဖြစ်သွားခဲ့သည်။
‘လုယန်ရဲ့ အကြီးအကဲတဲ့လား’
ရှေ့သင်္ဘောတွင် ရှောင်ချူးနှင့်ကျန်းယန်က တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။
သူတို့က ဟန်မူယဲ့ကို မြင့်မားစွာတွေးထားသော်လည်း ဟန်မူယဲ့သည် သူတို့၏စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။
အလွန်ငယ်ရွယ်ပြီး ပေါ့ပါးစွာနေထိုင်တတ်သော သခင်လေးမူယဲ့သည် ဒေသသုံးခုမှ အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင်ဖြစ်သော သားသတ်သမားလု၏ အကြီးအကဲဖြစ်နေသည်။
လုယန်၏အဘိုးဖြစ်သူ လုယွီကျိုးသည် ဒေသတစ်ခုကို အုပ်ချုပ်နေသော သူတော်စင်တစ်ဝက်အဆင့်ဖြစ်သည်။ သူက တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်လည်း ဖြစ်သည်။
ထိုလူမျိုးနှင့် ညီအစ်ကိုတော်စပ်နိုင်သောလူသည် ဆရာသခင်တစ်ယောက် ဖြစ်နေလိမ့်မည်။
‘ဆရာသခင်တစ်ယောက်က ဒီနေ့ဖြစ်ရပ်ကို ထိန်းချုပ်နိုင်မှာလား’
သူတို့ မသိပေ။
ဆရာသခင်တစ်ယောက်က လက်ရှိအခြေအနေကို ထိန်းချုပ်နိုင်လျှင်ပင် ပြောင်းလဲမှုအများအပြား ဖြစ်လာလိမ့်မည်။
ကောင်းကင်ထက်တွင်ရှိသောလူများ မျက်နှာထားမည်းမှောင်သွားသည်။
မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။
သူမက အစ်ကိုဟန်ကို ထွင်းဖောက်၍မမြင်နိုင်ပေ။
သို့သော် အစ်ကိုဟန်သည် သူမနှင့် ပိုမိုဝေးကွာလာသည်။
သူမက အစွမ်းကုန်ကြိုးစားနေလျှင်ပင် ထိုအကွာအဝေးကို အမီမလိုက်နိုင်ပေ။
သူက သူမ၏ဘေးတွင် ရှိနေသော်လည်း သူမဘဝတစ်လျှောက်လုံး သူ့ကို မော့ကြည့်နေရမည်ဟု ခံစားရသည်။
“ဟမ့်၊ ဒီနေ့က ဖူချန်တာအိုဂိုဏ်းရဲ့ မင်္ဂလာရှိတဲ့နေ့ပဲ။ ကွန်ဖြူးရှပ်ဆရာသခင်တစ်ယောက် ရှိနေရင်တောင် ငါတို့တာအိုဂိုဏ်းတွေရဲ့စည်းမျဉ်းကို မချိုးဖောက်နိုင်ဘူး”
“ဒီနေ့မှာ တိုက်ခိုက်ရဲတဲ့လူရှိရင် အရှေ့တောင်ဒေသရှစ်ခုရဲ့ တာအိုဂိုဏ်းတွေနဲ့ သေတဲ့အထိ တိုက်ခိုက်ရလိမ့်မယ်”
ကောင်းကင်ထက်တွင် ဖူချန်တာအိုဂိုဏ်း၏ တာအိုတန်ခိုးရှင်က ကျောက်စိမ်းမြင်းမြီးကြာပွတ်ကို ကိုင်ထားပြီး ရှေ့တစ်လှမ်းတိုးလာသည်။ သူ့ခန္ဓာကိုယ်မှ ချီစွမ်းအင်အလင်းများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တွင်ရှိသော ချီစွမ်းအင်အလင်းများနှင့် ပေါင်းစပ်သွားသည်။
နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
သူတို့က လုယန်ကို ခေါ်ထုတ်လိုက်သောအချိန်မှစ၍ နောက်ပြန်လှည့်ရန် မဖြစ်နိုင်ပေ။
ယနေ့တွင် ကွန်ဖြူးရှပ်တာအိုကို မဖိနှိပ်နိုင်လျှင် အရှေ့တောင်ဘက်၏ ဒေသရှစ်ခုမှ တာအိုဂိုဏ်းများသည် တစ်ကွဲတစ်ပြားစီ ပြန်ဖြစ်သွားလိမ့်မည်။
ဟန်မူယဲ့က ကောင်းကင်ကိုမကြည့်ဘဲ လုယန်ကိုကြည့်သည်။
“ငါက တကယ်သိချင်မိတယ်။ သူတို့က ဘာဖြစ်လို့ မင်းရဲ့တာအိုလမ်းစဉ်ကို တားဆီးနေတာလဲ”
သားသတ်သမားလု၏ဂုဏ်သတင်းသည် အလယ်ပိုင်းကုန်းမြေတွင် ပျံ့နှံ့နေသည်။ တာအိုလမ်းစဉ်မှလူများသည် လုပ်စရာမရှိသောကြောင့် သားသတ်သမားလုနှင့် ရင်ဆိုင်ခဲ့ခြင်း မဖြစ်နိုင်ပေ။
“ဘလေး၊ အငြိုးအတေးမဲ့နယ်မြေမှာ တိုက်ပွဲက အလျင်လိုနေတာကြောင့် စစ်ကူတွေလိုအပ်နေပါတယ်”
“အငြိုးအတေးမဲ့နယ်မြေမှာ တာအိုကို အမွှေးတိုင်ပူဇော်ပြီး ရရှိနိုင်ပါတယ်”
အငြိုးအတေးမဲ့နယ်မြေကို ကောင်းကင်အံ့ဖွယ်ကမ္ဘာက သိမ်းပိုက်ခဲ့သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာစစ်တပ်၏ ခေါင်းဆောင်များသည် ကိုယ်ပိုင်တာအိုကိုဖန်တီးပြီး အဆုံးစွန်အထိဖိနှိပ်၍ အဆင့်တက်လာသောလူများ ဖြစ်ကြသည်။
ချင်းရီမင်က မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် ဖိနှိပ်မှုကိုချိုးဖျက်ပြီး အဆင့်တက်ခဲ့သောကြောင့် စစ်ကူကို ဦးဆောင်နိုင်သောလူသည် လုယန်တစ်ယောက်သာ ရှိတော့သည်။
လုယန်က ယနေ့တွင် အဆင့်တက်ခဲ့လျှင် သူ့တာအိုသည် ချို့ယွင်းချက်ရှိသွားလိမ့်မည်။ သူက စစ်တပ်ကိုဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့လျှင်ပင် ရန်သူများကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ကိုကြည့်သည်။
“သူတို့က အငြိုးအတေးမဲ့ကမ္ဘာနဲ့ ပူးပေါင်းပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ မဟာတာအိုစွမ်းအားကို ခွဲယူချင်တယ်။ သူတို့က သေသင့်တယ်”
“သူတို့က တာအိုလမ်းစဉ်ကိုလိုက်စားပြီး အေးအေးချမ်းချမ်း မကျင့်ကြံဘဲ လူသားလောကကို နှောင့်ယှက်ခဲ့တဲ့အတွက် သေသင့်တယ်”
“ပြည်သူလူထုကိုစုစည်းပြီး ဆူပူမှုတွေဖြစ်စေတယ်။ လောကစွမ်းအားနဲ့ သာမန်လူသားတွေကို ဖိနှိပ်ထားတယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့အရေးကိစ္စတွေကို ဖျက်ဆီးတယ်။ သူတို့ရဲ့အတွေးတွေက ဆိုးဝါးတယ်။ သူတို့က သေသင့်တယ်”
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လုယန်က ပျော်သွားသည်။
သူ့မျက်နှာသည် အပြုံးများနှင့်ပြည့်နေသည်။
“ဘလေးရဲ့အမိန့်ကိုနာခံပြီး အရှေ့တောင်ဒေသရှစ်ခုရဲ့ တာအိုဂိုဏ်းတွေကို ဖျက်ဆီးပစ်ပါ့မယ်”
ဟန်မူယဲ့၏ စကားသုံးခွန်းကြောင့် လုယန်သည် ဒေသရှစ်ခုတွင်ရှိသော တာအိုဂိုဏ်းများကို ဖျက်ဆီးတော့မည်။
‘သူတို့နှစ်ယောက်က ဒေသရှစ်ခုမှာရှိတဲ့ တာအိုတန်ခိုးရှင်တွေအားလုံးကို စိတ်ထဲမှာ ထည့်ထားရဲ့လား’
သူတို့က တွေးမိသည်။
ကွန်ဖြူးရှပ်တာအိုသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို လွှမ်းမိုးထားသော်လည်း စကားတစ်ခွန်းကြောင့် တာအိုဂိုဏ်းများကို ဖျက်ဆီးနိုင်သောအဆင့်အထိ မရောက်သေးပေ။
ဝမ်မော့ရှန်ကပင် ထိုစကားများကို ပြောရဲမည်မဟုတ်ပေ။
လေထုထဲတွင် တိမ်တိုက်များလှုပ်ရှားလာသည်။
လုယန်က ဆုံးဖြတ်လိုက်ပြီဖြစ်သောကြောင့် တိုက်ပွဲကို မရှောင်လွှဲနိုင်တော့ပေ။
သူက တိုက်ခိုက်ချင်လျှင် အဆုံးထိ အဖော်ပြုပေးရမည်။
တာအိုဂိုဏ်းများ၏ တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းသည် ယနေ့တိုက်ပွဲအပေါ်တွင် မူတည်နေသည်။
ဟန်မူယဲ့က လုယန်ကိုကြည့်သည်။
သူက အမှန်တကယ် သတ်ဖြတ်လိုစိတ်များသည်။
“မင်းအဖေက ငါ့ကိုရှာဖို့ လွှတ်လိုက်တာမဟုတ်လား။ မင်းက အရေးမပါတဲ့စကားတွေပဲ ပြောနေတော့မှာလား”
ဟန်မူယဲ့က ပြုံးလိုက်ပြီး စကားပြောသည်။
လုယန်က နားရွက်တက်ချိတ်အောင် ပြုံးလိုက်ပြီး ရွှေရောင်ချိပ်စည်းတံဆိပ်တစ်ခုကို လက်နှစ်ဖက်ဖြင့် ပေးသည်။
တုန်းရှန်ဒေသ၏ ဒေသအုပ်ချုပ်သူတံဆိပ် ....
“လုယန်က တစ်ယောက်တည်းဆိုရင် ဒေသရှစ်ခုရဲ့တာအိုဂိုဏ်းတွေကို ဖျက်ဆီးနိုင်မှာမဟုတ်ပါဘူး”
“ဘလေးက ကျေးဇူးပြုပြီး ကူညီပေးပါ”
လုယန်က ချိပ်စည်းတံဆိပ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။
‘သူက ဒေသအုပ်ချုပ်သူချိပ်စည်းတံဆိပ်ကို ဒီလိုပဲပေးလိုက်တာလား’
‘အဲ့ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ အမိန့်အာဏာလေ’
ကောင်းကင်ထက်တွင် တာအိုတန်ခိုးရှင်များ၏မျက်နှာထား ပြောင်းလဲသွားသည်။
တာအိုဂိုဏ်းများသည် လုယန်ထွက်လာရန် တွန်းအားပေးခဲ့သည်။ ယခု သူတို့က တုန်းရှန်ဒေသ၏ သေခြင်းရှင်ခြင်းရုန်းကန်မှုကို မြင်လိုက်ရသည်။
ဒေသအုပ်ချုပ်သူချိပ်စည်းတံဆိပ် ပျောက်ဆုံးသွားလျှင် တုန်းရှန်ဒေသ၏အမိန့်အာဏာသည်လည်း ပျောက်ဆုံးသွားလိမ့်မည်။
ထိုအချိန်တွင် တာအိုဂိုဏ်းများက အမိန့်အာဏာကို လုယူရန်အတွက် တုန်းရှန်ဒေသသို့ ဝင်ရောက်ခဲ့လျှင် ကောင်းကင်တာအိုသည် သူတို့ကို ဆန့်ကျင်မည်မဟုတ်ပေ။
ဖူချန်တာအိုဂိုဏ်း၏ ကျွမ်းကျင်သူများသည် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။
သို့သော် နောက်တွင်ရှိသော တခြားတာအိုတန်ခိုးရှင်များသည် စိုးရိမ်လာခဲ့သည်။
တိုင်းပြည်နှင့် သေဆုံးသည်အထိတိုက်ခိုက်ရန် မည်သူမှ ဆန္ဒမရှိပေ။
ယနေ့အခြေအနေသည် ထိန်းချုပ်မှုကင်းမဲ့နေသည်။
ဟန်မူယဲ့က ရွှေရောင်ချိပ်စည်းတံဆိပ်ကို ယူလိုက်သည်။
လုယန်၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။ သူက ဓားရိုးပေါ်တွင် လက်တင်လိုက်သည်။
“ခဏနေပါအုံး”
ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။
ဟန်မူယဲ့က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ရှေ့တက်လာသည်။ သူက မြစ်ရေကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ဒီနေ့မှာ ငါက အရင်ဆုံး မျက်မြင်သက်သေဖြစ်ချင်တယ်”
သူ့စကားသံ အဆုံးသတ်သွားသောအခါတွင် မြစ်ထဲမှ ဓားရှည်တစ်လက် ပျံထွက်လာသည်။
ဓားသည် သုံးပေရှည်လျားပြီး သံချေးနှင့်ရွှံ့များ ဖုံးလွှမ်းနေသည်။
သာမန်ဓားတစ်လက်ဖြစ်သည်။
သာမန်ကျောင်းတော်သားများကိုင်ဆောင်သော ဓားရှည်တစ်လက်ဖြစ်သည်။
ဓားလေ့ကျင့်သော ကျောင်းတော်သားများသည် သမင်ဖြူတောင်တန်းကျောင်းတော်မှ ဆင်းသက်လာသည်။
ရေမျက်နှာပြင်ပေါ်တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာသည်။
“ချီကျစ်ယွီလား”
လုယန်က အံ့အားသင့်သွားသည်။
“သခင်ချီပဲ”
မြစ်ကမ်းပါးတွင် လူတစ်ယောက်က ထိတ်လန့်စွာပြောသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သခင်ချီက လျှိုယွီမြစ်ကို သုံးနှစ်အုပ်ချုပ်ခဲ့တယ်။ သူက ရာထူးတိုးသွားပြီမဟုတ်လား”
“သခင်ချီက အရာရှိကောင်းတစ်ယောက်ပဲ။ မြစ်ကမ်းပါးတစ်လျှောက်မှာ ရေကာတာကို သခင်ချီက လူအားလုံးနဲ့အတူ တည်ဆောက်ခဲ့တာ”
လုယန်၏မျက်နှာက မည်းမှောင်သွားပြီး ခပ်အုပ်အုပ်အော်ဟစ်သည်။
“ချီကျစ်ယွီ၊ မင်းက ရာထူးကိုစွန့်လွှတ်ပြီး တုန်းရှန်ဒေသကနေ ထွက်သွားတာမဟုတ်လား။ ဘာဖြစ်လို့ အကြွင်းအကျန်ဝိညာဉ်ပဲ ရှိနေတာလဲ”
“မင်းကို ဘယ်သူက အန္တရာယ်ပေးခဲ့တာလဲ”
လုယန်၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သောအငွေ့အသက်များ ပေါက်ကွဲလာတော့မည်ဟု ထင်ရသည်။
“မင်းက တုန်းရှန်ဒေသအတွက် အလုပ်ကြိုးစားပေးခဲ့တယ်။ မင်းကိုသတ်ဖြတ်ရဲတဲ့လူက တုန်းရှန်ဒေသ၊ အလယ်ပိုင်းကုန်းမြေနဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ရန်သူပဲ။ ငါ့ရဲ့တာအိုလမ်းစဉ် ပြတ်တောက်သွားခဲ့ရင်တောင် မင်းအတွက် လက်စားချေပေးမယ်”
ချီကျစ်ယွီက လုယန်ကို ဦးညွှတ်သည်။ သူ့ပါးစပ်က လှုပ်ရှားသွားသော်လည်း အသံထွက်မလာပေ။
သူက ဟန်မူယဲ့ကို ဦးညွှတ်လိုက်ပြန်သည်။ သူ့အသံကို မကြားနိုင်သော်လည်း ပါးစပ်လှုပ်ရှားပုံကို ဖတ်ကြည့်နိုင်သည်။