← Chapters

အခန်း (၄၄၆)

Vol. 32 Ch. 446

အခန်း (၄၄၆)

Vol. 32 Ch. 446

သို့သော် အပြင်လူများက သတိထားမိမည်မဟုတ်ပေ။

“ကျစ်ယွီ ....”

ရေမျက်နှာပြင်ထက်တွင် အနီရောင်ဝတ်စုံနှင့် ဖီးနစ်သရဖူဆောင်းထားသော အမျိုးသမီးတစ်ယောက်က မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး မျက်ရည်များ ကျဆင်းနေသည်။

“ကျွန်မသဘောတူရင် ရှင့်ကိုလွှတ်ပေးမယ်လို့ သူတို့ပြောခဲ့တယ်”

အမျိုးသမီးသည် ခါးသီးသောမျက်နှာထားဖြင့် ရှေ့တက်လာပြီး အစိမ်းရောင်ဝတ်စုံနှင့်လူကို ပွေ့ဖက်ချင်သော်လည်း မစွမ်းဆောင်နိုင်ခဲ့ပေ။

ချီကျစ်ယွီက စိုးရိမ်နေသောမျက်နှာထားဖြင့် အမျိုးသမီးကိုကြည့်လိုက်သည်။

မြစ်ရေပြင်ထက်တွင် အကြွင်းအကျန်ဝိညာဉ်နှင့် အနီရောင်ဝတ်စုံအမျိုးသမီးတို့ ငိုကြွေးနေသည်။

လုယန်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ဟန်မူယဲ့က ငိုကြွေးနေသောလူနှစ်ယောက်ကိုကြည့်သည်။

သူ့စိတ်ထဲတွင် ပုံရိပ်များဖြတ်သန်းသွားသည်။

သူက နတ်အာရုံကိုဖြန့်ကျက်ပြီး စစ်ဆေးလိုက်သောအခါတွင် မြစ်ကြမ်းပြင်ရှိဓားတစ်လက်ကို မြင်ခဲ့ရသည်။

ထိုဓားပေါ်တွင် မကျွတ်မလွတ်သေးသော အကြွင်းအကျန်ဝိညာဉ်တစ်ခု ရှိနေသည်။

လွန်ခဲ့သောသုံးနှစ်တွင် သမင်ဖြူတောင်တန်းကျောင်းတော်၏ တပည့်တစ်ဦးဖြစ်သူ ချီကျစ်ယွီသည် တုန်းရှန်ဒေသသို့ ရောက်လာခဲ့သည်။ သူက ကွမ်မြစ်ဝကို အုပ်ချုပ်ရန်အတွက် တာဝန်ကျခဲ့သည်။

ချီကျစ်ယွီက ရေနုတ်မြောင်းတူးဖော်၍ လူများကို အကျိုးဖြစ်စေခဲ့သည်။

သူက တိုက်ဆိုင်စွာဖြင့် ရေဆန်တက်လာသော ဖီးနစ်အမြီးငါးမိစ္ဆာ ဖုန့်ကျူးကို ကယ်တင်ခဲ့သည်။

ဖုန်းကျူးက ကျေးဇူးဆပ်ရန်အတွက် အသွင်ပြောင်းလာခဲ့သည်။

ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများနှင့် ကောင်းကင်ကိုကြည့်သည်။

သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များရှိနေသည်။

“ဖူချန်တာအိုဂိုဏ်းက ဖီးနစ်အမြီးငါးမိစ္ဆာခန္ဓာကိုယ်ကို ခြိမ်းခြောက်မှုအနေနဲ့သုံးပြီး ဖုန့်ကျူးကို ထွက်သွားစေခဲ့တယ်။ ပြီးတော့ ဖုန့်ကျူးကို ငါးစာအနေနဲ့ အသုံးပြုပြီး ကျစ်ယွီကို မြစ်ကြမ်းပြင်မှာ ထောင်ချောက်ဆင်ခဲ့တယ်”

“အခု မင်းတို့က ဖုန့်ကျူးရဲ့မိစ္ဆာစွမ်းအားကို အမွှေးတိုင်အနေနဲ့စုစည်းပြီး တာအိုကို ရရှိချင်တယ်”

“ဒါက တာအိုဂိုဏ်းတွေအားလုံး လုပ်နေတဲ့အရာလား”

ဟန်မူယဲ့က လက်ထဲတွင် ရွှေရောင်ချိပ်စည်းတံဆိပ်ကိုကိုင်ထားပြီး အေးစက်စွာပြောသည်။

“အဲဒီလိုတာအိုဂိုဏ်းမျိုးက ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ရှိနေစရာမလိုဘူး”

သူစကားပြောလိုက်သောအခါ ချိပ်စည်းတံဆိပ်ပေါ်တွင် ခရမ်းရောင်လူသားဆန္ဒစွမ်းအားများ စုစည်းလာသည်။

ခရမ်းရောင်လူသားဆန္ဒစွမ်းအားများသည် ဟိန်းဟောက်နေသော ခြင်္သေ့တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

“ဘုန်း”

ကောင်းကင်ထက်တွင် မိုးကြိုးများပေါက်ကွဲထွက်လာသည်။

သူ့စကားနောက်တွင် စည်းမျဉ်းများ ကပ်ပါလာခဲ့သည်။

သူက အနည်းဆုံး ဆရာသခင်အဆင့်တွင် ရှိနေသည်။

လျှပ်စီးကြောင်းကျဆင်းလာသောကြောင့် တိမ်တိုက်နဂါးပေါ်တွင်ရပ်နေသော လူငယ်သည် တစ်ကိုယ်လုံးတုန်ခါသွားသည်။

ဖူချန်တာအိုဂိုဏ်းချုပ် ရှစ်ယွမ်ကျီက လှုပ်ရှားလိုက်ပြီး လျှပ်စီးကြောင်းကို ရိုက်ထုတ်သည်။ သူက လေထုထဲတွင်ရပ်နေပြီး ဟန်မူယဲ့ကို ငုံ့ကြည့်သည်။

“ဟမ့်၊ တာအိုအမွှေးတိုင်ပူဇော်ခြင်းက ပြီးပြည့်စုံသွားပြီ။ ငါက အမိန့်ပေးလိုက်ရင် ကွမ်မြစ်ဝရဲ့ မိုင်တစ်ထောင်ပတ်လည်အတွင်းမှာ ရေလွှမ်းသွားလိမ့်မယ်”

“ငါတို့ ဒီမှာပဲရပ်ပြီး မင်္ဂလာပွဲကို ဆက်လုပ်ကြတာပေါ့။ တာအိုလမ်းစဉ်က ကွန်ဖြူးရှပ်လမ်းစဉ်နဲ့အတူ ယှဉ်တွဲပြီး ဆက်ရှိနေမှာပါ”

“ငါတို့က ကွမ်မြစ်ဝကိုလည်း သေချာစီစဉ်ပေးမှာပါ။ ရေစီးကောင်းစေရမယ်”

ရှစ်ယွမ်ကျီ၏စကားကြောင့် တိမ်တိုက်နဂါးသည် ဟိန်းဟောက်လိုက်ပြီး လွင့်မျောလာသည်။

မြစ်ရေလှိုင်းများသည် ကောင်းကင်အထိ မြင့်တက်လာခဲ့သည်။

ဟန်မူယဲ့က ငြင်းပယ်လိုက်လျှင် ကွမ်မြစ်ရေဝသည် ချက်ချင်းရေလျှံလာပြီး သာမန်လူသားနှင့် လယ်ကွင်းများကို ဝါးမြိုသွားလိမ့်မည်။

မြစ်ထဲတွင် ချီကျစ်ယွီက သက်ပြင်းချသည်။ သူက ဖုန့်ကျူးကိုကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းခါသည်။

သူက ဟန်မူယဲ့ကို ဦးညွှတ်လိုက်ပြန်သည်။ ထို့နောက် ပတ်ဝန်းကျင်တွင်ရှိသော သာမန်လူသားများကို လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီး မြေပြင်ကို ဦးညွှတ်သည်။

“သခင်ချီ ....”

ရေလှိုင်းများ၏ဖိနှိပ်မှုကို ခံထားရသော သာမန်လူသားများက တီးတိုးပြောလိုက်ပြီး ချီကျစ်ယွီကို အရိုအသေပေးသည်။

သူတို့က ချီကျစ်ယွီ၏စကားကို မကြားနိုင်သော်လည်း သူက လူသားများနှင့် ဆည်တမံကို ကာကွယ်ချင်ကြောင်း နားလည်နိုင်သည်။

ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းသည် လောကဖြစ်သည်။

“မင်းက သမင်ဖြူတောင်တန်းကျောင်းတော်ရဲ့ စာကြောင်းတွေကို မှတ်မိသေးလား”

ဟန်မူယဲ့က ချီကျစ်ယွီကိုကြည့်လိုက်ပြီး တည်ငြိမ်စွာမေးသည်။

ချီကျစ်ယွီက ခေါင်းညိတ်သည်။ သူက အသံမထွက်နိုင်သော်လည်း ကျယ်လောင်စွာရွတ်ဆိုနေသောပုံစံကို မြင်နိုင်သည်။

ဟန်မူယဲ့က ရွှေရောင်ချိပ်ဆည်းတံဆိပ်ကိုကိုင်ထားပြီး တီးတိုးရေရွတ်သည်။

“ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ယောက်အနေနဲ့ လောကအတွက်၊ လူသားတွေအတွက်၊ အမွေအနှစ်တွေကို ဆက်ခံနိုင်ဖို့အတွက် ခေတ်အဆက်ဆက် ငြိမ်းချမ်းစေဖို့အတွက် နှလုံးသားကို တည်ဆောက်ရမယ်”

သူ့လက်ထဲတွင်ရှိသော ရွှေရောင်ချိပ်စည်းသည် အဆုံးမရှိသောရွှေအလင်းများကို ထုတ်လွှတ်ပြီး မိုင်တစ်သောင်းပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။

“ဖုန့်ကျူး၊ မင်းကို မေးပါရစေ။ မင်းက ချီကျစ်ယွီရဲ့ တာအိုလက်တွဲဖော်ဖြစ်လာပြီး ဒီရေပြင်ရဲ့ မိုင်သုံးထောင်အကွာအဝေးကို အပိုင်စားယူဖို့ ဆန္ဒရှိလား”

ဟန်မူယဲ့က အနီရောင်ဝတ်စုံနှင့်မိန်းကလေးကို ကြည့်သည်။

ငိုကြွေးနေသောအမျိုးသမီးက လျင်မြန်စွာခေါင်းညိတ်သည်။

ဟန်မူယဲ့က ချီကျစ်ယွီကို ကြည့်သည်။

“ချီကျစ်ယွီ၊ မင်းက ဖုန့်ကျူးနဲ့အတူ ကွမ်မြစ်ဝကိုစောင့်ကြပ်ပြီး လူသားတွေအတွက်အကျိုးပြုဖို့ ဆန္ဒရှိလား”

ချီကျစ်ယွီက ဦးညွှတ်သည်။

ဟန်မူယဲ့က ကောင်းကင်ထက်တွင်ရှိသော တာအိုတန်ခိုးရှင်များကို အပြုံးတစ်ခုနှင့်အတူ ကြည့်သည်။

“မင်းတို့က အမွှေးတိုင်ပူဇော်ခြင်းရဲ့အခြေခံကိုတောင် နားမလည်ဘဲ အမွှေးတိုင်ပူဇော်ပြီး ကစားနေတာလား”

ဟန်မူယဲ့က ရွှေရောင်ချိပ်စည်းတံဆိပ်ကို ပင့်မြှောက်လိုက်ပြီး အော်ပြောသည်။

“အမိန့်တော် ....”

“အရှေ့တောင်ပိုင်းရဲ့ ဒေသရှစ်ခုမှာ အမွှေးနံ့သာတွေ စုစည်းလာလိမ့်မယ်။ လူသားတွေအတွက် ကောင်းကျိုးဆောင်ရွက်ပေးတဲ့လူက ဂုဏ်ကျက်သရေကို ခံစားရလိမ့်မယ်။ သူတို့သေဆုံးသွားတဲ့အခါမှာ ဘွဲထူးတွေရပြီး နယ်မြေတစ်ခုကိုစောင့်ကြပ်တဲ့ ပူဇော်ခံနတ်တွေ ဖြစ်လာလိမ့်မယ် ....”

“ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ကွန်ဖြူးရှပ်တာအိုက အရာအားလုံးကို လွှမ်းမိုးထားတယ်။ အမွှေးတိုင်တွေက ငြိမ်းသက်သွားမှာမဟုတ်ဘူး”

“ချီကျစ်ယွီက ကွမ်မြစ်ဝကိုထိန်းချုပ်ပြီး လူတွေအတွက် အကျိုးဖြစ်စေခဲ့တယ်။ ဒါကြောင့် သူ့ကို ကွမ်မြစ်ဝရဲ့နတ်အဖြစ် ဘွဲ့ထူးချီးမြှင့်လိုက်တယ်”

“သူ့ကို အမှန်တရားသခင်အဖြစ် သိကြလိမ့်မယ်”

ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားခဲ့သည်။ ကောင်းကင်ထက်တွင်ပြည့်နှက်နေသော အမွှေးတိုင်မီးခိုးများသည် ချက်ချင်းဆင်းသက်လာသည်။ တိမ်တိုက်နဂါးသည် ပြိုကွဲပြီး ချီကျစ်ယွီ၏ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်။

ချီကျစ်ယွီ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်သံချပ်ကာတစ်ခုပေါ်လာပြီး ခေါင်းပေါ်တွင် ရွှေသရဖူတစ်ခုကို ဆောင်းထားသည်။

အမွှေးနံ့သာများသည် ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားပြီး လောကနှင့်အတူ ရှင်သန်နေလိမ့်မည်။

လောကစွမ်းအားနှင့် ပေါင်းစပ်ထားသောကြောင့် မဟာတာအိုစွမ်းအားသည် ထာဝရရှင်သန်နေပြီး ပျက်စီးသွားမည်မဟုတ်ပေ။

ထိုကျင့်ကြံခြင်းနည်းစနစ်မျိုးသည် အခြေခံနိမ့်ပါးသော်လည်း ထာဝရရှင်သန်နိုင်သည်။

စိတ်ကူးမယဉ်နိုင်လောက်သောနည်းလမ်းတစ်ခု ဖြစ်နေသော်လည်း ထာဝရရှင်သန်ခြင်းကို တိုက်ရိုက်ရရှိသွားသည်။

ထာဝရှင်သန်ခြင်းကို မလိုချင်သူ မရှိပေ။

“ဘုန်း”

အဆုံးမရှိသောမိုးကြိုးများ ဆင်းသက်လာသည်။

အလယ်ပိုင်းကုန်းမြေတွင် လူသားဆန္ဒစွမ်းအားများ သွယ်ယှက်လာပြီး သဘာဝစွမ်းအင်သည် ကောင်းကင်နဂါးများအဖြစ် ပြောင်းလဲသွားသည်။

နဂါးဟိန်းသံကို ကြားနိုင်ပြီး မှိန်ဖျော့သောပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

အရှေ့တောင်ပိုင်း၏ ဒေသရှစ်ခုတွင် မရေမတွက်နိုင်သော အမွှေးတိုင်မီးခိုးများသည် ခန္ဓာကိုယ်များအဖြစ် စုစည်းသွားသည်။

လူသားများကို အကျိုးပြုခဲ့သော အကြွင်းအကျန်ဝိညာဉ်သာကျန်ရစ်သည့် ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားများသည် အလယ်ပိုင်းကုန်းမြေတွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။

သူတို့က အမွှေးတိုင်ပူဇော်ခြင်းမှတစ်ဆင့် တာအိုကိုရရှိလာပြီး နယ်မြေတစ်ခုကိုစောင့်ကြပ်ရန်အတွက် တာဝန်ပေးခံရသည်။

ကောင်းကင်တာအိုသည် သူတို့ကို အမိန့်အာဏာ ပေးအပ်ခဲ့သည်။ သူတို့က ကွန်ဖြူးရှပ်တာအို၏ အရာရှိများနှင့် အဆင့်အတန်းချင်း တူညီသည်။

ကွန်ဖြူးရှပ်တာအိုသည် လူသားလောကကို စောင့်ကြပ်နေပြီး အမွှေးတိုင်ပူဇော်ခြင်းသည် တောင်နှင့်မြစ်များကို စောင့်ကြပ်နေသည်။

ပူဇော်ခံနတ်များသည် ကောင်းကင်တာအိုနှင့်ပေါင်းစပ်သွားပြီး တောင်နှင့်မြစ်များ၏ ဝိညာဉ်ဖြစ်လာသည်။

အလယ်ပိုင်းကုန်းမြေတစ်ခုလုံး ဆူပွက်သွားသည်။

အရှေ့တောင်ပိုင်း၏ ဒေသရှစ်ခုတွင်စုစည်းနေသော အမွှေးတိုင်မီးခိုးများ နေရာအနှံ့သို့ ဖြာထွက်သွားသည်။

မလုံလောက်ပေ။

နေရာတိုင်းတွင်စောင့်ကြပ်နေသော နတ်များရှိသည်။ အမွှေးနံ့သာအနည်းငယ်သည် မလုံလောက်ပေ။

အနာဂတ်တွင် မရေမတွက်နိုင်လောက်သောနတ်များ ပေါ်လာပြီး အမွှေးနံ့သာကို စုစည်းကြလိမ့်မည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် စုစည်းလာခဲ့သော တာအိုဂိုဏ်းများ၏စွမ်းအားသည် အမိန့်စာတစ်ခုကြောင့် ခွဲယူခံလိုက်ရသည်။

ကောင်းကင်နှင့်မြေကြီးသည် ငေးမောသွားသည်။

အမိန့်စာတစ်ခုကြောင့် လောကသည် တုန်လှုပ်သွားခဲ့သည်။

အမိန့်စာတစ်ခုကြောင့် မသေမျိုးနတ်များ ပေါ်လာခဲ့သည်။

အမိန့်စာတစ်ခုကြောင့် မဟာတာအို ပေါ်လာခဲ့သည်။

အမိန့်စာတစ်ခုကြောင့် အင်မော်တယ်တာအိုလမ်းစဉ်အသစ် ပေါ်လာသည်။

မိုင်တစ်သန်းကွာဝေးသော နန်းမြို့တော်တွင် ရွှေအလင်းများ ပေါ်ထွက်လာသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြင်ပဘုံမှ ကြည့်လိုက်လျှင် လှုပ်ရှားနေသော ခရမ်းရောင်နှင့် ရွှေရောင်အလင်းများကို မြင်နိုင်သည်။

ကောင်းကင်တာအိုသည် ပြီးပြည့်စုံခြင်းကို လိုလားသည်။ ကျင့်ကြံနိုင်သောတာအို များပြားလာလျှင် ကောင်းကင်တာအိုသည် ပိုမိုသန်မာလာလိမ့်မည်။

ဟန်မူယဲ့၏ခန္ဓာကိုယ်ပေါ်တွင် ရွှေအလင်းများ စုစည်းနေသည်။

သူ့အဝတ်များသည် လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေပြီး အင်မော်တယ်တစ်ယောက်နှင့် တူသည်။

ရွှေရောင်ချိပ်စည်းတံဆိပ်ကို ကိုင်ထားသောကြောင့် လောကတွင် ပြောင်းလဲမှုများဖြစ်စေခဲ့သောလူသည် သူတို့ရှေ့တွင်ရှိနေကြောင်း လူတိုင်း ယုံကြည်လိုက်ရသည်။

သူက အမွှေးနံ့သာပူဇော်ခြင်းနှင့်သက်ဆိုင်သော မှတ်ဉာဏ်များရှိနေသည့် ပျက်စီးခြင်းစကြဝဠာ၏ နတ်ဘုရားသွေးမျိုးဆက်ကို ထိန်းချုပ်ထားသောကြောင့် ဒေသရှစ်ခု၏ပြောင်းလဲမှုများကို တစ်ယောက်တည်း ဆောင်ရွက်နိုင်ခဲ့သည်။

ဒေသရှစ်ခု၏ အမွှေးနံ့သာပူဇော်မှုများ စုစည်းလာခဲ့လျှင် ဝမ်မော့ရှန်မှလွဲ၍ အလယ်ပိုင်းကုန်းမြေ၏တခြားလူများ ခုခံနိုင်မည်မဟုတ်ပေ။

သို့သော် ထိုသို့ အားကောင်းသောစွမ်းအားကို ဟန်မူယဲ့က အသုံးချခဲ့သည်။

“ဒီလိုလူမျိုးက လောကရဲ့အင်မော်တယ်ပဲ ....”

ရှောင်ချူးက သင်္ဘောထိပ်တွင်ရပ်နေသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာရေရွတ်သည်။

သူ့ဘေးတွင်ရှိနေသော ကျားယန်က တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။

သူ့ကိုယ်ထဲတွင် ကောင်းကင်တာအိုစွမ်းအား ရှိနေသောကြောင့် အင်မော်တယ်တစ်ယောက်သာ ဖြစ်လိမ့်မည်။

သင်္ဘောအခန်းရှေ့တွင်ရပ်နေသော ရှောက်တထျန်းက တံတွေးများမြိုချလိုက်သည်။ အခန်းထဲတွင်ရှိနေသော စွေ့စွေ့က ပြတင်းပေါက်လိုက်ကာစကိုဖယ်၍ တိတ်ဆိတ်စွာကြည့်နေသည်။

ထိုနည်းလမ်းမျိုးကို သူတို့နှစ်ယောက် နားမလည်နိုင်ပေ။

သူတို့က အံ့အားသင့်စရာကောင်းသည်ဟုသာ ခံစားနိုင်သည်။

လုယန်၏နှုတ်ခမ်းထောင့်များ တွန့်သွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

‘ငါ့အဖေမလာတာ မထူးဆန်းတော့ပါဘူး။ အရာအားလုံးကို ဘလေးက ကိုင်တွယ်လိမ့်မယ်လို့ ပြောခဲ့တယ်’

‘အဲဒီ မယုံကြည်ရတဲ့ သူတော်စင်တစ်ဝက်အဆင့်လူအိုကြီးကတောင် ဒီလိုမျိုး မလုပ်နိုင်ဘူးမဟုတ်လား’

သူတွေးမိသည်။

‘ဘလေးက တကယ်အထင်ကြီးစရာကောင်းတာပဲ’

‘လူအိုကြီးက ဆွေးမြည့်နေပေမဲ့ အရေးကြီးတဲ့အချိန်မှာ အစီအစဉ်တွေ ချထားနိုင်တယ်’

‘အနည်းဆုံးတော့ သူ့ရဲ့ ညီအစ်ကိုဆက်ဆံရေးက အလုပ်ဖြစ်တယ်’

ကောင်းကင်ထက်တွင်ရှိနေသော တာအိုတန်ခိုးရှင်များသည် ဖြူဖျော့သွားကြသည်။

ဟန်မူယဲ့ထုတ်ပြခဲ့သောခွန်အားကို သူတို့ စိတ်ကူးမကြည့်နိုင်ပေ။

တစ်နေ့တွင် ထိုသို့အားကောင်းသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။

‘ဖူချန်တာအိုဂိုဏ်းမှာ ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိတယ်ဆို။ ပြီးတော့ ပြင်ပဘုံကျင့်ကြံသူတွေလည်း စောင့်ကြည့်နေတယ်ဆို’

‘သူတို့က ငါတို့ရှေ့မှာရှိတဲ့လူကို အနိုင်ယူနိုင်ပါ့မလား’

လှိုင်းသံများမှလွဲ၍ တခြားအသံကို မကြားနိုင်တော့ပေ။

“အမိန့်အတိုင်းပါပဲ”

ရွှေရောင်ချပ်ဝတ်နှင့် ရွှေသရဖူကိုဆောင်းထားပြီး ခါးတွင် ဓားတစ်လက်ချိတ်ဆွဲထားသော ချီကျစ်ယွီက ဟန်မူယဲ့ကို ဦးညွှတ်သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်စွမ်းအားများ ဖြတ်ပြေးသွားပြီး မျက်လုံးထဲတွင် ချီစွမ်းအင်အလင်းများ ရှိနေသည်။

သူမျက်ခုံးနှစ်ဖက်ကြားတွင် ရွှေရောင်အင်းကွက်တစ်ခု လှုပ်ရှားနေသည်။

ချီကျစ်ယွီက ဘေးတွင်ရှိနေသော ဖုန့်ကျူးကိုကြည့်လိုက်ပြီး လက်ဆန့်ထုတ်သည်။

ဖုန့်ကျူးက အံ့အားသင့်နေသောမျက်နှာနှင့်အတူ လက်ကို ဆွဲယူသည်။

အထိအတွေ့က နွေးထွေးနေသည်။ ချီကျစ်ယွီ၏ခန္ဓာကိုယ်သည် ပြန်လည်ဖြစ်တည်လာခဲ့သည်။

“ကျစ်ယွီ”

ဖုန့်ကျူးက ငိုလိုက်ပြန်သည်။

ချီကျစ်ယွီက ပြုံးလိုက်ပြီး သူမ၏မျက်ရည်ကို သုတ်ပေးသည်။

“တောင်တန်းအကြီးအကဲက ငါတို့မင်္ဂလာပွဲကို စီမံပေးနေတယ်။ အခုအချိန်ကစပြီး ငါတို့က လင်မယားတွေပဲ။ မင်းကို ထပ်ငိုခွင့်မပေးတော့ဘူး”

ချီကျစ်ယွီက တီးတိုးပြောသည်။

ဖုန့်ကျူးက တက်ကြွစွာ ခေါင်းညိတ်သည်။

ချီကျစ်ယွီက ကြောင်အနေသော တာအိုတန်ခိုးရှင်များကို ကြည့်သည်။

သူ့မျက်နှာထားက အေးစက်နေသည်။

“မင်းတို့က တစ်ကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်နဲ့ မြင့်မြတ်တဲ့လူတွေကို အန္တရာယ်ပေးပြီး သာမန်လူတွေကို သတ်ဖြတ်ခဲ့တယ်။ မင်းတို့ကို အပြစ်ပေးသင့်တယ်”

“ငါက ကွမ်မြစ်ဝကို တာဝန်ယူထားတယ်။ မင်းတို့က ဒီနေရာမှာ သောင်းကျန်းလို့မရဘူး”

သူစကားပြောလိုက်သောအခါတွင် မြစ်ရေလှိုင်းများသည် ထိန်းချုပ်ခံလိုက်ရပြီး နဂါးတစ်ကောင်အဖြစ် ပြောင်းသွားသည်။

လူများအပေါ်တွင် အုပ်မိုးထားသော ရေလှိုင်းများသည် နဂါးကြေးခွံအဖြစ် ပြောင်းသွားခဲ့သည်။

သူက စကားတစ်ခွန်းဖြင့် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားအပြင် မိုင်သုံးထောင်ပတ်ဝန်းကျင်ရှိ တောင်နှင့်မြစ်များကိုပါ ထိန်းချုပ်နိုင်သည်။

All Chapters