← Chapters

သူမက တကယ်ကိုလှတာပဲ

Vol. 25 Ch. 481

သူမက တကယ်ကိုလှတာပဲ

Vol. 25 Ch. 481

ပေထင်းကျင်းသည် ပေထင်းဟွမ်၏မျက်နှာမှ မျက်နှာဖုံးကို သူ၏ ကြီးမား သောလက်ဖြင့် ပွတ်သပ်လိုက်သည်။ သူ၏လက်ချောင်းဖြင့် ထိလိုက်သည်နှင့် မျက်နှာဖုံးသည် သူ့လက်ထဲသို့ကျရောက်လာသည်။ လှပပြီး ပြောင်မြောက်လှ သည့်မျက်နှာသည် သူ့ရှေ့တွင်ပေါ်လာသည်။ ၎င်းသည် သူရင်းနှီးပြီး မှတ်မိနေ သောမျက်နှာဖြစ်သည်။ ပြီးခဲ့သည့် ၁၀ နှစ်အတွင်းတွင် သူ့ရှေ့မှ လူငယ်သည် မပြောင်းမလဲရှိနေသည့်ပုံပင်။

ပေထင်းကျင်း၏မျက်လုံးများတွင် ကြေကွဲသောမြင်ကွင်းများစွာ ဖြတ်ပြေးသွား၏။ သူသည် စိတ်ထဲမှဖြစ်ပေါ်လာသည့် ခံစားချက်များကို မဖိနှိပ် နိုင်ပေ။ သူမသည် ငယ်စဉ်ကတည်းကပင် မကျင့်ကြံနိုင်ခဲ့ပေ။ သူမသည် မူလ က ပေထင်းမိသားစု၏ တိုက်ရိုက်ဆက်ခံသူဖြစ်ခဲ့သော်လည်း နှင်ထုတ်ခံခဲ့ရ သည်။ သူသည် သူမနှင့် လော့ပေမြို့တွင် အတူနေခဲ့သည်မှာ နှစ်တစ်ဝက်မျှပင် မကြာခဲ့သလို မကာကွယ်နိုင်ခဲ့ပေ။ အကယ်၍ သူ့ဘဝတွင် အရှုံးပေးမည့်သူရှိ လာမည်ဆိုပါက သူ့ရင်ခွင်ထဲမှလူဖြစ်သည်။

မသိလိုက်ခင်မှာပင် သူမသည် အရွယ်ရောက်လာပြီဖြစ်သည်။

သူ၏မျက်နှာမှ မျက်ရည်တစ်စက်ကျလာကာ ပေထင်းဟွမ်၏ နဖူးပေါ်သို့ ကျသွားလေသည်။ ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းလိုက်သည့် အလား လူငယ်သည် ချက်ချင်းဆိုသလိုပင် ခေါင်းငုံ့ကာ သူ၏လှပသောနှုတ်ခမ်း ကို ပေထင်းဟွမ်၏ နဖူးနှင့်ဖိကပ်လိုက်သည်။ သူ၏အသံသည် တုန်ယင်နေ၏ “ဟွမ်အာ ကြီးလာပြီပဲ.. ဒါပေမဲ့ ဘာမှမပြောင်းလဲဘူး”

သူမက ဘယ်လိုလုပ် မပြောင်းလဲရမှာလဲ။ ဘယ်လိုလုပ် လွန်ခဲ့တဲ့ ၁၀ နှစ် ကနဲ့တူနိုင်ဦးမှာလဲ။ ဖြစ်နိုင်သည်မှာ သူမသည် ထိုလူ၏အသွင်အပြင်ကို သူမ၏ စိတ်ထဲတွင် နေ့စဉ်နေ့တိုင်း စဉ်းစားနေ၍ဖြစ်မည်။ ထပ်ခါထပ်ခါပင်.. သူမ စိတ်ထဲမှ ပုံရိပ်သည် သူမနှင့် ပြောမပြနိုင်လောက်အောင် ရင်းနှီးနေခဲ့သည်။ သူမ နေ့နေ့ညညတွေးနေသည့်လူကိုတွေ့လိုက်ချိန်တွင် သူမ၏ မှတ်ဉာဏ်ထဲမှ အတိုင်းဖြစ်နေခဲ့သည်။

“အစ်ကိုလည်း နည်းနည်းမှမပြောင်းလဲဘူး” ပေထင်းဟွမ်သည် လူငယ်၏ ရင်ခွင်ထဲတွင် ခေါင်းကိုနှစ်မြှုပ်လိုက်သည်။ သူ၏ ယောက်ျားပီသ သော ရနံ့သည် သူမနှာခေါင်းထဲတိုးဝင်လာခဲ့သည်။ ၎င်းသည် အလွန်ရင်းနှီးလှ ပြီး သူမကို လုံခြုံစိတ်ကိုဖြစ်စေသည်။

ရင်ပြင်အလယ်တွင် ညီအစ်ကိုများ တင်းကြပ်စွာပွေ့ဖက်ထားကြသည်ကို ကြည့်ပြီး အားလုံး၏မျက်လုံးများ ထွက်ကျမတတ်ပင်။ ပေထင်းဟွမ်… ပေထင်းမိသားစု၏ သခင်လေး ၉ သည် အမှန်တကယ် မှင်တက်လောက်စရာ ပင်…

“မိုးနတ်မင်းရေ ဒါခေါင်းဆောင်ပဲ.. ခေါင်းဆောင်က အရမ်းကို… လှတာပဲ”

သံမဏိသွေးသည် ပေထင်းဟွမ်မျက်နှာဖုံးချွတ်လိုက်သည့်အချိန်မှစပြီး ကြက်သေသေနေကြသည်။ နန်ကုန်းချန်းမိုသည် ပေထင်းဟွမ်၏မျက်နှာကို အခုမှမြင်ဖူးသည်။ ထိုပြောင်မြောက်သောမျက်နှာကိုမြင်လိုက်ချိန်တွင် သူမ သည် စကားလုံးများဖြင့် ဖော်ပြရန်ခက်ခဲလှပြီး အလွန်အမင်း ထိတ်လန့်မိလေ သည်။ ဤကမ္ဘာတွင် ဤကဲ့သို့ပြီးပြည့်စုံသောမျက်နှာ တည်ရှိနေသည်မှာ မယုံကြည်နိုင်လောက်စရာပင်။

ညအရှင်သခင်သည် လှပသည်ဟုပြောရလျှင် သူ့ရှေ့တွင်ရှိနေသော ပေထင်းဟွမ်သည် ယောက်ျားသားများအကြားတွင် ရှားပါးသောအလှပိုင်၇ျင် ဖြစ်သည်။ ပေထင်းဟွမ်သည် နတ်ဘုရား၏ အချစ်တော်ဖြစ်ရမည်။

“အစ်ကိုကြီးဟုတ်လား ဒါက သခင်ကြီးပေထင်းဟွမ်မဟုတ်ဘူးလား.. သူ့အစ်ကိုက ပေထင်းမိသားစုရဲ့ ပြိုင်ဘက်ကင်းပါရမီရှင် ပေထင်းကျင်းမဟုတ် လား”

“မိုးနတ်မင်းက တကယ် မတရားတာပဲ.. ညီအစ်ကိုနှစ်ယောက်လုံးက အရမ်းလှနေတာ.. အရေးအကြီးဆုံးက သူတို့တွေက အားကောင်းနေတာပဲ”

ဓား ၃ လက်ကြယ်ဝိညာဉ်သခင်ကို တစ်ချက်တည်းနှင့် လဲကျသွားအောင် လုပ်နိုင်သည်မှာ ပေထင်းကျင်းကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင် နာမည်ဂုဏ်ရှိသူ၊ ကောင်းကင်အဆင့်ရှိသူ၊ ကာမယ်ရွန်ထက် အဆင့်မြင့်သူမှသာဖြစ်နိုင်သည်။

ကာမယ်ရွန်သည် လူငယ်အား ခက်ထန်စွာစိုက်ကြည့်လေသည်။ သံသယ ဝင်စရာမလိုအောင်ပင် သူသည် ဘေးနားမှ လူများ၏ဆွေးနွေးချက်များထဲမှ လူငယ်၏သရုပ်မှန်ကို သိထားပြီးဖြစ်သည်။ သူက ပေထင်းမိသာစုရဲ့ ပြိုင်ဘက် ကင်းပါရမီရှင်ဟုတ်လား။ သူသည် မြေပေါ်မှ ကြာပွတ်လက်ကိုင်ကို ကောက်ကိုင်ကာ ထခုန်လိုက်သည်။ ကာမယ်ရွန်သည် လက်ထဲမှ ကြာပွတ်ဖြင့် ပေထင်းကျင်းအား ချိန်ရွယ်လေသည် “ဟင်း ပြိုင်ဘက်ကင်းပါရမီရှင်ဟုတ်လား ဘယ်လိုလူမျိုးက ဒီကမ္ဘာပေါ်မှာ အသေမြန်လဲဆိုတာ သိလား.. သေတဲ့လူတွေ က ပါရမီရှင်ဆိုတာတွေချည်းပဲ”

ကာမယ်ရွန်၏ ရက်စက်သောအကြည့်ကို အာရုံခံမိသဖြင့် ပေထင်းကျင်း သည် ပေထင်းဟွမ်ကိုလွှတ်ကာ သူမကို အနောက်သို့ပို့ကာ ကာကွယ်လိုက်၏။

သူမ၏ ကလေးဘဝမှတ်ဉာဏ်များကဲ့သို့ပင် သူမ၏အစ်ကိုရှိနေလျှင် မည်သူကမှ သူမကိုအနိုင်မကျင့်ရဲကြပေ။ သူမသည် အမှိုက်တစ်စဖြစ်နေလျှင် တောင် သူမ၏အစ်ကိုသည် သူမကို မည်သူကမှ အထင်သေးခွင့်မပေးပေ။ သူမ အစ်ကိုရှိလျှင် ကောင်းကင်ကြီး ပြိုလဲသည့်တိုင်အောင် ကြောက်စရာမရှိပေ။ လူငယ်၏ ကျယ်ပြန့်သော ပခုံးကိုကြည့်ပြီး ပေထင်းဟွမ်သည် ကျန်သည့်ဘဝ တွင်နေသွားရသည်မှာ ထိုက်တန်သည်ဟု ခံစားရလောက်အောင် ကမ္ဘာကြီး သည် နွေးထွေးသည်ဟု ခံစားမိသည်…

All Chapters