← Chapters

ငါဒီမှာ… ဘယ်လောက်တောင် ရဲတင်းလွန်းတာလဲ

Vol. 25 Ch. 482

ငါဒီမှာ… ဘယ်လောက်တောင် ရဲတင်းလွန်းတာလဲ

Vol. 25 Ch. 482

သူသည် လက်ထဲတွင် ဓားရှည်ကို ထပ်မံဆုပ်ကိုင်ထားသည်။ အပြာနု ရောင်ဒြပ်စင်စွမ်းအင်သည် ဓားရှည်ကိုထပ်မံရစ်ပတ်ကာ အေးစက်သော အလင်းတန်း ထပ်မံထွက်လာသည်။ ပေထင်းကျင်း၏အေးစက်ပြီး အညှာတာမဲ့ သောမျက်လုံးများသည် ကာမယ်ရွန်အား ဝံပုလွေတစ်ကောင်သဖွယ် စိုက်ကြည့်လေသည်။ “ခင်ဗျားသားက အဲလောက်မြန်မြန်သေသွားတာ.. သူက လည်း ပါရမီရှင်မို့လို့လား”

ပေထင်းဟွမ် မြို့တော်တွင် ပေါ်လာသည့်အချိန်မှစပြီး ဆရာနန်လင်း၏ ကျောင်းသားဖြစ်သော သူမ၏သရုပ်မှန်သည် မြို့တော်တွင် လေကဲ့သို့ပျံ့သွားပြီ ဖြစ်၏။ ပေထင်းကျင်းသည် ပေထင်းမိသားစု၏ အတွင်းဘက်မြို့တွင်ရှိနေ သော်လည်း သူမ၏နာမည်ကိုကြားသည်နှင့် မရပ်မနားပြေးလာခဲ့သည်။ သူသည် ပေထင်းဟွမ်နှင့် ကာမယ်ရွန်တို့အကြားမှ ပဋိပက္ခကိုလည်း အဝေးမှ ကြားလာခဲ့ပြီးဖြစ်၏။

ပေထင်းကျင်း ထိုသို့ပြောလိုက်သည်နှင့် ကာမယ်ရွန်၏ မျက်နှာသည် နီရဲ သွားလေသည်။ လာပြန်ပြီ ထပ်လာပြန်ပြီ။ ဒေါသထွက်သည့်ခံစားချက်ကြောင့် သူ သွေးများပင်အန်ချင်လာသည်။

ရင်ပြင်ထဲတွင် သောင်းချီသောလူများသည် ကျိန်ဆဲမိကြသည်။ တကယ့် ကို ညီအစ်ကိုအရင်းတွေပီသကြတာပဲ။ သူတို့တွေက လျှာစောင်းထက်ပြီး သေချင်အောင် ဒေါသကိုဆွနိုင်တယ်။

ကျန်တဲ့ဘဝမှာ ဒီညီအစ်ကိုနဲ့ ရန်သူမဖြစ်အောင် မစ,ကြပါ။

ဘာပြောရမည်မှန်း မည်သူမှမသိကြတော့ပေ။ သောင်းချီသော မျက်လုံး များသည် ကာမယ်ရွန်၏ကြာပွတ်နှင့် ပေထင်းကျင်းတို့ဓားရှည်တို့ ထိတိုက်ိ သည်ကိုပင် ကြည့်နေရသည်။

ဓားအလင်းနှင့် ကြာပွတ်အရိပ်များအကြားတွင် မီးပွားများသည် အရပ်ရပ် သို့ပျံ့သွားကာ သတ္တုရိုက်သံများသည် တိမ်တိုက်များကို ဖြတ်ပြီး ပဲ့တင်ထပ် သွားလေ၏။

ဘီးလုံးလှိမ့်သံသည် ကြီးမားသောရင်ပြင်ထဲတွင် ကြားနေရသည်။ တိုက်ခိုက်သံကပင် ဘီးလုံးလှိမ့်သံကို မဖုံးဖိနိုင်ပေ။ ၎င်းသည် မနှေးသလို မမြန်ပေ။ သို့သော် အားလုံး၏ စိတ်နှလုံးကို မွှေနှောက်လိုက်သလိုပင်။ သူတို့ အားလုံးသည် မျက်စိဖမ်းစားနိုင်ခြင်းမရှိသည့် အနက်ရောင်ရထားလုံးကို ကြည့် လိုက်ကြသည်။ ၎င်းရထားလုံးကို အတောင်ပံနှစ်ခုပါသောဦးချိုမြင်းဆွဲလာကာ ကိုယ်ထည်ကို စန္ဒကူးသစ်သားနက်ဖြင့် တည်ဆောက်ထားသည်။ ရထားလုံး အပေါ်ထပ်တွင် သွေးလရောင်ကို ပုံနှိပ်ထားသည်။ သွေးအရောင်သည် လူတို့၏ အမြင်အာရုံကို အကျယ်ဆုံးထိ လှုံ့ဆော်ပေးခဲ့ပြီး တိုက်ရိုက်မကြည့်ဝံ့လောက် အောင်ပင်။

ပေထင်းကျင်းနှင့် ကာမယ်ရွန်တို့သည် သူ့အလိုလိုပင် နောက်တစ်လှမ်း ဆုတ်လိုက်ကြကာ လက်ထဲမှ လက်နက်များကို ဖယ်ရှားလိုက်သည်။

ထိုလူ၏ရှေ့တွင် အင်ပါယာမြို့တော်တစ်ခုလုံးသည် မည်သူကမှ လက်နက်ကိုမပြရဲကြပေ။

“မင်း သေချင်လို့လား ကာမယ်ရွန်.. ငါ ဒီမှာရောက်နေပြီ.. အတင့်ရဲနေ သေးတယ်”

တိုးညင်းသောအသံသည် ရထားလုံးထဲမှထွက်လာသည်။ ၎င်းအသံသည် ပျင်းတွဲတွဲနိုင်လှပြီး အရည်အသွေးမြင့်သော်လည်း အေးစက်သည်။ ထိုအသံ သည် ငရဲမှလာသည့် သေခြင်းခေါ်သံကဲ့သို့ အညှာတာမဲ့စွာဖြင့် လူတစ်ဦး၏ စိတ်ကို ဖျက်ဆီးပစ်နိုင်သည်။ ထိုအသံကိုကြားသည်နှင့် အားလုံး၏ ခန္ဓာကိုယ် သည် တောင့်တင်းသွားကြသည်။ စကားလုံးမဲ့သောကြောက်ရွံ့မှုသည် တဖြည်းဖြည်း စိတ်ထဲမှ မြင့်တက်လာပြီး ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ကျ ကုန်၏။

ကာမယ်ရွန်၏ခြေထောက်များသည် အားနည်းကုန်ကာ ရထားလုံးရှေ့ တွင် ဒူးထောက်လျက်သားကျသွားလေသည်။ သူ မည်သို့သောဖိအားအောက် တွင်ကျရောက်နေမည်ကို မည်သူမှမသိကြပေ။ ချွေးများသည် မိုးရွာလာသကဲ့သို့ တစ်ကိုယ်လုံးစိုရွှဲလာသည်။ ချက်ချင်းဆိုသလိုပင် ၎င်းသည် မြေကြီးပေါ်လဲကျပြီး တစ်ကိုယ်လုံးတုန်ယင်နေသည်။

ထိုလူသည် အမှန်တကယ်ပင် ကြောက်ဖို့ကောင်းလှသည်။

ဤပင်မတိုက်ကြီးတွင် စီရင်ချက်ဗိမာန်၊ အမှောင်နတ်မိစ္ဆာခန်းမနှင့် ယန်းမြို့ကို လျစ်လျူရှုလျှင်ရှုနိုင်မည်။ သို့သော် သူတို့ရှေ့မှလူကိုတော့ မည်သူ ကမှ လျစ်လျူမရှုနိုင်ပေ။ သူသည် ကမ္ဘာကြီးရှေ့တွင် ပေါ်လာခဲသော်လည်း ၃ နှစ်သားကလေးကပင် သူ့နာမည်ကြားသည်နှင့် အော်မငိုရဲတော့ပေ။

“ကျွန်တော် အပြစ်ရှိပါတယ်” ကာမယ်ရွန်သည် လက်နှစ်ဖက်ကို မြေကြီး ပေါ်တွင်ထောက်ထားကာ အလေးအနက်အရိုအသေပေးလေသည်။

သူသည် ပေထင်းဟွမ် သူ့ကိုစော်ကားသောကြောင့် ပေထင်းဟွမ်ကို တိုက်ခိုက်ခဲ့သည်။

ပေထင်းကျင်းသည် ကောင်းကင်ပေါ်မှကျလာကာ သူ၏လက်နက်ကို ဝေ့ယမ်းခဲ့သည်။ သူတစ်ယောက်တည်းတိုက်ခိုက်ခဲ့ခြင်းမဟုတ်ပေ။ သို့သော် ကာမယ်ရွန်သည် ပေထင်းကျင်းကိုဘာကြောင့် အပြစ်မပေးသနည်းဟု အရှင့်ကို မမေးရဲပေ။

ထိုယောက်ျား၏ဆုံးဖြတ်ချက်ကို မည်သူကမှ မှတ်ချက်မပေးရဲပေ။

“ယန်ယဲ့ ထပ်ပြီး ပြဿနာရှာပြန်ပြီ”

သူထိုသို့တွေးလိုက်သည်နှင့် ကာမယ်ရွန်သည် နားထဲတွင် ထိုမေးခွန်းကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ သူသည် မသိစိတ်မှ ပြောမိသည်ဟု တွေးမိကာ မြင်ကွင်းများအမှောင်ကျသွားပြီး ရှေ့သို့လဲကျသွားလေသည်။

သူသည် အမှန်တကယ် သေသွားချေပြီ။ မဟုတ်ချေ.. သေသည်ထက် ဆိုးသည်။ ဤကမ္ဘာတွင် မည်သူကမှ ဤလူ၏ ဒေါသနောက်ဆက်တွဲကို မခံနိုင် ကြပေ…

All Chapters