← Chapters

အစ်ကိုကြီး သူ့ကို အခုတော့လျစ်လျူရှုထားလိုက်ပါ

Vol. 25 Ch. 483

အစ်ကိုကြီး သူ့ကို အခုတော့လျစ်လျူရှုထားလိုက်ပါ

Vol. 25 Ch. 483

ရင်ပြင်ထဲတွင် ကာမယ်ရွန်တစ်ယောက်သာ မေ့လဲသွားခြင်းမဟုတ်ပေ။ ဆရာများနှင့် ကျောင်းသားများအားလုံးသည် ပေထင်းဟွမ်အား အထိတ်တလန့် ကြည့်ကြလေသည်။ ပေထင်းမိသားစု၏ သခင်လေး ၉ သည် အားလုံးကို နားမလည်နိုင်ဖြစ်စေသည်။ သူ သေချင်နေတာလား။ ညအရှင်ကိုတောင် ဆန့်ကျင်ရဲတယ်။ ဆရာနန်လင်းတောင်မှ ညအရှင်ရဲ့ရှေ့မှာဆို ဘယ်လောက် တောင်ရိုကျိုးလဲသိရဲ့လား။

ကျန်းယန်ထွက်မသွားခင်တွင် သူ့ဘေးမှ နည်းပြဆီသို့ အကြည့်ရောက် သွား၏။

“ရှောင်ကျို့”

ပေထင်းကျင်းသည် သတိပြန်မဝင်လာသေးပေ။ ‘ယန်ယဲ့’ ဆိုသည့် နာမည်ကို မည်သူကမှ နှုတ်မှမဆိုထားနှင့် စိတ်ထဲကပင် မပြောရဲကြပေ။ ရှောင်ကျို့သည် မြို့တော်နှင့်ကင်းကွာနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ် ရာ မစဉ်းစားဘဲနှင့် အမှားလုပ်မိလိုက်နိုင်သည်။ သူသည် ပေထင်းဟွမ်၏ လက်ကိုဆုပ်ကိုင်ကာ သူမအား အနောက်သို့ပို့ကာ ကာထားလိုက်သည်။ သူမ ညအရှင်ကို ပြစ်မှားမိသည်ကိုသိသော်လည်း သူ မကြောက်မိပေ။ သူသည် ညအရှင်အိမ်တော်၏ ရထားလုံးကို တည်ငြိမ်ပြီးအေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ညအရှင်သခင်သာ ရှောင်ကျို့ကို အပြစ်ပေးချင်လျှင် သူ့အလောင်းပေါ်မှ ဖြတ်သွားရလိမ့်မည်။

ပေထင်းကျင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သူ့ လက်ဖဝါးများသည် ချွေးများဖြင့် ရွှဲနေပြီဖြစ်သည်။ သူ့ရှေ့မှလူသည် အလွန် အားကောင်းသည်။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ အေးစက်ပြီး အညှာတာမဲ့ ၏။ သူ၏တိုက်ခိုက်မှုများသည် ရက်စက်သည်။ သူ၏ဂုဏ်ရှိန်သည် အရိုးပုံဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ “အစ်ကိုကြီး သူ့ကို အခုလျစ်လျူရှုထားလိုက် ဦး.. အစ်ကိုကြီးက ဘာလို့ဒီကိုရောက်နေတာလဲ”

သူမသည် ရထားလုံးအား အမှုမထားသလိုကြည့်လိုက်သည်။ ယန်ယဲ့ သည် မိမိုက်ချင်ယောင် ဆောင်နေပြန်သည်။ ပေထင်းဟွမ်သည် အစ်ကိုဖြစ်သူ နှင့် ပြန်လည်ဆုံတွေ့ရသည့်အတွက် အလွန်ပျော်ရွှင်လျက်ရှိသည်။ သူမသည် ပေထင်းကျင်း၏လက်မောင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ သူ့မျက်နှာမှ အကြည့်မခွာနိုင်ဖြစ်နေသည်။

သူ့ကို အခုမေ့ထားရမယ်ဟုတ်လား။ ရင်ပြင်ထဲမှ သောင်းချီသောလူများ သည် ပေထင်းဟွမ်၏စကားများကြောင့် ထပ်မံအံ့ဩသွားကာ မေ့လဲလုနီးပါး ပင်။

သို့သော် ပေထင်းကျင်းသည် သူ၏ညီဖြစ်သူကို မြတ်နိုးစွာကြည့်နေ၏။ သူမသည် ငယ်သေးကာ မခံစားတတ်သေးပေ။ သူမသည် အပြစ်ကင်းစင်ကာ လှပပြီး အကြောက်အလန့်မဲ့သည်။ သူမသည် ဤတိုက်သို့ ကောင်းကင်မှ ပေးသနားထားသော ရတနာတစ်ပါးဖြစ်သင့်သည်။ သူ၏တင်းမာသော မျက်နှာ တွင် အပြုံးပန်းတစ်ပွင့် ပွင့်လာသည်။ ကောင်းကင်သည် သူမကို ပိုချစ်ခင်ရန် သူ မျှော်လင့်သည်။

ပေထင်းဟွမ်ပြောလိုက်သောစကားများ သို့မဟုတ် ဆန့်ကျင်မှုများသည် မြေကြီးကိုနှစ်ခြမ်းကွဲစေလျှင်တောင် သူ့ဘဝနှင့် ပြန်ပေးဆပ်ရသည်မှာ ထိုက်တန်သည်ဟု ထင်သည်။

အဖြူရောင်ကျောက်စိမ်းနှင့်တူသော ချောမွတ်သည့်လက်တစ်ဖက်သည် ၄ လပိုင်း သစ်တော်ပန်းပွင့်သကဲ့သို့ ကန့်လန့်ကာကို ညင်သာစွာ မ,တင်လိုက် သည်။ ညအရှင်၏မျက်နှာသည် အားလုံးရှေ့တွင် ပေါ်ထွက်လာသည်။

သူ၏ရှည်လျားသောမျက်ခုံးများသည် နားထင်ထိရောက်နေသည်။ သူသည် မျက်နှာချေလိမ်းခြယ်ထားခြင်းမရှိသော်လည်း ဇာမဏီနှင့်တူသော ရှည်ပြီးကျဉ်းမြောင်းသည့် မျက်လုံးများရှိသည်။ သူ၏မျက်နှာကို အဆုံးမရှိသော ထူးဆန်းမှုနှင့် နတ်ဆိုးဆန်မှုကို ထည့်ပေါင်းလိုက်သောအခါ သူ့ကို မိန်းကလေးယောက်ျားလေးပင် ခွဲခြား၍မရတော့ပေ။ သူ၏မျက်လုံး အစွန်တွင် မျဉ်းတစ်ကြောင်းရှိသည်။ သူ၏ခရမ်းရောင်မျက်လုံးများသည် အလင်းနှင့်တောက်ပနေသည်။ ကြွေထည်နှင့်တူသောမျက်နှာပေါ်တွင် နှာခေါင်းသည် စင်းကော့လျက်ရှိသည်။ နှုတ်ခမ်းရဲရဲများသည် ၃ လပိုင်းတွင် ပွင့်သည့် မက်မွန်ပန်းနှင့်တူသည်။ ထိုနှုတ်ခမ်းများသည် အရောင်ဖျော့ဖျော့နှင့် မျက်လုံးများကို စွဲဆောင်နိုင်သည်။

သူ ရထားလုံးမှထွက်လိုက်ချိန်တွင် ရှည်လျားသောငွေရောင်ဆံပင်များ သည် ရင်ဘတ်ပေါ်မှ ကွာကျသွားသည်။ သူ၏ခရမ်းရောင်ဝတ်စုံသည် နတ်ဘုရား၏ခြေရင်းမှ တိမ်တိုက်နှင့်တူသည်။ သူ၏လှုပ်ရှားမှုတိုင်းတွင် ပန်းများပွင့်သွားပြီး မရဏရောင်ဝါသည် သူ့ဆီမှဖြာထွက်နေသည်။ ဤကဲ့သို့ လှပသောမျက်နှာကို ပေထင်းဟွမ်မှလွဲ၍ မည်သူကမှမကြည့်ရဲကြပေ။

နတ်သားရဲကို သားရဲများတွေ့ဆုံသကဲ့သို့ အားလုံးသည် မြေကြီးပေါ်တွင် ဒူးထောက်နေကြသည်။ ရင်ပြင်တစ်ခုလုံးတွင် အင်ပါယာကျောင်းတော်မှ ဆရာ များအားလုံးနီးပါး မြေပြင်တွင် ဒူးထောက်နေပြီး ခေါင်းငုံ့ထားကြသည်။ ဤတိုက်ကြီးရှိ တိုင်းပြည်ကြီးလေးခု၏ ဧကရာဇ်များ၊ စီရင်ချက်ဗိမာန်မှ သခင် များပင် ဤမျှလူအများကြီးကို ကျိုးနွံအောင်မလုပ်နိုင်ကြပေ…

All Chapters