ညအရှင်၏နစ်နာမှု
Vol. 25 Ch. 484
ပေထင်းကျင်းသည် ဒူးမထောက်ပေ။ လက်ထဲတွင် ဓားရှည်ကိုကိုင်ထား ပြီး ပေထင်းဟွမ်ရှေ့၌ မားမားမတ်မတ်ရပ်နေသည်။ သူသည် သူ့ရှေ့တွင် ညီငယ်ဖြစ်သူကို မည်သူကမှ မထိခိုက်စေရပေ။
ပေထင်းဟွမ်၏မျက်လုံးများ လင်းလက်လာသည်ကို မြင်နေရည်။ သူမသည် ပေထင်းကျင်း၏အပြုအမူကို မြင်လိုက်သည့်အခိုက်အတန့်တွင် ရင်ထဲထိသလို ပျော်ရွှင်သောခံစားချက်များဖြစ်ပေါ်လာပြီး ယန်ယဲ့ကိုတွေ့ရ ချိန်တွင် စိတ်ထဲ၌ အတိုင်းမသိပျော်ရွှင်မှုများ မြင့်တက်လာခဲ့သည်။
သူမ၏ နှုတ်ခမ်းထောင့်သည် အလိုလိုကွေးတက်သွားသည်။
ပေထင်းဟွမ်၏စကားများကြောင့် ယန်ယဲ့၏ခံစားချက်သည် အနည်းငယ် တိုးတက်လာသည်။ သူသည် ပေထင်းဟွမ်၏လက်ထဲမှ ဓားရှည်ကိုကြည့်ပြီး ပေထင်းဟွမ်၏နားထဲသို့ နူးညံ့စွာပြောလိုက်သည် “ဟွမ်အာ.. ငါက မင်းအတွက် ဆရာတစ်ဝက်လို့ထင်နေတာ.. မြို့တော်ကိုရောက်တာတောင် ဘာလို့ငါ့ကိုလာမတွေ့တာလဲ”
ဒဏ္ဍာရီဝင်သည့်လူမှ ထိုစကားပြောလိုက်သောအခါ လူတစ်ယောက် တည်းတင်သာမကဘဲ ရင်ပြင်ထဲမှ ကျောင်းသားများအားလုံးပင် ထိတ်လန့်သွား ကြ၏။ ကျောင်းတံခါးအပြင်ဘက်မှ သောင်းချီသောလူများသည် တစ်ချိန်တည်း တုန်ယင်သွားကြသည်။
နားကြားမှားသွားသကဲ့သို့ မည်သူကမှ မယုံရဲကြပေ။ သူတို့သည် ညအရှင်၏ပါးစပ်မှ ‘နစ်နာသည်’ ဆိုသည့်ခံစားချက်ကို ကြားနေရသည်။
သူတို့သည် အကြည့်ချင်းတိတ်တခိုးဖလှယ်လိုက်ကြကာ ခံစားချက်များ ကိုမပြရဲကြပေ။ သူတို့သည် ခေါင်းဆက်ငုံ့ကာ မြေကြီးကို စိုက်ကြည့်နေခဲ့၏။
အစောပိုင်းက ပေထင်းဟွမ်နှင့် ရှန်းယန်ကျို့တို့ ရင်ပြင်ထဲတွင် ပဋိပက္ခ ဖြစ်ချိန်တွင် ညအရှင်အိမ်တော်မှလူများသည် ရှန်းယန်ကျို့ကို အဝေးသို့ခေါ် သွားကာ တိုက်ကြီးတစ်ခုလုံးမျက်မှောက်တွင် ပေထင်းဟွမ်၏ရှေ့မှ ရပ်တည် ပေးခဲ့သည်။ ထိုစဉ်ကစပြီး ညအရှင်အိမ်တော်သည် ပေထင်းဟွမ်၏ နောက်ခံ ဖြစ်သည်ကို အားလုံးသိထားပြီးကြပြီဖြစ်သည်။
ညအရှင်အိမ်တော်သည် ကာကွယ်မှုအားကောင်းသည်ကို တိုက်ကြီးမှလူ များ သိကြသည်။
သို့သော် ပေထင်းဟွမ်တွင် ဤကဲ့သို့ တောင့်တင်းသောနောက်ခံရှိလိမ့် မည်ဟု မည်သူကမှ ထင်မထားပေ။
ဤဖြစ်စဉ်မတိုင်ခင်တွင် ကာမယ်ရွန်နှင့် ပေထင်းဟွမ်တို့အကြားမှ ပဋိပက္ခကြောင့် ညအရှင်ကိုယ်တိုင်လာလိမ့်မည်ဟု လူတစ်ယောက်ပြောခဲ့စဉ် က ထိုလူ ရူးနေသည်ဟု တိုက်ကြီးမှလူများထင်ခဲ့ကြသည်။ ညအရှင်က ဘယ်သူမို့လို့လဲ။ ပေထင်းဟွမ်ကြောင့်နဲ့ သူကဘာလို့ ကိုယ်တိုင်လာရမှာလဲ။
သို့သော် ဤအခိုက်အတန့်တွင် ညအရှင်၏ ‘နစ်နာ’ သောအသံသည် အားလုံးကို ထပ်မံစဉ်းစားသွားစေသည်။ ညအရှင်က… ကလူသလိုလုပ်နေတာ လား။
ပေထင်းဟွမ်သည် လူတိုင်း၏အတွေးကို လိုက်ဂရုစိုက်မနေပေ။ အကျင့် ဖြစ်နေသည့်အလား သူမသည် လက်မြှောက်ကာ ဘာမှမရှိသည့်မေးစေ့ကို ပွတ်လိုက်သည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ ရယ်မောလေ သည် “ကျွန်.. ကျွန်တော် ဒီနေ့ညကျလာရှာမလို့ပါပဲ”
ထိုအချိန်တွင် ယန်ယဲ့၏မျက်လုံးထဲတွင် ပါးနပ်သောအလင်းတန်း ဖြတ် ပြေးသွားသည်ကို မည်သူကမှ သတိမထားမိလိုက်ပေ။ သူသည် ပေထင်းဟွမ် အား အနည်းငယ်ဝမ်းနည်းသောမျက်လုံးဖြင့် အဓိပ္ပာယ်ပါပါကြည့်လေသည် “ဟွမ်အာ မင်းကိုစောင့်နေမယ်”
သူသည် သူမအား တန်းတူရည်တူကဲ့သို့ ခေါ်ဝေါ်ခဲ့သည်။
ဤတိုက်ကြီးတစ်ခုလုံးတွင် မည်သူကမှ ညအရှင်သခင်နှင့် တန်းတူညီမျှ ဆက်ဆံခံရခွင့်မရှိပေ။
ညအ၇ှင်သခင်ထွက်သွားပြိးသော်လည်း ရုတ်တရက်ကြီး မိုးကြိုးအပစ်ခံ ရာမှ သတိပြန်မဝင်လာနိုင်ကြသေးပေ။ အဝေးမှ တီးတိုးလေသံများ ထွက်ပေါ် လာသည်။ ထိုအသံသည် သူတို့လာစဉ်ကနဲ့ ကွဲပြားသည်။ အသံသည် တိုးညင်း ပြီး မကြာခင်တွင် ပျောက်ကွယ်သွားလေသည်။
ဟူး…
အားလုံးသည် အသက်ပြင်းပြင်းရှူလိုက်ကြသည်။ သူတို့ပေထင်းဟွမ်ကို ပြန်ကြည့်လိုက်ချိန်တွင် အနည်းငယ် ကြောက်ရွံ့မှုကို မခံစားဘဲမနေနိုင်တော့ ပေ။
“ရှောင်ကျို့.. ဒီလူကို ဘယ်လိုဖြေရှင်းသင့်လဲ” ပေထင်းကျင်းသည် မြေကြီးတွင် ခံစားချက်မဲ့စွာလဲလျောင်းနေသော ကာမယ်ရွန်ကို ရက်စက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် လှမ်းကြည့်ပြီးနောက် ကြက်သေသေ နေခဲ့သည်။
ပေထင်းကျင်း၏စကားများကို ကြားမှပင် အားလုံးသည် ကာမယ်ရွန်ဆီ သို့ အာရုံပြန်ရောက်သွားလေတော့သည်။ ချက်ချင်းဆိုသလိုပင် ချွေးအေးများ ပြန်လာတော့သည်။
အနီးသို့သွားရန်ပင်မလိုတော့ပေ။ ထိုနေရာတွင်ရှိနေသည့်လူများအားလုံး သည် ကျင့်ကြံသူများဖြစ်သဖြင့် ရောင်ဝါကိုခံစားနိုင်ကြသည်။ ကာမယ်ရွန် သည် ထိုအတိုင်းပင် တိတ်တိတ်လေး သေဆုံးသွားပြီဖြစ်သည်…