ရှောင်ကျို့နှင့် ညအရှင်သခင်
Vol. 25 Ch. 485
ထိုလုပ်ရပ်သည် ပေထင်းကျင်းလုပ်ခြင်းမဟုတ်ပေ။ ပေထင်းကျင်းသည် လည်း ကောင်းကင်အဆင့်ဖြစ်သော်လည်း မွန်မြတ်သောသားရဲရှိသော ကာမယ်ရွန်ကို သတ်ရန် အင်အားများစွာစိုက်ထုတ်ရမည်ဖြစ်သည်။ ညအရှင် အပြင် မည်သူကမှ ကာမယ်ရွန်ကို သတ်နိုင်မည်မဟုတ်ပေ။
ထိုလူသည် အမှန်တကယ်ပင် သန်မာသည်။
သူတို့သည် အင်ပါယာကျောင်းတော်၏ ဧရိယာ ဒီ၊ အခန်းနံပါတ် ၅၀၂ ပေထင်းဟွမ်ဆီသို့ ပြန်သွားကြသည်။ အခန်းကျဉ်းလေးထဲတွင် အိပ်ရာလေးခုရှိ ၏။ အိပ်ရာများကို ကုတင်နှစ်ထပ်ဖြင့် ခွဲခြားထားပြီး ကျောင်းသားသစ်မျှကို ခွဲဝေပေးထားသည်။ ထိုအချိန်တွင် ပေထင်းဟွမ်မှလွဲပြီး တခြားမည်သူမှမရှိပေ။ အိပ်ရာပေါ်တွင် စောင်ပါးလေးတစ်ထည်ရှိသည်။ ပေထင်းဟွမ် ထိခိုက်မည်ကို စိုးသဖြင့် ပေါင်ပေါ်ထိုင်ခိုင်းကာ တင်းကြပ်စွာပွေ့ဖက်ထားမိသည်။ ထောင်ချီ သော စကားလုံးများသည် သူ၏စိုးရိမ်မှုကို ဖော်ပြရန် မလုံလောက်သော်လည်း သူဘာမှမပြောပေ။
‘ညီလေး’ ဆိုသူသည် အမှန်တကယ်တော့ ညီမလေးဖြစ်သည်ကို သူ သိသည်။ အကြောင်းအရင်းတချို့ကြောင့် သူသည် ယောက်ျားလေးလို နေထိုင် ရသည်။ သူမ၏အစ်ကိုကြီးအနေနှင့် ပေထင်းဟွမ်အတွက် ရင်နာမိသည်။ သူသည် ကမ္ဘာပေါ်မှ အကောင်းဆုံးများကို သူ ပြသချင်သည်။ သူမကို ဘယ်လိုလုပ်မချစ်ဘဲနေမှာလဲ။ ဘယ်လိုလုပ် မကာကွယ်မှာလဲ။
သူမသည် အရင်ဘဝနှင့် ယခုဘဝတွင် မိသားစု၏ အချစ်ကြောင့် ပျော်ရွှင် ခဲ့ဖူးခြင်းမရှိပေ။ ပေထင်းဟွမ်သည် ပေထင်းကျင်းကို ခင်တွယ်သည်။ ဤအချိန် တွင်တော့ သူမသည် စိတ်ထဲမှဝန်ထုပ်ဝန်ပိုးများအားလုံးကို ချပြီး ပေထင်းကျင်း ၏ပခုံးပေါ်မှီထားမိသည်။ သူမသည် ဤတိတ်ဆိတ်ပြီး လှပသောအချိန်ကို ပျော်မွေ့ချင်သည်။
“ရှောင်ကျို့.. မင်း မြို့တော်ကို တစ်ယောက်တည်းလာလိမ့်မယ်လို့ ထင်မထားဘူး.. ငါ ကြားတုန်းကဆို ယုံတောင်မယုံနိုင်ဘူး” ပေထင်းကျင်းသည် ညင်သာစွာဖြင့် ပေထင်းဟွမ်၏ဆံပင်ရှည်များကို ပွတ်သပ်ပေးနေသည်။ သူတို့ သည် ငယ်ငယ်ရွယ်ရွယ်နှင့် မိဘများကို ဆုံးရှုံးခဲ့သည်။ ဤကမ္ဘာတွင် သူတို့သည် တစ်ယောက်ကိုတစ်ယောက်သာ မှီခိုရသည်။
ပေထင်းဟွမ်သည် သူ့အပေါ်ထားသည့် အစ်ကိုဖြစ်သူ၏ စိုးရိမ်မှုကို ခံစားမိသည်။ သူ၏နွေးထွေးသောရင်ခွင်ကိုမှီထားရင်း ပေထင်းဟွမ်သည် အလွန်စိတ်အေးလက်အေးရှိပုံပေါ်သည်။ “ကျွန်မလည်း အစ်ကိုကြီးကို အရမ်း လွမ်းနေတာ.. လော့ပေမြို့ကနေ ကျွန်မ တစ်ယောက်တည်း ဒီကိုလာခဲ့တာ”
အစ်ကိုဖြစ်သူ၏ရင်ခွင်ထဲတွင် အတန်ကြာသည်အထိ တိုးဝင်ပြီးနောက် ပေထင်းဟွမ်သည် ပေထင်းကျင်း၏ပေါင်ပေါ်မှထကာ သူမအိပ်ရာပေါ်တွင် ထိုင်လိုက်သည်။ သို့သော် ပေထင်းကျင်းသည် သူမကို မည်သူ့လွှတ်မည်နည်း။ သူသည် သူမကို ကလေးတစ်ယောက်သဖွယ် ပွေ့ဖက်ကာ လော့ပေမြို့မှ ဝိညာဉ်ခွဲတောင်တန်း၊ နောက်ဆုံး မြို့တော်အထိခရီးစဉ်ကို နားထောင်ပေးနေ သည်။
“အဲတော့ ရှောင်ကျို့နဲ့ ညအရှင်တို့က လော့ပေမြို့မှာတုန်းက တစ်ယောက်နဲ့ တစ်ယောက်သိခဲ့ကြတာပေါ့.. ညအရှင်သခင်က ငရဲဘုရင်တစ် ပါးလိုပဲလို့ အားလုံးပြောကြတယ်.. သူ့နားက ကိုယ်ရံတော်လေးယောက်ကလွဲ ရင် သူက တခြားလူကိုဂရုစိုက်တာမဟုတ်ဘူး.. အဲလိုလူက ရှောင်ကျို့ကို ကာကွယ်လိမ့်မယ်လို့ ထင်မထားဘူး” ပေထင်းကျင်းသည် စိတ်သက်သာရာရ စွာဖြင့် သက်ပြင်းချလိုက်သည်။ “ရှောင်ကျို့က ဝမ်းကွဲညီချူဖုန်းနဲ့တွေ့ခဲ့မယ် လို့ ထင်မထားဘူး.. ညီမချင်းလင်လည်း ဒီရောက်နေတာကိုး”
ပေထင်းဟွမ်သည် အခြေအနေကို အကျဉ်းချုပ်ရှင်းပြကာ ပေထင်းကျင်း အားမေးလေသည်။ သူသည် စိုးရိမ်တကြီးမေးမိသည် “အစ်ကိုကြီး ဒီနှစ်တွေမှာ မိသားစုက အစ်ကိုကြီးအပေါ်ကောင်းရဲ့လား.. သူတို့တွေက အစ်ကိုကြီးမလုပ် ချင်တာကို အတင်းလုပ်ခိုင်းကြလား၊ ဒေါ်လေးဆီကကြားတာတော့ မိသားစုက အစ်ကိုကြီးနဲ့ကျွန်မကိုခြိမ်းခြောက်တယ်ဆို.. အစ်ကိုကြီး ဝိညာဉ်သခင်ကြီး အဆင့်မရောက်ရင် ကျွန်မနဲ့ပေးမတွေ့ဘူးဆို.. အမှန်ပဲလား..” ငယ်စဉ်ကပင် သူ၏ကာကွယ်မှုကိုလိုအပ်ခဲ့သော ညီမဖြစ်သူသည် တစ်နေ့တွင် သူ့ကိုဂရုစိုက် လာလိမ့်မည်ဟု ထင်မထားပေ။ ၁၀ နှစ်.. မည်မျှပင်ခက်ခဲခဲ့စေကာမူ သူ ရှင်သန်ခဲ့သည်။ ပေထင်းကျင်း၏ မည်းနက်သောမျက်လုံးများထဲတွင် အလင်း ရောင်လက်သွားသည်။ သူသည် ပေထင်းဟွမ်၏ဆံပင်ကို ညင်သာစွာပွတ်သပ် ကာ နူးညံ့စွာပြောလေသည်
“မိသားစုက ငါ့ကိုကောင်းကောင်းဆက်ဆံပေးပါတယ်.. ရှောင်ကျို့က သာ လော့ပေမြို့မှာ တစ်ယောက်တည်း နှစ်တွေအများကြီးခံစားခဲ့ရတာ.. မိသားစုက ငါ့ကိုအတင်းကျင့်ကြံခိုင်းပေမဲ့ အစ်ကိုက ပေါပေါပဲပဲမှမဟုတ်တာ.. ကျွန်တော် ဝိညာဉ်သခင်ကြီးအဆင့်ရောက်ရင် လော့ပေမြို့ကိုသွားပြီး ရှောင်ကျို့ကိုခေါ်ပါမယ်လို့ တောင်းဆိုခဲ့တာပေါ့.. ရှောင်ကျို့က မြို့တော်ကို အရင်ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး”
ပေထင်းဟွမ်၏ မျက်လုံးများ ထပ်မံနီရဲလာသည်။ သူမတွင် အသွားအပြန် ကိုမမျှော်လင့်သည့်၊ သူမကို ချစ်မြတ်နိုးသည့်လူရှိနေသေးသည်။ ထိုခံစားချက် သည် ဖော်မပြတတ်လောက်အောင်ပင်။
“အစ်ကိုကြီး ကျွန်မလည်း အရွယ်ရောက်ပြီးသန်မာလာပြီ.. နောက်ဆိုရင် အစ်ကိုကြီးကို ကျွန်မကာကွယ်ပေးမယ် စိတ်ပူဖို့မလိုတော့ဘူး” ပေထင်းဟွမ် သည် ခံစားချက်ပါပါပြောလေသည်…