အစ်ကိုကြီးကမင်းကိုကာကွယ်ပေးမှာပါ
Vol. 25 Ch. 486
“ရှောင်ကျို့လေး အရွယ်ရောက်လာပြီ ဒါပေမဲ့ အစ်ကိုကြီးရဲ့ စိတ်ထဲမှာ ရှောင်ကျို့က လွန်ခဲ့တဲ့ ၁၀ နှစ်ကအတိုင်းပဲ.. အဖေနဲ့အမေသာ ဒီမှာရှိရင် ရှောင်ကျို့ ဘယ်အရွယ်ပဲရောက်ရောက် သူတို့မျက်လုံးထဲမှာ ရှောင်ကျို့က ကလေးပဲ.. သူတို့မရှိတော့တဲ့အချိန် အစ်ကိုကြီးက ရှောင်ကျို့ကို ကာကွယ်ပေး မှာ.. အစ်ကိုကြိးက ဒီဘဝမှာ သစ္စာဆိုထားတယ်.. ဒီဘဝမှာတော့ ရှောင်ကျို့ကို ကာကွယ်ပေးပြီး ရှောင်ကျို့ကို မထိခိုက်စေရဘူး” ပေထင်းကျင်းသည် အလေးအနက်ပြောလေသည်။
သူမသည် မည်သို့သောခံစားချက် ခံစားနေရသည်ကို မပြောနိုင်တော့ပေ။ ဤခန္ဓာကိုယ်သည် သူမ၏ကိုယ်ပိုင်ခန္ဓာကိုယ်မဟုတ်သော်လည်း ပေထင်းဟွမ် ၏ ဝိညာဉ်သည် ဤခန္ဓာကိုယ်နှင့် မကြုံစဖူးအဆင့်ထိ ပေါင်းစပ်ခဲ့သည်။ သို့သော် သူမ၏အဒေါ်၊ အစ်ကိုကြီး သို့မဟုတ် မတွေ့ရသေးသည့် ဦးလေးဖြစ် သူတို့အပေါ်တွင် အရိုးထဲမှ ရင်းနှီးမှုကိုခံစားရသည်။ သို့မဟုတ် ဤခန္ဓာကိုယ် သည် သူမအတွက်ပဲဖြစ်နေမလား။ ပေထင်းဟွမ်ဟုခေါ်သည့် ထိုမိန်းကလေး သည် ယာယီနေထိုင်သူပဲဖြစ်နေမလား။
ပေထင်းကျင်းသည်လည်း ညီမဖြစ်သူ ပြောင်းလဲသွားသည်ကို ခံစားမိ သည်။ သူမသည် အရင်ကကဲ့သို့ မကြောက်တတ်တော့ပေ။ သူမ၏ ကိုယ်ပိုင် အတွေးနှင့် ထင်မြင်ချက်ရှိလာသည်။ သူမ၏အသံနေအသံထားနှင့် လှုပ်ရှားမှု များသည် ယောက်ျားတစ်ယော်ကဲ့သို့ ဆုံးဖြတ်ချက်ပြတ်သားလာသည်။
ဤအရာသည် ညီမဖြစ်သူ၏ စစ်မှန်သော သဘာဝဖြစ်သည်ကို သူ ခံစားမိသည်။
မသိလိုက်ခင်မှာပင် ကောင်းကင်တွင် လထွန်းလင်းလာသည်။ ပေထင်းဟွမ်သည် ညအရှင်အိမ်တော်ကို သွားရဦးမည်ဖြစ်သဖြင့် ပေထင်းကျင်း သည် သူမနှင့်အတူ ကျောင်းတော်မှ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်မခွဲနိုင်ကြဘဲ လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင် ထားကြသည်။
“အစ်ကိုကြီး ကျွန်မ ညအရှင်အိမ်တော်က ပြန်လာရင် ကျောင်းတော်ကို လာရှာနော်”
ပေထင်းကျင်းသည် ခေါင်းညိတ်လေသည် “ရှောင်ကျို့.. မင်းက မိသားစု ကို သဘောမကျတာတော့သိပါတယ် အစ်ကိုကြီးလည်း အတူတူပဲ.. ဒါပေမဲ့ အစ်ကိုကြီးက အချိန်တစ်ခုလောက်ထိ မိသားစုထဲမှာ လုပ်စရာရှိသေးတယ်.. ပြီးခဲ့တဲ့တစ်ခေါက် ဒေါ်လေး ဝိညာဉ်ခွဲတောင်တန်းကနေ ပြန်လာပြီးတော့ မိသားစုခေါင်းဆောင်ကို ဘာပြောလိုက်တယ်မသိဘူး.. မိသားစုခေါင်းဆောင် က လော့ပေမြို့က မိသားစုခွဲခေါင်းဆောင်ကို ခေါ်လိုက်တယ်.. လော့ပေမြို့မှာ မင်း နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ အရှက်ကွဲခံခဲ့ရတာတွေကို အဲလူရဲ့အသက်နဲ့ ပြန်ပေးဆပ်ခိုင်းမယ်”
ပေထင်းဟွမ်သည် အစ်ကိုဖြစ်သူ၏ အေးစက်ပြီး ချောမောသောမျက်နှာ ကို ကြည့်လိုက်သည်။ သူသည် ဒေါသထွက်နေသည့်အလား မျက်နှာမှာနီရဲနေ သည်။ ၎င်းသည် သူမ၏အစ်ကိုဖြစ်သည်။ သူသည် သူမကိုအနိုင်ကျင့်သည့်သူမှ လွဲပြီး အရာအားလုံးကို လျစ်လျူရှုနိုင်သည်။
“ဟုတ်ပြီ အစ်ကိုကြီး.. ကျွန်မလည်း အဲလိုတွေးထားတယ်.. အဲလူပြန်လာ ရင် ကျွန်မကိုအသိပေးပါ.. နောက်တစ်ယောက်ရှိသေးတယ်.. သူ့ကိုလည်း ပြန်ပေးဆပ်ခိုင်းမယ်” ပေထင်းဟွမ်သည် အံကြိတ်ထားလေသည်။ သူမ၏ ကျဉ်းမြောင်းသောမျက်လုံးများမှ အန္တရာယ်များသောရောင်ဝါ တစ်ခုထွက်လာ သည်။
“ဘယ်သူလဲ” ပေထင်းကျင်းသည် သတိရှိရှိနှင့်မေးလိုက်သည်။ သူသည် မျက်နှာပူလာသည်။ ပေထင်သယ့်အပြင် ရှောင်ကျို့ကို အနိုင်ကျင့်သူရှိသေး၏။ သို့သော် သူမ၏အစ်ကိုကြီးတစ်ယောက်အနေနှင့် သူ မသိခဲ့ပေ။
“ပေထင်းကျွင်း”
ပေထင်းဟွမ်နှင့် ပေထင်းကျင်းတို့သည် ကျောင်းတော်မှ အတူ လမ်းလျှောက်ထွက်လာကြသည် “ကျွန်မကို တိုက်ခိုက်ဖို့ သူ့မှာအချိန်မရှိလိုက် ပေမဲ့ အဲကောင်က လော့ပေမြို့က လူမိုက်ကိုကူညီခဲ့တာ.. အခွင့်အရေးသာရှိ မယ်ဆိုရင် သူ့ကိုလည်း အလွတ်မပေးဘူး”
“ဟုတ်ပြီ ပေထင်းသယ့် မြို့တော်ကိုရောက်တဲ့အချိန်ကျ သူ့ဆီက တရားမျှတမှု ပြန်တောင်းရင် အစ်ကိုလိုက်ခဲ့ပေးမယ်” ပေထင်းကျင်း ကတိပေး လေသည် “ရှောင်ကျို့ တစ်နေ့ကျ ရှောင်ကျို့က ကောင်းကင်အဆင့်ဓားသခင် ဖြစ်လာလိမ့်မယ်လို့ ထင်မထားဘူး.. သခင်ကြီးလန်ချန်းမိုက မင်းကို ကျောင်းသားအဖြစ် တကယ်ကြီးလက်ခံခဲ့တာလား.. ပြီးတော့ သခင်ကြီးနန်လင်းရောလေ”
“ဟုတ်တယ်” ဆရာနှစ်ယောက်အကြောင်း ပြောရာတွင် ပေထင်းဟွမ် သည် စိတ်ထဲတွင် နွေးထွေးမိသည် “ဆရာလန်ချန်းမိုကိုကျ ညအရှင်သခင်က ကျွန်မကို ကျောင်းသားအဖြစ်လက်ခံခိုင်းခဲ့တာ.. ဒါပေမဲ့ သူကတကယ်တော် တယ်.. သူ့ဘဝမှာ ကျွမ်းကျင်ခဲ့တဲ့ ဓားသိုင်းတွေကို သင်ပေးခဲ့တယ်.. ဒါပေမဲ့ ညအရှင်သခင်ဆီက ကြားခဲ့တာတော့ သခင်ကြီးလန်ချန်းမိုက အဖေနဲ့ အရမ်း ရင်းနှီးတဲ့သူငယ်ချင်းတဲ့.. သူတို့ကို ‘သစ်ပင်နဲ့ ဓားထောင်ချီ နတ်ပုလွေ’ လို့ခေါ် ကြတာဆို အစ်ကို အမေနဲ့အဖေ့အကြောင်း သိထားတာရှိလား”