← Chapters

ငါ့ဘေးကိုလာခဲ့

Vol. 25 Ch. 487

ငါ့ဘေးကိုလာခဲ့

Vol. 25 Ch. 487

ပေထင်းကျင်းသည် ညီမဖြစ်သူ၏ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ ပေထင်းမိသားစုကဲ့သို့ ချမ်းသာပြည့်စုံသောမိသားစုတွင် မွေးဖွားသည့် တခြား မိန်းကလေးများသည် ရွှေငွေကျောက်စိမ်းများကို အပြည့်ခံစားခဲ့ကြသည်။ သို့သော် သူ၏ညီမဖြစ်သူမှာရော.. သူမသည် နာကြည်းချက်များရှိသော ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့သည်။ “ရှောင်ကျို့.. ငါ မသိခဲ့ဘူး.. အဖေနဲ့အမေ တို့ အလိုက်ခံရပြီး ပြေးခဲ့တုန်းက မင်းက အမေ့ဗိုက်ထဲမှာပဲရှိသေးတယ်.. နောက်တော့ သူတို့တွေ ငါ့ကို မိသားစုထဲမှာ မထားမဖြစ်လို့ ထားသွားကြတယ်၊ သူတို့ ထွက်ပြေးရင်းနဲ့ မင်းကိုမွေးခဲ့တာပဲ.. သူတို့က မင်းကို မှော်သားရဲတောကို ခေါ်သွားခဲ့ကြတယ်.. မင်းကို ရွှံ့ချောက်ဘေးကနေ အဘိုးကခေါ်လာခဲ့တာ..”

“ကျွန်မတို့မိဘတွေက သေသွားတာမဟုတ်ဘဲ တခြားလွင်ပြင်ကိုသွား တာလို့ ညအရှင်ပြောတယ်.. အဲဒါအမှန်ပဲနေမှာပေါ့နော်” ပေထင်းဟွမ်သည် ခေတ္တမျှစဉ်းစားပြီးနောက် ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူမသည် ပေထင်းကျင်းအား မေးလိုက်သည် “အစ်ကို ကစဥ့်ကလျားနတ်အရင်းအမြစ် အကြောင်းကို သိလား”

အံ့ဩစွာနှင့်ပင် ပေထင်းကျင်းသည် ခေါင်းခါလေသည် “မင်းခန္ဓာကိုယ်ထဲ ကို အဲဒီပစ္စည်းက ဘယ်လိုဝင်သွားလဲဆိုတာ ဘယ်သူမှမသိဘူး.. အဲဒါဘာလဲဆို တာလည်းမသိကြဘူး.. စီရင်ချက်ဗိမာန်နဲ့ အမှောင်နတ်မိစ္ဆာခန်းမတို့က အဲဒါကို ရှာနေတာ နှစ်တွေအများကြီးကြာတဲ့အထိမတွေ့ဘူး.. အဲဒါက မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲရောက်နေလိမ့်မယ်လို့ ငါတို့တွေ မသိခဲ့ဘူး.. မတော်တဆမှုတွေမဖြစ်အောင်လို့ မိသားစုခေါင်းဆောင်က မင်းက မိန်းကလေးမဟုတ်ဘဲ ယောက်ျားလေးပါလို့ ကြေညာခဲ့တယ်”

အကြောင်းအရင်းတချို့ကြောင့် ပေထင်းဟွမ်သည် ရင်များခုန်သွားလေ သည်။ ထိုသို့ဆိုလျှင် သူမ၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ် ရှိကြောင်းကို ပေထင်းမိသားစုခေါင်းဆောင်နှင့် သူတို့၏အဘိုးဖြစ်သူသည် သိထားကြမည်။ သူမကို မိသားစုဆီမှ နှင်ထုတ်ခဲ့သည့်လူကို စဉ်းစားကြည့်ရာ ပေထင်းဟွမ်သည် မွန်းကြပ်လာသည်။ သူမသည် ၁၀ နှစ်ကြာအောင် မတွေ့ခဲ့ သည့် ‘အဘိုး’ ဖြစ်သူအတွက် အသက်အောင့်လာခဲ့သလိုပင်။

ထို့နောက် ပေထင်းဟွမ်သည် မုချင်းလင်၏ အခြေအနေကိုမေးလေ သည်။ နန်ကုန်းချန်းရှီတို့ရှိလျှင် ပေထင်းဟွမ်သည် မုချင်းလင်ကို စိတ်မပူပေ။ ပေထင်းကျင်းသည်လည်း အထူးသဖြင့် သူ၏ညီမဖြစ်သူကို စိတ်ပူသည်။ သို့သော် နောက်ကျနေပြီဖြစ်ရာ မုချင်းလင်ကို နန်ကုန်းချန်းရှီနှင့်အတူ နန်ကုန်းမိသားစုကို လိုက်သွားခိုင်းပြီး ယာယီနေခိုင်းထားသည်။ ထို့ကြောင့် သူမကို ချက်ချင်းမတွေ့ချင်ပေ။

မောင်နှမနှစ်ယောက် ကျောင်းတော်မှ ထွက်လာပြီးနောက် တံခါးပေါက် တွင် နှုတ်ဆက်ကြသည်။

သူတို့သည် အခုမှတွေ့ကြသည်ဆိုသော်လည်း တစ်စုံတစ်ရာကြောင့် ယာယီခွဲခွာရဦးမည်။ သို့သော် ပေထင်းကျင်းသည် ညီမဖြစ်သူနှင့် မခွဲချင်သေး ပေ။ သူသည် သူမကို ထပ်ခါထပ်ခါပွေ့ဖက်ပြီးမှ စိတ်ပိုင်းဖြတ်ကာ မျိုးနွယ်ကြီး လေးခုမြို့တော်ဆီသို့ ပျံသွားလိုက်သည်။

ပေထင်းဟွမ်သည် ညကောင်းကင်ထဲသို့ ပေထင်းကျင်း၏ပုံရိပ် တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူမသည် ညအရှင်အိမ်တော်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

မြို့တော်ရှိ ညအရှင်အိမ်တော်သည် မျိုးနွယ်ကြီးလေးခုမြို့နှင့် ဦးတည် ဘက်မတူပေ။ ထို့ကြောင့်ပင် ပေထင်းဟွမ်သည် ပေထင်းကျင်းနှင့် အတူမသွား ခြင်းဖြစ်သည်။

ခလောက်သံထပ်မံထွက်ပေါ်လာသည်။ ထိုအသံသည် ရင်းနှီးလွန်းသည်။ ပေထင်းဟွမ်သည် ခြေလှမ်းများကိုရပ်ကာ မထင်မရှားဖြစ်သော်လည်း အရည်အသွေးကောင်းသော ရထားလုံးတစ်စင်း သူမဆီသို့ ဖြည်းဖြည်းချင်း မောင်းနှင်လာသည်ကို မြင်လိုက်ရသည်။ နတ်ဆိုးသွေးနှင့်ဖြန်းထားသကဲ့သို့ ဖြစ်နေသော ရထားလုံးပေါ်က သွေးလရောင်ပုံစံကို မြင်သည်နှင့် လူအားလုံး သည် ရပ်တန့်လိုက်ကြပြီး ခေါင်းငုံ့ကာ ရိုသေလေးစားသမှုကို ပြသကြသည်။

ရထားလုံးသည် ပေထင်းဟွမ်၏ ခြေရင်းရှေ့တွင် ရပ်တန့်သွားသည်။ ကျောက်စိမ်းနှင့်တူသော လက်တစ်ဖက်သည် ကန့်လန့်ကာကို မ,တင်လိုက်ပြီး နောက်ကွယ်မှ နူးညံ့သောအသံတစ်သံထွက်ပေါ်လာသည် “တက်လာခဲ့”

ပေထင်းဟွမ်၏ နှုတ်ခမ်းသည် တွန့်ကွေးသွားသည်။ ဒီလူက ထွက်သွား လိုက်ပြီမဟုတ်ဘူးလား။ ဘယ်တုန်းက ပြန်လာတာလဲ။ သူမကို ဒီမှာစောင့်နေ တာလား။

ရထားလုံးထဲတွင် ထောင့်တိုင်းတွင် အလင်းစုကျောက်ရှိနေသည်။ ရထားလုံးသည် အပြင်ပန်းတွင် မကြီးမားသော်လည်း အထဲတွင် အလွန် ကျယ်ဝန်းသည်။ ရထားလုံးသည် သေတ္တာတစ်လုံးလိုဖြစ်သည်။ အထဲတွင် အလျားလိုက်ချထားသော ကွပ်ပျစ်ရှိပြီး စားပွဲတစ်လုံးလည်းရှိနေသည်။ ယန်ယဲ့သည် ကွပ်ပျစ်ပေါ်မှ ခေါင်းအုံးကို ပျင်းရိစွာမှီနေပြီး ပေထင်းဟွမ်အား လက်ကမ်းပေးလေသည်။ ၎င်းသည် ကျောက်စိမ်းကဲ့သို့ တောက်ပပြီး နူးညံ့စွာ ထွန်းလင်းနေသောကြောင့် သူမသည် မထိရက်လောက်အောင်ပင်။

“ဒီကိုလာ ငါ့ဆီကိုလာ”

All Chapters