← Chapters

အလှလေးရဲ့ဖိတ်ကြားမှုပဲ မငြင်းနိုင်ဘူး

Vol. 25 Ch. 488

အလှလေးရဲ့ဖိတ်ကြားမှုပဲ မငြင်းနိုင်ဘူး

Vol. 25 Ch. 488

အလှလေး၏ ဖိတ်ကြားမှုကို ငြင်းဆန်စရာမရှိပေ။ ပေထင်းဟွမ်သည် လျှောက်သွားပြီး သူ့ဘေးတွင်ထိုင်လိုက်သည်။ လေနှင့်အတူပါလာသော လက်ဖက်ရည်ရနံ့သည် ပြတင်းပေါက်မှတစ်ဆင့် ပေထင်းဟွမ်၏နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ ပေါများသောဝိညာဉ်စွမ်းအင်သည် သူမ၏မျက်လုံးများကို အရောင်တောက်စေပြီး စိတ်ကိုကြည်လင်စေသည်။ ပေထင်းဟွမ် မတုံ့ပြန်ခင် တွင် လက်တစ်ဖက်သည် စားပွဲပေါ်မှ လက်ဖက်ရည်ပန်းကန်လုံးကို ကောက် ကိုင်ပြီး သူမ၏နှုတ်ခမ်းနှင့်တေ့ပေးလေသည်။ နူးညံ့သောအသံသည် သူမ၏ နားထဲသို့ ဝင်လာသည် “လာခဲ့ တစ်ငုံလောက်သောက်ဦး”

အေးစက်သောခံစားချက်သည် သူမ၏ခန္ဓာကိုယ်အား ပျံ့နှံ့သွားလေ၏။ တစ်ငုံသောက်လိုက်သည်နှင့် သူမ၏ခြေလက်နှင့်အရိုးများသည် ရေပူစမ်းတွင် စိမ်လိုက်သကဲ့သို့ပင်။ သက်တောင့်သက်သာလွန်းသဖြင့် ပေထင်းဟွမ်သည် သက်ပြင်းချကာ ကွပ်ပျစ်ပေါ်တွင်လှဲပြီး မလှုပ်ချင်တော့ပေ။

သူမသည် ယန်ယဲ့အား စောင်းငဲ့ကြည့်လိုက်သည်။ ထိုလူသည် သူမ မည်သည့်ရှုထောင့်ကပင် ကြည့်စေကာမူ ပန်းချီကားတစ်ချပ်သဖွယ် ပြောင်းလဲ သွားသည်။ ကောင်းကင်သည် ဤကဲ့သို့ လက်ရာမြောက်သောအနုပညာကို ဖန်တီးခဲ့သည်။ စုတ်တံနှင့်မှင်သည် သူ၏ကြည့်ကောင်းသော အသွင်အပြင်၏ ဆယ်ပုံတစ်ပုံပင်မရှိပေ။

ပေထင်းဟွမ်၏အကြည့်ကို ခံစားမိသဖြင့် ယန်ယဲ့သည် မျက်လုံးကို အသာမှိတ်ကာ လက်ကိုနဖူးပေါ်တင်ထားလိုက်သည်။ သူသည် သက်ပြင်းကို ခပ်တိုးတိုးချလိုက်သည် “ဟွမ်အာ ငါသာမလာရင် မင်းအစ်ကိုနောက်လိုက်ပြီး မျိုးနွယ်ကြီးလေးခုမြို့ကိုလိုက်သွားမှာမလား”

အထီးကျန်သော မိန်းကလေးတစ်ယောက်ကဲ့သို့ သူ ဝမ်းနည်းနေသည်။ သူ၏အသံသည် အလွန်ပင်ခြောက်ကပ်ကာ ဝမ်းနည်းသံပါနေသည်။

အပြင်တွင် ရထားလုံးမောင်းနှင်နေသော ပိုင်ဇိပင်လျှင် ထိုစကားကို ကြားလိုက်ရသည်။ သူ့လက်မှာ တုန်ယင်သွားကာ ရထားလုံးမောင်းရင်းနှင့် သေအံ့ဆဲဆဲဖြစ်သွားသည်။

“ယဲ့.. ခင်ဗျား အများကြီးသိထားပြီး ကျွန်တော့်ကို မပြောတာတွေရှိတယ် မလား” ပေထင်းဟွမ်သည် သူ့ထက် အဆတစ်ရာညည်းညူသည့်အသံဖြင့် ပြောလိုက်သည်။ ဟင်း.. ဒီမျက်နှာပြောင်တဲ့လူက သူမသနားအောင်လို့ အမြဲတမ်းလှည့်ကွက်လာသုံးနေတာပဲ “အခု အဂူးက ကျွန်တော့်စာချုပ်သားရဲ ဖြစ်သွားပြီဆိုတာကို ပြောဖို့မေ့သွားတယ်.. ယဲ့ သူကိုထွက်လာခိုင်းပြီး နှုတ်ဆက်ခိုင်းလိုက်ရမလား”

ယန်ယဲ့၏မျက်လုံးများပွင့်လာရာ အလွန်ခမ်းနားသောခရမ်းရောင် အလင်းသည် ရထားလုံးထဲတွင် ပေါ်ပေါက်လာသည်။ ၎င်းသည် မြောက်ပိုင်း အလင်းကဲ့သို့လင်းလက်ပြီး ပန်းများသည် ဘရိုကိတ်ကဲ့သို့ လှပနေသည်။ ပေထင်းဟွမ်သည် အော်မိလေသည်။ ဒီလူက လှလွန်းလို့ ကောင်းကင်ဘုံ တောင် ဒေါသထွက်လောက်တယ်။

“ပြီးတော့ ယဲ့.. ကျွန်တော့်မှာ ကိုးရောင်နဂါးဇာမဏီ နတ်သားရဲရှိတာ သိတယ်မလား.. မင်က သူသာအရွယ်ရောက်တဲ့အဆင့်ရောက်ရင် ခင်ဗျားနဲ့ တိုက်ခိုက်မယ်တဲ့” ပေထင်းဟွမ်သည် ခန္ဓာကိုယ်ကိုလှည့်ပြီး ယန်ယဲ့အနားသို့ ကပ်သွားလိုက်သည် “ယဲ့ ပြောပါဦး ကျွန်တော် ခင်ဗျားကိုကူညီရမှာလား သူတို့ကို ကူညီရမှာလား.. မတိုက်ခိုက်ခင် ကျွန်တော့်ကို အသက်ကယ်ဆေးပေး မှာလား”

ပေထင်းဟွမ်သည် သူမ၏လက်သေးသေးလေးကို ယန်ယဲ့ရှေ့သို့ ဆန့် ထုတ်လိုက်သည်။ သူမ၏ အနက်ရောင်ဖန်လုံးနှင့်တူသော မျက်လုံးများသည် အလင်းကျောက်၏အလင်းအောက်တွင် တောက်ပသွားလေသည်။ သူမ၏ နှုတ်ခမ်းသည် ဆွဲဆောင်မှုရှိသောအပြုံးအဖြစ်ပြောင်းသွားသည်။

ယန်ယဲ့သည် သူမအား သဲ့သဲ့ပြုံးကာ ကျဉ်းမြောင်းသောမျက်လုံးများဖြင့် ကြည့်လေသည်။ သူသည် အနည်းငယ် ဒေါသထွက်နေပုံပေါက်သော်လည်း မျက်လုံးများသည် လက်ရှိခံစားချက်ကို သစ္စာဖောက်နေသည်။ သူသည် ခံစားချက်ကောင်းနေ၏။

အကြောင်းအရင်းတချို့ကြောင့် ပေထင်းဟွမ်သည်လည်း အနည်းငယ် စိတ်အေးလက်အေးဖြစ်နေသည်ကို ခံစားမိသည်။ သူမသည် မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောလိုက်သည် “ယဲ့ နှင်းမုန်တိုင်းကြေးစားအဖွဲ့ကိုမှတ်မိ လား.. ကျွန်တော့်ကို တောင်းပန်ချင်တယ်လို့ မပြောဘူးလား”

ဒီကောင်မလေး တော်တော်လွန်နေပြီ။ သို့သော် သူမသည် အလွန်ထက်မြက်ပြီး အထိမခံနိုင်သည်ကို ယန်ယဲ့သိသည်။ သူ သူမကို ကောင်းမွန်စွာဆက်ဆံပေးခြင်းကြောင့်သာမဟုတ်လျှင် သူမသည် ယခုလို လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် သူပြုံးကာ သူမ၏နှာခေါင်းကိုဆိတ်လိုက်သည် “စိတ်ဆိုနေတာလား.. စိတ်ဆိုးရင် ကိုယ်တောင်းပန်ပါမယ်.. ဟင်း..” သူသည် ခေတ္တမျှစဉ်းစားဟန်ပြုလိုက်သည်။ “ဟွမ်အာ တောင်းပန်ပါတယ် ငါမလုပ် သင့်..”

“ဟား” ပေထင်းဟွမ်သည် သူ၏စကားများကြောင့် မရယ်ဘဲမနေနိုင်ပေ။ ဤလူသည် သူ့ဘဝတွင် မည်သူ့ကိုမှ မတောင်းပန်ဖူးသည့်ပုံပင်။ သူ ဘာလို့ တောင်းပန်ရမှာလဲ။ ပြီးတော့ သူမက အဖွဲ့အစည်းကိုဖျက်ဆီးပြီး သူ့ကိုတောင် အတင်းတောင်းပန်ခိုင်းနေတဘ်။

သို့သော် သူမသည် အနည်းငယ် မသင့်တော်သည့်ပုံစံဖြင့်ပြောလေသည် “ကျွန်တော် နှင်းမုန်တိုင်းကြေးစားအဖွဲ့ကို ဖျက်ဆီးလိုက်တယ်…”

“ဖျက်ဆီးလိုက်တော့ ဘာဖြစ်လဲ.. စိတ်ထဲမထားနဲ့.. အဲနေ့က ကိုယ် နတ်ပစ္စည်းရှာနေတာကို သူတို့ကိုကူညီခိုင်းရုံတင်ပဲ.. အဲအမှိုက်တွေသာ မင်းနဲ့ ကစားပေးပြီး မင်းကိုပျော်အောင်လုပ်ပေးရင် သူတို့အသက်က အလဟဿ မဖြစ်ပါဘူး” ယန်ယဲ့၏လက်သည် သူမ၏မျက်နှာပေါ်မှဖြတ်ကာ သူမလက်ဆီ သို့ရောက်သွားသည်။ သူသည် လက်ကိုဆုပ်ကိုင်လိုက်သည်။ သူသည် ပေထင်းဟွမ်ကို ငြင်းဆန်ခွင့်မပေးပေ။ သူသည် သူမကိုဆွဲပြီး သူမ၏ခေါင်းကို ပေါင်ပေါ်သို့တင်ပေးလိုက်သည် “နောက်ကျနေပြီ ခဏလောက်အိပ်လိုက်.. ဆေးမလိုဘူးလား ကိုယ်မင်းကို မနက်ဖြန်ပေးမယ်”

သူမ၏နှာခေါင်းထဲသို့ အနံ့ခပ်ဖျော့ဖျော့ဝင်လာသည်။ ၎င်းသည် ယန်ယဲ့ ၏ ခန္ဓာကိုယ်မှအနံ့ဖြစ်ရာ အကြောင်းအရင်းမရှိဘဲ သူမကို လုံခြုံသွားစေသည်။ ပေထင်းဟွမ်သည် သမ်းဝေကာ ခန္ဓာကိုယ်ကို ပြုပြလိုက်သည်။ သူမ ရေရွတ် လိုက်သည် “ဒါဆို ရောက်ရင် ခေါ်လိုက်နော်”

သူသည် တိုးညင်းစွာတုန့်ပြန်လိုက်သည်။ သူမ၏ အိပ်နေသောမျက်နှာ လေးကို သူ အကြိမ်မည်မျှမြင်ဖူးနည်း။ သူသည် မလုံလောက်သေးပေ။

တစ်ခါက မိုင်ပေါင်းတစ်သိန်းဝေးသော တောင်တစ်တောင်တွင် သူမ သည် သစ်သားအိမ်ထဲတွင်သာ ဇာတ်မြှုပ်နေခဲ့သည်။ “ယန်ယဲ့ ကျွန်မ ဆေး သန့်စင်ချင်တယ် ကူညီပါဦး”

“ယန်ယဲ့ ရှင့်ကို အသက်ဖန်ကျောက်သွားယူခိုင်းတာလေ.. ကြည့်ပါဦး.. ဘာတွေလုပ်လာတာလဲ.. ကျွန်မဆေးဖိုကို ပေါက်ကွဲအောင်လုပ်မလို့လား”

All Chapters