အိပ်ဖို့လာတာမဟုတ်ဘူး
Vol. 25 Ch. 489
အသံများသည် သူ့နားထဲတွင် မြည်နေတုန်းပင်။ ယန်ယဲ့၏လက်ချောင်း များသည် သူ့ရှေ့မှ အိပ်နေသောမျက်နှာလေးကို တယုတယပွတ်သပ်မိသည်။ သူမ ပင်ပန်းချိန်တွင် ယခုလို ဘေးစောင်းအိပ်တတ်သည်။ သူမသည် သူ့ပေါင် ပေါ်တွင်လှဲအိပ်ပြီး ရင်ခွင်ထဲတိုးဝင်တတ်သည်။ သူမသည် သူ့ပေါင်ပေါ်တွင် သွားရည်ကျလေ့ရှိသည်။ သူမသည် ညစ်ပတ်သည်ဟုပြောခဲ့သော်လည်း သူမ အိပ်ချင်သည့်အချိန်တိုင်းတွင် သူသည် ခေါင်းအုံးဖြစ်ပေးသည်။
“မင်းမှာ သဘာဝနဲ့စိတ်ဓာတ်တူရင်တောင် နောက်ဆုံးကျ သူမ ဖြစ်နိုင်မှာ မဟုတ်ဘူး.. မင်းက သေချာပေါက် သူမဖြစ်လာဖို့ ဆန္ဒရှိမှာမဟုတ်ဘူး.. မင်းကို ငါ နှစ်တစ်သောင်းလောက်စောင့်ရရင်တောင် မင်းရဲ့ရွေးချယ်မှုကို လေးစားမှာ ပါ.. ဟွမ်အာ.. ဒီဘဝမှာ မင်းကိုပျော်ဖို့ပဲမျှော်လင့်တယ်.. အဲလိုမျိုး.. သေမသွား စေချင်ဘူး”
သူ၏လက်ချောင်းများသည် အနည်းငယ်တုန်ယင်ကာ ပေထင်းဟွမ်၏ ဆံပင်ကို မတော်တဆငြိသွားရာ အနည်းငယ် နာကျင်သွားစေသည်။ သူမသည် ခေါင်းကုတ်ကာ တစ်ဖက်လှည့်သွားလေသည်။ သူမသည် သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ စိတ်မရှည်စွာညည်းလေသည်။
ယန်ယဲ့၏လက်သည် လေထဲတွင်ရပ်တန့်ကာ မလှုပ်ရဲတော့ပေ။
အလင်းရောင်အောက်တွင် သူသည် ထိုမျက်နှာလေးကို မြတ်နိုးစွာဖြင့် စိုက်ကြည့်နေသည်။ သူမ၏အရိုးထဲမှ ပြတ်သားမှုနှင့် ခေါင်းမာခြင်းများသည် ဘယ်တော့မှ လက်လျော့မည်မဟုတ်ဆိုသည်ကို ပြသနေသည်။ သို့သော် ထိုအရာကပင် ယန်ယဲ့အတွက် ရင်းနှီးမှုကိုခံစားရပြီး သူမကို လက်မလွှတ်ချင် ပေ။
ပေထင်းဟွမ် နိုးလာသောအခါ သူမသည် အိပ်ရာကြီးပေါ်တွင်ရောက်နေ ၏။ အိပ်ရာသည် သက်တောင့်သက်သာဖြစ်လွန်းရာ သူမသည် အိပ်ရာပေါ်တွင် နေချင်မိသည်။ သူမသည် မထချင်ပေ။ ကျယ်ပြန့်သောအိပ်ရာပေါ်တွင် ခရမ်းနု ရောင် ပဒုမ္မာပါးကန့်လန့်ကာသည် လေနှင့်အတူလွင့်နေသည်။ အိပ်ရာထိပ်ရှိ ထောင့်တစ်ထောင့်စီတွင် နန်းတွင်းမီးအိမ်တစ်လုံးစီရှိသည်။ နေရောင်သည် ပြတင်းပေါက်ကိုဖြတ်ပြီး တောက်ပနေသည်။ နန်းတွင်းမီးအိမ်သည် ငြိမ်းသွား ပြီဖြစ်ကာ တန်ဆာဆင်ထားသလို ကျကျနနရှိနေ၏။
ပဒုမ္မာပါးကန့်လန့်ကာသည် ပါးလွှာရာ ခုနှစ်လွှာထပ်ထားသည့် တိုင်အောင် ပြတင်းပေါက်တွင်ထိုင်နေသည့်ပုံရိပ်ကို မဖုံးကွယ်ထားနိုင်ပေ။ သူသည် ကွပ်ပျစ်ပေါ်တွင် လှဲလျောင်းနေကာ သူ၏ကြီးမားသောလက်သည် စာရွက်ကိုတစ်ရွက်ချင်းစီ လှန်လှောနေသည်။ ပြတင်းပေါက်ပေါ်တွင် မွှေးရနံ့ များထွက်နေသည့် နှင်းပန်းအိုးများရှိ၏။ သူသည် ပန်းများထက်ပင် လှပကာ ပန်းချီကားတစ်ချပ်နှင့်တူလေသည်။
မနက်ခင်းနောင်းပိုင်း ရောက်နေပြီဖြစ်၏။ ပေထင်းဟွမ်သည် အိပ်ရာပေါ် မှ ထကာ သူမကိုယ်သူမ ကြည့်လိုက်သည်။ သူမသည် မနေ့ကအဝတ်အစား ဝတ်ထားတုန်းပင်။ သူမသည် ကျိန်ဆဲမိသည်။ မနေ့ညက ထိုလူသည် ရောက် လျှင်နှိုးမည်ဟုပြောခဲ့သည်။ နဂိုက သူမသည် ရေမိုးချိုးအိပ်ပြီးမှ မြို့တော်ကို ပြန်ရန်ဖြစ်သည်။
ပေထင်းဟွမ် လှုပ်ရှားသည်နှင့် ယန်ယဲ့ကြည့်လာသည်။ သူသည် စာအုပ် ကိုချကာ သူမအား ကန့်လန့်ကာကို ကူဖယ်ပေးလေသည်။
“ယဲ့ ကျွန်မက ဒီမှာရှင်နဲ့အတူအိပ်ဖို့လာတာမဟုတ်ဘူးဆိုတာ သိတယ် မလား.. ကျွန်မမှာမေးစရာတွေအများကြီးရှိတယ်” ပေထင်းဟွမ်သည် ယန်ယဲ့၏ ကွပ်ပျစ်ပေါ်တွင်ထိုင်လိုက်သည်နှင့် လူတစ်ယောက်သည် မနက်စာ ယူလာပေးလေသည်။ သခင်တစ်ဦးဖြစ်ရသည်မှာ ကောင်းသည်ဟုဆိုရမည်။ မနက်စာသည် ထူးခြားပြီး အရသာရှိလှသည်။ ပေထင်းဟွမ်သည် ဝါးရင်းနှင့် လျှာကိုက်လုနီးပါးပင်။
“ဖြည်းဖြည်းစားလေ ဘယ်သူမှလုမစားဘူး”
ယန်ယဲ့သည် သူမမျက်နှာမှ ယာဂုကို လက်ဖြင့်သုတ်ပေးလေသည်။ ပေထင်းဟွမ်သည် ယခုကဲ့သို့ အရှက်မကွဲဖူးပေ။ သူမသည် ရှက်သွေးဖြာမိ၏။ သူမသည် ပါးစပ်တွင် ပေါင်မုန့်ကိုက်ကာ မသဲကွဲသောအသံဖြင့်ပြောလေသည် “မှော်သားရဲတောမှာ နေရတာ ဘယ်လောက်တောင် ခက်ခဲလဲသိလား.. တုန်ဖန်းကျောက်နဲ့သာမတွေ့ရင် ပေါင်မုန့်တောင်စားရမှာမဟုတ်ဘူး.. ငါးလ လောက် အသားကင်ပဲစားနေရမှာ.. ဟူး.. အခုဆို အသားကင်အနံ့ရတာနဲ့တင် အန်ချင်နေပြီ”
ယန်ယဲ့သည် ဘာမှမပြောပေ။ သူသည် အသီးအရွက်ကို ကောက်ယူကာ သူမပန်းကန်လုံးထဲသို့ ထည့်ပေးလေသည်။
“ယဲ့ ကစဥ့်ကလျားနတ်အရင်းအမြစ်အကြောင်းကို ပြောပြဦး” ပေထင်းဟွမ်သည် စားပွဲပေါ်မှ အစားအသောက်များအားလုံး စားပြီးသည်နှင့် သက်သက်သာသာ သက်ပြင်းချလိုက်သည်။ သူမသည် လုံးဝန်းနေသော ဗိုက် ကို ပွတ်ပြီး လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်သည်။ ထိုလက်ဖက်ရည် သည် သူမ မနေ့ကသောက်ခဲ့သည့် လက်ဖက်ရည်နှင့်အရသာတူသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးကြောများအားလုံးတွင် ဝိညာဉ်စွမ်းအင်များ ပြည့်သွားကာ လန်းဆန်းသွားစေသည်။
“ကစဥ့်ကလျားနတ်အရင်းအမြစ်” ယန်ယဲ့သည် ပေထင်းဟွမ်အား နှင်းဖြူရောင် လက်ကိုင်ပုဝါကမ်းပေးလိုက်သည် “ကစဥ့်ကလျားနတ် အရင်းအမြစ်အကြောင်းပြောရရင် ဒီတိုက်ကြီးရဲ့ ဇစ်မြစ်ကနေစပြောရမှာပဲ…”