ကစဥ့်ကလျားနတ်အရင်းအမြစ်၏ လျှို့ဝှက်ဆန်းကြယ် မှု
Vol. 25 Ch. 490
လေပြေလေညှင်းသည် ပြတင်းပေါက်မှ တိုးဝင်လာရာ ပေထင်းဟွမ်၏ ဆံပင်မှာလွင့်သွားပြီး ယန်ယဲ့၏မျက်နှာကို ရိုက်ခတ်မိကာ သူ၏ငွေရောင်ဆံပင် နှင့် ရှုပ်ထွေးတွယ်ငြိသွားလေသည်။
ပေထင်းဟွမ်၏အမူအရာသည် အလွန်လေးနက်လျက်ရှိသည်။ ယန်ယဲ့ သည် သူမနှင့် ဆက်စပ်သည့်အကြောင်းအရာကို ပြောတော့မည်ဖြစ်ကြောင်း ကို သူမသိသည်။ အစက သူမ၏မိဘများသည် ကစဥ့်ကလျားနတ်အရင်းအမြစ် ကြောင့် အလိုက်ခံခဲ့ရသည်ဟုထင်ထားသော်လည်း အစ်ကိုဖြစ်သူပြောကြား ချက်အရ ထိုသို့မဟုတ်သည်ကို သိခဲ့ရသည်။ ထိုသို့ဆိုလျှင် သူမခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် မည်သည့်နေရာမှ ရောက်လာသနည်း။ ဤကောင်းကင်ကိုအံတုနိုင်သည့်အရာသည် ပြီးခဲ့သည့်တစ်ခေါက် အဆင့်တက် စဉ်က သူမကို သေမလိုအထိဖြစ်စေခဲ့သည်။ သူမသာ ဘာမှမသိလျှင် လျှို့ဝှက် ဆန်းကြယ်စွာနှင့် သေဆုံးသွားရမည်ဖြစ်သည်။
“ဒီတိုက်ကြီးကို မောင်နှမသုံးယောက်က ဖန်တီးခဲ့တာ” ယန်ယဲ့၏ အသံ သည် မနက်ခင်းလေညှင်းကဲ့သို့ ဖမ်းမိရန်ခက်သော်လည်း လူအများ၏ နားထဲ တွင်စွဲလောက်စေသည့်အတိုင်း ခပ်သဲ့သဲ့ပင်။ “ရှေးခေတ်တုန်းက မောင်နှမ သုံးယောက်ထဲမှာ နှစ်ယောက်က အစ်ကိုကြီး၊ တစ်ယောက်က ညီမအငယ်ဆုံး ရှိခဲ့တယ်.. အကြီးဆုံးကို နတ်မိစ္ဆာနတ်ဘုရား၊ ဒုတိယမြောက်က ဝိညာဉ် နတ်ဘုရားနဲ့ ညီမအငယ်ဆုံးက ဒီတိုက်ကြီးက သက်ရှိတွေကို ဖန်တီးတဲ့ ကမ္ဘာ မြေကြီးမိခင်ပဲ.. ကမ္ဘာကြီးမှာ ဝိညာဉ်နဲ့ နတ်မိစ္ဆာစွမ်းအင်ဆိုပြီး စွမ်းအင်နှစ်မျိုး နဲ့ပြည့်နေခဲ့တယ်.. အဲတုန်းက လူသားတွေက ဝိညာဉ်နဲ့ နတ်မိစ္ဆာစွမ်းအင်ထဲက ကြိုက်တာကိုရွေးပြီးကျင့်ကြံနိုင်တယ်.. အဲဒါတွေကို ဝိညာဉ်ကျင့်ကြံခြင်းနဲ့ နတ်မိစ္ဆာကျင့်ကြံခြင်းလို့ခေါ်တယ်.. ဝိညာဉ်ကျင့်ကြံခြင်းက အဖြူရောင်.. နတ်မိစ္ဆာကျင့်ကြံခြင်းက အနက်ရောင်.. ကမ္ဘာပေါ်ကလူအများစုက ဝိညာဉ် စွမ်းအင်ကို လိုချင်ကြတယ်.. အဒါကြောင့် အများစုက ဝိညာဉ်ကျင့်ကြံသူတွေ ဖြစ်လာကြတယ်.. အဲတော့ ချန်လှပ်ထားလို့မရဘဲ တိရစ္ဆာန်တွေက နတ်မိစ္ဆာ စွမ်းအင်ကို ကျင့်ကြံကြတယ်.. အဲဒါကြောင့် နတ်မိစ္ဆာသားရဲတွေလို့ ခေါ်ကြတာ ပဲ”
“အဲနောက် ဘာဖြစ်သွားတလဲ.. နတ်မိစ္ဆာကျင့်ကြံသူတွေနဲ့ ဝိညာဉ် ကျင့်ကြံသူတွေကြားမှာ ပဋိပက္ခဖြစ်လို့ ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားတာလား” ပေထင်းဟွမ်သည် ဒဏ္ဍာရီတစ်ခုကို ကြားလိုက်ရသည့်အလား ပြုံးပြီးမေးလေ သည်။
ယန်ယဲ့၏ မျက်လုံးများ လင်းလာသည်။ သူသည် ခေတ္တမျှမှင်တက် ပြီးနောက် မေးလိုက်သည် “ဟွမ်အာ ဘယ်လိုသိတာလဲ”
ဤကမ္ဘာပေါ်တွင် ယန်ယဲ့တစ်ယောက်သာ သူမကို အစမှအဆုံးထိ ဟွမ်အာဟု ခေါ်ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့်ပင် သူမသည် သူနှင့် အဆက်အဆံနည်းသည့်တိုင်အောင် စိမ်းမနေခြင်းဖြစ်သည်။ တုန်ဖန်းကျောက်၊ ချူဖုန်းတို့လိုပင် သူမဘေးတွင်ရှိနေသည့် အပေါင်းအဖော်လိုပင်။
ဤကဲ့သို့ရင်းနှီးမှု၊ ဤကဲ့သို့ယုံကြည်မှု၊ ဤကဲ့သို့ စိတ်အေးမှုတို့သည် ချစ်ရေးချစ်ရာနှင့်မဆိုင်သော်လည်း စစ်မှန်သောချစ်ခြင်းဖြစ်သည်။
“အဲဒါဘာဖြစ်လို့လဲ.. လူတွေရှိရင် နယ်နိမိတ်ဆိုတာရှိမယ်.. နယ်နိမိတ်ရှိ ရင် အငြင်းအခုံရှိမယ်… ညီအစ်ကိုတွေက ကိုယ့်ညီအစ်ကိုတွေကို သူတို့ထက် ပိုဆင်းရဲစေချင်တယ်လို့ အဆိုရှိတာကြားဖူးတယ်.. ဒီကမ္ဘာမှာ လူဆိုးတွေက ဘယ်လိုလဲဆိုတာ မြင်နိုင်တယ်လေ.. သူတို့တွေက အလင်းကိုပဲ အားတက် သရော်လိုချင်ပါတယ်ဆိုပြီးပြောကြတယ်.. ဒါပေမဲ့ တကဘ်တော့ အမှောင် နှလုံးသားရှိတဲ့လူတွေက အလင်းကိုမမြင်နိုင်ကြတာပဲ” ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့်ကာ ကမ္ဘာကြီး၏ စွမ်းအားကိုရုန်းကန်ရသည့်အပေါ်ကို အထင်သေးကြောင်းပြသလေသည်။
သူမသည်လည်း သန်မာခြင်းကို တမ်းတကာ စွမ်းအားထိပ်ဆုံးထိ ရောက် ချင်သည်။ သူမသည်လည်း ဤကမ္ဘာ၏ထိပ်ဆုံးတွင် ရပ်တည်ကာ ကမ္ဘာကြီးကို ငုံ့ကြည့်ချင်သည်။ သို့သော် သူမကို ကာကွယ်သူများ၊ ချစ်သည့်သူများကို ကာကွယ်ချင်သည်။ သူတို့အသက်အန္တရာယ်ဘေးကင်းမှု၊ ထိခိုက်မှုများမှ ကာကွယ်ပေးချင်သည်။
“ဟွမ်အာက အရမ်းဉာဏ်ကောင်းတာပဲ” ယန်ယဲ့သည် တလေးတစား ပြုံးလိုက်သည်။ သူသည် လက်မြှောက်ကာ သူမ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လေသည် “မဆိုးဘူး.. ဟွမ်အာ မှန်းတာမှန်တယ်.. အမှောင်နဲ့အလင်း က ဆန့်ကျင်ဘက်ပဲ.. ကမ္ဘာကြီးက ဒီလိုပဲ.. အလှတရားနဲ့ အကျည်းတန်မှုက ဆက်နွယ်နေတယ်.. အမျောင်မရှိရင် ဘယ်လိုလုပ် အလင်းရှိမှာလဲ.. ဒါပေမဲ့ ဝိညာဉ်ကျင့်ကြံသူ တော်တော်များများက ဒီသဘောတရားကို နားမလည်ကြ ဘူး.. သူက သူ့အစ်ကိုကို မနာလိုတယ်.. သူ့အစ်ကိုက ခွန်အားကို တိတ်တိတ်လေး ပျိုးထောင်နေလို့ နတ်မိစ္ဆာကျင့်ကြံသူတွေက ဝိညာဉ်ကျင့်ကြံသူတွေထက် သာတယ်လို့ထင်နေတာ.. နောက်ဆုံးကျ သူပဲ တိုက်ပွဲကြီးစခဲ့တယ်”
“တိုက်ပွဲကြီးဟုတ်လား” သူမသည် ဤရလဒ်ကို ခန့်မှန်းမိပြီးသားဖြစ် သော်လည်း ထိုနေရာတွင် ဇာတ်လမ်းပြောင်းလဲသွားသည်ကို ပေထင်းဟွမ်၏ စိတ်ထဲတွင် လေးလံလာသည်။ “အဲတော့ နတ်မိစ္ဆာကျင့်ကြံတဲ့ အစ်ကိုက ရှုံးသွား တာလား”
အမှန်တကယ်တွင် ဝိညာဉ်ကျင့်ကြံမှုသည် ဤတိုက်ကြီးတွင် ပျံ့နှံ့နေပြီ ဖြစ်၏။ ဝိညာဉ်စွမ်းအင်သည် ပါးလွှာသည်။ ထိုအရာကိုကျင့်ကြံရန် အခြေခံရှိ သည့်လူမှာ နည်းပါးသည်။ သို့သော် သူမသည် နတ်မိစ္ဆာကျင့်ကြံသူဟူ၍ မကြားဖူးခဲ့ပေ….