အမှောင်နတ်ဆိုးလွင်ပြင်
Vol. 25 Ch. 491
“စစ်ပွဲအတွင်းမှာ ပြည်သူတွေက ဒုက္ခဆင်းရဲတွေနဲ့ နစ်မွန်းခဲ့ရတယ်.. ဘယ်စစ်ပွဲမဆို နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ဖို့ခက်တယ်” ဘန်ယဲ့၏အကြည့် သည် ပေထင်းဟွမ်အပေါ်တွင်မရှိတော့ပေ။ ထိုအစား သူသည် ပြတင်းပေါက် ကို ဖြတ်ကာ အဝေးရှိကောင်းကင်ကိုကြည့်နေသည်။ ကောင်းကင်သည် ရေကဲ့သို့ကြည်လင်ကာ အဖြူရောင်တိမ်တိုက်တချို့လည်းရှိနေသည်။ သူသည် နှစ်ပေါင်းများစွာ သူတိုက်ခိုက်သည့် စစ်ပွဲတိုင်းကို မြင်ဖူးခဲ့ပုံပင်။
ထိုအချိန်က ထိုစစ်ပွဲသည် ရက်စက်ပြီး သွေးလွှမ်းခဲ့သည်ကို သူ ရှင်းရှင်း လင်းလင်းကြီးသိသည်။ စစ်ပွဲတိုင်းတွင် သွေးနှင့်အရိုးများ မြစ်ကဲ့သို့စီးဆင်းခဲ့ ၏။ သို့သော် သူသည် မြင်မြင်ချင်းချစ်ကျွမ်းဝင်ခဲ့သည်။ ထိုအချိန်မှစပြီး သူ့ ခံစားချက်များကို တွန်းလှန်ရန်ခက်ခဲခဲ့သည်။ သူသည် သူမကို အိပ်မက်ထဲ၌ပင် တမ်းတခဲ့သည်။
“ယဲ့” ယန်ယဲ့၏အတွေးများ အဝေးသို့လွင့်နေသည်ကို မြင်ပြီး ပေထင်းဟွမ်သည် အလိုမကျဖြစ်လာသည် “ကျွန်မကိုမပြောချင်ရင် တခြားလူ ကိုသွားရှာလိုက်တော့မှာ”
“ရှင်မပြောချင်ရင် တခြားလူကိုသွားရှာလိုက်တော့မှာ” ထိုစကားပင်။ ပေထင်းဟွမ်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ကွပ်ပျစ်ပေါ်မှ ခုန်ချကာ စောဒကတက် ရာ ရင်းနှီးသောပုံရိပ်သည် သူ့စိတ်ထဲတွင်ပေါ်လာတော့သည်။ သူတို့သည် ကွပ်ပျစ်ပေါ်တွင် ထိုင်ကာ စာအုပ်ဖတ်နေခဲ့ကြသည်။ ထိုအချိန်က သူမ သူ့ကို မေးခဲ့သည် “ကြယ်ရွှေ့ပြောင်းအစီအရင်က တခြားအစီအရင်အဖြစ် ပြောင်းလဲ နိုင်လား”
သူသည် သူမမျက်နှာကို ကြည့်နေသည်။ သူ ငေးငိုင်နေသည်ကို မြင်သော အခါ သူမ ဒေါသထွက်သွား၏။ ဒီမြင်ကွင်းနဲ့ ဘယ်လိုတောင် ရင်းနှီးနေတာလဲ။
ယန်ယဲ့သည် သူ၏ရှည်လျားသောလက်ကို ဆန့်ထုတ်ကာ ပေထင်းဟွမ် အား ရင်ခွင်ထဲဆွဲသွင်းကာ သူမအား တင်းကြပ်စွာပွေ့ဖက်လိုက်သည်။ သူသည် ဖြည်းညင်းစွာ မျက်လုံးများကိုမှိတ်လိုက်သည်။ ထိုညသည် လပြည့်ညမဟုတ် ပေ။ သို့သော် သူ့ရင်ထဲမှနာကျင်မှုသည် နက်ရှိုင်းကာ လေးလံနေသည်။ နှစ်ပေါင်းတစ်သောင်းအတွင်း ပထမဆုံးအကြိမ်အနေနှင့် သူ တောင့်မခံနိုင်ပေ။
ပေထင်းဟွမ်သည် သူ့ခန္ဓာကိုယ်အပူချိန်ကျသွားသည်ကို ခံစားမိသည်။ ချက်ချင်းဆိုသလိုပင် သူ့အင်္ကျီများသည် စိုစွတ်လာသည်။ သူမသည် မကြောက် ဘဲမနေနိုင်တော့ပေ။ သူ့ကိုပြန်ဖက်ထားပြီး ပျာပျာသလဲအော်မိလေသည် “ယဲ့ ဘာဖြစ်တာလဲ ကြောက်အောင်မလုပ်နဲ့နော်”
ထိုအချိန်တွင် ပေထင်းဟွမ်သည် ကြောက်နေသည်ကိုပင် သတိမထားမိ တော့ပေ။ သူမသည် တုန်ယင်ကာ မျက်ရည်များ တိတ်တဆိတ်ကျလာသည်။
လည်ချောင်းထဲမှ စကားများကို သည်းခံရင်း ယန်ယဲ့သည် မျက်လုံးဖွင့် ကြည့်ရာ ပေထင်းဟွမ်၏မျက်နှာမှ မျက်ရည်များကို မြင်လိုက်ရသည်။ သူမ၏ လှပသောမျက်နှာသည် မျက်ရည်များဖြင့် ဆေးကြောလိုက်သလိုပင်။ သူသည် ပေထင်းဟွမ်၏လက်ကို လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ နောက်တစ်ဖက်ဖြင့် ပေထင်းဟွမ်၏မျက်နှာကို ညင်သာစွာပွတ်သပ်လိုက်၏။ သူသည် တိတ်တိတ်လေး အသက်ပြင်းပြင်းရှူလိုက်သည် “ငါတို့တွေ ဘယ်ရောက်သွားလဲ”
“ပြော.. ခုနက ဘာဖြစ်သွားတာလဲ.. မပြောရင် နားမထောင်ဘူး” ပေထင်းဟွမ်သည် ထိတ်လန့်နေ၏။ သူမ သတိပြန်ဝင်လာချိန်တွင် ရှက်ရွံ့မိ လေသည်။ သူမ လှည့်ကြည့်ကာ ယန်ယဲ့၏လက်ကိုရှောင်ရှားပြီး သူမ၏ မျက်နှာကို အင်္ကျီလက်ဖြင့် သုတ်လေသည်။
သူ့လက်တွင် ဘာမှမရှိတော့သော်လည်း သူ့နှလုံးသားမှာ လစ်ဟာမနေ ပေ။ ယန်ယဲ့သည် ပေထင်းဟွမ် သူ့လက်ကိုရှောင်ရှားလိုက်သည့်အတွက် စိတ်ထဲမထားပေ။ သူသည် တိုးညင်းသောအသံဖြင့် ဆက်ပြောလေသည် “နတ်မိစ္ဆာကျင့်ကြံသူတွေကို နတ်မိစ္ဆာနတ်ဘုရားက ဦးဆောင်ပြီး ဝိညာဉ် ကျင့်ကြံသူတွေကို ဝိညာဉ်နတ်ဘုရားက ဦးဆောင်ပြီး စစ်ပွဲစခဲ့ကြတယ်.. ညီမ ဖြစ်တဲ့သူ ကမ္ဘာမြေကြီးမိခင်သိတဲ့အချိန်ကျ စစ်ပွဲကဖြစ်ပြီးနေပြီ၊ ကမ္ဘာမြေကြီး မိခင်က ဝိညာဉ်နတ်ဘုရားမှားတယ်ဆိုတာ သိရဲ့သားနဲ့ ဒုတိယအစ်ကိုကို မဖျောင်းဖျနိုင်တာနဲ့ အစ်ကိုကြီးကိုသွားရှာပြီး စစ်ပွဲကိုရပ်ဖို့ ခြိမ်းခြောက်ခဲ့တယ် ပြီးတော့ ရှေးခေတ်တိုက်က သက်ရှိတွေကို ကမ္ဘာမြေကြီးမိခင်က ဖန်တီးခဲ့တာ လေ”
ပေထင်းဟွမ်ကို မသိစိတ်မှ တင်းကျပ်ဆုပ်ကိုင်ထားသည်။ သွေးသား ရင်းချာသည် ရှောင်လွှဲ၍မရပေ “နတ်မိစ္ဆာနတ်ဘုရားက သဘောတူလိုက်လား”
“ဟုတ်တယ်” ဘန်ယဲ့သည် ပေထင်းဟွမ်၏ခါးကို လက်ဖြင့်သိုင်းဖက်ပြီး သူမ၏ပခုံးပေါ်သို့ မေးတင်ပြီးနားလိုက်သည်။
ပေထင်းဟွမ်သည် မသက်မသာဖြစ်သဖြင့် အနည်းငယ်ရုန်းလိုက်သော် လည်း ယန်ယဲ့အလွန်ပင်ပန်းနေသည်ကို သူမ ခံစားမိသည်။ သူ၏ချွေးစိုနေ သော အဝတ်များသည် သူမခန္ဓာကိုယ်တွင်ကပ်နေသည်။ သူသည်လည်း စိတ်ပျော့သူဖြစ်သည်။ အပြင်လူများကြည့်လျှင် သူသည် အလွန်အားကောင်း ပြီး နတ်ဘုရားကဲ့သို့ လေးစားခံရသော်လည်း သူ စိတ်ထဲတွင် မည်မျှနာကျင် သည်ကိုတော့ မည်သူမှမသိကြပေ။
“နတ်မိစ္ဆာနတ်ဘုရားက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပြီး စစ်ပွဲကို အဆုံး သတ်ခဲ့တယ်.. ဒီတိုက်ကြီးက အပြီးတိုင်ထွက်သွားဖို့ သူ့ကိုယ်သူ မဖျက်ဆီးခင် ဒီရင်ပြင်ထဲကနတ်မိစ္ဆာစွမ်းင်ကို အမှောင်နတ်မိစ္ဆာပုလဲထဲကို ပြောင်းထည့်ပြီး နတ်မိစ္ဆာလွင်ပြင်အသစ် ဖန်တီးခဲ့တယ်.. ဒီကမ္ဘာမှာရှိသမျှ နတ်မိစ္ဆာကျင့်ကြံသူ အကုန်လုံးကို အမှောင်နတ်မိစ္ဆာလွင်ပြင်ထဲကိုထည့်ခဲ့တယ်…”