ကျွန်တော့်ကိုခွင့်လွှတ်ပါ ကြင်ယာတော်မင်းသမီး
Vol. 25 Ch. 493
ဟုတ်ပြီ ဒီပုံစံက သူမအတွက် အသစ်အဆန်းဖြစ်နေသေးတယ်။ ပေထင်းဟွမ်သည် ကူကယ်ရာမဲ့သလိုခံစားရလေသည်။ သူမ နားမလည်သည့် အရာများလျှင်တောင် ပေထင်းဟွမ်သည် ပဋိပက္ခမဖြစ်ပေ။ သူမ သိထားသင့် သည့်အရာများပေါင်းများစွာရှိသေးသည်။ မင်သည်လည်း ထိုအရာများကို ဖွင့်ချမည်မဟုတ်ပါလား။
အသက်ကိုပြင်းပြင်းရှူကာ ပေထင်းဟွမ်သည် မတတ်သာတော့ဘဲ ကတိပေးလိုက်ရတော့သည် “ဒါဆိုလည်း စကြတာပေါ့ ဘယ်လိုသန့်စင်ရမလဲ ဆိုတာသင်ပေး”
ပေထင်းဟွမ်သည် အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ သူမ မမှား လျှင် ထိုအခန်းသည် ယန်ယဲ့၏အခန်းဖြစ်လိမ့်မည်။ သူမ၏ ပြောင်သလင်းခါး နေသော မေးစေ့ကိုပွတ်ရင်း ပေထင်းဟွမ်သည် လက်စားချေသည့်အလား စိတ်ပိုင်းဖြတ်ကာ အခန်းအားညွှန်ပြလေသည် “ဒီမှာ သန့်စင်ချင်တယ်”
ပေထင်းဟွမ် အမူအရာကင်းမဲ့နေသည်ကိုကြည့်ပြီး ယန်ယဲ့သည်ပြုံးပြီး ခေါင်းခါမိသည်။ သူသည် သူမဆီသို့လျှောက်သွားပြိး ကြည့်လိုက်သည် “ဟွမ်အာ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး.. ညအရှင်အိမ်တော်မှာ အိမ်အများ ကြီးမရှိတာ မင်းသိတာပဲ.. အများကြီးရှိရင်တောင် သေသေသပ်သပ်မဟုတ်ဘူး၊ မင်း ဒီအိမ်ကိုပြာကျအောင်လုပ်လို့ရတယ်.. ဒါပေမဲ့ နောက်တစ်ခါ မင်းလာရင် ညအိပ်ဖို့ နေရာကောင်းကောင်းရှိတော့မှာမဟုတ်ဘူး.. အဲကျမှ ငါ မင်းကို ဂရုမစိုက်ဘူးလို့ မပြောနဲ့”
“ဒီမှာ” ပေထင်းဟွမ်သည် သူ့ကိုစိုက်ကြည့်လေသည်။ ဒီလူသည် ကောက်ကျစ်လွန်းသည်။ သူ့ကို သူမ ဘယ်လိုလုပ်နိုင်မှာလဲ။ ဟုတ်ပြီလေ။ သူမသည် သက်တောင့်သက်သာဖြစ်သည့်အိပ်ရာနှင့် မခွဲနိုင်သည်ကို သူ သိနေ သည်။
ထိုအတွေးကို စိတ်ထဲမှတွေးလိုက်ခြင်းနှင့်အတူ သူမဘေးပတ်ဝန်းကျင် တွင် ဆွေမျိုးများ သူငယ်ချင်းများရှိသည်ကိုပင် မတွေးမိတော့ပေ။ ချင်းယွိမှ စပြီး ရှန်းယန်ဖို၊ ချူဖုန်းနှင့်သံမဏိသွေးကြေးစားအဖွဲ့၊ သူမ၏အစ်ကိုဖြစ်သူတို့ အတွက် ပေထင်းဟွမ်သည် အကောင်းဆုံးအရာများကို ချန်ထားခဲ့သည်။ သူမ သည် သူတို့ကိုလျစ်လျူမရှုနိုင်သလို သူမ၏အတောင်ပံအောက်တွင် ကာကွယ် ပေးချင်သည်။ သူမ မှော်သားရဲတောတွင်ဖမ်းလာခဲ့သည့် နတ်သားရဲများကိုပင် သူမ၏အစ်ကိုကြီးအတွက် ပြင်ဆင်ထားခဲ့သည်။
ယန်ယဲ့တစ်ယောက်သာလျှင် ဤကမ္ဘာတွင် သူမကိုကူညီပေပြီး ဆေးနှင့် လက်နက်များကို သူမကိုပေးခဲ့သည်။ အရာအားလုံးသည် ဤတိုက်ကြီးတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားနိုင်သည့် ရတနာများဖြစ်ကြသည်။
သူမသည် သူနှင့် အမြဲဆန့်ကျင်ချင်နေသည်။ ထိုအရာသည် သူမအတွက် အရိုးစွဲနေသလိုပင်။
သူတို့နှစ်ယောက်သည် ညအရှင်အိမ်တော်ထဲရှိ တတိုင်းမွှေးပင်အောက် တွင် ဘေးချင်းယှဉ်လျှောက်လာသည်။ သူတို့အထက်မှ ပူပြင်းသောနေရောင် သည် အရိပ်ကွယ်နေသည်။ အေးမြသော လေပြေလေညင်းလေးတိုက်ခတ်လာ ၏။ ယန်ယဲ့၏ ကြီးမားသောလက်သည် ပေထင်းဟွမ်၏လက်သေးသေးလေး ကိုဆုပ်ကိုင်ကာ အဂ္ဂိရတ်အခန်းဆီသို့ လျှောက်သွားကြသည်။
အိမ်တော်မှာ မည်မျှကြီးမားသည်ကို ပြောပြရန်မဖြစ်နိုင်သော်လည်း ယန်ယဲ့နေသည့်အဓိကခြံဝန်းမှ အဂ္ဂိရတ်အခန်းသို့ နာရီဝက်ကြာအောင် လျှောက်ရသည်။ ကံကောင်းစွာပင် လမ်းတစ်လျှောက်ရှိရှုခင်းမှာ အလွန်လှ သည်။ ထူးဆန်းသည့်ကျောက်တုံးများ၊ ဝါးပင်နှင့် အဆောင်ငယ်များရှိသည်။ အိမ်တော်တစ်ခုလုံးတွင် ဝိညာဉ်စွမ်းအင်များဖြင့်ပြည့်နေရာ ပန်းပင်နှင့် သစ်ပင်များသည်လည်း ကောင်းစွာပေါက်ရောက်ကြသည်။
သို့သော် ပေထင်းဟွမ်အတွက် အံ့ဩသွားစေသည်မှာ ကြီးမားသော အိမ်တော်တွင် မိန်းကလေးတစ်ဦးတစ်ယောက်မှရှိမနေခြင်းပင်။ တောင်ဝှေးပင် အောက်တွင် အိပ်နေသော ကြောင်ငပျင်းကပင် အထီးဖြစ်သည်။
အဂ္ဂိရတ်အခန်းသည် ကန်အလယ်ရှိကျွန်းလေးတွင် တည်ဆောက်ထား သည်။ ကျွန်းဆီသို့သွားသည့် ရှည်လျားသောစင်္ကြံလမ်းတစ်ခုသာရှိသည်။ သူတို့ ကန်သို့ရောက်သောအခါ ချုံချီထွက်လာသည်ကို မြင်လိုက်ရသည်။ ပေထင်းဟွမ်သည် သူ့ကိုနှုတ်ဆက်မည်အပြုတွင် သူသည် ယန်ယဲ့မှ ပေထင်းဟွမ်၏လက်ကို ကိုင်ထားသည်ကိုမြင်ပြီး သူမကိုမမြင်ချင်ယောင် ဆောင်သွားလေသည်။ သူသည် ခေါင်းငုံ့ပြီး သူတို့ဘေးတွင်ရပ်နေသည်။
ဘာလဲဟ။
ပေထင်းဟွမ်သည် ထိုလူ့ကိုစိုက်ကြည့်လိုက်သည်။ သူဘာတွေဖြစ်နေ တာလဲ။ မှော်သားရဲတောမှာတိုက်ခိုက်ခဲ့ပြီး မှော်သားရဲခံတပ်တုန်းက ပူးပေါင်း မှုတွေက အတုတွေလား။
“ဒီမှာ မင်းမျက်လုံးက နဖူးမှာတက်ပေါက်နေလို့လား.. ငါ့ကိုမမှတ်မိတာ လားဘာလား” ပေထင်းဟွမ်သည် ခြေလှမ်းများကိုရပ်ပြီး ချုံချီအား မပျော်မရွှင် နှင့် ဝေဖန်လေသည်။
“ခွင့်လွှတ်ပါ ကြင်ယာတော်မင်းသမီး ကျွန်တော်မလုပ်ရဲပါဘူး”
“ဟူး အဟွတ် အဟွတ်…” ပေထင်းဟွမ်သည် တံတွေးပင်သီးသွားလေ၏ ဒီလူရူးနေတာလား ဒါမှမဟုတ် သူမနားကပဲမကောင်းတာလား။ သူမသည် တစ်စုံတစ်ရာ နားကြားမှားသွားသည့်ပုံပင်။ သို့သော် သူမ မမေးဘဲမနေနိုင် တော့ပေ “ဘာပြောလိုက်တာလဲ.. ဘယ်လိုခေါ်လိုက်တယ်…”