← Chapters

ချုံချီက တော်တော်နေမကောင်းနေတာပဲ

Vol. 25 Ch. 494

ချုံချီက တော်တော်နေမကောင်းနေတာပဲ

Vol. 25 Ch. 494

ချုံချီ မော့ကြည့်ပြီး စကားပြောတော့မည်အပြုတွင် ယန်ယဲ့သည် သူ့ကို စိုက်ကြည့်နေပြီဖြစ်သည်။ သူသည် ပေထင်းဟွမ်၏ ခါးကိုသိုင်းဖက်ကာ သူမ အား ကျို့ချိစင်္ကြံဆီသို့ ခေါ်သွားပြီဖြစ်သည်။ သူ၏တိုးညင်းသောအသံသည် ချုံချီ၏နားဆီသို့ လေနှင့်အတူလွင့်ပါသွားပြီဖြစ်သည် “သူ့ကိုဂရုစိုက်မနေနဲ့.. သူက ဒီရက်တွေမှာ ကောင်းကောင်းမအိပ်ရလို့ လူတိုင်းကို ကြင်ယာတော် မင်းသမီးလို့လိုက်ခေါ်နေတာ”

တကယ်ပဲ အဲလိုလား။

ပေထင်းဟွမ်သည် ချုံချီအား ပြန်လှည့်ကြည့်လိုက်သည်။ ထိုချစ်စရာ ကောင်းသောအမူအရာကိုကြည့်ပြီး စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက် သော်လည်း စိုးရိမ်တကြီးမေးလေသည် “ဒါဆို သူ့ကိုဘာလို့ ဆေးမပေးလိုက် တာလဲ.. ကြည့်ရတာ သူတော်တော်နေမကောင်းနေတာပဲ”

ချုံချီသည် ပို၍ပင် မှင်တက်မိ၏။ သူ့ခန္ဓာကိုယ်ထဲမှ သွေးကြောပေါင်း များစွာကိုဖြတ်ပြီး နတ်မိစ္ဆာစါမ်းအင်သည် လှုပ်ရှားပြီးရွှေ့လျားလေသည်။ ၎င်း သည် အရင်ကဲ့သို့ လုံးဝမတည်ငြိမ်ပေ။ သူ ဘယ်နေရာ နေမကောင်းတာလဲ ဆိုတာ ဘာလို့မသိခဲ့တာလဲ။

“အရူး သခင်က ကြင်ယာတော်မင်းသမီးကိစ္စကို မဖြေရှင်းရသေးဘူး.. သူမကို ကြင်ယာတော်မင်းသမီးလို့ စောစောစီးစီးသွားခေါ်တာ သခင်လေး ၉ က လန့်ပြီးထွက်မပြေးတာကံကောင်း” ပိုင်ဇိသည် တိတ်တိတ်လေး ပြေးထွက် လာကာ ချုံချီ၏ပခုံးကို သတိပေးသလိုနှင့်ပုတ်လိုက်သည်။

“အဲဒါမကောင်းဘူးလား” ချုံချီသည် ခေါင်းလှည့်ပြီး သူ့ကိုရှုပ်ထွေးစွာ ကြည့်လေသည် “သခင်က ယောက်ျားလေးလေ.. ပြီးတော့ သခင်လေး ၉ က လည်းယောက်ျားလေး.. သူတို့ကဘာလို့အတူမရှိရမှာလဲ.. သူက ကြောက်သွား တယ်ဆို တော်သေးတယ်.. အင်ပါယာရဲ့ဧကရာဇ်က သခင့်ကို ဒီတိုက်ကြီးရဲ့ အထူးချွန်ဆုံးအမျိုးသမီးနဲ့ လက်ထပ်ခိုင်းပြီး ကလေးမွေးခိုင်းတယ်ဆို ဘယ်လို လုပ်မှာလဲ”

“မင်းက သေချင်နေပြီထင်တယ်” ပိုင်ဇိသည် ထိတ်လန့်လွန်းကာ မျက်နှာ ပင် ဖြူဖျော့လာသည်။ သူသည် ကျွန်းကိုကြည့်ကာ ချုံချီ၏နဖူးကိုခေါက်လိုက် သည် “မင်းက လူသားဖြစ်ရတာကြာပြီဆိုတော့ မင်းရဲ့သဘာဝကိုမေ့သွားတာ လား.. သခင်က ဒီတိုက်ကြီးကလူသားတွေကို အထင်သေးတယ်ဆိုတာကို မမေ့နဲ့.. အဲဒါကြောင့် သူက ငါတို့ကို သူ့ရဲ့ကိုယ်ရံတော်နဲ့ နောက်လိုက်အဖြစ် ထားထားတာ.. သခင့်ရဲ့အိမ်ထောင်ကိစ္စကို ဝင်မပါနဲ့.. အဲဒါက မင်းတို့ငါတို့ ဝင်ပါလို့ရမယ့်ကိစ္စမဟုတ်ဘူး”

“ပြီးတော့…” ပိုင်ဇိသည် ချုံချီအား ပုန်းလျှိုးကွယ်လျှိုးဖြင့် ချဉ်းကပ်လေ သည်။ “မင်းရဲ့အလိုလိုသိစိတ်ကိုသုံးပြီး ခံဏားကြည့်လိုက်.. သခင်လေး ၉ က တကယ်ကြီး.. ယောက်ျားလေးလား”

ထိုသို့ပြောပြီးနောက် ပိုင်ဇိသည် ချုံချီအား အထင်သေးသောအကြည့် ကြည့်ကာ လှည့်ထွက်သွားလေသည်။ မဖြစ်သေးချေ… သူသည် ဤလူနှင့် ကြာကြာနေ၍မဖြစ်ပေ။ သူသည် ဤတစ်ယောက်ကြောင့် ရှုပ်ထွေးမှုထဲ ပါသွား လျှင် မကောင်းပေ။ သူ၏စကားများသည် ချုံချီကို စိတ်ဓာတ်ကျသွားစေသလား ဆိုသည်ကို ပိုင်ဇိမသိပေ။ အနာဂတ်တွင် အချိန်ကြာသည့်တိုင်အောင် သခင်လေး ၉ သည် ယောက်ျားလေးမဟုတ်သည်ကို သူ မသိခဲ့ပေ။ ပေထင်းဟွမ် မိန်းကလေးဝတ်စုံဝတ်မှပင် အမှောင်ထဲတွင်ရောက်နေသူမှာ သူ ဖြစ်ကြောင်း သလိုက်ရသည်။ သခင်လေး ၉ သည် သခင်လေးမဟုတ်ဘဲ သခင်မလေးဖြစ်နေသည်။

အပြင်မှကြည့်လျှင် ရှည်လျားသောစင်္ကြံနှင့်တူသည်။ သို့သော် စင်္ကြံထဲသို့ ပထမဆုံးခြေလှမ်းလှမ်းလိုက်ချိန်တွင် လမ်းမှရှုခင်းသည် ကန်မဟုတ်တော့ဘဲ တောင်ကြားဖြစ်နေသည်။ တောက်ပသောနေရောင်သည် ဘေးနှစ်ဖက်ရှိ မြင့်မားသောတောင်ပေါ်သို့ ကျရောက်နေသည်။ ရာသီဥတုသည် နွေးထွေးကာ အပြင်ကဲ့သို့မပူပြင်းပေ။ မြူခိုးများလည်းဖုံးလွှမ်းနေသည်။ ယန်ယဲ့သည် ပေထင်းဟွမ်၏လက်ကိုဆုပ်ကိုင်ကာ ဘေးဘက်ရှိ ကျောက်တုံးဆီသို့သွား လိုက်သည်။ သူ မည်သည့်စက်ခလုတ်ကိုနှိပ်လိုက်သည်မသိပေ.. သူတို့ရှေ့မှ မြင်ကွင်းသည် ထပ်မံပြောင်းလဲသွားပြန်သည်။ ထိုအချိန်တွင် ပေထင်းဟွမ် သည် လက်ပတ်နေရာသို့ ဝင်သွားသကဲ့သို့ ထင်လိုက်သည်။

သူတို့သည် လမ်းကျဉ်းကျဉ်းလေးတွင် ခြေလှမ်း ၁၀ လှမ်းကျော်မျှသွားရ သည်။ ထောင့်တစ်ထောင့်တွင် ချယ်ရီပန်းပင်များ ဝန်းရံထားသည့် ခြံစည်းရိုး ကာထားသည့် ခြံဝင်းတစ်ခုရှိသည်။ တခြားတစ်ဖက်တွင် မက်မွန်ပန်းပင်သည် အပြည့်အဝပွင့်လန်းလျက်ရှိသည်။ ၆ လပိုင်းတွင် မက်မွန်ပန်းပင်များသည် အထူးသဖြင့် လှပ၏။ သစ်သားအိမ်တန်းများသည် သေသပ်လှသည်။ အထဲမှ ပရိဘောဂများပင် ပေထင်းဟွမ်၏နေရာထဲမှ အရာများနှင့် ခပ်ဆင်ဆင်ပင်။

တစ်ခုကွာခြားသည်မှာ အိမ်ထဲရှိပြတင်းပေါက်များသည် အလင်းရောင် များပြီး ရှင်းလင်းကာ ပစ္စည်းများကို သေသေသပ်သပ်နေရာချထားခြင်းပင်

ယန်ယဲ့သည် ပေထင်းဟွမ် ငေးငိုင်နေသည်ကို သတိထားမိပုံမပေါ်ပေ။ သူသည် သူမအား အဂ္ဂိရတ်အခန်းဆီသို့ ဦးဆောင်ခေါ်သွားလေသည်။ အခန်း အလယ်တွင် အနက်ရောင်ဒယ်စောက်ရှိပြီး ဆေးပင်များကို ဘေးဘက်သုံး ဘက်ရှိနံရံတွင် သပ်ရပ်စွာထုတ်ပိုးထားသည်။

သူမ မေးချင်သည့်အရာများစွာရှိသည်။ သို့သော် ယန်ယဲ့သည် ပြောပြရန် ရည်ရွယ်ချက်မရှိပုံမြင်နေရကာ ပေထင်းဟွမ်သည် ပြောမည့်စကားများကို မျိုသိပ်လိုက်ရသည်။ သူမသည် ယန်ယဲ့၏တိုးညင်းသောအသံမှာ အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်ကို ကြားလိုက်ရသည် “ဟွမ်အာ.. နောက်ထပ် အရည်အချင်းရှိထားရင် အနာဂတ်မှာ မင်းအတွက် အာမခံတစ်ခု ပိုရှိသွားတာပဲ.. သူတွေကို အနိုင်ရဖို့ နောက်ထပ်နည်းလမ်းတစ်ခုပိုရှိသွားတာပဲ…”

All Chapters