အရူးလုပ်ခံရခြင်း
Vol. 25 Ch. 495
ယန်ယဲ့၏စကားများသည် အဓိပ္ပာယ်ရှိသည်ဟု သူမ ဝန်ခံရမည်။ ထိုအရာ များသည် ပေထင်းဟွမ်အရင်ကစဉ်းစားဖူးသည့် အရာများဖြစ်သည်။ သူမသည် လုံးဝမရပ်မနားလျှောက်လှမ်းရမည့်လမ်းကို လျှောက်နေသလိုပင်။ သူမ ရပ်လိုက်သည်နှင့် အပိုင်းပိုင်းအခုတ်ခံရလိမ့်မည်။ သို့သော် သူမသည် ပင်ပန်း သည်ဟုမခံစားရပေ။ ဆန့်ကျင်ဘက်အနေနှင့် စိတ်လှုပ်ရှားရသည်။ ထိုအရာ သည် သူမကို သန်မာစေရန် ပိုနီးကပ်အောင် ဖိအားပေးနိုင်သည်။
“နားလည်ပါပြီ.. ကျွန်မ ရှင့်ဆီကသင်ပါ့မယ်” ပေထင်းဟွမ်သည် ယုံကြည်ထားသော်လည်း စိတ်ထိခိုက်နေပုံပေါက်သည်။
“မှော်သားရဲတောမှာတုန်းက မင်းမှာ ပေါင်မုန့်ဝယ်ဖို့တောင် ပိုက်ဆံမရှိ ဘူးလို့ မပြောခဲ့ဘူးလား.. မင်းရဲ့မီးတောက်တွေက အရမ်းလွှမ်းမိုးနိုင်တယ်.. အခုဆိုရင်တောင် ဒီတိုက်ကြီးမှာ ကောင်းကင်မီးတောက်ရှိတာ မင်းတစ်ယောက်ပဲရှိမယ်.. မင်းသာ ဆေးတို့လက်နက်တို့ သန့်စင်တာကို သေချာသင်လိုက်ရင် ဘယ်ဆေးမဆို ဘယ်ဝိညာဉ်လက်နက်မဆို မင်းကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်”
“ပြီးတော့ ဟွမ်အာ.. အမတဆေးပင်နဲ့ ဝိညာဉ်သစ်သီးတွေထဲမှာတောင် လူသားတွေ တစ်ခါတည်းစားလို့ရတဲ့သစ်သီးတွေက ရှားတယ်.. ကျန်တဲ့ဟာ တေါက မသန့်စင် မပေါင်းစပ်ရင် ခန္ဓာကိုယ်မှာ ဆေးအာနိသင်မရှိတဲ့အပြင် နောက်ဆက်တွဲအကျိုးဆက်တွေက ခန္ဓာကိုယ်ထဲမှာကျန်ခဲ့မှာ”
“အဲဒါကိုသင်လိုက်ရင် မင်းမိသားစုနဲ့သူငယ်ချင်းတွေအတွက် ဆေးသန့်စင်ပေးနိုင်မယ်.. မကောင်းဘူးလား”
၎င်းသည် ကလေးတစ်ယောက်ကို ချော့နေခြင်းပင်။ သို့သော် ပေထင်းဟွမ်သည် သွေးဆောင်ခံလိုက်ရသည်။ အမှန်အတိုင်းပြောရလျှင် ယန်ယဲ့သည် သူမကိုကိုယ်တိုင်သင်ကြားပေးမည်ဖြစ်ရာ သူမသည် လိုအပ်သည့် ဆေး၊ လက်နက်သန့်စင်နည်းပညာများကို သေချာပေါက်ရမည် ဖြစ်သည်။ သူမသည် စိတ်ပူရန်မလိုပေ။ သို့သော် ဤလူကြီးသည် သူမကို အမြတ်ထုတ်နေသညမဟုတ်ပါလား။ သူမ သူ့ကို ‘ဆရာ’ ဟုခေါ်သင့်သလား။ သို့သော် ပေထင်းဟွမ်မစဉ်းစားမိခင်တွင် ယန်ယဲ့၏လိမ်လည်ခြင်းကိုခံလိုက်ရ သည့် ခံစားချက်မျိုးရလေသည်။
ဤနေရာနှင့် ညအရှင်အိမ်တော်ရှိသည့် ပင်မတိုက်ကြီးအကြားတွင် အချိန်ကွာခြားချက်ရှိလိမ့်မည်ဟု သူမ မတွေးမိပေ။ သူမသည် ဤနေရာကို ညအရှင်အိမ်တော်မှ တိုက်ရိုက်ဝင်လာခဲ့သည်မှာသေချာသည်။ သူမ လူသစ် လေ့ကျင့်ရေးတွင်ပါဝင်ရန်အတွက် ဆေးသန့်စင်ရန် သုံးရက်သာလိုတော့သည် ကို သူမ မှတ်မိသည်။ သို့သော် ယန်ယဲ့သည် သူမကိုပြောလေသည် “လောဖို့ မလိုဘူး.. အပြင်ကသုံးရက်က ဒီမှာသုံးလနဲ့ညီတယ်.. ငါ မင်းကို သုံးလအတွင်း မှာခေါ်လိုက်မယ်”
၎င်းသည် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။
ပေထင်းဟွမ်သည် ဆေးသန့်စင်ရန် အလွန်ရိုးရှင်းသည်ဟုထင်ခဲ့သည်။ သူမသည် ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်သကဲ့သို့ ပါဝင်ပစ္စည်းများ.. မဟုတ်သေးပေ ဆေးဖက်ဝင်ပစ္စည်းများကို ဒယ်စောက်ထဲသို့ ပစ်ထည့်သည်။ သို့သော် တစ်ခုကွာခြားသည်မှာ ဟင်းသီးဟင်းရွက်များ ကြော်ရသည်မှာ အနည်းငယ်ပိုလွယ်သည်။ ဟင်းသီးဟင်းရွက်ကြော်သည် ကျက်သည်နှင့် စားရုံဖြစ်သည်။ ဆေးသန့်စင်ခြင်းသည် ဆေးပင်၏အဆီအနှစ်များကို မီးနှင့် သန့်စင်ရန်လိုအပ်ကာ နောက်ဆုံးတွင် ဆေးအဖြစ် အရည်ဖျော်ရန်လိုအပ်၏။
၎င်းသည် ယန်ယဲ့သူမကို ပေးသောဥပစာဖြစ်သည်။ သူသည် သူမကို အားပေးခဲ့သေးသည် “အရင်တုန်းက ငါ့ကို မိတ်ဆွေဟောင်းတစ်ယောက်က သင်ပေးခဲ့တယ်.. ငါ့အတွက် တစ်လတောင်ကြာတာ.. မင်းက ငါ့ထက် ပိုထက် မယ်လို့ယုံတယ်.. သင်ဖို့ဆိုတစ်လတောင်ကြာမှာမဟုတ်ဘူး”
သို့သော် ပေထင်းဟွမ်သည် ဆေးနည်းများကို ကျက်ကာ စတင်သန့်စင် ကြည့်ရာ ယန်ယဲ့၏စကားများသည် မည်မျှရယ်ရကြောင်းကို သိလိုက်ရသည်။ အကြောင်းအရင်းသည် အလွန်ရိုးရှင်းသည်။ တွေ့ကြုံဖူးသူများသာ အကောင်အထည်ဖော်ရန် မည်မျှခက်ခဲသည်ကိုသိကြသည်။
ပထမဆုံးအနေနှင့် မီးကိုထိန်းချုပ်ရသည်။ မီးကိုထိန်းချုပ်ရသည်မှာ အလွန်ခက်ခဲလှသည်။ အမတဆေးပင်တိုင်းသည် အလွန်နူးညံ့သည်။ မီးထိန်းချုပ်မှုမှာမြင့်သွားလျှင် တိုက်ရိုက်ကျွမ်းသွားနိုင်သည်။ မီးထိန်းချုပ်မှု အားနည်းလျှင် အမတဆေးပင်ကိုသန့်စင်ရာတွင် ဝိညာဉ်အရည်များ ခြောက်ခမ်းသွားနိုင်သည်။ ဒုတိယအနေနှင့် ဆေးပင်တစ်ခုချင်းစီကို သန့်စင်ရာ တွင် အများလုပ်၍မဖြစ်ပေ။ မဟုတ်လျှင် ကျောက်စိမ်းဝိညာဉ်ဆေးကို သန့်စင် လျှင် ရလဒ်သည် ဝိညာဉ်နက်ဆေးဖြစ်သွားနိုင်သည်။ ဒယ်အိုးပေါက်ကွဲခြင်း သည် ကြောက်စရာအကောင်းဆုံးရလဒ်ဖြစ်သည်။
နောက်ဆုံးတွင် ဆေးသန့်စင်သည့် လုပ်ငန်းစဉ်တစ်ခုလုံးအတွင်းတွင် စိတ်ခွန်အားစမ်းသပ်မှုသည် ကြောက်စရာကောင်းသောအဆင့်သို့ရောက်လာ သည်။ အဆင့်တိုင်းတွင် စိတ်ခွန်အားလိုအပ်ကာ ပေါ့ဆ၍မရပေ။ မဟုတ်လျှင်ထိပ်တန်းအဆင့် အမတဆေးနှင့်ဝိညာဉ်သစ်သီးများကို ဖယ်ရှား လိုက်ရမည်ဖြစ်၏…