← Chapters

အစ်ကိုကြီးကဒီရောက်နေတယ်

Vol. 25 Ch. 496

အစ်ကိုကြီးကဒီရောက်နေတယ်

Vol. 25 Ch. 496

“အဂ္ဂိရတ်ပညာရှင်ဖြစ်ဖို့ လိုအပ်ချက်တွေက လွန်လွန်းနေတာမဟုတ်ဘူး လား” မရေမတွက်နိုင်အောင် ကျရှုံးပြီးနောက် ပေထင်းဟွမ်သည် ဒယ်စောက် ထဲမှ ရုပ်ဆိုးဆိုးဆေးကို မီးသွေးခဲနှင့်တူသောလက်ဖြင့် ကောက်ကိုင်လိုက်၏။ ဒါကို ဘယ်လိုလုပ် ဆေးလို့ခေါ်လို့ရမှာလဲ။ ၎င်းသည် ရှင်းသန့်နေအောင် မသန့်စင်ရသေးသည့် ဝိညာဉ်အရည်ပေါင်းစပ်ထားသည့် ထုတ်ကုန်ဟုသာ ဆိုနိုင်တော့မည်။ “အဲဒါကြောင့် ဒီတိုက်ကြီးမှာ အဂ္ဂိရတ်ပညာရှင်တွေနည်းတာ ကိုး”

သူမသာ မရှိမဖြစ်လိုအပ်သော အဂ္ဂိရတ်ပညာရှင်ဖြစ်လာလျှင် မည်သို့ ဖြစ်မည်နည်း။ ဤပြည်မတိုက်ကြီးတွင် ကောင်းကင်မီးနှင့် မြေကြီးမီးရှိသော ဝိညာဉ်သခင်များစွာရှိသည်။ သို့သော် နာမည်ကျော်အဂ္ဂိရတ်ပညာရှင်မှာ နည်းပါးလှသည်။

သို့သော် သူမသည် သင်ယူရန်ဆုံးဖြတ်ပြီးဖြစ်ရာ ပေထင်းဟွမ်သည် ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး သူမ၏အဂ္ဂိရတ်ပညာကို အဆက်မပြတ် သန့်စင်သွားရမည်။ သူမ၏မိဘများသည် ပျောက်နေသလို သူမခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ်သည်လည်း ချိန်ကိုက်ဗုံးလိုဖြစ်နေသည်။

သူမသည် ယန်ယဲ့၏ လရောဂါကို ဖြေရှင်းပေးမည်ဟု ကတိပေးခဲ့သည်။ ထိုအရာသည် သူမခွန်အားတိုးလာသည့်တိုင်အောင် တတ်နိုင်မည့်အရာမဟုတ် ပေ။ သူမသည် ကြီးမားသည့် တွန်းအားရှိရန်လိုသည်။

သူမသည် အမြင့်ဆုံးသားရဲထိန်းဖြစ်နေလျှင်လည်း ဘာလုပ်ရမည်နည်း။ ဤကမ္ဘာတွင် မှော်သားရဲများနှင့် အနိုင်မယူနိုင်သည့် လူတချို့လည်းရှိသေး သည်။ ၎င်းတို့သည် ဓားသခင်များဖြစ်ကြသည်။ ဝိညာဉ်နက်သစ်သီးကဲ့သို့ ရတနာများရှိသော်လည်း ခွန်အားနောက်လိုက်သည့်လုပ်ငန်းစဉ်တွင် အဆင့် တက်ခြင်းအပြင် လူသားများလိုအပ်နေသည်မှာ သူတို့အသက်ကို ကာကွယ်နိုင် ရန်ဖြစ်သည်။

အဂ္ဂိရတ်ပညာရှင်ဖြစ်လာပြီးနောက် လက်ထဲတွင်ဆေးရှိလျှင် သူမသည် ကျော်လွှားရန်အခက်ဆုံးဖြစ်လာလိမ့်မည်။ ဝိညာဉ်သခင်ဖြစ်စေ ဓားသခင် ဖြစ်စေ ထိုဂုဏ်သတင်းကိုတော့ မည်သူကမှ တောင့်မခံနိုင်ပေ။

ယန်ယဲ့သည် တစ်နေရာမှ မှတ်စုစာအုပ်ရလာသည်။ ထိုမှတ်စုစာအုပ်ကို ရေးခဲ့သည့်သူသည် အလွန်အားကောင်းသော စိတ်ထားရှိသူ ထက်မြက်သည့် မိန်းကလေးဖြစ်သည်မှာ ထင်ရှားလွန်းသည်။ သူမ စာအုပ်ကိုဖွင့်လိုက်သည့် အချိန်တွင် ပေထင်းဟွမ်သည် ထိုအမျိုးသမီးကို စိတ်ဝင်စားလာသည်။ သူမနှင့် မတူသည့်ထိုလူနှင့်ပတ်သက်ပြီး ဘာမှမခံစားရပေ။

ရက်ပေါင်းဒါဇင်ခန့်မျှ ပေထင်းဟွမ်သည် ထိုလွင်ပြင်ထဲတွင်နေပြီး နေ့စဉ်နေ့တိုင်း ဆေးသန့်စင်ခြင်း၊ မှတ်စုဖတ်ခြင်းများပြုလုပ်သည်။ သူမသည် စိတ်နှစ်ထားပုံရကာ အချိန်ကုန်ဆုံးသွားသည်ကိုပင် မခံစားမိပေ။

သူမတွေးလိုက်သည်နှင့် ယန်ယဲ့သည် ဆေးပင်များကို အဆုံးမရှိ ပံ့ပိုးပေး သည်။ အဂ္ဂိရတ်ခန်းထဲမှ ဆေးဗီရိုများသည် အဆုံးမရှိတော့သလိုပင်။ ကြာလာ သောအခါ ထိုဗီရိုများသည် အဆုံးမရှိတော့သည့် ဒဏ္ဍာရီလာရတနာများဖြစ် သည်ဟုပင် ပေထင်းဟွမ်ထင်လာသည်။

ယန်ယဲ့သည် တစ်ခါထွက်သွားလေသည်။ သူ့ကိုလာရှာသူမှာ ပေထင်းကျင်းဖြစ်သည်။ သူသည် သူ၏အဖိုးတန်ညီလေးကို နေရာတိုင်းတွင် ရှာမတွေ့သောကြောင့်ပင်။ သူသည် ညအရှင်အိမ်တော်ကိုပင် ဂရုမစိုက်တော့ ဘဲ ဓားရှည်ဖြင့်တိုက်ခိုက်ကာ တိုက်ရိုက်ဝင်သွားခဲ့သည်။

မြို့တော်တစ်ခုလုံးကို ထိတ်လန့်သွားစေသည့် ရိုးရှင်းသောနေ့တစ်နေ့ ဖြစ်ခဲ့သည်။ ညအရှင်အိမ်တော်၏အဝင်ဝတွင် မည်သူကမှ ဆိုးဝါးသော အပြုအမူကိုမလုပ်ရဲကြပေ။ ထို့အပြင် ညအရှင်ရှေ့ရှိ ပေထင်းဟွမ်၏ မောက်မာသောအပြုအမူသည် တစ်မြို့လုံးကိုပျံ့နှံ့သွားလေသည်။ ပေထင်း ညီအစ်ကိုများသည် ရဲတင်းလွန်းသည်။ သူတို့သည် ယန်ယဲ့ကဲ့သို့ ကျားပါးစပ် ထဲမှ သွားကိုမှနှုတ်ပစ်သည်။

ချုံချီနှင့်တခြားသုံးယောက်တို့သည် သူ့ကိုထိခိုက်အောင်မလုပ်ရဲပေ။ ထို့ကြောင့် မတတ်သာတော့ဘဲ ယန်ယဲ့အား ခေါ်လိုက်ရသည်။

ယန်ယဲ့သည် ကူကယ်ရာမဲ့စွာဖြင့် သူ့ကိုထိုလွင်ပြင်ထဲခေါ်လာရသည်။ အဂ္ဂိရတ်အခန်းတံခါးတွင်ရပ်ပြီး ပေထင်းဟွမ်ကို သုံးကြိမ်တိုင်သုံးခါခေါ် သော်လည်း ကြားပုံမရပေ။ သူမသည် ဆေးနည်းများကို ပါးစပ်မှရေရွတ်ကာ ဒယ်စောက်ထဲသို့ ဆေးများထည့်နေသည်။ သူမသည် ကြီးကြီးကျယ်ကျယ် လုပ်နေသဖြင့် ပေထင်းကျင်းသည် အသံပင်မထွက်ရြတော့ပေ။ သူသည် ပေထင်းဟွမ်၏ ယခုလိုပုံစံကိုအရင်ကမမြင်ဖူးခဲ့ဟု ဆိုရမည်။ သူသည် သူမကို လေးစားမိသည်။

ရက်ပေါင်းများစွာ ဆက်တိုက်ကျရှုံးပြီးနောက် ပေထင်းဟွမ်သည် အဂ္ဂိရတ်ပညာရပ်အကြောင်း အကြမ်းဖျင်းနားလည်လာကာ မည်သည့်အချက် ကို ဆုပ်ကိုင်ရမည်ကို သိလာသည်။ ကိုးရောင်နိဗ္ဗာန်မီးသည် အမှန်တကယ်ပင် အသုံးဝင်သည်။ သူမသာ ကောင်းကောင်းထိန်းချုပ်လျှင် အသင်များ၏ဝိညာဉ် အရည်ကို ချောမွေ့စွာသန့်စင်နိုင်လိမ့်မည်။ ထို့အပြင် ထိုမီး၏သန့်စင်မှုသည် သာမန်မီးတောက် သို့မဟုတ် မြေကြီးမီးထက် ပို၍မြင့်သည်။ ထိုအရာကြောင့် ပင် ဆေးများ၏အရည်အသွေးသည် တခြားအရာများထက် မြင့်မားကြောင်း အာမခံနိုင်သည်…

All Chapters