ငါက မင်းဆရာဟုတ်သလို တစ်ဘဝလုံးအတွက် ခင်ပွန်း လည်းဟုတ်တယ်
Vol. 25 Ch. 498
ပေထင်းဟွမ် နားလည်သဘောပေါက်လာသည်။ ကျောက်စိမ်းပုလင်းများ ပြည့်နေသည့် ဗီရိုမှာ သူမဘေးတွင်ရှိနေသည်ကို ပျော်နေပုံပေါက်သည်။ သူမ သည် ပုလင်းထဲသို့ ကျန်သည့် အခြေခံတည်ဆောက်ရေးဆေး ၁၂ လုံးကို ထည့် ကာ ယန်ယဲ့အား ပေလိုက်၏ “အဆင့် ၁၃ အခြေခံတည်ဆောက်ရေးဆေးပြန် ပေး”
ယန်ယဲ့သည် နှုတ်ခမ်းတွန့်ပြီး ပြုံးလေသည်။ သူသည် လက်ထဲမှ ဆေးကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည် “ဟွမ်အာ.. အနည်းဆုံးတော့ ငါကမင်းရဲ့ ဆရာတစ်ဝက်ပဲ.. မင်းကို ဆရာတပည့်အသိအမှတ်ပြု အခမ်းအနားမလုပ်ခိုင်း ပေမဲ့ အမှန်တရားတော့ရှိသေးတယ်.. မင်းကိုသင်ပေးတဲ့အတွက် ဒီဆေးကို လက်ဆောင်ပေးပြီး ကျေးဇူးတင်သင့်တာမဟုတ်ဘူးလား”
သူထိုသို့ပြောလာလိမ့်မည်ဟု ပေထင်းဟွမ်သိသည်။ သူမသည် ဘာမှ မရှိသည့်မေးစေ့ကိုထိကာ ခေတ္တမျှစဉ်းစားဟန်ပြုလေသည် “ရှင့်ကို ဘာလို့ ဆရာအဖြစ်အသိအမှတ်မပြုရမှာလဲ”
လန်ချင်းမိုနှင့် ဆရနန်လင်းတို့နှစ်ဘောက်လုံးသည် သူမကို တပည့် အဖြစ်လက်ခံချင်ကြသည်။ သူမသည် သူ့ဆီမှ အဂ္ဂိရတ်ပညာကို တွန့်ဆုတ်စွာ သင်မည်ကို သူ မကျေနပ်သေးပေ။ သူသည် ကျေးဇူးတင်လက်ဆောင် တောင်း နေသေးသည်။
သူ၏ခရမ်းရောင်မျက်လုံးများတွင် လေးနက်သောအပြုံးဖြစ်ပေါ်လာ၏။ ထိုမျက်လုံးများထဲတွင် ရေပူစမ်းကန် ရောင်ပြန်ဟပ်နေသလိုပင်။ နေရောင်၊ အစိမ်းဖန့်ဖန့်နှင့် ပန်းများအားလုံးရောနှောနေသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် မူးယစ်စေသောအရောင်ဖြစ်သည်။ “ဟွမ်အာက ငါ ဆရာဖြစ်တာကို ငြင်းနေရင် မဖြစ်နိုင်တာတော့မဟုတ်ပါဘူး.. ဒါပေမဲ့ တစ်ရက်ဆရာဖြစ်တာက တစ်သက် တာ အဖေ…”
“တော်တော့…” ပေထင်းဟွမ်သည် လက်မြှောက်ပြီး ရပ်တန့်ခိုင်းသည့် အမူအရာလုပ်လိုက်သည်။ “ဘာတစ်သက်တာအဖေလဲ.. မပြောနဲ့တော့.. ရှင့်ကို အဖေလို့ခေါ်စေချင်တာလား”
ပေထင်းဟွမ်သည် မျက်စောင်းကျွေးလိုက်၏။ ဤလူကြီးသည် စနောက် ရမည်ဆိုလျှင် အခြေခံစည်းမျဉ်းပင်မရှိတော့ပေ။
သို့သော် ယန်ယဲ့သည် အခက်တွေ့သွားသည့်အလား သက်ပြင်းချလိုက် သည်။
သူသည် တစ်စုံတစ်ယောက်ဆီမှ မျှော်လင့်ထားသည့်ပုံပင် “ဟွမ်အာ မင်းမှားနေပြီ.. ငါပြောချင်တာက မင်းသာငါ့ကျောင်းသားဖြစ်ချင်ရင် ငါတို့ဂိုဏ်း မှာ စည်းမျဉ်းတစ်ခုရှိတယ်လို့.. ငါသာ မင်းဆရာလုပ်ရင် မင်းရဲ့တစ်သက်တာ အတွက် ခင်ပွန်းဖြစ်ပေးနိုင်တယ်”
“ဟူး အဟွတ် အဟွတ်” ပေထင်းဟွမ်သည် အားပါပါချောင်းဆိုးလိုက်ရာ လက်ထဲမှ ဆေးပုလင်းပင် ကွဲလုနီးပါးဖြစ်သွား၏။ သူမသည် ယန်ယဲ့အား စိုက် ကြည့်လိုက်သည်။ ဒီလူကြီးက သူမကိုလာနောက်နေတာလား။ “သွားလိုက် တော့”
ပေထင်းဟွမ်သည် ယန်ယဲ့အား ကန်လိုက်သည်။ သူမ၏အရည်အချင်းနှင့် သူမသည် ယန်ယဲ့၏တိုက်ခိုက်မှုကို မရှောင်ရှားနိုင်ဘဲ သူသည် သူမ၏ ခြေသလုံးကို ဆုပ်ကိုင်လိုက်၏။ ထိုအနေအထားသည် အလွန်ပုံဖော်ရလွယ် သည်။ ပေထင်းဟွမ်၏မျက်နှာသည် ကျက်နေသောကဏန်းကဲ့သို့ နီရဲလာ၏။ ကံကောင်းစွာပင် သူမမျက်နှာမှာ ဖုန်များဖြင့်ပေကျံနေရာ သိက္ခာတော့ အနည်း ငယ်ထိန်းလိုက်နိုင်သည်။
သူမ၏ ပေါ့ပါးသောရယ်သံသည် လွင်ပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ပေထင်းဟွမ် ယန်ယဲ့အား နှင်ထုတ်ပြီးနောက် အခန်းထဲမှ ဆေးပင်များသည် မြေပေါ်တွင် ပြန့်ကျဲကုန်သည်။ တိုက်ကြီးပေါ်မှ အဖိုးမဖြတ်နိုင်သော အဖိုးတန် ဆေးပင်များသည် ထိုအတိုင်းပင် ပျက်စီးသွားလေပြီ။ ပင်မတိုက်ကြီးမှ ဆေးပင် များတူးသည့်၊ အသည်းအသန်ရှာနေသည့် အဂ္ဂိရတ်ပညာရှင်များတွေ့လျှင် ငိုပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလိမ့်မည်။
ဤအခရီးသည် တန်သည်။ ပေထင်းဟွမ်သည် ကျေနပ်လျက်ရှိသည်။ သူမသည် ဆေးသန့်စင်ရာတွင် အချိန်သုံးလပေးရသော်လည်း အပြင်တွင် သုံးရက်မျှသာကြာသည်။ အချိန်စီးဆင်းခြင်း ကွာခြားမှုသည် အလွန်ပင် အထင်ကြီးလောက်စရာဖြစ်ကော ကောင်းကင်ကိုအံ့တုနိုင်သည်။ သူမသည် အများအပြားရလိုက်မည့်ပုံပင်။
ထို့အပြင် ဆေးသန့်စင်သည့်လုပ်ငန်းစဉ်သည် သူမ၏ဒြပ်စင်စွမ်းအင် တိုးတက်ဖို့အတွက် အလွန်ပင် အကျိုးရှိလှသည်။ သူမ အဂူးနှင့်စာချုပ် တည်ထောင်ပြီး ဓား ၇ လက်ကြယ်ဝိညာဉ်သခင်အဖြစ် အဆင့်တက်စဉ်က သူမ မကျော်လွှားနိုင်ခဲ့သည့် အတားအဆီးသည် အနည်းငယ်ပြေလျော့သွားခဲ့ပြီး ဓား ၈ လက်ကြယ်ဝိညာဉ်သခင်ကြီး၏ အစွန်းသို့ရောက်စေခဲ့သည်။
ကောင်းကင်အဆင့်သို့တက်ပြီးနောက် ဓားအဆင့်သို့ တက်ရသည်မှာ မည်မျှခက်ခဲကြောင်းကို ပေထင်းဟွမ်သည် ကြုံတွေ့ပြီးဖြစ်လေသည်။ ထိုအချိန်တွင် သူမ၏ခွန်အား တိုးတက်လာသည်ကို ရုတ်တရက်ခံစားလိုက်ရ သည်။ ပေထင်းဟွမ် မပျော်ဘဲဘယ်နေမည်နည်း။
အိမ်အနောက်ဘက်တွင် ရေပူစမ်းရှိသည်။ ရေရှင်သည် တောင်များဆီမှ စီးလာကာ အဖြူရောင်ကျောက်စိမ်းဝိညာဉ်ကန်တွင် သွားစုသည်။ သူမ တစ်လှမ်းချင်းစီလျှောက်သည်နှင့် ရေသည် သူမ၏ခြေထောက်ကိုဖြတ်သွား ကာ ဝိညာဉ်စွမ်းအင်လှိုင်းသည် သူမ၏ခြေထောက် အဓိကသွေးကြောများမှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားသည်။ ထိုအချိန်တွင် သူမခန္ဓာကိုယ်ထဲမှ အပ်စိုက်သည့်နေရာ ၃၀၀ ကျော်သည် အရူးအမူးပင် ကန်ထဲမှဝိညာဉ်စွမ်းအင် ကို ဆုပ်ယူလေသည်။ စွမ်းအင်များဖြင့် ပြည့်နေသည့် ခံစားချက်သည် အလွန် အမင်းအံ့ဩဖို့ကောင်းလှသည်…