သူမက ယန်းမြို့ကလား
Vol. 25 Ch. 500
ပေထင်းဟွမ်သည် နောက်ကျမှထွက်လာသည်။ ယန်ယဲ့သည် သူမကို ကျောင်းတော်ဝင်ပေါက်သို့ ရထားလုံးဖြင့်လိုက်ပို့ပြီး ပြန်သွားလေသည်။
သံမဏိသွေးအဖွဲ့ဝင်များသည် တံခါးပေါက်တွင်စုပြီး သူမကိုစောင့်နေကြ သည်။ သူတို့သည် သူမကိုမြင်သောအခါ ဝိုင်းပြီး ပေထင်းဟွမ်အား လက်ချိတ် ခေါ်ကြသည် “ခေါင်းဆောင် မြန်မြန် နောက်ကျနေပြီ.. ငါတို့တွေ နောက်ကျနေ ပြီ”
လေ့ကျင့်ရေးကွင်းသည် ကျောင်းတော်၏အနောက်တွင်ရှိသည်။ ထိုနေရာသည် ကျောင်းတော်တစ်ခုလုံးကို ဖြတ်ပြီးမှရောက်သည်ကိုမြင် သောအခါ ပေထင်းဟွမ်သည် ကျိန်ဆဲချင်လာသည်။ သူမသည် ယန်ယဲ့ကို အမြန်မောင်းနှင်ရန်ပြောသော်လည်း သူသည် အချိန်ဆွဲနေခဲ့သည်။ သူမ နောက်ကျသွားပြီး ဒုက္ခတွေ့လိုက်ရာ သူ့ကိုသင်ခန်းစာပေးရမည်။
ရထားလုံးထဲတွင်ထိုင်ပြီး စာအုပ်ဖတ်နေသော ယန်ယဲ့သည် ရုတ်တရက် နှာချေလေသည်။ အပြင်တွင်ရထာလုံးမောင်းနေသည့် ချုံချီသည် ထိတ်လန့် သွားကာ စိတ်ပူပန်စွာဖြင့် မေးလေသည် “သခင် ဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ဘူး” ယန်ယဲ့သည် လက်နှင့်လက်ကို လက်ကိုင်ပုဝါဖြင့် သုတ် လိုက်သည် “ကြောင်လေးက ကျိန်ဆဲနေလို့ပါ”
ကြောင်ဟုတ်လား.. ဒီကမ္ဘာမှာ သခင့်ကို ကျိန်ဆဲရဲတဲ့ သတ္တိကောင်းတဲ့ ကြောင်ရှိသေးတာလား။ ဤကမ္ဘာသည် ပိုပို၍လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ချုံချီ ခံစားရသည်။
လူစုရပ်သည် တောင်အနောက်ဘက်တွင်မဟုတ်ဘဲ ကျောင်း၏ ဝင်ခွင့် ရင်ပြင်တွင်ဖြစ်သည်။ ပထမတစ်သုတ် ရွေးပွဲပြီးနောက် မူလက အယောက် တစ်သိန်းရှိသော လူသစ်အဖွဲ့သည် နှစ်သောင်းထိလျော့ကျသွားသည်။ ပေထင်းဟွမ်သည် ကျွတ်သပ်မိသည်။ ဖြုတ်ပစ်တဲ့နှုန်းကလည်း မြင့်လိုက်တာ။
သူမကို ဆရာနန်လင်းမှ တိုက်ရိုက်ရွေးထားခြင်းဖြစ်သည်။ သူမ၏ အရင် ဘဝတွင် ကျောင်းမတက်ဖူးခဲ့ပေ။ ဤဘဝတွင်တော့ ကျောင်းသားဖြစ်ရန် အခွင့်အရေးရှိလာသည်။ သူမ ကျောင်းသို့ဝင်ရန် လျှောက်သည့်အချိန်တွင် လည်းတိုက်ကြီးတွင် ပထမအဆင့်ရှိသောကျောင်းသို့ဝင်ခဲ့သည်။ သူမသည် ဆရာနန်လင်းအား အရှက်မရစေရန် တင်ဆက်သင့်သည်။
ပေထင်းဟွမ်အား ဝင်ခွင့်ရင်ပြင်ဆီသို့ပို့ကာ ပင်မအဖွဲ့အားရှာပေး ပြီးနောက် ရှန်းယန်ဖို့ဆို့သည် ပေထင်းဟွမ်အား နှုတ်ဆက်ကြလေသည် “ခေါင်းဆောင် ငါတို့တွေက အန္တရာယ်ရှိတဲ့အပိုင်းကို တခြားလမ်းကဖြတ်သွားရ မှာ.. အဲဒီမှာတွေ့ကြမလား”
“သတင်းကောင်းစောင့်နေမယ်နော်”
“ခေါင်းဆောင်.. အစ်ကိုကြီးပေထင်းကျင်းက မြို့အပြင်မှာကိစ္စရှိလို့သွား တယ်၊ သူက သတင်းပါးခိုင်းလိုက်တယ်.. ဒီအဆင့်ကိုအောင်မြင်ရင် နက်ပြာ ညှို့ယူ တိုက်မယ်တဲ့”
နှစ်စဉ်နှစ်တိုင်း အန္တရာယ်ဇုန်သည် ကျောင်းတော်သို့ အသစ်ဝင်လာသည့် ကျောင်းသားများ လေ့ကျင့်သည့်အချိန်၌သာဖွင့်သည်။ အထဲတွင် မှော်သားရဲ နှင့် သဘာဝရတနာများစုဝေးနေရာ ရှန်းယန်ဖိုတို့သည် ဤကဲ့သို့အခွင့်အရေး ကောင်းမျိုးကို လက်လွှတ်မခံပေ။ ပေထင်းဟွမ်သည် မုချင်းလင်ကို ရှာတွေ့ လေသည်။ မုချင်းလင်သည် သူမရောက်လာသည်ကိုမြင်မှသာ စိတ်သက်သာ ရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
သူမသည် နောက်ကျနေပြီဖြစ်၏။ ရှောင်ကျို့သည် ပိုပိုပြီး နာခံမှုမရှိတော့ ပေ။
ကောင်းကင်အဆင့်အနေနှင့် ပေထင်းဟွမ် ကျောင်းသားသစ်လေ့ကျင့် ရေးတွင် ပါဝင်လာခြင်းမှာ ရုတ်တရက်ဖြစ်လွန်းသည်။ သို့သော် ဆရာနန်လင်း မှ လက်ခံထားသည့် ကျောင်းသားသစ်အနေနျင့် သူမသည် ကျောင်းသားသစ် လေ့ကျင့်ရေးကို မကျော်ဖြတ်နိုင်လျှင် ကျောင်းတော်သို့ဝင်နိုင်မည်မဟုတ်ပေ။ သူမကြောင့်နှင့် ကျောင်းတော်စည်းမျဉ်းပြောင်းလဲရန်မှာမဖြစ်နိုင်ပေ။
ရင်ပြင်ထဲတွင် သူတို့အဖွဲ့ပေါ်လာသည်နှင့် ကြီးမားသောလူအုပ်ကြီး သည် ပေထင်းဟွမ်အားကြည့်ကာ စတင်ဆွေးနွေးကြတော့သည်။ သူတို့သည် ပေထင်းဟွမ်အား အားကျသလိုကြည့်ကာ သူမ မည်မျှကံကောင်းကြောင်းပြော ကာ သက်ပြင်းချကြသည်။
“ပေထင်းမိသားစုက သခင်လေး ၉ ကဆရာနန်လင်းရဲ့တပည့်ပဲ.. သူက ကောင်းကင်အဆင့်ဓားသခင်လို့လည်းကြားတယ်”
“ငါသာ သခင်လေး ၉ ရဲ့တစ်ဝက်လောက်သာ ကံကောင်းရင်တော့နော်..”
“သခင်လေး ၉ ကမိုက်လိုက်တာ.. သူက မျက်နှာဖုံးမရှိလည်း မိုက်နေတာ ဒါပေမဲ့ မျက်နှာဖုံးရှိတော့ ပိုတောင်မိုက်နေပြီ”
“သူ ဘာဝတ်ထားလဲကြည့်လိုက်ဦး.. သူက.. ယန်းမြို့တော်ကလား”
ပေထင်းဟွမ်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် အကဲဖြတ်ခံ ရသည်ကိုမကြိုက်ပေ။ သူသည် လျစ်လျူရှုသလိုကြည့်လိုက်သည်။ သူမ နောက်ကျနေပြီဟုထင်သည်။ သူမ စောလာသင့်သည်လား။
“ဟင်း.. ငါတို့က လူကိုစောင့်နေရတာလား.. တကယ်ကို အရိုင်းအစိုင်း လေးပဲ.. အင်ပါယာကျောင်းတော်မှာ ဘယ်လိုများစည်းကမ်းဖောက်နိုင်ရတာလဲ ကောင်းကင်နဲ့မြေကြီး ဘယ်လောက်ကျယ်လဲဆိုတာ မသိတဲ့အကောင်အတွက် နဲ့ ငါတို့က စောင့်နေရတာလား”
လူအုပ်ထဲမှ လှောင်ပြောင်သည့်အသံသည် ရုတ်တရက်ထွက်လာသည်။ ထိုလူသည် ပေထင်းဟွမ်ကိုပြောနေသည်မှာ ရှင်းလင်းနေသည်…