← Chapters

ကျွန်မတို့ ဆိုင်မှာ ဘော့စ်က ထူးခြားတယ်

Vol. 40 Ch. 587

ကျွန်မတို့ ဆိုင်မှာ ဘော့စ်က ထူးခြားတယ်

Vol. 40 Ch. 587

"အမ်.. မသွားတော့ဘူးလား..."

"မသွားဘူး လုံး၀ မသွားဘူး.."

ထုံးဖေး လျိုကျီးယွမ်ကို ဆွဲခေါ်သွားပြီး ထိုင်ခုံတွင် ထိုင်ချလိုက်ကာ လင်းရီကို ကြည့်လိုက်၏။

စားဖိုမှူး အစ်ကိုလေးက အရမ်းခန့်ညားတာပဲ..

သူ့ရဲ့လက်ရာကလည်း သေချာပေါက် ကောင်းလောက်တယ်...

ဒါပေမယ့် ရှောင်ကောကောကို မြင်လိုက်တော့ ဗိုက်က အလိုလို ပြည့်သွားသလိုပဲကော....ခစ်ခစ် မျက်စိနဲ့ အစာကျွေးလိုက်လို့များလား မသိဘူး...

လျိုကျီးယွမ်ကတော့ သူ့မိန်းကလေး၏ ခံစားချက်များကို သတိမမူမိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်လုံးမှာ အတွေးတူနေသောကြောင့် ဖြစ်၏။

ဒီရဲ့ မိန်းကလေးနှစ်ယောက်က လှတာထက်ကို ပိုတယ်...

တစ်ချိန်တည်းတွင် ဟော်ယွမ်ယွမ်မှ မီနူး ကမ်းလာခဲ့၏။ လျိုကျီးယွမ် ပြုံးရွှင်စွာ လက်ခံလိုက်ပြီး မီးနူးပေါ်ရှိ ဈေးနှုန်းများကို မြင်တော့ တစ်ချက် စုတ်သပ်မိသွား၏။

ဥထမင်းကြော် တစ်ပွဲ ၁၈၉ ယွမ် ...

နှစ်ပွဲစာဆိုတော့ ယွမ် ၄၀၀ နီးနီး ကျမှာပေါ့...

တတ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ ဆိုပေမယ့် ဥထမင်းကြော်အတွက်နဲ့ ယွမ် လေးရာကုန်ရတာက နည်းနည်းလေး များလွန်းမနေဘူးလား..

နှစ်ယောက်သား တုံ့ဆိုင်းနေချိန်တွင် လင်းရီနှင့် ကျီချင်းရန်တို့၏ ပုံရိပ်က နှစ်ယောက်၏ စိတ်ထဲတွင် အသီးသီး ပေါ်ပေါက်လာခဲ့လေသည်။

ဘာပဲဖြစ်ဖြစ် တန်တယ်ဟာ..

"ကျွန်မတို့ကို ဥထမင်းကြော် နှစ်ပွဲ ပေးပါ..."ထုံးဖေး ပြောလိုက်၏။

"ဟုတ်ကဲ့ ခဏလေး စောင့်ပေးပါနော်.."ဟော်ယွမ်ယွမ်လည်း သူမ၏ အခန်းကဏ္ဍကို ကျေပွန်စွာ ဆောင်ရွက်လိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် ဥထမင်းကြော် နှစ်ပွဲနှင့် ပင်လယ်သခွား စွပ်ပြုတ်မှာ စားပွဲပေါ်သို့ ရောက်ရှိလာပြီးဖြစ်၏။

သို့သော်လည်း စွပ်ပြုတ်ထဲသို့ အာဟာရများအားလုံး ပျော်၀င်သွားစေရန် လင်းရီမှ အပိုင်းအပိုင်း လှီးဖြတ်ထည့်ထားသောကြောင့် ဘာထည့်ထားလဲဆိုတာကိုတော့ ထုံးဖေးတို့ မပြောပြနိုင်ချေ။

ရွှေရောင် ၀င်းနေသည့် ဥထမင်းကြော်ကို မြင်တော့ နှစ်ယောက်မှာ ကြက်သေသေသွားပြန်သည်။

ယခု ဆိုင်သေးသေးလေးရှိ ဥထမင်းကြော်မှာ သူမတို့ ယခင်က မြည်းစမ်းကြည့်ဖူးသည့် ဥထမင်းကြော်နှင့် အနည်းငယ်ကွာခြားနေ၏။ ထို့ပြင် ဈေးကလည်း ကြီးမားနေသေးပေသည်။ ပေးရသည်နှင့် ထိုက်တန်၏လောဟု စူးစမ်းချင်နေမိတော့၏။

လျိုကျီးယွမ်မှ အရင်ဆုံး တစ်လုတ်မြည်းကြည့်လိုက်သောအခါ မျက်လုံးအရောင်များ တောက်ပလာလေသည်။

"ရှောင်ပေါင်.. မြန်မြန်စား ကြည့်ကြည့်.. ဥထမင်းကြော်က တော်တော်လေး အရသာရှိတယ်... ပြီးတော့ အထဲက အမဲသားက ပိုတောင် အရသာရှိသေး.. ကိုယ်တို့ တစ်ခါမှ မစားကြည့်ဖူးသေးဘူး..."

"ဟင်.. အဲ့လောက်ကြီးတောင်လား.. နင် ချဲ့ကားနေတာတော့ မဟုတ်ပါဘူးနော်..."

အစမှ အဆုံးထိတိုင်အောင် သူမတို့ ဥထမင်းကြော်၏ အရသာကို များစွာ မျှော်လင့်ထားခြင်း မရှိပေ။ စားကောင်းရုံနှင့် အဆင်ပြေလေသည်။

ထို့ပြင် ၎င်းက အမယ်အနည်းငယ်ဖြင့် ပြုလုပ်ထားသည့် ဥထမင်းကြော်လေးသာ ဖြစ်သောကြောင့် မည်မျှ အရသာ ရှိနိုင်မည်နည်း။

သို့သော်လည်း လျိုကျီးယွမ်ရှေ့ရှိ ရွှေဝါရောင် ဥထမင်းကြော်ကတော့ သူ၏ အမြင်များကို ပြောင်းပြန်လှန်သွားစေခဲ့သည်။

ထိုမျှ အရသာရှိသည့် ဥထမင်းကြော်မျိုးက ဇမ္ဗူပေါ်တွင် ရှိလိမ့်ဦးမည်လို့တောင် မထင်ထားချေ။

ထိုအခိုက်အတန့်တွင်တော့ လျိုကျီးယွမ်မှာ ဆိုင်ထဲသို့ ၀င်လာမိသည်ကိုပင် ကျေးဇူးတင်နေမိတော့၏။

အရသာ ရှိသည့် ဥထမင်းကြော်ကို သုံးဆောင်နိုင်ရုံသာမက စားပွဲထိုး ချောချောလေးများကိုလည်း စားရင်း ငေးမောလို့ ရသေးလေသည်။

သို့သော်လညိး မသိမသာ ငေးမောရမည်ဖြစ်၏။ သူ၏ ကောင်မလေးသာ သ၀န်တိုသွားပါက ယွမ် ၄၀၀ ထက်ကို ပိုပြီး ကုန်ကျသွားနိုင်လေသည်။

မည်သို့ပင်ဆိုစေ ဤဆိုင်တွင် စားသောက်ရသည်မှာ တန်သည်ဟု သူ ရဲရဲကြီး လက်မထောင်ဝံ့၏။

"နင် ညာပြီး ပြောနေတာမလား..."

အစားအသောက်နှစ်ခြိုက်သူများနှင့် မာလာ့အစားအစာ အသင်းအဖွဲ့ကြီး၏ စီနီယာ အဖွဲ့၀င် တစ်ဦး ဖြစ်သည့် အလျောက် ထုံးဖေးမှာ အစားအသောက်များနှင့် ပတ်သက်၍ အတန်အသင့် ဗဟုသုတရှိသလို နာမည်ကြီး ဟင်းလျာတော်တော်များများကိုလည်း မြည်းစမ်းကြည့်ဖူးလေသည်။

သူမ၏ အမြင်တွင်တော့ ဥထမင်းကြော်မှာ ရွှေဖြင့် ကြော်ထားလျှင်တောင် ဥထမင်းကြော်၏ အရသာက ဥထမင်းကြော်သာ ဖြစ်၏။ အဘယ်တွင် ထူးကဲနေလိမ့်မည်နည်း။

"မဟုတ်ရပါဘူးကွာ .. ဒီဆိုင်ရဲ့ ဥထမင်းကြော်က တကယ်ကြီး အရသာရှိတာ.. ဒီရဲ့ ဥထမင်းကြော် စားပြီးသွားရင် အရင် စားခဲ့တဲ့ ဥထမင်းကြော်က ၀က်စာတွေများလားလို့တောင် ထင်မိသွားဦးမယ်..."

"ဟွန့်.. နင် ညာလို့ကတော့ တွေ့ပြီသာမှတ်..."ထုံးဖေး သူ၏ ကောင်လေးကို ကြိမ်းမောင်းပြီးနောက် သာမန်အတိုင်း ပါးစပ်ထဲသို့ ထည့်လိုက်၏။

ဟင်...

ဒီရဲ့ ဥထမင်းကြော်က ဒီလောက်တောင် စားကောင်းတာလား...

လျှာပေါ်တွင် စုံလင်သည့် အရသာမှာ ပေါင်းစည်းသွားပြီး အရောင်အသွေးစုံလင်သည့် ကမ္ဘာကြီးတစ်ခုထဲတွင် ဥထမင်းကြော်ထဲရှိ ပါ၀င်ပစ္စည်းများက ကခုန်နေသကဲ့သို့ ခံစားနေရ၏။

ရုတ်ချည်း သူမ၏ စိတ်အခြေအနေမှာ တိုးတက်လာပြီး ပျော်ရွှင်လာခဲ့လေသည်။ နောက်ထပ် တစ်လုတ်ထပ်စားရန် စိတ်အား တက်ကြွလာခဲ့တော့၏။

သူ့ကောင်မလေး၏ အမူအရာကိုမြင်တော့ လျိုကျီးယွမ် ရယ်သွမ်းလိုက်ပြီး "ဘယ်လိုလဲ.. ခုတော့ ယုံပြီမလား... "

"အွန်း အွန်း... ဒါက အရမ်း အရသာရှိတယ်.."

ဥထမင်းကြော်၏ အရသာကို မြည်းစမ်းကြည့်ပြီးနောက် လူငယ်စုံတွဲမှာ ကျန်သည့် အရာကို မေ့ပျောက်သွားပြီး သူ့ထက်ငါ အပြိုင်အဆိုင် အားပါးတရ သုံးဆောင်လိုက်ကြ၏။

နှစ်ယောက်လုံး ကျေနပ်သွားသည့်အချိန်တွင်တော့ သူတို့၏ ပန်းကန်ပြားထဲတွင် ထမင်းတစ်စိတောင် ကျန်ရှိမနေတော့ချေ။

"သူဌေး.. ခင်များရဲ့ လက်ရာက အရမ်းကောင်းတယ်ဗျာ... ဈေးက နည်းနည်းကြီးတယ်ဆိုပေမယ့် ပေးရတာတန်ပါတယ်..."

"ဟားဟား... မိတ်ဆွေတို့ စိတ်ကျေနပ်ရင် ပြီးတာပါပဲ..... "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"သူဌေး .. ဘေလ်ရှင်းမလို့ QR ကုတ်ကော..."

"ဒါက...."

သုံးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူမတို့ QR code ထားဖို့ကို မေ့လျော့နေကြလေသည်။

"QR code လုပ်ထားဖို့ မေ့သွားတာ.. ခုလောလောဆယ်တော့ ငွေလွဲလို့ပဲ ရဦးမှာ.."

"အင်း.. အဲ့လိုလည်း အဆင်ပြေပါတယ်..."

"နေ နေ .. ဒီရဲ့ဘေလ်ကို ရှောင်ပေါင် ရှင်းလိုက်မယ်..."

လျိုကျီးယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ ယခင်က စားသောက်ပြီးလျှင် သူ့ဘက်က ရှင်းရစမြဲဖြစ်ပြီး သူမက နှုတ်ခမ်းနီဆိုးရင်း အခန့်သား ထိုင်စောင့်နေတတ်လေသည်။

ဒီနေ့ကျမှ ဘာလို့ လာလုရှင်းနေတာတုန်းဟ...

"သူဌေးကိုကိုကြီး ... ရှင့်ရဲ့ ဝီချက်နံပါတ်က ဘယ်လောက်လဲ.. ကျွန်မ အဲ့ကနေတစ်ဆင့် ငွေလွှဲပေးလိုက်မယ်လေ.. "ထုံးဖေး သူမဖုန်းကို ကိုင်ရင်း ရွှန်းလဲ့စွာ ပြောလိုက်၏။

"ဝီချက်အပ်စရာမလိုပါဘူး ညီမလေးရယ်.. ဟော့ဒီမှာ ဘားကုတ်ရှိတယ်... ဒါလေးပဲ စကန်ဖတ်လိုက်နော်..."ကျီချင်းရန်မှ ပြောလိုက်၏။

"ဒါက..... အဆင်ပြေပါတယ်..."

ကျီချင်းရန် ဂုဏ်ယူစွာဖြင့် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားခဲ့၏။ သူမ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုမိန်းကလေး ဘာဖြစ်ချင်နေလဲဆိုတာကို တပ်အပ် နားလည်လေသည်။

နင်က လင်းရီနား ဝီချက်အပ်ချင်နေတယ်ပေါ့လေ... လုံး၀ မရစေရဘူး...

ဟော်ယွမ်ယွမ် နှုတ်ခမ်းကိုက်လိုက်၏။

အစ်မကျီက သူ့မုန့်ကျ အရမ်းကို အထိကို မခံတာပဲ...

ဘေလ်ရှင်းပြီးနောက် စုံတွဲမှာ တွန့်ဆုတ်စွာဖြင့် ထွက်ခွာသွားကြလေသည်။

တစ်ချိန်တည်းတွင် သူတို့၏ ရင်ဘက်ထဲ၌ မတိုင်ပင်ထားပဲ တူညီသည့် ရည်မှန်းချက် တစ်ခုကို တစ်ပြိုင်တည်း ချမှတ်လိုက်ကြ၏။

လုံလောက်အောင် ပိုက်ဆံ စုပြီးနောက် သူတို့ နောက်တစ်ကြိမ် ဤဆိုင်တွင် ထပ်လာစားဦးမည်။

၃၈၇ ယွမ်မှာ အကောင့်ထဲသို့ ၀င်လာပြီးနောကိ ကျီချင်းရန် ပျော်ရွှင်စွာဖြင့် အိတ်ထောင်ထဲ ပြန်ထည့်လိုက်လေသည်။

ပထမ ရောင်းရသည့် ဥထမင်းကြော်နှင့် ဆိုပါက သူမတို့ ၁၈၉ ယွမ် မြတ်ပြီးဖြစ်၏။ သို့သော်လည်း တစ်နေ့တာ စရိတ်ကို ကာမိရန်တော့ လိုအပ်နေသေးလေသည်။

သူမ၏ အစ်မကျီမှာ ပိုက်ဆံ ၁၈၉ ယွမ်ရှာနိုင်ပြီးနောက် ပျော်ရွှင်စွာ ခုန်ပေါက်နေသည်ကိုမြင်တော့ ဟော်ယွမ်ယွမ် ဘေးတွင် ဆွံ့အစွာဖြင့် ထိုင်ချလိုက်၏။

ဒီနှစ်ယောက်က ရူးများ ရူးသွားပြီလား မသိဘူး...

ကျီချင်းရန် ငွေလက်ခံပြီးသည့် အချိန်တွင် လင်းရီ၏ စိတ်ထဲ၌ စနစ်၏ အသိပေးသံမှာလည်း ထွက်ပေါ်လာခဲ့လေသည်။

[ပထမဆုံး ဖောက်သည် ရရှိတဲ့ အတွက် ဂုဏ်ပြုပါတယ် စနစ်ရှင် ]

[ဆုလဒ် : အတွေ့အကြုံမှတ် တစ်သိန်း ]

[အလုပ်ပြီးမြောက်နှုန်း : ၂၀ % ]

[ဆုလဒ် : အရိုးသိပ်သည်းဆေးရည် ]

စနစ်၏ အသိပေးသံကို ကြားတော့ လင်းရီ မီးဖိုချောင်ဘက် ထွက်လာခဲ့ပြီး သိုလှောင်နေရာကို တစ်ချက် ကြည့်လိုက်သောအခါ အညိုရောင် ဆေးပုလင်း တစ်ခုကို မြင်တွေ့လိုက်ရ၏။

"စနစ် .. ဒါက ဘာကြီးလဲ..."

[ စနစ်ရှင်ရဲ့ အရိုးနဲ့ သွားတွေကို သန်စွမ်း ကြံ့ခိုင်စေပါတယ်...]

"ဖက်ခ်.. ဒါဆို ပစ္စည်းကောင်းပဲဟ..."

ဆရာ၀န်တစ်ယောက် ဖြစ်သည့် အလျောက် လင်းရီ အရိုးများ၏ သိပ်သည်းခြင်းအကြောင်းကို ကောင်းမွန်စွာ နားလည်ပေသည်။

သာမန် အရပ်စကားနှင့်ဆိုရလျှင်တော့ အရိုးကို ပို၍ သန်မာလာစေခြင်းပင်။

အကယ်၍ လူတစ်ယောက်နှင့် လက်သီးချင်း ပြိုင်ထိုးလျှင်တောင် တစ်ဖက်သူ၏ အရိုးများမှာ ကွဲအက်သွားပြီး သူကတော့ အကောင်းပတိ အေးဆေးရှိနိုင်လေသည်။

သူ့အပေါ် နံရံ ပြိုကျသည်ဖြစ်စေ ထရပ်ကားနှင့် အတိုက်ခံရသည်ဖြစ်စေ မည်သည့် အစိတ်အပိုင်းတို့မျှ မကျိုးမပဲ့ဘဲနှင့် အကောင်းအတိုင်း ရပ်နေနိုင်လေသည်။

သို့သော်လည်း တစ်ခု ဆိုးရွားသွားသည်ကတော့ သူ ကားတိုက်ခံပြီး ဟန်ဆောင်ငွေညစ်နိုင်သည့် အလုပ်အကိုင်ကိုတော့ လက်လွှတ်ဆုံးရှုံးလိုက်ရ၏။

အရိုးသန်မာမှုရယ် ပထမအဆင့် တိုက်ပွဲ၀င်ခွန်အားရယ်ဆိုရင် ငါက လူသားကမ္ဘာမှာ ပြိုင်ဘက်ကင်း မဖြစ်သွားဘူးလား...'

လင်းရီ ရုတ်ချည်း ကျင့်ကြံချင်စိတ်များ ပေါ်ပေါက်လာခဲ့တော့၏။

စနစ်၏ မျက်နှာပြင်ကို ကြည့်ရင်း လင်းရီ ဆေးပုလင်းကို နှိပ်လိုက်သည်။ ယခင်တစ်ကြိမ်အတိုင်း သူ့လက်ထဲ ရောက်ရှိလာပြီးနောက် အနည်းငယ် လှုပ်ခါ၍ မော့ချလိုက်တော့၏။

အရသာမှာ ယခုတစ်ကြိမ်တွင်တော့ အတော်လေး ခါးသက်လေသည်။ လင်းရီ၏ မျက်နှာ ရှုံ့မဲ့သွားပြီး ကြိတ်မှိတ် မျိုချလိုက်ရ၏။

၀မ်းဗိုက်ထဲသို့ ရောက်ရှိပြီးနောက် သူ၏ အရိုးထဲမှ ယားယံမှုများကို လင်းရီ ခံစားလိုက်ရသည်။ ယင်းက အရိုးသိပ်သည်း၏ ဆေးစွမ်းသက်ရောက်မှုကြောင့်ဆိုတာကို လင်းရီ တပ်အပ်သိလိုက်လေသည်။

အဆိုပါ ဖြစ်စဉ်ပါ အချိန်အတန်ကြာပြီးနောက် ကွယ်ပျောက်သွားတော့၏။

သူ၏ ကိုယ်တွင် ထူးကဲသည့် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာကို မတွေ့ရသော်လည်း ဆေးစွမ်းမှာ အကျိုးသက်ရောက်ပြီးဖြစ်ကြောင်းကိုတော့ လင်းရီ သေချာလေသည်။

စနစ်မှာ တစ်ခါတစ်ရံ ခွေးဆန်သော်လည်း ယခုလိုကျ ချစ်ဖို့ကောင်းသွားပြန်သည်။ ယခုရရှိသည့် ဆုလဒ်များကို ထောက်ထားပြီး အရင်တစ်ကြိမ် မကျေနပ်ချက်များကို ကျေအေးပေးဖို့ရာ လင်းရီ ဆုံးဖြတ်လိုက်၏။

"စနစ်.. ခု လက်ရှိ ငါ့ အရိုး သိပ်သည်းဆက ဘယ်လောက်ရှိလဲ..."

[ သာမန်လူတစ်ယောက်ရဲ့ နှစ်ဆပါ... ]

"လခွမ်း.. နှစ်ဆတောင်လားဟ..."

လင်းရီ ပြောချင်ဇောဖြင့် စကားတို့ပင် လုံးသွားခဲ့သည်။

ဆေးပညာ ရှုထောင့်မှကြည့်မည် ဆိုလျှင် သာမန်လူတစ်ယောက်၏ အရိုးသိပ်သည်းဆမှာ 1.228 (g/cm3 )ရှိ၏။

လူသားခန္ဓာ၏ ဖွဲ့စည်းတည်ဆောက်ပုံအရ အကယ်၍ 0.001 မျှ တိုးတက်လာမည်ဆိုလျှင်တောင် ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများကို သိသိသာသာ တိုးတက်ပြောင်းလဲလာနိုင်စေပြီး အံ့အားသင့်ဖို့ကောင်းစွာဖြင့် စနစ်မှာ အမှန်စင်စစ် နှစ်ဆတိုးပေးထား၏။

ဒါဆို ခု သူက သာမန်လူတစ်ယောက်လို့ သတ်မှတ်လို့ ရသေးလို့လား...

ဟော်ယွမ်ယွမ်နဲ့ စမ်းသပ်ကြည့်ရင် ကောင်းမလားပဲ...

[ဧည့်သည့် အယောက် ၂၀ ကို ၀န်ဆောင်မှုပေးပါ (၂/၂၀) ]

[ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]

မစ်ရှင်အသစ် ပေါ်လာသည်ကို မြင်တော့ လင်းရီ ဟော်ယွမ်ယွမ်အပေါ် စမ်းသပ်မည့် အကြံကို စွန့်လွှတ်လိုက်တော့၏။

သူမ အပေါ် မှီခိုရဦးမည်ဖြစ်သောကြောင့် စောစီး ကိစ္စတုံးသွား၍ မဖြစ်ပေ။ ဟွာရှန့်နှစ်သစ်ကူးအထိ စောင့်ဆိုင်းလျှင်လည်း အချိန်မှီသေး၏။

ဧည့်သည်များကို လိုက်ပို့ပြီးနောက် ကျီချင်းရန်မှာ ဘားတွင်ထိုင်၍ နောက်ထပ် ရောက်လာမည့် ဧည့်သည်များကို မျှော်လင့်စောင့်ဆိုင်းနေလေသည်။

ဟော်ယွမ်ယွမ်ကတော့ ဘေးတွင် ထိုင်နေပြီး သူမအရှေ့တွင် မုန့်ကိုချ၍ အဓိပ္ပာယ်မရှိသည့် ငြီးငွေ့ဖွယ်ရာ အောပရာပြဇာတ်ကို ထိုင်ကြည့်နေလိုက်သည်။

ဆိုင်မှာ ယနေ့မှ စတင်ဖွင့်လှစ်သည် ဖြစ်ုသောကြောင့် ကျီချင်းရန်လည်း အများကြီး မမျှော်မှန်းရဲပေ။ တစ်နေ့တာစရိတ်ကို ကာမိနေသရွေ့ အဆင်ပြေလေသည်။

သို့သော်လည်း ကတ်စတန်မာ နှစ်ယောက်ကို လိုက်ပို့ပြီးနောက် နောက်သုံးလေးနာရီအထိ ကတ်စတန်မာ တစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ချေ။

ရောက်လာသူများ ရှိပါသော်လည်း ဈေးနှုန်းများကို မြင်ပြီးနောက် သွေးတက်ကာ ထပြန်သွားကြလေသည်။

"အစ်မကျီ.. ညီမတို့ ဆိုင်ပိတ်သင့်ပြီ ထင်တယ်နော... ခုက ည ခုနစ်နာရီတောင် ထိုးနေပြီလေ.. ညစာ စားချိန်တောင် ကျော်သွားပြီ.. နောက်ထပ် ကန်စတန်မာတွေ ရောက်လာတော့မှာ မဟုတ်ဘူး..."ဟော်ယွမ်ယွမ် ပြောလိုက်၏။

ကျီချင်းရန် အနည်းငယ် စိတ်ပျက် အားလျော့သွားခဲ့၏။သူမ ဆိုင်စဖွင့်သည့် ပထမဆုံးနေ့မှာ ထိုမျှ ဆိုးရွားနေလိမ့်မည်ဟု ထင်မထားချေ။

"ကောင်းပြီလေ.. ဒီနေ့တော့ ဒီလောက်နဲ့ တော်ကြတာပေါ့.. ဒီတိုင်း ဆက်သွားနေမယ်ဆိုရင် သေချာပေါက် အထွေထွေ သုံးစရိတ်တောင် ‌ကာမိမှာ မဟုတ်ဘူး... "

"အစ်မကျီ.. နင် နည်းနည်းလေး ဇာတ်ကောင်နေရာမှာ ခံစားလွန်းမနေဘူးလား..."ဟော်ယွမ်ယွမ် မကျေမနပ် ရေရွတ်လိုက်၏။။

"ငါတို့က ဒါကို ကိုယ့်ဘ၀ကိုယ် တာ၀န်ယူတယ်လို့ ခေါ်တာ.. အဲ့တာတွေ နင်နားမလည်ပါဘူးအေ...."

"ဘယ်သူက ညီမကို အစ်မတို့လောက် ပိုက်ဆံ မရှိခိုင်းလို့...."

"ဒါက ပိုက်ဆံရှိခြင်း မရှိခြင်းနဲ့ မဆိုင်ဘူး.. ပြောလည်း နားလည်မှာ မဟုတ်ပါဘူးကွာ... "လင်းရီပါ ထပ်လောင်း ပြောလိုက်၏။

ဟော်ယွမ်ယွမ် ဘာမျှ ပြန်မဆိုချေ။ သူမ၏ အစ်မကျီမှာ ချမ်းသာသည့် လူနေမှုဘ၀ကို လက်လျော့လိုက်ပြိး သာမန်လူတို့၏ ရုန်းကန်လှုပ်ရှားရသည့် ဘ၀အတွေ့အကြုံကို ခံစားချင်နေလေသည်။

ငါ့အစ်မကတော့ ရူးသွားပြီ.. သေချာတယ် အဲ့တာ ဘော့စ်နဲ့ ပေါင်းလို့ ဖြစ်တာ...

ချလပ်

သုံးယောက်သား ဆိုင်ပိတ်တော့မည့် အချိန်တွင် ဆိုင်တံခါးမှာ ပွင့်ဟလာပြီး သက်လတ်ပိုင်း လူတစ်ယောက် ဆိုင်ထဲသို့ ၀င်ရောက်လာခဲ့၏။ ထိုသူမှာ ရော့ကာကြီးများကဲ့သို့ ရှည်ပင်ရှည်နေသော်လည်း ဖြီးသင်ထားခြင်း မရှိသည့်ပုံစံဖြင့် ရှုပ်ထွေးကြမ်းတမ်းနေလေသည်။ အပေါ်မှ ဦးထုပ်တစ်လုံးဆောင်းထားပြီး စစ်၀တ်အစိမ်းရောင် စွပ်ကျယ်ကိုလည်း ၀တ်ဆင်ထားသေး၏။

ဆိုင်ထဲသို့ ရောက်လာပြီးနောက် သက်လတ်ပိုင်းလူမှာ ဆိုင်၏ အပြင်အဆင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ပြီး အခန်းထဲရှိ လေထုကို ကျေနပ်နစ်သက်စွာဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်၏။

"မဆိုးဘူး... ပြင်ထား ဆင်ထားတာတွေက အတော်လေး စတိုင်ကျတယ်.."သက်လတ်ပိုင်း လူကြီးမှ မှတ်ချက်ပြုလိုက်သည်။

"ကျေးဇူးပါ..."ကျီချင်းရန် ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

သက်လတ်ပိုင်းလူကြီးမှာ ထိုင်ခုံတွင် ထိုင်ချလိုက်၏။ ယင်းက ကျီချင်းရန်၏ စိတ်၀င်စားမှုကို ဆွဲဆောင်သွားခဲ့လေသည်။

ကြည့်ရသလောက်တော့ ထိုသူမှာ ထိုင်ချလိုက်ပြီး ထွက်ခွာသွားမည့် ဟန်လည်း မရှိပေ။

နောက်ထပ် တစ်ပွဲစာတော့ ထပ် ရောင်းရပြီ...

စွပ်ကျယ်နှင့် လူကြီးမှာ ထိုင်ခုံတွင် ထိုင်ပြီးနောက် စားပွဲပေါ်တွင် သူ၏လက်ကို ဒရမ်ကဲ့သို့ တတောက်တောက် လုပ်နေပြီး ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်ကို ရှိူးကာ မျက်နှာတွင်လည်း သဘောကျသည့် အမူအရာတို့ ပေါ်လွင်နေလေသည်။

"မင်းတို့ဆိုင်မှာ ထူးခြားတာ ဘာရှိလဲ .. ငါ့ကို ပြောကြည့်ကြည့်...."

"ကျွန်မတို့ ဘော့စ်က ထူးခြားတယ်.. ရှင်သူနဲ့ စကားပြောမလား... "ဟော်ယွမ်ယွမ် မေးလိုက်၏။

လင်းရီ ' လခွမ်း... မင်း ငါ့သိက္ခာ ချနေတာလားကွ…’

All Chapters