← Chapters

မင်းတို့ ငါ့နား ဓားပြတိုက်ချင်နေတာမလား

Vol. 40 Ch. 588

မင်းတို့ ငါ့နား ဓားပြတိုက်ချင်နေတာမလား

Vol. 40 Ch. 588

"အမ်.. မင်းတို့ ဘော့စ်ကို မေးနေတာမဟုတ်ဘူးလေ..."

ထိုသို့ ဖြေလာလိမ့်မည်ဟု မျှော်လင့်မထားသည့် အတွက်ကြောင့် သတ်လတ်ပိုင်း လူမှာ တခဏမျှ ကြောင်အမ်းသွားခဲ့သည်။

"ငါ ဆိုလိုချင်တာက မင်းတို့ဆိုင်မှာ ဘာအထူးဟင်းလျာတွေ ရှိလဲလို့ မေးနေတာ..."

"အထူးဟင်းလျာက ဥထမင်းကြော်နဲ့ ခေါက်ဆွဲကြော်.."ဟော်ယွမ်ယွမ် အေးတိအေးစက် ပြန်ဖြေလိုက်သည်။

အဆိုပါ နှာထသည့် လူကြီးမှာ သူမ၏ ခြေသလုံးသားများကို တစ်ချိန်လုံး စိုက်ကြည့်နေလေသည်။ လူကြီးဖြစ်သော်လည်း လုံး၀ လူကြီးလူကောင်း မဆန်ချေ။ သူမ ဒေါက်မြင့်ဖိနပ်နှင့် သွားကျွတ်အောင် ရိုက်နှက်ချင်စိတ်များ တဖွားဖွား ဖြစ်နေတော့၏။

'ဟမ့်... ဘော့စ်လို မချောပဲနဲ့များ နှာဘူးလိုလို တဏှာရူးလိုလို လာကြည့်နေလိုက်သေး... နင့်ကို အဲ့လိုမျိုးကြည့်ဖို့ ဘယ်သူက သတ္တိပေးလိုက်တာလဲ...'

"ဒါဆို ဥထမင်းကြော် မှာမယ်.."သတ်လတ်ပိုင်းလူမှ ပြောလိုက်ပြီး "သောက်စရာကော ဘာရှိလဲ..."

"အကုန်ရှိတယ်... စားပွဲပေါ်မှာ မီနူးရှိပြီးသား... ရှင့်ဘာရှင် ဖတ်ပြီးတော့ သောက်ချင်တာမှာလိုက်..."

"ဟီးဟီး... ဦးက တစ်နေကုန် အလုပ်ပင်ပန်းလာတာဆိုတော့ ကိုယ့်ဘာကိုယ် မမှာနိုင်တော့ဘူး... ဘာမှာရင် ကောင်းမလဲလို့ အကြံပြုပေးလေ..."

"ရတယ်.. ခဏစောင့်..."

ဟော်ယွမ်ယွမ် သူမဖုန်းကို ဘေးသို့ ဖယ်လိုက်ပြီး ဘားကောင်တာသို့ သွားကာ ဝိုင်နီတစ်ပုလင်း ဆွဲထုတ်လာခဲ့၏။

"1982 Latour Castle ၊ တစ်ပုလင်း ယွမ် 280,000 ... ဒါ ယူမလား...."

"ဘာပြောလိုက်တယ်... '82 Latour Castle ... "

"ဟုတ်တယ်လေ.. ရှင်ပဲ ကျွန်မကို အကြံပြုခိုင်းနေတာ မဟုတ်ဘူးလား... ကျွန်မကတော့ ဒါလေး မဆိုးဘူးလို့ ထင်တာပဲ.. ကျွန်မတို့ ဆိုင်လာတဲ့ အမျိုးသားတိုင်းက ဒီဝိုင်ကိုပဲ စွဲစွဲမြဲမြဲ မှာကြတာ.... "

"ဒါက...."

Latour Castle မှာ ဝိုင်ကောင်းတစ်ခု ဖြစ်သော်လည်း သူတတ်နိုင်ရန်က လိုအပ်သေး၏။

သက်လတ်ပိုင်း လူကြီးမှာ မျက်နှာအမူအရာကို တည်တံ့လိုက်ပြီး ပကတိ တည်ငြိမ်သည့် လေသံဖြင့် "မိန်းမငယ်လေး... မင်းက ဝိုင်တွေ အကြောင်း သိပ်မသိဘူးနဲ့ တူတယ်.. ဒီရဲ့ ဝိုင်က ဘားတွေ၊ အနောက်တိုင်း စားသောက်ဆိုင်တွေမှာ တွဲဖက်သောက်ရတဲ့ဟာ.. ဥထမင်းကြော်နဲ့ ဝိုင်နီဆိုတာ ဘယ်လိုမှ မလိုက်ဖက်ပါဘူးကွာ... ဦးကို ရေသန့်တစ်ဘူးပဲပေးတော့..."

"ရတယ်လေ..."

"ဘော့စ်.. ဥထမင်းကြော် တစ်ပွဲ .."

သက်လတ်ပိုင်း လူကြီးကို ရေသန့် ကမ်းပေးပြီးနောက် လျစ်လျူရှုကာ ကောင်တာသို့ ပြန်လာခဲ့လိုက်သည်။

ထိုစဉ် ကျီချင်းရန်ကတော့ ဘားကောင်တာတွင် တည်ငြိမ်စွာ ထိုင်နေလေသည်။

သူမ ထိုကဲ့သို့ ကိုယ့်ကိစ္စကိုယ် မလုပ်ပဲ ဖွန်ကြောင်ချင်နေသည့် မျက်နှာထားနှင့် သူများကို အရွံ့မုန်းဆုံးဖြစ်၏။

သူမ အစကတော့ တက္ကသိုလ်၀န်းကျင်၌ ညဘက်ရောက်လျှင် ဧည့် မရှိသလောက် ဖြစ်မည်ဟု ထင်မှတ်ထားသော်လည်း ရောက်လာသည့် ကတ်စတန်မာများက ယခုလို ခပ်များများ ဖြစ်နေလေသည်။

"မိန်းမငယ်လေး.. မင်းတို့ ကြည့်ရတာ နယ်ဘက်ကနဲ့တူတယ်..."

ဥထမင်းကြော်ကို စောင့်ရင်း သက်လတ်ပိုင်း လူကြီးမှ စတင် လေဖုတ်လိုက်၏။

"ဟမ်.. ကျွန်မတို့ ၀တ်စားထားတဲ့ ပုံစံကို ကြည့်လိုက်စမ်း... တောသူမတွေနဲ့ တူနေလို့လား... "ဟော်ယွမ်ယွမ် အမြင်ကတ်စွာ ပြောလိုက်၏။

" ရုပ်လေးတွေက ဒီလောက်လှတာကိုကွာ . ဘာလို့ ဒီမှာ အလုပ်လုပ်နေကြတာ... သနားစရာပဲ... ပညာအရည်အချင်းက သိပ်မရှိကြဘူးနဲ့ တူတယ်.... "

"လူကြီးမင်း.. အဲ့တာ ရှင့်အပူ မဟုတ်ဘူးမလား..."ဟော်ယွမ်ယွမ် ထူးမခြားနားစွာ ပြောလိုက်၏။

"ကောင်းပြီလေ.. ဦး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးမယ်.. ဦးနာမည်က ဖုန်းယွီရှူး ... ကျိုးဟိုင် ဒရာမာ အကယ်ဒမီရဲ့ ရုပ်ရှင်ဒါရိုက်တာ ဌာနမှာ အလုပ်လုပ်နေတဲ့ နည်းပြပဲ... ငယ်ငယ်တုန်းကတော့ 'အနီရောင်မြစ်' နဲ့ 'တောင်ကြားထဲက ခေါ်သံ' ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ဒါရိုက်တာ လုပ်ဖူးတယ်... "

"ကျွန်မတို့ဆိုင်က ဒါရိုက်တာဆိုရင်လည်း ဒစ်စကောင့် မပေးဘူး... "ဟော်ယွမ်ယွမ် သူမဖုန်းကိုသာ ကြည့်ရင်း သက်လတ်ပိုင်းလူကို တစ်ချက် မလှည့်ကြည့်ပဲ ပြောလိုက်သည်။

"အထင်လွဲနေပါပြီ.. ဦးရဲ့ ၀င်ငွေနဲ့ဆိုရင် ဒစ်စကောင့် ရှိတောင် မယူဘူး.. "ဖုန်းယွီရှူး ပြောလိုက်ပြီး "ဦးက မိန်းမလေးတို့နှစ်ယောက် ဒီမှာ အလုပ်ကြမ်း လုပ်နေရတာကို သနားလို့ ပြော‌နေတာနော်.. ပညာမတတ်ဘူးဆိုရင်တောင်မှ ကိုယ့်ရဲ့ လှပမှုကို ကောင်းကောင်းကြီး အသုံးချတတ်ရတယ်.. တကယ်လို့ မိန်းကလေးတို့ စိတ်၀င်စားတယ်ဆိုရင် ဦးရဲ့ ဖုန်းနံပါတ်ကို ချရေးထားလိုက်... အနုပညာ နယ်ပယ်ထဲမှာ ကြယ်ပွင့် တစ်လက်ဖြစ်လာအောင် ကူညီပေးမယ်..."

"သောက်ပတ်ကြီး..."

ထိုစကားကို လင်းရီ ပြောလိုက်ခြင်း မဟုတ်။ ဟော်ယွမ်ယွမ်မှ ဆိုလိုက်ခြင်းပင်။

သူက တကယ်ကြီး ပီကင်း တက္ကသိုလ်ကနေ PhD ရထားတဲ့သူကို ပညာမတတ်လို့ ပြောလိုက်တယ်လား...

ဘယ်လိုတောင် ကြောင်တောင်တောင် နိုင်တာပါလိမ့်.. ပြီးတော့ ကျိုးဟိုင် ဒရာမာ အကယ်ဒမီကလည်း ဘာလို့ ဒီလိုမျိုး ကြောင်တောင်တောင် ဆရာကို ငှားထားတာ..

"ရှင့်လေသံ နားထောင်ကြည့်ရသလောက်တော့ ကျွန်မကို စပွန်ဆာပေးရင်ပေး .. မဟုတ်ရင် တစ်ခုခုပဲ..."

ဟော်ယွမ်ယွမ်မှာ လင်းရီရှေ့တွင် ကျိုးနွံသည့် ယုန်ငယ်လေး တစ်ကောင် ဖြစ်သော်လည်း အခြားသူများ အပေါ်တွင်တော့ အကြောက်အလန့်မရှိ စိတ်ထဲရှိရာကို ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သည့် အမျိုးသမီး ဖြစ်သည်။

သူမက အပြစ်ကင်းစင်ပြီး မနူးမနပ်သည့် မိန်းမငယ်လေး အသွင် ဆောင်နိုင်သကဲ့သို့ အကြည့်တို့ စူးရှပြီး ပုရိသတို့၏ ရာဂသားရဲကို အရိုင်းဆန်သွားအောင် လှုံ့ဆော်ပေးနိုင်သည့် ညငှက်ငယ်လေး တစ်ကောင်လည်း ဖြစ်သွားနိုင်သည်။

အနှစ်ချုပ်ရလျှင်တော့ သူမ အလိုရှိသည့် ဘက်ခြမ်းကို ဆန္ဒရှိသလို ထုတ်ဖော်နိုင်လေသည်။

ဖုန်းယွီရှူး၏ လှည့်ကွက်လေးမှာ ဟော်ယွမ်ယွမ် အရှေ့တွင်တော့ မူကြိုကလေးမျှသာ ရှိ၏။

"မိန်းမငယ်လေး.. မင်းစကားကို ဘယ်လိုတွေ လျှောက်ပြောနေတာ..."

ဖုန်းယွီရှူးလည်း သူမ၏ စကားလုံးကြောင့် ကြက်သေသေသွားလေသည်။

ဒီလိုကိစ္စမျိုးဆိုတာက ဖြည်းဖြည်းချင်း လုပ်ယူရတာလေ.. သေချာအောင် တစ်ဆင့်ပြီးမှ တစ်ဆင့် .... အဆင့်တွေ ကျော်ပြီးတော့ အဓိက အချက်ကို တန်းသွားလိုက်လို့ ဘယ်ကောင်းမှာ..

"မိန်းကလေးရဲ့ ရုပ်ရည်က တော်တော်လေး မဆိုးဘူး ထင်လို့ပါ.. ဒီလောက်လှတဲ့ ရုပ်ရည်ရှိတာတောင်မှ အနုပညာ နယ်ပယ်ထဲ မ၀င်တာတော့ နှမြောစရာပဲ.. ဦးက ကူညီချင်ရုံ စေတနာ သန့်သန့်နဲ့ပဲ... တခြား ဘာစိတ်တွေမှ မရှိဘူး.. တကယ်လို့ အဲ့လို အတွေးမျိုး ရှိနေတယ်ဆိုရင်‌လည်း ဦးတို့ သေချာ စကားပြောလို့ ရပါတယ်... "

"မလိုပါဘူး.. အဓိက အချက်ကိုပဲ တန်းသွားကြမယ်..."

ဟော်ယွမ်ယွမ် သူမ၏ ကားသော့ကို ထုတ်လိုက်ပြီး "ဒါ ကျွန်မကားပဲ.. ကျွန်မနဲ့ တစ်ည အတူအိပ်ချင်တယ်ဆိုရင် ဘယ်လောက်လိုအပ်မယ် ထင်လဲ..."

ပေါ်ချယ် ကားသော့များကို မြင်တော့ ဖုန်းယွီရှူး အတန်ကြာအောင် ကြက်သေသေသွားခဲ့လေသည်။

"မင်း.. မင်းက ပိုက်ဆံရှိပြီးသားပဲ..."

"လှတဲ့ မိန်းကလေးနဲ့ အတူနေချင်ရင်တော့ ဈေးက မြင့်မှာ သဘာ၀ပဲလေ.. ရှင်လည်း သဘောပေါက်မှာပါ..."

ကျီချင်းရန် ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်ပြီး တိတ်ဆိတ်စွာဖြင့်ပဲ ပွဲဆက်ကြည့်နေလိုက်၏။

ဟော်ယွမ်ယွမ်၏ စကားလုံးများမှာ အတော်လေးကို ကြမ်းရှလေသည်။

သူမ ထိုလူကို သဘောမကျသော်လည်း ဒီတိုင်း လျစ်လျူရှုလိုက်မည်ဖြစ်၏။ မည်သို့ပင် ဆိုစေ သူမ ပိုက်ဆံ ရှာရန် လိုအပ်နေသေးသည်။ ထို့ပြင် သူမ မိခင် ကျောင်းတော်၏ ဂုဏ်ကျက်သရေကိုလည်း ညှိုးနွမ်းစေ၍ မဖြစ်ချေ။

"မိန်းမငယ်လေး.. မင်း ဒီ ဦးကို လာစနေတာလား... "ဖုန်းယွီရှူး ပြောလိုက်၏။

"ရှင် အရင် လာစတာ မဟုတ်ဘူးလား..."

ထိုအခိုက်အတန့်တွင် ဖုန်းယွီရှူး ဘာဖြစ်နေလဲဆိုတာကို သဘောပေါက်သွားချေပြီ။

သူ အကဲဖြတ် မှားသွားပုံရ၏။ သူမမှာ စားပွဲထိုး မဟုတ်ပဲ ဆိုင်လာကူပေးသူ ဖြစ်ရမည်။

မဟုတ်ပါက စားပွဲထိုးမှာ ပေါ်ချယ် စီးနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် လင်းရီ ဥထမင်းကြော်တစ်ပွဲနှင့် အတူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့၏။

ဟော်ယွမ်ယွမ် မတ်တပ်ရပ်ပြီး လင်းရီထံမှ လက်ကမ်းယူကာ ဖုန်းယွီရှူး၏ စားပွဲပေါ်သို့ ချပေးလိုက်လေသည်။

ဟော်ယွမ်ယွမ်၏ ပညာပြခြင်းကို ခံရပြီးနောက် သက်လတ်ပိုင်း လူကြီးမှာ အပိုစကားတို့ မဆိုတော့ပဲ တိတ်ဆိတ်စွာ စားသောက်လိုက်လေသည်။

သို့သော်လည်း သူ လျှာပေါ်တင်လိုက်သည့် အခိုက်အတန့်တွင် ဥထမင်းကြော်မှာ အံ့အားသင့်ဖို့ ကောင်းလောက်အောင် အရသာရှိနေကြောင်း သိလိုက်ရ၏။

ဥထမင်းကြော်၏ အရသာမှာ ပြောပြ၍ မတတ်အောင် စားကောင်းလှပြီး သူ ကျပန်း ၀င်ထိုင်လိုက်သည့် စားသောက်ဆိုင်က ထိုမျှ စားကောင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

သတိမမူမိလိုက်ပဲ ဖုန်းယွီရှူး စားသည့် အမြန်နှုန်းမှာ အလိုအလျောက် လျင်မြန်လာခဲ့၏။

ဆယ်မိနစ်ကြာပြီးနောက် ဖုန်းယွီရှူး ယွမ် တစ်ရာတန် တစ်ရွက်ထုတ်ကာ စားပွဲပေါ် ရိုက်လိုက်ပြီး ဟော်ယွမ်ယွမ်ကို ကြည့်လိုက်သည်။

"ဘေလ်ရှင်းမယ်..."

"စုစုပေါင်း ၂၅၉ ယွမ် ကျတယ်.. "ဟော်ယွမ်ယွမ် ပြောလိုက်၏။

"ဘာပြောလိုက်တယ်... ငါ မှာလိုက်တာ ရေသန့်တစ်ဘူးနဲ့ ဥထမင်းကြော် တစ်ပွဲတည်းလေ... အဲ့တာကို တကယ်ကြီစ ၂၅၉ ယွမ် တောင်းနေတယ်ပေါ့.. မင်းတို့ ငွေမက်လွန်းလို့ ရူးသွားပြီလား...ဒါကြီးက ဓားပြတိုက်နေတာပဲ...."

၂၅၉ ယွမ် ဟူသည့် ပမာဏက ဖုန်းယွီရှူးကို ရူးသွပ်သွားစေသည်။

သူ အစက ကျိန်းရန်လမ်းတွင် ဥထမင်းကြော်တစ်ပွဲနှင့် ရေသန့်တစ်ဘူးသောက်ပါက အလွန်ဆုံး ယွမ် ၃၀ မျှသာ ကျသင့်မည်ဟု တွက်ချက်ထားခဲ့၏။ သို့သော်လည်း ၂၅၉ ယွမ် ကျသင့်လိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပေ။

ယင်းက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေခြင်းဖြစ်၏။

အကယ်၍ သူသာ ထိုမျှ ချမ်းသာနေပါက ဥထမင်းကြော်ပင် မှာစားနေလိမ့်မည် မဟုတ်ချေ။

"ရှင့်လိုလူမျိုးကများ ကျွန်မတို့ ဓားပြတိုက်ဖို့ ထိုက်တန်တယ် ထင်နေတာလား..."ဟော်ယွမ်ယွမ် ပြောစရာ စကား ကင်းမဲ့နေပြီး "ပြီးတော့ မီနူးထဲမှာ ဈေးနှုန်း ရေးထားပြီးသား.. ရှင်းရှင်းလင်းလင်းကြီးကို ရေးထားတာ....ပိုလည်း မတောင်းဘူး... "

ဖုန်းယွီရှူး မီနူးကို အရေးတကြီး လှန်ကြည့်လိုက်သောအခါ ဥထမင်းကြော်တစ်ပွဲ၏ တန်ဖိုးမှာ အမှန်ပင် ၁၈၉ ယွမ် ကျသင့်ကြောင်း တွေ့ရှိလိုက်ရ၏။

ဒါဆို ငါ သောက်တဲ့ ရေသန့်ဘူးက ယွမ် ၇၀ တောင်မှပေါ့...

မြတ်စွာဘုရား...

"ဒါ မတန်တဆဈေးပဲ.. မင်းတို့ တော်ရုံဈေးနဲ့ ရောင်းတာပဲ ကောင်းမယ်နော်.. မဟုတ်လို့ကတော့ ငါ တိုင်တောပစ်လိုက်မှာ..."

ထိုအခိုက်အတန့်တွင် လင်းရီ မီးဖိုချောင်ထဲမှ ထွက်လာပြီး "ခင်များ ပြောတဲ့ တော်ရုံဈေးက ဘာကြီးလဲ....."

"မင်းပါးစပ်ကိုပိတ်... ငါမင်းကို နံပါတ်တစ်ခုတည်း ပြောမယ်.. ငါ့ကို အအမ်းပြန်ပေး..."

ဖုန်းယွီရှူး လက်ညိုးတစ်ချောင်း ထောင်လိုက်ပြီး အင်မတန် လေးနက်သည့် လေသံဖြင့် "၉.၉၀ ယွမ်.... ပြီးတော့ နောက်ထပ် ရေသန့် သုံးဘူးပေး…”

All Chapters