← Chapters

နွမ်းပါးသော စုံတွဲ၏ ဒုက္ခများ

Vol. 40 Ch. 589

နွမ်းပါးသော စုံတွဲ၏ ဒုက္ခများ

Vol. 40 Ch. 589

'အမ်...'

လင်းရီနှင့် ဟော်ယွမ်ယွမ်တို့ ဖုန်းယွီရှူးကို ငကြောင် တစ်ကောင်အလား ကြည့်လိုက်ကြသည်။

"ဘိုးတော် ခင်များ လာနောက်နေတာလား..."

"စကားလမ်းကြောင်း မလွဲနဲ့.."ဖုန်းယွီရှူး နှာခေါင်းရှုံ့လိုက်ပြီး "မင်းတို့ နှလုံးသားမည်းညစ်တဲ့ သူဌေးတွေက အားနည်းသူကို အနိုင်ကျင့်ကြပြီး အားကြီးသူကျတော့ ဖင်တုန်အောင် ကြောက်တတ်ကျတဲ့ကောင်တွေ.. မြန်မြန် ငါပြောတဲ့အတိုင်း လုပ်စမ်း... မဟုတ်လို့ကတော့ ငါ့ရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ဆိုရင် မင်းတို့ မနက်ဖြန် ဒီဆိုင်ကို ပိတ်လိုက်ရလိမ့်မယ်..."

"ရှင့် ဘက်က အချိန်တွေ အားယားနေတယ်ဆိုရင် တိုင်လိုက်..."ဟော်ယွမ်ယွမ် ပြောလိုက်၏။

ကျိုးဟိုင်ရှိ ထိပ်သီး ခေါင်းဆောင်များပင်လျှင် သူမ၏ ဘော့စ်အား မဝေဖန်ဝံ့ရာ ဘာမဟုတ်သည့် ပါမွှား ဒါရိုက်တာလေးက ဖုန်လာထပြနေသည်လော။

အကယ်၍ ထိုသူများကိုယ်တိုင် ရောက်လာခဲ့လျှင်တောင် သူမ ဘော့စ်ကို ရိုရိုသေသေနှင့် ဆက်ဆံရပေမည်။

"တည်ငြိမ်နေတဲ့ပုံ လာဖမ်းမနေနဲ့..."ဖုန်းယွီရှူး ဟော်ယွမ်ယွမ်ကို လက်ညိုးထိုးလိုက်ပြီး "ဒီဆိုင်က အမြတ်ကြီးစားတဲ့ ဆိုင်ပဲ... မင်းတို့က အနီးတစ်ဝိုက်က ကောလိပ်ကျောင်းသားတွေကို အလှအပနဲ့ မြူဆွယ်ပြီးတော့ သူတို့ရဲ့ ပိုက်ဆံတွေကို ရိတ်သိမ်း...."

ဘန်း...

စကားမဆုံးမီ လင်းရီ၏ လျှင်မြန်သည့် ခြေထောက်က ဖုန်းယွီရှူး၏ ရင်၀ကို နှုတ်ခွန်းဆက်လာလေသည်။ "သေချင်နေရင် တစ်ခွန်းတည်းပြောလိုက်.. အခု အရောက်ပို့ပေးလိုက်မယ်..."

"မင်း... မင်း.. မင်းတို့ကောင်တွေ စည်းကျော်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်နေတယ်...."သက်လတ်ပိုင်း လူကြီးမှာ ကြမ်းပြင်တွင် လဲကျသွားခဲ့ပြီး ရင်ဘက်ကိုဖိလျက် ထိတ်လန့်အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်၏။

"တစ်ချက်တည်းနဲ့ အသေမသတ်လိုက်တာတောင် မျက်နှာသာပေးလွန်းနေပြီကို.. မြန်မြန် ပေးစရာ ရှိတာ ပေးပြီး လစ်စမ်း..."

ဖုန်းယွီရှူးကဲ့သို့ လူမျိုးမှာ နှုတ်မှ ကရားရေလွှတ် စွာကျယ်စွာကျယ် ပြောတတ်သော်လည်း သတ္တိကြောင်သည့် လူစားမျိုးဖြစ်၏။ လင်းရီကဲ့သို့ ကမူးကရှူးနိုင်သည့် လူမျိုးနှင့် ကြုံသောအခါ ချက်ချင်း အမြီးကုပ်သွားကြလေသည်။

"ငါ... ငါ.. ငါ့မှာ အဲ့လောက် ပိုက်ဆံ အများကြီး မရှိလို့ပါ.. ဥထမင်းကြော် တစ်ပွဲက အဲ့လောက် ဈေးကြီးလိမ့်မယ်လို့ တကယ်ကြီး ထင်မထားဘူး..."

ဟော်ယွမ်ယွမ် မျက်လုံးလှိမ့်လိုက်၏။ ထိုသူက ၂၅၉ ယွမ်ပင် မရှိပဲနှင့် သူမ၏ အလှကို မြည်းစမ်းကြည့်ချင်နေသည်လော။

ငါ့ရုပ်က အဲ့လောက် ဈေးပေါတဲ့ရုပ် ပေါက်နေလို့လား...

"ဒါဆိုလည်း မင်းမိသားစု၀င်တွေကို ဖုန်းဆက်ပြီး ပိုက်ဆံ ယူလာခဲ့ပေးဖို့ ပြောလိုက်ကွာ... "လင်းရီ ပြောလိုက်ပြီး "ဆိုင်ထဲ၀င်လာပြီးတော့ ပိုက်ဆံမပေးဘဲ အလကား စားချင်နေတယ်ပေါ့... ဟမ့်..."

"လင်းရီ.."

ကျီချင်းရန် မတ်တပ်ရပ်လိုက်ပြီး "ထားလိုက်ပါဟယ်.. သူ့မှာ ရှိသလောက်ပဲ ယူထားလိုက်.. ဥထမင်းကြော်ဖိုး ကာမိတယ်ဆိုရင်ကိုပဲ အဆင်ပြေလှပြီ..."

မည်သို့ပင်ဆိုစေ ကျီချင်းရန်မှာ ကြင်နာတတ်သည့် အမျိုးသမီး တစ်ယောက်ဖြစ်၏။

အကယ်၍ လင်းရီနှင့် ဟော်ယွမ်ယွမ်တို့ နှစ်ဦး၏ စိတ်ဖြင့်သာ ဆိုလျှင် ထိုသက်လတ်ပိုင်း လူကြီးမှာ တစ်ပြားမကျန် အရေခွံ နွှာခံရပြီး ဖြစ်သည်။

"ငါ့ ငါ့မှာ ၂၁၀ ယွမ် ရှိတယ်... ငါ အားလုံး ပေးပါ့မယ်ကွာ... ချမ်းသာပေးပါ..."

"ဟမ့်.. အစ်မကျီက ရှင့်ကိုယ်စား ပြောပေးလို့ ရှင်သက်သာသွားတယ်မှတ်...မဟုတ်လို့ကတော့ ထွက်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့"

"ဟုတ် ဟုတ် ကျေးဇူးတင်ပါတယ် သူဌေး.. ကျေးဇူးတင်ပါတယ် သူဌေးကတော်..."ဖုန်းယွီရှူး သူ့အိတ်ကပ်ထဲရှိ ပိုက်ဆံများအာလုံးကို စားပွဲပေါ် တွင် တင်လိုက်ပြီး ဆိုင်ထဲမှ ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးသွားခဲ့တော့၏။

"အစ်မကျီ.. နင်က အရမ်း သနားလွယ်တာပဲ.. ဒီလိုပုံစံမျိုးနဲ့ ဆိုလို့ကတော့ စီးပွားရေး ဆက်လုပ်လို့ အဆင်မပြေဘူးနော်..."

ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ဘော့စ်ကိုပဲ ကြည့်လိုက်... ယောက်ျားဆိုတာ စကားများများ မပြောဘူး...ထက်မြက်ပြီး ရဲဝံ့တယ်... တကယ်လို့ ဘော့စ်ကြောင့်သာ မဟုတ်ဘူးဆိုရင် လင်းယွမ် အုပ်စုက ဒီနေ့လို အရွယ်အစားထိ ကြီးထွားလာမှာ မဟုတ်ဘူး..."

"ငါ တခြားကိစ္စတွေ အများကြီး လုပ်နိုင်တယ်... ဒါပေမယ့် အကြင်နာတရား ကင်းမဲ့တဲ့ လုပ်ရပ်ကိုတော့ ငါမလုပ်နိုင်ဘူး..."

"တကယ်လို့ ငါ လုပ်နိုင်တယ်ပဲ ထားဦး.. လင်းရီက လုပ်ခွင့်ပြုမှာ မဟုတ်ဘူး..."

"အဆင်ပြေပါတယ်... ချင်းရန်က လုပ်ချင်ရင် ငါတို့ တံခါးပိတ်လိုက်မယ်လေ... အဲ့တာဆို လုပ်ချင်တာ လုပ်လို့ ရပြီ..."

"နင့်အိပ်မက်ထဲမှာပဲ ရမယ်..."ကျီချင်းရန် ပြောလိုက်ပြီး "မြန်မြန် ပစ္စည်းတွေ သိမ်းတော့.. ဆိုင်ပိတ်ကြမယ်..."

"အွန်း... မြန်မြန်ပိတ်ကြစို့.."ဟော်ယွမ်ယွမ်မှ ပြောလိုက်ပြီး "ငါလည်း စာရင်း ၀င်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကိုင်တွယ်စရာ ကိစ္စလေးတွေ ကျန်နေသေးတယ်..."

ပစ္စည်းများ သိမ်းဆည်းပြီးနောက် သုံးယောက်သား စားသောက်ဆိုင်မှ ထွက်လာခဲ့ကြလေသည်။

ဦးတည်ရာ မတူသောကြောင့် ဟော်ယွမ်ယွမ်မှ သူမ၏ Cayenne ကို မောင်း၍ ထွက်ခွာသွားခဲ့၏။

"နင် ဒီနေ့ ဘာကားလဲ မောင်းခဲ့တာ..."ကျီချင်းရန် ‌မေးမြန်းလိုက်၏။

"Koenigsegg ..."

"ဒီနေ့တော့ ထားလိုက်တော့.. မနက်ဖြန်ကျရင်တော့ ငါတို့ ရှာရီပဲ ပြန်မောင်းကြမယ်..."ကျီချင်းရန် ပြောလိုက်ပြီး "မဟုတ်ရင် အရမ်းကို ၀င့်ကြွားရာ ကျလွန်းတယ်..."

"အဲ့လောက်ကြီးလည်း အလေးအနက်ထားစရာ မလိုပါဘူးကွာ..."

"နင် ခုလို လုပ်နေတာတွေလည်း ဘ၀ အတွေ့အကြုံ ခံစားဖို့ပဲ မဟုတ်ဘူးလား... လုပ်မယ့်လုပ်တော့ ထဲထဲ၀င်၀င် လုပ်ရမယ်လေ..."

လင်းရီ ကျီချင်းရန်ကို ကြည့်လိုက်ပြီး စူးစမ်းသည့် လေသံဖြင့် " မင်းတကယ်ကြီး အဲ့လိုမျိုး နေချင်တာ သေချာပြီလား..."

"ဒါပေါ့လို့.. ဒီလိုလုပ်ဖို့ ငါကပဲ အကြံပြုခဲ့တာ လေ.. ဒီတော့ သည်းခံပြီး နေရမှာ သဘာ၀ပဲ..."

"ဒါဆိုလည်း သွားစို့.. ကားကို ထားခဲ့လိုက်.. ဒီနေ့ ဘတ်စ်စကားစီးပြီး အိမ်ပြန်ကြမယ်..."

"ဟင်.. ဘတ်စ်ကားစီးမယ်..."ကျီချင်းရန် ဆက်လက် မတည်ငြိမ်နိုင်တော့ချေ။

"မစီးချင်လို့လား... မင်းရဲ့ မာစီးတီးပဲဖြစ်ဖြစ် ငါ့ရဲ့ Koenigsegg ပဲဖြစ်ဖြစ် ဆီ အသေစားတယ်လေ.. ဒီကနေ ကျိုကျုံးဗီလာအထိဆိုရင် ဓာတ်ဆီဖိုးနဲ့တင် ယွမ် ၆၀ ဖိုးလောက် ကုန်မှာ... မင်း ဒီနေ့ ဘယ်လောက် ရှာနိုင်လဲပဲ တစ်ချက် တွက်ကြည့်လိုက်ဦး...."

"အာ....."

ထိုအခါမှသာ ကျီချင်းရန် အသေးစိတ် အချက်အလက်များစွာကို ကျော်ကြည့်မိသွားကြောင်း သတိထားမိသွား၏။

ယခုလို စူပါကားမျိုးမှာ ဆီအများအပြား သုံးစွဲရ၏။

အကယ်၍ နေ့တိုင်းသာ မောင်းလာမည်ဆိုပါက ဓာတ်ဆီဖိုးကပင် သေးငယ်သည့် ပမာဏ ဖြစ်လိမ့်မည် မဟုတ်ချေ။

"ဟွန့်.. အဲ့တာနင့်ကြောင့်လေ.. အများကြီးလည်း မရှာနိုင်ဘူး..."

ကျီချင်းရန် အောင်မြင်စွာဖြင့် လင်းရီအပေါ် အပြစ်လွှဲချလိုက်၏။သို့သော်လည်း သူမ ရင်ဆိုင်လိုက်ရသည်ကား လင်းရီ၏ ထူးဆန်းသည့် အကြည့်ပင်။

"ဘာလဲဖြစ်လို့.. ငါ့မျက်နှာမှာ တစ်ခုခုပေနေလို့လား..."

"မပေပါဘူး..."လင်းရီ ပြန်ပြောလိုက်သည်။

"ဒါဆို ခုနက ငါပြောလိုက်တဲ့ စကားလုံးတွေက နင့်ရဲ့ ခံစားချက်တွေကို နာကျင်သွားစေလို့လား..."

"ငါ့ရဲ့ ခံစားချက်တွေကို နာကျင်စေတယ်လား...."

ကျီချင်းရန်မှာ အပြစ်ကင်းစင်သည့် ကလေးလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူမ ဘာမှားသွားလဲဆိုတာကို ယခုတိုင် မသိသေးသောကြောင့် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေ၏။

"ငါတို့ နှစ်ယောက်လုံးက ချမ်းသာတဲ့သူတွေ ဆိုတော့ ဘာမှမဟုတ်ပါဘူးလို့ မင်း ထင်ရင် ထင်နေလိမ့်မယ်.. ဘာလို့လဲဆို‌တော့ ငါတို့ရဲ့ တစ်နေ့တာမှာ ပိုက်ဆံကိစ္စဆိုတာ တွေးပူနေစရာ မလိုဘူးလေ.. ဆိုတော့ ကိစ္စမရှိဘူး..."လင်းရီ ပြောလိုက်ပြီး

"ဒါပေမယ့် ငါတို့ နှစ်ယောက်ရဲ့ လက်ထဲမှာသာ တကယ်ကြီး ယွမ် ၂၀၀ ထက်ပို မရှိတော့ဘူးဆိုရင် အကျိုးဆက်က ဘယ်လိုဖြစ်လာလိမ့်မယ်လို့ ထင်လဲ... "

လင်းရီ၏ စကားလုံးများကို ကြားတော့ ကျီချင်းရန်၏ အမူအရာမှာ တစ်စုံတစ်ခုကို သတိပြုမိလိုက်သကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

"မရည်ရွယ်ပဲ ပြောတယ်ဆိုရင်တောင် ယောက်ျားတစ်ယောက်အနေနဲ့ အဲ့ဒီ စကားမျိုး ကြားရတာ တကယ်ပဲ စိတ်မသက်သာဘူး..."

"ဒါက နွမ်းပါးတဲ့ စုံတွဲတွေရဲ့ ၀မ်းနည်းမှုလို့ ခေါ်တာလား..."

"အင်း အဲ့လိုပြောလည်း ရတယ်..."

လင်းရီ ပြောသည်က အဓိပ္ပယ် အများကြီး ရှိသည်ဟု ကျီချင်းရန် ခံစားနေရသည်။

အမျိုးသားတို့ နွမ်းပါးနေစဉ်တွင် ထိုစကားလုံးများက အကြီးအကျယ် ထိုးနှက်ချက်ကြီးဖြစ်၏။ အထူးသဖြင့် ၎င်း၏ ပါရမီဖြည့်ဘက်တစ်ဦးထံမှ မပြောသင့်ဆုံး စကားများပင်။ အကယ်၍ မိန်းကလေးဖြစ်သူက တစ်ဖက်သူ၏ ခံစားချက်များကို နားလည်ပေးနိုင်ပြီး လှိုင်းလေထန်သည့် အခက်အခဲကာလကို ကျော်လွန်ပြီးနောက် အနာဂတ်တွင် သူမ၏ ခင်ပွန်းဖြစ်သူက ကြယ်နှင့်လကိုပင် ဆွတ်ခူး၍ နားတောင်းပန်ခိုင်းပေလိမ့်မည်။

အကယ်၍ သူမသာ ခံနိုင်ရည် မရှိလျှင်တော့ အနာဂတ်မှာလည်း ပျောက်ဆုံးသွားပေမည်။

"ခစ်ခစ်..."

ကျီချင်းရန် ရုတ်တရက် ပြုံးလိုက်ပြီး လင်းရီ၏ လက်ကို ဆွဲကာ "ဒါဆိုလည်း သာမန်လူတွေလိုမျိုး နေကြမယ်လေ..."

"ဘယ်လိုမျိုးလဲ..."

"နင့်ရဲ့ သက်လုံက အရမ်းကောင်းတယ်မလား..."

"အမ်..."

လင်းရီ၏ ၀မ်းဗိုက်အောက်တွင် မီးလုံးတောက်လောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ထိုခံစားချက်ကလည်း တဖြည်းဖြည်း ကြီးထွားလာခဲ့၏။

"သေချာပေါက် ကောင်းတာပေါ့ကွ.. တစ်နေ့လုံး တစ်ညလုံး မနားတမ်း စွမ်းဆောင်နိုင်တယ်..."

"ဒါဆို ငါတို့ ကားလည်း မစီးဘူး.. ဘတ်စ်ကားလဲ မစီးဘူး.. သုံးဘီးနဲ့ အိမ်ပြန်ကြမယ်..."

လင်းရီ "....."

လင်းရီ ကျီချင်းရန်၏ ပါးကို ဆွဲညစ်လိုက်ပြီး "နှိုးထတော့ .. ဒီနဲ့ ကျိုကျုံးဗီလာဆိုရင် ကီလိုနှစ်ဆယ်လောက် ဝေးတယ်... ငါ့ကို ပမ်းသေအောင် သတ်နေတာလား..."

"ငါ့ကို နင်ဘယ်လောက်ထိ သန်မာလဲ ပြလေ..."

"ငါ့ သက်လုံက အရမ်းကောင်းတယ်ဆိုရင်တောင် သုံးဘီးဆိုင်ကယ်ကို အဲ့လောက် အဝေးကြီး မောင်းဖို့ မလုံလောက်သေးဘူး..."

"ဒါဆို နင့်သက်လုံက ဘာသွားသုံးစားရတော့မှာ...."

"မင်းလေးရဲ့ ခန္ဓာကိုယ်အတွက် အရမ်း အသုံးကျတယ်လေ.. ဒီက နတ်ပြည်ရောက်အောင် ပို့ပေးဖို့ အပြည့်အ၀ အာမခံတယ်..."

"ဟွန့်.. ညစ်ပတ်တဲ့ နှာဘူးကောင်ကြီး... ငါ့ကို နေ့တိုင်း အနိုင်ကျင့်တာကလွဲရင် တခြားဘာမှ မတတ်ဘူးမလား..."ကျီချင်းရန်၏ ချစ်စဖွယ်မျက်နှာထက်တွင် စိတ်ဆိုးနေသည့် အမူအရာမှာ ပေါ်ပေါက်လာခဲ့၏။

လင်းရီ ရယ်မောလိုက်ပြီး "ဘာလို့လဲဆိုတော့ မင်းကို အနိုင်ကျင့်ရတာက အရမ်း ပျော်စရာ ကောင်းလို့လေ..."

ကျီချင်းရန် နှာခေါင်းရှုံ့လိုက်ပြီး "ဒီနေ့တော့ ဒါနဲ့ပဲ ပြန်မယ်.. မနက်ဖြန်ကျရင်တော့ ရှာရီလေးပဲ မောင်းတော့... Koenigseggက ဆီစား အရမ်းကြီးတယ်... နင်တခြား နေရာသွားမယ်ဆိုရင်တော့ မောင်းချင်ရင် မောင်း.. ဒါပေမယ့် ဆိုင်လာမယ်ဆိုရင်တော့ မောင်းမလာခဲ့နဲ့... မဟုတ်ရင် ငါတို့ကျန်တဲ့ ပိုက်ဆံထဲက အနှုတ်ခံရမှာ..."

"ကောင်းပြီလေ.. ချင်းရန် ပြောတဲ့အတိုင်းပဲပေါ့..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ကျိုကျုံးဗီလာကို မသွားတော့ဘူး.. မင်းရဲ့ ယွင်ရွှေဗီလာဆီသွားမယ်..."

"ငါ့နေရာကိုလား.. ဘာလို့လဲ..."

"မေးခွန်းတွေ အများကြီး မမေးနဲ့.. မင်းရောက်ရင် သိလိမ့်မယ်..."

ကျီချင်းရန် သင်္ကာမကင်း ဖြစ်သွားခဲ့၏။

ဒီကောင်က သူမရဲ့ ဗီလာမှာ ဘာလဲလုပ်ချင်နေတာ...

တကယ်လို့ သူ မကောင်းတာ တစ်ခုခု လုပ်ချင်ရင်တောင် သူမ နေရာ သွားဖို့ မလိုဘူးလေ...

ယုတ္တိကျကျ ပြောရလျှင်တော့ လင်းရီမှာ အဆိုပါ ကိစ္စပြုချင်ပါက နေရာနှင့် အချိန်တို့ ရွေးနေလိမ့်မည် မဟုတ်ချေ။

All Chapters