နင်သာ လက်ထပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ငါလည်း နင့်ကို လက်ထပ်မယ်
Vol. 40 Ch. 590
လင်းရီ အနောက်တံခါးသို့ သွား၍ Koenigsegg ထံ ပြန်လာခဲ့လိုက်၏။
ကျီချင်းရန်ကတော့ သူမ၏ မာစီးတီးဖြင့် ယွင်ရွှေဗီလာသို့ ပြန်သွားခဲ့လေသည်။
"နင် ဘာလဲ လုပ်မလို့.. တစ်ခုခု လိုချင်လို့လား..."ကျီချင်းရန် မေးမြန်းလိုက်ပြီး "ငါ နင့်အတွက် ၀ယ်ထားပေးတဲ့ အ၀တ်တွေ အကုန်လုံးကလည်း ကျိုကျုံးဗီလာဆီ ပြန်ရောက်နေပြီလေ..."
"မင်းရဲ့ အ၀တ်အစားတွေကို လာယူတာ..."
"ငါ့ရဲ့ အ၀တ်အစားတွေ... ငါ ပုံမှန် ၀တ်တဲ့ အ၀တ်အစားတွေက ကျိုကျုံးဗီလာမှာပဲလေ.. "
"ဒါပေမယ့် မင်းရဲ့ အ၀တ်တွေက အရမ်း မျက်စိ ဖမ်းစားနိုင်လွန်းတယ်လို့ မထင်ဘူးလား.. "လင်းရီ ပြောလိုက်ပြီး "ဟို ကောင်စုတ်လေးတွေက မင်းကို မြင်တာနဲ့ အကြည့်ကို မလွှဲနိုင်ကြဘူး.. ဒါကြောင့်မို့ ပိုသာမန်ဆန်တဲ့ အ၀တ်လေးတွေ ၀တ်ပြီးတော့ မျက်စိအမြင် ဖမ်းစားတာကို ရှောင်ရမယ်... "
ကျီချင်းရန် လင်းရီကို ဖျော့ဖျော့လေး ပြုံးပြလိုက်ပြီး "နင် သ၀န်တိုနေတာတော့ မဟုတ်ပါဘူးနော်... ဒါပေမယ့် ဟို မိန်းကလေးတွေလည်း နင့်ကို ကြည့်နေကြတာပဲ မဟုတ်ဘူးလား... ဒီနေ့ လာတဲ့ စုံတွဲဆိုရင် အစက သူတို့ ပြန်ကြတော့မလို့ပဲ.. ကောင်မလေးက နင့်ကို မြင်လိုက်တာနဲ့ ချက်ချင်းကို မပြန်တော့ဘူးဆိုပြီး ဖြစ်သွားတာ..."
"သူတို့ ငါ့ကို ကြည့်တာက ဘာမှ မဖြစ်ဘူး.. ဒါပေမယ့် အဲ့ကောင်တွေကတော့ မင်းကို ကြည့်လို့မရဘူး... တကယ်လို့ ကိုယ့်ဘာသာ မရှာဘူးဆိုရင် ငါ ကိုယ်တိုင် ရှာပေးမယ်..."
"ဟင့်အင်း မဖြစ်ဘူး..."ကျီချင်းရန် လင်းရီရှေ့တွင် လက်နှစ်ဖက်ဖြန့်၍ ဟန့်တားလိုက်ပြီး "ငါ့ရဲ့ အတွင်းခံတွေကလည်း အထဲမှာ .. နင် လုံး၀ ၀င်လို့ မရဘူး..."
"ဘာလဲဖြစ်လို့.. မင်းရဲ့ အတွင်း၀တ်တွေကို ငါ မမြင်ဖူးတာ ကျနေတာပဲ..."
"နင် မြင်တယ်ဆိုတာက အထူး အခြေအနေ တစ်ခုမှာလေ.."ကျီချင်းရန် ဆက်လက် ဟန့်တားထားပြီး "ဒီလိုလုပ်... ငါနင့်ကို ဆုသေးသေးလေး ပေးမယ်... ငါ အ၀တ်အစားလဲတာ ကြည့်ခွင့်ရမယ်ဆိုရင်ကော..."
"အင်း.. အဲ့ဒီ အပေးအယူကတော့ တကယ်မဆိုးဘူး... "
"ကျွတ်.. နှာဘူးကောင်..."
ကျီချင်းရန် အ၀တ်ဗီယိုထံ သွားလိုက်ပြီး "ငါ ညနေခင်း လမ်းလျှောက်ရင် ပြေးဖို့ဆိုပြီး အဖြူရောင် တီရှပ်တွေ အများကြီး ၀ယ်ထားတာတော့ရှိတယ်... သာမန် အ၀တ်အစားတွေပဲ ဆိုတော့ အဆင်ပြေတယ်မလား..."
"ပြဿနာ မရှိဘူး..."
"ဒါဆို ဆိုင်သွားတဲ့ အချိန်ကျရင် ငါ စကတ်တွေ မ၀တ်တော့ဘူး.. ဂျင်းပဲ ၀တ်တော့မယ်... အမ်.. အဲ့လိုကျ ငါ့မှာ ရှိတဲ့ သာမန်အ၀တ်တွေက အဲ့တာ အကုန်ပဲကော... ရွေးချယ်စရာကလည်း သိပ်မရှိပြန်ဘူး..."
"ဒါဆို ဘာမှ လုပ်စရာ မရှိရင် ငါနဲ့ မီးဖိုချောင်မှာ လာနေ... မျက်နှာကို အရမ်း မပြနဲ့..."
"အင်းပါ အင်းပါ.. ကိုယ်တော့် ဆန္ဒအတိုင်းပါပဲ...."
သူမ လင်းရီ၏ ထိန်းချုပ်ချင်း ခံနေရသော်လည်း ကျီချင်းရန် ချုပ်ချယ်နေသည်လို့ မခံစားရပဲ ပိုလို့ပင် နှစ်ခြိုက်မိလေသည်။
ယင်းက လင်းရီ၏ စိတ်ထဲတွင် သူမက စိုးမိုးထားကြောင်း သေချာနေသောကြောင့် မဟုတ်ပါလော။
"ခစ်ခစ်.. လင်းရီ... နင် ဒီ၀တ်စုံကို ဘယ်လိုမြင်လဲ... "
ကျီချင်းရန် ဗီယိုထဲမှ ရင်ဘက်သာ ဖုံးအုပ်ထားပြီး ကျန်သည့် နေရာများကို လှစ်ဟပြထားသည့် ၀တ်စုံတစ်စုံကို ထုတ်၍ သူမကိုယ်နဲ့ တိုင်းကြည့်ရင်း လင်းရီကို မေးမြန်းလိုက်သည်။
"ငါ ၀ယ်ထားတာ နှစ်၀က်လောက်တောင် ရှိပြီ.. ဒါပေမယ့် တစ်ခါမှ ထုတ် မ၀တ်ရသေးဘူး.. ဒီ၀တ်စုံနဲ့သာ နင့်ဆိုင်လာလိုက်လို့ကတော့ လူတွေ ကြိတ်ကြိတ်တိုးသွားမလား မသိဘူးနော်...."
"ကြည့်ရတာ ချင်းရန်က အရိုက်မခံရတာကြာတော့ ယားနေပြီနဲ့တူထင်တယ်..."
လင်းရီ သူမထံ ခုန်အုပ်လာခဲ့၏။ သူမ ဒုက္ခရောက်တော့မည်ကို သိတော့ ကျီချင်းရန် တစ်ဖက်သို့ ရှောင်တိမ်း၍ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။ သူမ၏ ဆည်းလည်းသံကဲ့သို့ တခစ်ခစ် ရယ်မောသံမှာ ဗီလာထဲတွင် ပျံ့လွင့်နေလေသည်။
"ခစ်ခစ်... လင်းရီ ... နင်ငါ့ကို မိအောင် မဖမ်းနိုင်ပါဘူး..."
လင်းရီ၏ လက်မှ လွှတ်အောင် ပြေးရန်အတွက် ကျီချင်းရန် သူမအခန်းထဲတွင် ပုန်းအောင် နေရန် အစီအစဉ်ဖြင့် သူမအခန်းထဲသို့ ရောက်ရှိလာသည်။
သို့သော်လည်း သူမ တံခါး သော့ခတ်တော့မည့် အချိန်တွင် လင်းရီ၏ ကိုယ်မှာ တစ်၀က် ၀င်ရောက်နေပြီး အလင်းကဲ့သို့ အမြန်နှုန်းဖြင့် သူမ အိပ်ခန်းထဲသို့ ၀င်ရောက်၍ ရင်ခွင်ထဲသို့ ဆွဲထည့်ရင်း မွေ့ယာပေါ်သို့ ရောက်ရှိသွားတော့၏။
"ခစ်ခစ်.. လင်းရီ ယားတယ်လို့..."
လင်းရီ ရုန်းရန် အခွင့်အရေးမပေးပဲ သူမကို ကလိယားထိုးလိုက်၏။ ထို့နောက် သူမကို အပေါ်စီးမှ အုပ်မိုးရင်း နှစ်ယောက်မှာ အကြည့်ချင်း ဆုံသွားကြလေသည်။
ကျီချင်းရန်၏ ပါးမှာ ရှက်ရွံ့မှုကြောင့် ကြက်သွေးရောင် သမ်းနေပြီး လင်းရီ၏ ဝါးမျိုချင်နေသည့် အကြည့်ကို ရင်မဆိုင်ဝံ့ဟန်ဖြင့် မျက်လုံးတို့ မှိတ်ထား၏။ သူမ၏ ရင်ဘက်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်နေလေသည်။
လင်းရီ သူ၏ ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ပြီး ကျီချင်းရန်၏ နှုတ်ခမ်းအား သိမ်မွေ့စွာ အနမ်းချွေလိုက်၏။ ထို့နောက် လည်ပင်းတစ်ဝိုက်သို့ နမ်းရှုံ့ရင်း ကျီချင်းရန်မှာ၏ သာယာစွာ ညဉ်းညူနေတော့သည်။
သို့သော်လည်း သူမ၏ လက်နှစ်ဖက်က လင်းရီ၏ နောက်ကျောကို တင်းကြပ်စွာ ပွေ့ဖက်ထားကြောင်း သတိပြုမိလိုက်သောအခါ လင်းရီ မျက်လုံးအရောင်များ တောက်ပသွားခဲ့၏။ ယင်းက ခွင့်ပြုသည့် သဘောပင် မဟုတ်ပါလော။
နှစ်ယောက်မှာ အနမ်းတို့ ခြွေရင်း လင်းရီ၏ လက်က ကျီချင်းရန်၏ ကိုယ်ပိုင်ဂူလေးဆီသို့ တဖြည်းဖြည်း ကျူးကျော်လာခဲ့တော့သည်။ သို့သော်လည်း ထိုအချိန်တွင် လက်တစ်ဖက်က ရုတ်ချည်း ဟန့်တားလာခဲ့၏။
"ဒီနေ့တော့ မဖြစ်သေးဘူး..."
"အန်တီ လာနေတာလို့တော့ ငါ့ကို မပြောနဲ့..."
"အွန်း.. ဒီနေ့က တကယ်ကြီး အန်တီလာနေတာ..."
လင်းရီ ရုတ်ချည်း စိတ်၀င်စားမှုတို့ ဆုံးရှုံးသွားခဲ့တော့၏။ သူ့အတွက် ယခုလို လေထုအခြေအနေမျိုး ဖန်တီးရန်မှာ မလွယ်ကူပေ။ သို့သော်လည်း အဆိုပါ သောက်ကျိုးမပေးသည့် အန်တီမှာ အချိန်ကောင်းတွင်မှ ရောက်လာခဲ့ရ၏။
ဒါ လုံး၀ ကပ်ဆိုက်တာပဲ...
လင်းရီမှ သူမကို လွှတ်ချလိုက်သည်ကို ခံစားမိတော့ "လင်းရီ.. မသွားသေးနဲ့ဦး..ခုနကလို ငါ့ကို ပြန်ပွေ့ဖက်ထားပေးဦး... "သူမ လင်းရီ ကြားနိုင်ရုံမျှ တိုးညင်းသည့် လေသံဖြင့် တောင်းဆိုလိုက်သည်။
အခန်းထဲရှိ လေထုမှာ ငြိမ်ကျသွားသည့် ဒီရေလှိုင်းများကဲ့သို့ပင်။ ကြမ်းတမ်းခက်ထန်သည့် လှိုင်းတို့မှာ ကမ်းစပ်ကို ပုတ်ခတ်နေခြင်း မရှိသော်ငြား လူနှစ်ဦးမှာ ခံစားချက်ချင်း ဆက်သွယ်နေကြ၏။
နှစ်ယောက်မှာ တစ်ဦးကိုတစ်ဦး ညင်သာစွာ ပွေ့ဖက်ထားကြပြီး လင်းရီမှာ အပေါ်စီးမှ ဖိကပ်ထားသော်လည်း ကျီချင်းရန် မွန်းကြပ်မှုကို ခံစားရခြင်းမရှိ၊ လင်းရီ၏ အားကောင်းမောင်းသန် ပခုံးထက်တွင် မေးတင်၍ ညင်သာစွာ မေးမြန်းလာခဲ့၏။
"လင်းရီ .. နင်ငါ့ကို သဘောကျလား..."
"မေးနေစရာတောင် လိုနေသေးလို့လား...အရမ်း သဘောကျတာပေါ့..."
"ငါလည်း နင့်ကို သဘောကျတယ်..."
လင်းရီ ကြက်သေသေသွားခဲ့၏။ ယင်းက ကျီချင်းရန်အတွက်တော့ အဆုံးစွန်သော သတ္တိတို့ဖြင့် ပြောလိုက်ခြင်း ဖြစ်ကြောင်း နားလည်ပေသည်။
"ဒါဆို နင် ငါ့ကို အနာဂတ်ကျ လက်ထပ်ယူမှာလားဟင်..."
"တကယ်လို့ မင်းကိုမှ လက်ထပ်မဘူးဆိုရင် ဘယ်သူ့ကို သွားယူရမှာ.. အဲ့ဒီ ငွေသရဲမ ဟော်ယွမ်ယွမ်ကိုလား..."
"ခစ်ခစ်.. နင်သာ ငါ့ကို လက်ထပ်ဖို့ ဆန္ဒရှိနေသရွေ့ ငါလည်း နင့်ကို လက်ထပ်မှာပါ..."
လင်းရီ စကားဆက်ပြောတော့မည့် အချိန်တွင် ကျီချင်းရန်မှ သူ့ကို ပို၍ တင်းကြပ်စွာ ဖက်ထားကြောင်း သတိမူမိလိုက်၏။
"ဒါဆိုရင် ကတိပေး.. နင်နောက်ဆိုရင် ဘယ်မိန်းကလေးနဲ့မှ ကလူကျီစယ်တာတွေ မလုပ်ပါဘူးလို့... ငါလည်း နင့်လိုပဲ.. နင့်ကို တခြား မိန်းကလေးတွေ ကြည့်နေကြတာကို မလိုချင်ဘူး... "
"ဒါဆို ငါ နောက်ကျ အပြင်သွားရင် မျက်နှာဖုံး တပ်သွားလိုက်မယ်လေ.. အဲ့တာဆို မင်းလည်း စိတ်ချရောပေါ့..."
"ခစ်ခစ် ... အဲ့လိုမျိုး လုပ်စရာ မလိုပါဘူး..ငါက ကတိပေးတာပဲ လိုချင်တာ.."
"အင်း.. ငါ ကတိပေးတယ်.."
အခန်းထဲရှိ လေထုမှာ ယခုအတိုင်း ဆက်လက် တည်ရှိနေပြီး နှစ်ယောက်မှာ ပွေ့ဖက်ထားကြကာ စကားတစ်ခွန်းမျှ မဆိုချေ။ ယင်းကပင် စကားလုံးတို့ ထောင်သောင်းချီ ပြောကြားသည်ထက် ပို၍ လေးနက်မှုရှိလေသည်။
ကျီချင်းရန် ကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်ပြီး လင်းရီအပေါ်မှ အုပ်၍ ကြည့်လိုက်၏။
သူမ၏ မျက်၀န်းများမှာ ရေကန်ထဲမှ လရိပ်ကဲ့သို့ တောက်ပနေပြီး လေးနက်မှုနှင့် သိမ်မွေ့မှုတို့မှာ ဒွန်တွဲနေလေသည်။
"ဒါဆို ငါက ခုက စပြီးတော့ နင့်ရဲ့ ချစ်သူဖြစ်သွားပြီနော်... "
"ဒါပေါ့.. မစ္စလင်း.."
"ခစ်ခစ် .. ငါကြိုက်တယ်.. နောက်တစ်ခေါက်လောက် ထပ်ခေါ်ပါဦး..."
"မစ္စလင်း.. လေဒီဘော့စ်..."
"လေဒီဘော့စ်.. မစ္စလင်း..."
"ခစ်ခစ်..ကောင်းတယ် ကောင်းတယ်..."
ကျီချင်းရန်၏ လှပသည့် မျက်လုံးတို့မှာ ဆန်းသစ်စ လခြမ်းကဲ့သို့ ဖြစ်သွားခဲ့ပြီး "ဒါပေမယ့် နင် အိမ်မှာပဲ အဲ့လိုခေါ်ရမယ်နော်... အပြင်မှာ မခေါ်နဲ့..."
"ဘာလို့..."
"ဘာလို့ဆိုတော့ တစ်နေ့ နင့်ထက် ပိုတော်တဲ့သူနဲ့ တွေ့ခဲ့ရင် ထားပစ်ခဲ့မှာမို့လေ..."
လင်းရီ ကျီချင်းရန်၏ တင်ပါးကို ကြမ်းတမ်းစွာ ဆုပ်ကိုင်နယ်ပစ်လိုက်ပြီး "အဲ့လိုလုပ်ရဲရင် ဒီဖင်ကြီး မရှိတော့ဘူးမှတ်... "
"အာ့..."ကျီချင်းရန် ညုတုတု အသံပြုလုပ်ပြီး "ညင်ညင်သာသာလေး လုပ်လေ.. သူများက နောက်နေတာကို..."
ကျီချင်းရန် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်ပြီး "မပူနဲ့.. ငါက ထာ၀ရ နင့်ရဲ့အပိုင်ပဲ.. ကျန်တဲ့သူတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ.. ငါ ဂရုမစိုက်ဘူး...နောက်ပြီး ဒီရဲ့ လောကကြီးမှာ နင့်ထက်သာတဲ့သူမျိုး ရှိဦးမယ်လို့လည်း ငါမထင်ဘူး... "
"အဲ့တာဆို ခုစလိုက်ကြစို့.."လင်းရီ အပေါ်စီးမှ ပြန်နေ၍ သူမ၏ လည်တိုင်များကို နမ်းရှိုက်လိုက်၏။
"ဟင့်...အဲ့လို မဆိုးရဘူးလေ..."
"ဒီညတော့ ကောင်းကောင်းအိပ်လိုက်.. ငါ ထွက်ပြေးမှာလည်း မဟုတ်ပဲနဲ့ကို ဘာတွေ အဲ့လောက် အလျင်လိုနေတာ...
"ဟမ့်... မင်းအကြောင်း မသိရင် ခက်မယ်..."လင်းရီ ပြောလိုက်ပြီး "ဒီနေ့ ပြီးသွားတာနဲ့ ဒီလိုမျိုး အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ဘူး.. တကယ်လို့ အန်တီက ပြန်သွားရင်တောင် ဒီလိုမျိုး အစပျိုးဖို့ဆိုဝာာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး.... "
ကျီချင်းရန် ရှက်ရွံ့သွားခဲ့၏။ လင်းရီက သူမ၏ အတွေးများကို ဖောက်မြင်နေရသည့် နှယ်ပင်။
"လူနှစ်ယောက် ပေါင်းဖက်တယ်ဆိုတာက သဟဇာတဖြစ်တဲ့ ဆက်ဆံရေးနဲ့ တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားတာကြောင့်ပဲ.. အဲ့လိုကိစ္စတွေကြောင့် မဟုတ်ဘူး..."
"ဒါပေမယ့် ငါကတော့ အဲ့ဒီကိစ္စတွေပဲ စဉ်းစားနေမိတယ်ကော..."
"ဟွန့်.. ဘာလို့ဆို နင်က အရမ်းဆိုးနေတာကိုး..."
ကျီချင်းရန် လင်းရီကို တွန်းဖယ်ပြီးနောက် "ကဲ တော်ကြစို့.. ငါနင့်ကို အခွင့်အရေး ပေးယူထားတာတောင် နည်းနည်းလေး များသွားပြီ…”