← Chapters

ဆံပင်လာလုပ်တာ

Vol. 40 Ch. 591

ဆံပင်လာလုပ်တာ

Vol. 40 Ch. 591

ထို့နောက် ကျီချင်းရန် လင်းရီကို မကျေနပ်သည့် အမူအရာဖြင့် ကြည့်လိုက်၏။ သူမ၏ အကြည့်များက ရဲမှ သူခိုးတစ်ယောက်ကို အမှုစစ်နေသည့် အလားပင်။

“ နင်ဘာလို့ အဲ့လောက်အများကြီး သိနေတာ… နင့်ကို ဘယ်သူ ပြောပြတာလဲ မှန်မှန်ပြောစမ်း…”

“ ငါက ဆရာဝန်လေ… သားဖွားမီးယပ် ဆရာဝန် မဟုတ်ဘူးဆိုရင်တောင်မှ ဒါက သာမန် အသိပညာလေးကိုပဲ… ပညာ မတတ်တာနဲ့ပဲ အများကြီး သိနေ တတ်နေလို့ဆိုပြီး အပြစ်တင်လို့ မရဘူးလေ.. ဟုတ်တယ်ဟုတ်…”

ထိုအခိုက်အတန့်တွင်တော့ လင်းရီ သူ၏ အမျိုးသမီးအတွင်းခံ အနံ့ သုတေသနပြုရေး ဌာနရှိ စီနီယာ အစ်ကိုများ ပြောပြထားသည်ကိုတော့ သေအောင် ရိုက်သတ်လျှင်ပင် ပြောပြလိမ့်မည် မဟုတ်ချေ။

“ နင်ကမှ ယဉ်ကျေးမှု မရှိတဲ့ကောင်ကြီးလေ…တော်ပြီ ငါရေသွားချိုးတော့မယ်…”

“ ငါလည်း လိုက်မယ်…”

“ ငါ ရေချိုးတယ်ဆိုရင်တောင်မှ နင်နဲ့ အတူချိုးမှာ မဟုတ်ဘူးနော်… နင့်ကို သားရည်ယိုအောင် လုပ်ပြီး ဒီတိုင်း ပစ်ထားပစ်မှာ..”

“ ဒါဆို ငါရေချိုးရင် မင်းလည်း လာချောင်းမကြည့်နဲ့…”

“ ဟွန့်… တို့က စိတ်ကို မဝင်စားတာ…”

ကျီချင်းရန် အခန်းထဲမှ ထွက်ခွာသွားခဲ့ပြီး လင်းရီလည်း စာကြည့်ခန်းထဲသို့ ဦးတည်လိုက်၏။

ကွန်ပျူတာမှာ ကျိုကျုံးဗီလာရှိ သူ၏ အထူးပြင်ဆင်ထားသည့် ကွန်ပျူတာလောက် မကောင်းမွန်သော်လည်း သေးငယ်သည့် အလုပ်များကိုတော့ ပြုလုပ်၍ ရသေးလေသည်။

ချစ် 3.0 ကို ထုတ်လုပ်နိုင်ရန်အတွက် လင်းရီ အများအပြား အားထုတ်ဖို့ရန် လိုအပ်နေသေးသည်။ မပြီးပြည့်စုံသေးသည့် အချိန်တွင်တော့ လင်းရီ ခိုကပ်နေ၍ မဖြစ်ချေ။

တစ်နာရီကြာပြီးနောက် ကျီချင်းရန် အပြင်ဘက်မှ ရောက်လာခဲ့၏။

သူမမှာ ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တို့မှာလည်း ဆွတ်စိုနေခဲ့သည်။

ရေချိုးထားသောကြောင့် ခြေဖျားမှ ဦးခေါင်းအထိတိုင် မွှေးပျံ့သည့် ရနံ့တို့ သင်းကြိုင်နေလေသည်။

လေပေါ်တွင် ပျံဝဲနေသည့် လီလီပန်းကဲ့သို့ ဖျတ်လတ်ပြီး ကြော့ရှင်းနေတော့၏။

သူမ၏ လက်ထဲတွင် လက်တော့ တစ်လုံးကိုင်ထားပြီး ထိုအပေါ်တွင်တော့ ရေနွေးကြမ်းတစ်ခွက်နှင့် လှီးဖြတ်ထားသည့် သရက်သီးတစ်ပန်းကန် တင်ထား၏။

ထို့နောက် လင်းရီ၏ စားပွဲပေါ်သို့ တင်ပေးကာ “ သရက်သီးနဲ့ ဗီတာမင်စီလေး ဖြည့်လိုက်ဦး…”

လင်းရီမှာ အလုပ်များနေသော်လည်း ကျီချင်းရန်မှ စောစီးအနားယူရန် ဘယ်တော့မှ မတိုက်တွန်းချေ။

အလုပ်ဆိုသည်မှာ ထိုကဲ့သို့ပင်။ မကြိုးစားပဲနှင့် ကောင်းမွန်သည့် ရလဒ်များကို ဆွတ်ခူးနိုင်လိမ့်မည်မဟုတ်ကြောင်း လူတိုင်း နားလည်ပေသည်။

လင်းရီကဲ့သို့ ဥာဏ်ပညာကြီးမားသူပင် နောက်ကွယ်တွင် ကြိုးစားခဲ့ခြင်း မရှိပါက ယခုလိုနေ့မျိုး ရောက်လာလိမ့်မည် မဟုတ်ချေ။

လင်းရီ ခေါင်းညိမ့်လိုက်ပြီး သူ၏ မျက်လုံးများကတော့ စခရင်၌သာရှိ၏။ တစ်ခွန်းမျှ ထပ်မဆိုပဲ သူ၏ အလုပ်ကိုသာ ဆက်လက် အာရုံစိုက်၍ ဂရုတစိုက်နှင့် ကုတ်ရေးသားနေလိုက်သည်။

ကျီချင်းရန်လည်း သူမ၏ လက်တော့ကို ပြန်ယူ၍ ဆိုဖာပေါ်တွင်ထိုင်ကာ ဝီချက်ထဲသို့ ခဏ ဝင်ကြည့်လိုက်သည်။

ထိုသို့ဖြင့် ညဆယ့်တစ်နာရီ ထိုးသွားခဲ့လေသည်။ လင်းရီမှာ ပင်ပန်းခြင်း မရှိသော်လည်း အကယ်၍ သူသာ မအိပ်သေးပါက ကျီချင်းရန်မှာလည်း သူနှင့် အဖော်ပြုပေးလိမ့်မည်ဖြစ်ကြောင်း သေချာနေသောကြောင့် စောစီး အနားယူရန် ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဆိုစေ အိပ်ခန်းထဲတွင်လည်း ကွန်ပျူတာတစ်လုံး ရှိလေသည်။ ထို့ကြောင့် သူ အလုပ်ဆက်လုပ်ရန် ပြဿနာမရှိချေ။

“ မင်း ဘာတွေလည်း လုပ်နေတာ…” လင်းရီ မေးမြန်းလိုက်၏။

“ ငါ မေ့ထွမ်နဲ့ ပူးပေါင်းပြီးတော့ အော်ဒါမှာတဲ့ စနစ်ကို လုပ်လိုက်ရင် ကောင်းမလားလို့ စဉ်းစားနေတာ…. အဲ့လိုဆိုရင် စားသုံးသူတွေ ပိုများလာမယ် ထင်တာပဲ…”

“ ဒါဆို မင်း တစ်ညလုံး ဒါလုပ်ရင်း အလုပ်များနေတာပေါ့…”

“ အွန်း အမှန်ပဲ…”

“ ယွမ်ယွမ်က အရင်တုန်းက မေ့ထွမ်ရဲ့ CFO မလား… သူမ ဒါတွေ အကုန်သိတယ်.. မနက်ဖြန် အားတဲ့အချိန်ကျရင် ပုံလေးတွေ သပ်သပ်ရပ်ရပ်လုပ်ပြီး အက်ပ်ပေါ်တင်လိုက်ရင် ကောင်းမလားလို့…. အဲ့တာဆို ကတ်စတန်မာတွေက မှာစားလိုက်ရုံပဲလေ…”

“ ငါ့အထင်တော့ သိပ်ပြီး ထူးခြားမယ် မထင်ဘူး…” လင်းရီ ပြောလိုက်ပြီး “ အော်ဒါမှာတယ်ဆိုတာက လူလည်း သက်သာပြီးတော့ ဈေးနှုန်းကလည်း တန်မှ… သာမန်လူတွေက ဒီလောက်ထိ ဈေးကြီးတဲ့ ဟင်းလျာတွေကို အော်ဒါတင်မှာ မဟုတ်ဘူး… တကယ်လို့ သူတို့ စားချင်တယ်ဆိုရင်တောင် အော်ဒါတင်ပြီး ဝယ်စားနေမှာ မဟုတ်ဘူး…”

“ ဟုတ်တော့ ဟုတ်တယ်.. ဒါပေမယ့် စမ်းကြည့်တာလည်း မမှားဘူးလေ…”

“ သုံးလေးပွဲပဲ ရောင်းရတယ်ဆိုရင်တောင် အမြတ်ပဲမလား… ဒါပေမယ့် တခြားနည်းလမ်းတစ်ခုတော့ ထပ်စဉ်းစားဦးမှ… မဟုတ်ရင် ငါတို့ရဲ့ နေထိုင်စားသောက်စရိတ်တောင် ဖူလုံမှာ မဟုတ်ဘူး… ဒီနေ့လိုမျိုးပေါ့… ငါတို့ တစ်ရက် ဆိုင်ခန်းငှားခလေးတောင် မကြေလိုက်ဘူး…”

“ ဟိတ် သတိလည်းထားဦးနော်..” လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေပြီး “ ဆိုင်ဖွင့်ထားတယ်ဆိုတာက ဘဝအတွေ့အကြုံ ခံစားဖို့ ဟုတ်တယ်…. ဖရဲသီးရှုံးရင် နှမ်းပျိုးလိုက်… ချောင်ရန် အုပ်စုမှာ မင်း ဝင်ပါမှ ပြီးမယ့်ကိစ္စတွေက အများကြီးဆိုတာကိုလည်း မေ့မနေနဲ့ဦးနော်…”

“ မပူပါနဲ့… ငါဘာလုပ်နေလဲဆိုတာ ငါသိပါတယ်…” ကျီချင်းရန် ပြောလိုက်ပြီး “ တကယ်လို့ ပရောဂျက် အသစ် မရှာနိုင်ဘူးဆိုရင်လည်း နင့်ဆီကနေ ယူလိုက်မယ်လေ… ဘာစိတ်ပူစရာလိုသေးလို့…”

“ မင်းကုမ္ပဏီက ငါ့ဆီကနေ ပရောဂျက်တောင်းဖို့ ဘာအခွင့်အရေးရှိလိုလဲ…”

“ ငါတောင်းရင် နင်ပေးရမှာပဲလေ…”

“ မင်းက ကျိုးကြောင်း မဆီလျော်တာပဲ….”

“ နင်က မိန်းမတစ်ယောက်နဲ့ ကျိုးကြောင်းစီလျော်ချင်နေသေးတယ်ပေါ့… အတည်ကြီးလား…”

“ ဟူး… နင့်အတွေးတွေက အရမ်း အန္တရာယ်များနေပြီ… တကယ်လို့ ငါသာ နင့်ကို မယူဘူးဆိုရင် ဒီတစ်သက် စင်ဂယ်ဘဝနဲ့ အရိုးထုတ်ရတော့မယ်နဲ့တူတယ်…”

“ ဟားဟား… ဟုတ်ပါပြီ… မင်းက မိန်းကလေးဆိုတော့ မင်းပြောတာတွေကပဲ အမှန်… ဒါပေမယ့် စင်ဂယ်ဆိုရင်တောင်မှ လက်သမားလေး လုပ်လို့ရပါသေးတယ်…”

ကျီချင်းရန်ကတော့ လင်းရီ၏ ညစ်ညမ်းဟာသကို နားမလည်လိုက်ပဲ” နောက်ကျနေပြီ.. အိပ်ရာဝင်ကြစို့…”

“ အင်း…”

“ နင်က အဲ့တိုင်းပဲ သွားတော့မလို့ပေါ့…”

“ အမ်… အဲ့တာဆို ငါကဘယ်လိုသွားရမှာ…. ကင်းမြီးကောက် ထောင်သွားရမှာလား…”

“ အိပ်ရာဝင် အနမ်းလေ… အဲ့တာကလည်း နေ့တိုင်း လုပ်ရမယ့် တာဝန်တွေထဲက တစ်ခု ဖြစ်သွားပြီ…”

“ ဘာလို့ စောကြီးကတည်းက မပြောတာ…. ငါက အဲ့တာမျိုးဆို အရမ်းတော်တာ…”

သို့နှင့် လင်းရီ ကျီချင်းရန်ကို ပြင်သစ်အနမ်းတစ်ပွင့် ပေးလိုက်၏။

“ ငါနင့်ကို ပါးပေါ်နမ်းခိုင်းတာလေ… ဘာလို့ နှုတ်ခမ်းပေါ် လာနမ်းနေတာ….”

“ ဘာလို့ဆို မင်းနှုတ်ခမ်းလေးက ချိုမြနေလို့လေ…”

“ ဟမ့်.. အသားယူပြန်ပြီ…”

ထို့နောက် နှစ်ယောက်သား ကိုယ်စီ အိပ်ခန်းသို့ ပြန်ကာ ကျီချင်းရန် လျင်မြန်စွာဖြင့် အိပ်မောကျသွားလေသည်။

လင်းရီကတော့ ကွန်ပျူတာအပိုတစ်လုံးနှင့် ချစ်ပ်အတွက် ကုတ်များကို ဆက်လက်ရေးသားရင်း သုံးနာရီ ထိုးသွားခဲ့သည်။

သို့သော်လည်း လင်းရီ အိပ်ပြီးနောက် မကြာမီ အပြင်ဘက်မှ ကျီချင်းရန်၏ ခြေသံများကို ကြားလိုက်ရ၏။ သူမ လင်းရီအတွင် မနက်စာပြင်ပေးရန် စောစီးနိုးနေခြင်းပင်။

လင်းရီကတော့ ခုနစ်နာရီကျော်မှ အိပ်ရာထပြီး ကျီချင်းရန်နှင့်အတူ နံနက်စာ စားသောက်လိုက်၏။

“ နင် ဆိုင်သွားရင် အိမ်က လက်တော့ ယူသွားလိုက်လေ.. ဧည့်သည်မရှိတဲ့ အချိန်ကျရင် အလုပ်လုပ်နေလို့ရတာပေါ့.. အဲ့လိုဆို နင့်ရဲ့ အလုပ်တွေလည်း မနှောင့်နှေးတော့ဘူး….”

“ အင်း…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါတခြားကား မောင်းလို့ ရတယ်မလား…”

“ တခြားကား… ရှာရီက မောင်းရတာ မကောင်းလို့လား… နင့်ရဲ့ ပြိုင်ကားတွေထက် စီးလို့ကောင်းတယ်လို့ ထင်တာပဲ….”

“ အင်း ကောင်းတာက ကောင်းပါတယ်… ဒါပေမယ့် အဲ့တာကြီးပဲ ဆက်မောင်းနေလို့ မကောင်းဘူးလေ…”

“ အာ…..” ကျီချင်းရန် တခဏမျှ ရပ်တန့်သွားပြီးနောက် ဆက်လက်၍ “ ဒါဆိုလည်း ရက် နည်းနည်းလောက် သည်းခံထားလိုက်…. ငါတို့ ပိုက်ဆံ ပိုရှာနိုင်လာတဲ့ အချိန်ကျရင် ကိစ္စမရှိတော့ဘူး…”

“ ကောင်းပြီလေ…”

သို့နှင့် နှစ်ယောက်သား ကိုယ်စီ ကားထဲသို့ ဝင်လိုက်ကြပြီး တစ်ယောက်မှာ ချောင်ရန်အုပ်စုထံသို့ ဦးတည်ကာ ကျန်တစ်ယောက်ကတော့ ဆိုင်သို့ မောင်းနှင်လိုက်လေသည်။

ကိုးနာရီဝန်းကျင် ကျိန်းရန်လမ်းတွင် လူသူ လေးပါး ခြောက်ကပ်နေပြီး ဆိုင်တော်တော်များများလည်း ယခုတိုင် မဖွင့်ကြသေးချေ။

လမ်းပေါ်တွင်တော့ ဟိုတယ်များမှ ထွက်လာကြသည့် စုံတွဲများသာ ရှိနေလေသည်။ သို့သော်လည်း လမ်းသင့်သည့် လင်းရီ၏ ဆိုင်တွင် အားမပေးသွားကြချေ။

ဆိုင်ထဲသို့ ရောက်သောအခါ လင်းရီ လက်တော့ကို ဘားကောင်တာပေါ်တွင် ချထားလိုက်၏။

ဆိုင်မှာ တိတ်ဆိတ်နေပြီး လင်းရီ၏ စိတ်သမာဓိတို့မှာလည်း တည်ငြိမ်နေသည်။

အနာဂတ်တွင် သူ အိုမင်းလာသည့် အချိန်၌ ကျီချင်းရန်နှင့်အတူ ဆိုင်သေးသေးလေးတစ်ဆိုင်ဖွင့်ကာ သာမန်ရိုးရှင်းသည့် ဘဝလေးကို ဖြတ်သန်းသွားရန် စိတ်ကူးထား၏။ ထိုသို့ ဖြစ်နိုင်လျှင်တော့ အကောင်းဆုံးပင်။

စနစ်က မျိုးရိုးစဉ်ဆက် အမွေဆက်ခံ၍ ရသည်လားလည်း လင်းရီ မပြောတတ်ပေ။ အကယ်၍ အမွေဆက်ခံ ရသည်ဆိုလျှင်တော့ သူ့သားမျိုးဆက်သို့ ရောက်သည့် အချိန်၌ ကမ္ဘာကြီး တစ်ခုလုံးမှာ သူတို့ လင်းမိသားစု၏ လက်ဝယ်သို့ ကျရောက်သွားပေမည်။

ဆိုင်ကို ကြမ်းတိုက် တံမြက်စည်း လှည်းပြီးနောက် လင်းရီ မီးဖိုချောင်သို့ သွား၍ အမယ်များကို ပြင်ဆင်လိုက်သည်။ သို့သော်လည်း လင်းရီ အနည်းငယ်မျှသာ ပြင်ဆင်ထားလေသည်။ ယနေ့တွင်လည်း ကတ်စတန်မာ အများအပြား ရောက်လာရန် လင်းရီ မျှော်လင့်မထားသောကြောင့် အများအပြား ဖြုန်းတီး၍ မဖြစ်ပေ။

နေ့လည် ဆယ့်တစ်နာရီတွင်တော့ လင်းရီ ကိစ္စအားလုံးကို စီမံပြီး ဖြစ်၏။ နေ့လည်စာ အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် စားသုံးသူများကို ဘားကောင်တာတွင်ထိုင်ရင်း မျှော်လင့်စောင့်စား နေလိုက်လေသည်။

ထိုအချိန်အတွင်း လျန်ရူရွှယ်နှင့် ချောင်ရှင်းတို့မှ သူ့ထံ မက်ဆေ့ချ်များ ပို့လာခဲ့ကြ၏။

အဆိုပါ မက်ဆေ့ချ်များကလည်း အရေးကြီးသည်များ မဟုတ်ပဲ သာကြောင်းမာကြောင်းနှင့် လက်ရှိ အခြေအနေအကြောင်း မေးမြန်းရုံသာ။

လျန်ရူရွှယ်မှာ အဆင်ပြေသော်လည်း ချောင်ရှင်းကတော့ သေချာပေါက် လီချူးဟန်ကိုယ်စား ပြောပေးနေခြင်းဖြစ်၏။ သူမ အချိန်ရပါက လင်းရီ၏ ဆိုင်သို့ လာအားပေးမည်ဟုတောင် ဆိုသွားလေသည်။

နေ့လည်ခင်းသို့ ရောက်သည့် တိုင်အောင် ဆိုင်မှာ ခြောက်ကပ်နေဆဲဖြစ်၏။ သို့သော် လင်းရီကလည်း အချိန်ကို အလဟဿ ဖြုန်းတီးမနေချေ။ လက်တော့တစ်လုံးဖြင့် ချစ် 3.0 အတွက် ကုတ်ရေးသားမှုများကို ဆက်လက် လုပ်ဆောင်နေခဲ့၏။

အလုပ်လုပ်ရင်းဖြင့် ကတ်စတန်မာအလာကို စောင့်နေလိုက်သည်။

တစ်ချိန်တည်းတွင် ကျိန်းရန်လမ်းပေါ်၌ စတိုင်တစ်မျိုးဆီ ဝတ်စားဆင်ယင်ထားသည့် မိန်းကလေး သုံးယောက်မှာ လင်းရီဆိုင်ရှိရာ ဘက်သို့ ဦးတည်လာနေကြလေသည်။

“ ငါနင်တို့ကို ပြောပြမယ်နော်.. ငါမနေ့က အရမ်း အဖိုးတန်တဲ့ ဆိုင်တစ်ဆိုင် တွေ့ထားတယ်.. သူတို့ဆိုင်က ဥထမင်းကြော်ဆိုတာလေ… ဘယ်လိုစားကောင်းမှန်းမသိဘူး.. အရသာက လုံးဝပြိုင်ဘက်ကင်းပဲ… နောက်ပြီး သူဌေးလေးကလည်း အရမ်းချောတာ… အဆင်လေးဟဲ့ အဆင်လေး…” ထုံးဖေး ပျော်ရွှင်စွာ ကခုန်ရင်း ပြောလိုက်၏။

“ ဖေးဖေး … နင်ချဲ့ကားပြီး ပြောနေတာလား…”

မိန်းကလေး၏ နာမည်မှာတော့ လီချန်းပင်။ သူမမှာ ဆံပင်ကို ဂုတ်ဝဲချထားပြီး ဂျင်းစကတ်တိုနှင့် Nike top ကို ဝတ်ဆင်ထား၏။ ငယ်ရွယ်ပြီး အပူပင်ကင်းသည့် အရွယ်လေးပင်။

သူမတို့ နှစ်ယောက်ကြားထဲတွင်တော့ ဆံပင်အရှည်နှင့် မိန်းကလေး တစ်ဦး ရှိနေသေး၏။ သူမ၏ ထူးကဲစွာ လှပသည့် မျက်မှာသွင်ပြင်မှာ နှစ်ယောက်ကြားတွင် ပေါ်လွင်ထင်ရှားနေပြီး ဂါဝန်ရှည်ကို ဝတ်ဆင်ကာ တက္ကသိုလ်ကျောင်းသူပြီပြီ လက်ထဲတွင်လည်း စာအုပ်နှစ်အုပ်ကို‌ ပွေ့ထားသေးသည်။ သူမ၏ ရိုးသားပြီး အပြစ်ကင်းစင်သည့် သွင်ပြင်သဏ္ဍာန်မှာ ရှုသူတကာကို ရင်အေးသွားစေနိုင်သည်။

ထိုမိန်းကလေး၏ နာမည်မှာ ကျောက်ယွဲ့ထုံဖြစ်ပြီး ကျိုးဟိုင် နည်းပညာတက္ကသိုလ်၏ တတိယနှစ်‌ ကျောင်းသူလေးတစ်ဖြစ်လဲ ကျောင်း၏ အလှနတ်သမီးလေးတစ်ပါးဆိုလျှင်လည်း မမှားချေ။

“ ငါ ချဲ့ကားပြီး ပြောနေတာမဟုတ်ဘူး…” ထုံးဖေး ပြောလိုက်ပြီး “ သူက အရမ်းကို ခန့်ညားပြီးတော့မှ ချောတာ.. ပြီးတော့ သူ့နားမှာ ရှိနေရင် တခြားကောင်တွေဆိုတာ မျက်စိထဲမှာ ဖွဲနဲ့ဆန်ကွဲပဲ....”

“ တကယ်… သူက ရှောင်ထုံရဲ့ ကောင်လေးထက် ပိုချောနိုင်မှာလား…"

လီချန်း၏ အမူအရာကို ကြည့်ပါက သူမ မယုံကြည်ကြောင်း သိသာလေသည်။

"လျှောက်ပြောမနေနဲ့.. ငါနဲ့ သူနဲ့က တစ်ဦးကိုတစ်ဦး အကဲခတ်နေကြတုန်း ရှိသေးတယ်... တရား၀င် သမီးရည်းစားတွေ မဖြစ်ရသေးဘူး..."ကျောက်ယွဲ့ထုံ ပြောလိုက်၏။

"ဟမ့်.. သူတော်ကောင်းယောင် လာဆောင်နေ... "လီချန်း ပြောလိုက်ပြီး 'ဖုန်းရှစ်ယွီဆိုတာ ငါတို့ ကျောင်းမှာ အချောဆုံး.. သူက စာတော်ရုံတင် မပသေးဘူး.. ဘက်စကက်ဘော ကသားတာလည်း တော်တယ်.. ကျိုးဟိုင် ဒရာမာ အကယ်ဒမီက ယောက်ျားလေးတွေနဲ့ ယှဉ်ရင်တောင် အောက်မကျဘူး... နင်တို့နှစ်ယောက်က အစမ်းတွဲနေကြတယ်ဆိုတာ လူတိုင်းကို မေးကြည့်.. ဘယ်သူမှ ယုံမှာတောင် မဟုတ်ဘူး...

"ဒါပေမယ့် အဲ့တာက အရင်တုန်းကလေ.."ကျောက်ယွဲ့ထုံ ပြောလိုက်ပြီး "ရုပ်ချောတာက စားလို့မှ မရတာ.. ငါကတော့ စာတော်တဲ့ သူတွေပဲ ကြိုက်တယ်..."

"အဲ့ဒီ ဖုန်းရှစ်ယွီကလည်း မဆိုးပါဘူးဟယ်.."လီချန် ပြောလိုက်ပြီး "သူက အရမ်းကြီး တော်နေတာ မဟုတ်ဘူးဆိုရင်တောင် စာမေးပွဲဖြေရင် ထိပ်ဆုံးရတဲ့ သူတွေထဲက ပါတယ်... ဘွဲ့ရမှာ လုံး၀ သေချာသလောက်ပဲ.. နောက်ပြီးတော့ သူ့ရဲ့ မိသားစု နောက်ခံကလည်း မဆိုးဘူး... နိုင်ငံရေးနယ်ပယ်မှာပဲဖြစ်ဖြစ် စီးပွားရေးနယ်ပယ်မှာပဲ ဖြစ်ဖြစါ အဆင်အသွယ်ကောင်းတွေ ရှိတယ်... နင်သာ ချစ်သူအဖြစ် စဉ်းစားမယ်ဆိုရင် ထိပ်ဆုံးက ထည့်တွက်သင့်တယ်နော်... "

"အေးပါ အေးပါ.. အဲ့တာတွေ ထပ်မပြောနဲ့တော့..."ကျောက်ယွဲ့ထုံ ပြောလိုက်ပြီး "ဘာပဲပြောပြော ခု ငါတို့က အစမ်းတွဲနေကြတုန်း ရှိသေးတယ်..."

"ချန်ချန်.. ဆံပင်ရှည်တဲ့ အမျိုးသမီးတွေက အမြင်ကျဉ်းတယ်တဲ့.. ဒါပေမယ့် နင့်ရဲ့ ဆံပင်တွေက တိုနေပါလျက်နဲ့ ဘာလို့ အမြင်ကျဉ်းနေရတာ..."ထုံးဖေး ပြောလိုက်ပြီး "ဖုန်းရှစ်ယွီကိုတောင် နင် အဲ့လောက် ချီးကျူးနေတယ်ဆိုတော့ သူဌေးလေးကို မြင်ရင် သေမတတ် ဖမ်းစားခံလိုက်ရမလားပဲ..."

"နင်လည်း သူ ဘယ်လောက် ချောကြောင်းတွေ ပြောနေတာ တော်လိုက်တော့.. မသိရင် ငါကပဲ အဆင်လေးတွေ မမြင်ဖူးတာ ကျနေတာပဲ..."လီချန်း ရေရွတ်လိုက်ပြီး "ဖုန်းရှစ်ယွီက အရမ်း ချောတာ.. အထူးသဖြင့် သူ ဘတ်စကတ်ဘော ကစားတဲ့ အချိန်ဆို ချွေးတွေနဲ့ ဆွဲဆောင်မှု ရှိသလား မမေးနဲ့...."

"မနူးမနပ်နဲ့.. အမြင်က ကျဉ်းမြောင်းသေး.. ပြီးတော့ ကလေးဆန်တယ်.."ထုံးဖေး အထင်မြင်သေးစွာဖြင့် ပြောလိုက်ပြီး "ငါက သူဌေးအချောလေးအကြောင်းကို ချဲ့ကားပြီး ပြောနေတာ မဟုတ်ဘူး.. ဖုန်းရှစ်ယွီ ချောတယ်ဆိုတာ သူဌေးရဲ့ ခြေပြားတောင် မမှီဘူး... ဒါပေမယ့် ဆိုးတာက သူ့ရဲ့ ဥထမင်းကြော်က အရမ်းဈေးကြီးနေတာပဲ.. တစ်ပွဲကို ၁၈၉ ယွမ်တောင် ပေးရတယ်...."

"အမယ်လေး... ကျိန်းရန်လမ်းရဲ့ သာမန် ဥထမင်းကြော် တစ်ပွဲက ၁၈ ယွမ်လေ...အဲ့တာကို တကယ်ကြီး ၁၈၉ ယွမ်နဲ့ ရောင်းနေတယ်ဆိုတော့ သူ့ဥက ဒိုင်နိုဆောဥမို့လို့လား... "

လီချန်သာမက ကျောက်ယွဲ့ထုံပင် ဈေးပမာဏက အနည်းငယ် ရယ်စရာ ကောင်းသည်ဟု ခံစားနေရ၏။

"ဒါပေမယ့် အဲ့တာက အရမ်းအရသာရှိတယ်လေ.. ပြီးတော့ အဆင်လေးက ကြော်ထားတာဆိုတော့ ဈေးကြီးတာ သဘာ၀ပဲ .."

"ဘုရား ဘုရား.. ကြည့်စမ်းပါဦး.. ဒါ လူ စကားပြောတာမှ ဟုတ်သေးရဲ့လား....နင် ဦးနှောက်ဆေးခံလိုက်ရပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်.. နင်က တကယ်ကြီး မတန်တဆဈေးနဲ့ ရောင်းနေတဲ့ ဥထမင်းကြော်ကို လာကြွားလို့ မဆုံးဘူး ဖြစ်နေတယ်..."လီချန် အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်ပြီး "နင့်မှာ ချစ်သူကြီး ငုတ်တုတ် ရှိသေးတယ်ဆိုတာကိုလည်း မေ့မနေနဲ့ဦးဟဲ့..."

"ချစ်သူရှိတာနဲ့ပဲ ငါက အဆင်လေးတွေ ငမ်းလို့မရတော့ဘူးလား..."ထုံဖေး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး "ငါ ပြောပြမယ်.. တကယ်လို့ ငါသာ သူဌေးအချောလေးလိုမျိုး ချစ်သူရှိလို့ကတော့ ရန်ဖြစ်တယ်ဆိုရင်တောင် ငါ့ဘာငါ ဒူးထောက်ပြီး ကိုယ့်ပါးကိုယ် ဆယ်ချက်လောက် ပြန်ရိုက်ပစ်လိုက်မယ်..."

"ချီးပဲ... နင် လင်တရူးမကတော့ နည်းနည်းလေးဆင်တာနဲ့ပဲ ကိုယ့်ရည်းစားကိုယ် စွန့်ပစ်ချင်နေပြီပေါ့..."လီချန် မယုံကြည်နိုင်စွာ ကြည့်၍ မေးလိုက်၏။

"ဘယ်တတ်နိုင်မှာ.. သူဌေးလေးက အရမ်း အရမ်းကို ချောနေတာကိုး.. ငါလည်း စိတ်မထိန်းနိုင်ဘူး..."

"ဒါပေမယ့် နင်တို့နှစ်ယောက်က နေ့တိုင်း နေ့လည်စာ အတူစားနေကြမဟုတ်ဘူးလား... ခု ငါတို့ကို တိတ်တိတ်လေး အဆင်ငမ်းဖို့ ခေါ်လာတယ်ဆိုတော့ နင့်ကောင်လေး သံသယ၀င်မှာကို မစိုးရိမ်ဘူးလား..."

"မစိုးရိမ်ပေါင်.. ငါ ဒီနေ့ ဆံပင်လုပ်မှာ.. မနှောင့်ယှက်နဲ့လို့ ပြောခဲ့ပြီးသား.....”

All Chapters