အခန်း (၅၉၂)
Vol. 40 Ch. 592
"ဟယ်...နင့်ဆင်ခြေကြီးကလည်း ... ငါတို့ ပြန်သွားလို့ နင့်ဆံပင်ပုံစံ မပြောင်းဘူးဆိုတာ လျိုကျီးယွမ် တွေ့သွားရင် ဟိုအကောင်က နင့်ကို သတ်လိမ့်မယ်နော..."
"အသက်က အဖိုးတန်တယ်တဲ့.. အချစ်က ပိုပြီးတောင် အဖိုးတန်သေး.. ဒါပေမယ့် သူဌေးချောလေးအတွက်ဆိုလို့ကတော့ ငါ အဲ့နှစ်ခုလုံးကိုစွန့်လွှတ်ပေးနိုင်တယ်..."
"ပေါက်တတ်ကရတွေ.. မြန်မြန်လျှောက်ကြစို့... "လီချန် ပြောလိုက်ပြီး "နင် အဲ့လောက်ထိ အမွှမ်းတင်နေတဲ့ ရှောင်ကောကောက ဘယ်လောက်ထိ ချောလဲဆိုတာ ငါမြင်ကြည့်စမ်းမယ်... တကယ်လို့ နင်ပြောသလောက် မဟုတ်လို့ကတော့ အဆောင်ရောက်ရင် ကောင်းကောင်းကြီး ပညာပြခံရပြီသာမှတ်..."
"ဟွန့်... ငါပြောသလောက် မဟုတ်ခဲ့ရင် နင့်အတွင်းခံတွေ တစ်လတိတိ လျှော်ပေးမယ်ဟာ .. ဟုတ်ပြီလား..."
"နင်ပြောတာနော်...နောက်မှ မေ့ချင်ယောင် မဆောင်နဲ့..."
တက်ကြွစွာဖြင့် သုံးယောက်မှာ လင်းရီ၏ ဆိုင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"စားကောင်းတယ်...."
ဆိုင်၏ ဆိုင်းဘုတ်ကို မြင်တော့ ကျောက်ယွဲ့ထုံနှင့် လီချန် ပြုံးစိစိ ဖြစ်သွားခဲ့ကြ၏။
နှစ်ယောက်လုံး ဤဆိုင်၏ သူဌေးမှာ အနည်းငယ် စိတ်၀င်စားဖို့ ကောင်းသည်ဟု ခံစားလိုက်ရသည်။ အတော်လေးကို ထူးဆန်းသည့် နာမည်ပင်။
ကျိန်းရန်တစ်လမ်းလုံးတွင် အဆန်းဆုံး နာမည်ဟု ဆိုလျှင်တောင် မှားလိမ့်မည် မဟုတ်ချေ။
"ဆိုင်းဘုတ်ချည်းပဲ ငေးမနေကြနဲ့.. ငါနင်တို့ကို အဆင်လေးနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်..."
ချလပ်
ထုံးဖေး စိတ်မရှည်စွာဖြင့် တံခါးကို တွန်းဖွင့်လိုက်ပြီး သုံးယောက်သား အထဲသို့ ၀င်ရောက်လာကြလေသည်။
တံခါးလှပ်သံကြားတော့ လင်းရီ သူ၏ လုပ်လက်စ အလုပ်များကို ခေတ္တနား၍ ဧည့်သည်များကို ဧည့်ခံရန် မတ်တပ်ရပ်လိုက်သည်။
လင်းရီကို မြင်သည့် အခိုက်အတန့်တွင်တော့ ကျောက်ယွဲ့ထုံနှင့် လီချန်းတို့ ကြက်သေသေသွားကြတော့၏။
တကယ်ကြီး အဲ့လောက်တောင် ချောတယ်လား....
ဒါ...ဒါကြီးက လူမဆန်အောင် ချောမောနေတာပဲ..
မျက်စိပါလို့သာ မြင်နေရတယ်..ဒီလောက်ထိ ချောတဲ့သူက လောကကြီးမှာ ရှိနေသေးတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး...
ယခုဆိုလျှင်တော့ သူမတို့ နှစ်ယောက်မှာ အစားအသောက်ကို မဆိုထားဘိ။ ထိုအဆင်လေးကို ငေးကြည့်ရုံ သပ်သပ်ကပင် ၁၈၉ ယွမ် ကုန်ဖို့ ထိုက်တန်လေသည်ဟု ထင်နေကြတော့သည်။
"အလှလေးတို့ ဘာစားကြမလဲ..."
လင်းရီ ထုံးဖေးကို မျက်တန်းမှန်းမိလေသည်။ ထိုမိန်းကလေးမှာ နောက်တစ်ကြိမ်လာစားသည့် ကတ်စတန်မာ တစ်ဦးဖြစ်၏။
"ငါ... ငါတို့ စားချင်.. ဘာစားရင် ကောင်းမလဲ..."
လီချန်မှာ စိတ်ကယောင်ချောက်ချား ဖြစ်သွားသကဲ့သို့ စကားတို့ပင် ရှေ့နောက် မညီညွှတ်ပဲ လုံးထွေးသွားခဲ့၏။
"ဥစားကြရင်ကော..."
ထုံးဖေး စနောက်လိုက်၏။
"ရတာပေါ့.. သူများနဲ့ မျှစားရမယ်ဆိုရင်တောင် ပြဿနာ မရှိဘူး..."
"ချီးပဲ.. နင်က အရှက်ကို မရှိဘူး.." ထုံးဖေး လက်အုပ်၍ ရယ်မောလိုက်ပြီးနောက် လင်းရီကိုကြည့်ကာ "သူဌေး.. ငါတို့ကို ဥထမင်းကြော် သုံးပွဲပေးပါ..."
"အိုကေ.. အဆင်ပြေတဲ့ နေရာ ၀င်ထိုင်ပြီး ခဏလောက် စောင့်ပေးဦး..."
"အွန်း အွန်း..."
လင်းရီ လှည့်ထွက်လာ၍ မီးဖိုချောင်ထဲသို့ ၀င်သွားခဲ့သည်။ မိန်းကလေး သုံးယောက်ကတော့ စိတ်လှုပ်ရှားစွာဖြင့် စားပွဲ အလွတ်တစ်နေရာတွင် ၀င်ထိုင်လိုက်ကြ၏။ သို့သော်လည်း စိတ်အလှုပ်ရှားဆုံး သူကို ပြပါဆိုလျှင်တော့ လီချန်ပင်။
"ကောင်မတွေ.. အား...ငါ မရတော့ဘူး.. ငါ့ကိုယ်က အရမ်းကို ပူလောင်နေပြီ.. သူက အရမ်း ချောလွန်းတယ်..."
"သတိလည်းထားဦး... နင့်အန်တီ(ဥတု)က ရောက်လာပြီး စပရိုက်တိုက်နေဦးမယ်..."
ထုံးဖေး ပြောလိုက်၏။
အန်.. ဒါက ဘယ်လို စကားကြီးတုန်း...
"သူ့အတွက်ဆို မီးနီဖြတ်ရလည်း ကိစ္စမရှိဘူး...ဘာလို့လဲဆိုတော့ ရှောင်ကောကောက အရမ်းချောလွန်းလို့ တောင့်ခံဖို့ ခဲယဉ်းလွန်းတယ်လေ..."
"ဟမ့်...နင်ခုတော့ ယုံပြီမလား..."ထုံးဖေး ပြောလိုက်ပြီး "ရှောင်ထုံကိုကြည့်လိုက်စမ်း.. သူမဆို ခေါင်းတောင် မဖော်နိုင်တော့ဘူး.. ဟဲ့.. နင် ဘာတွေစဉ်းစားနေတာ... သူဌေး အချောလေးကို ဘယ်လိုမြင်လဲ..."
"အွန်း.. သူက တကယ်ပဲ ခန့်ညားတယ်.... "ကျောက်ယွဲ့ထုံ အရှက်သည်းစွာဖြင့် ပြောလိုက်လေသည်။
"ဟင်... နင်က ကျိုးဟိုင် တက္ကသိုလ်ရဲ့ အလှနတ်သမီးလေးနော်.. ငါတို့ ဆတ်ကော့လက်ကော့ ဖြစ်နေတာက သိပ်ကိစ္စမရှိဘူး.. နင်ကတော့ ကိုယ့်သိက္ခာကိုယ် ထိန်းရဦးမယ်လေ..."
"ငါ မထိန်းနိုင်ဘူး ပြောနေလို့လား.. သူက အရမ်းချောတယ်လို့ပဲ ပြောနေတာ..."
"ရှောင်ချန်... ရှောင်ထုံက စာတော်တဲ့ အူကြောင်ကြားလေးတွေကိုပဲ ကြိုက်တတ်တယ်ဆိုတာလည်း မေ့မထားနဲ့ဦးလေ..."ထုံးဖေး ပြောလိုက်၏။
"သူက စာတော်နေတာမျိုးလည်း မဖြစ်နိုင်ဘူးလား...."ကျောက်ယွဲ့ထုံး ပြောလိုက်ပြီး "အာ.. သွားပြီ.. ငါ တကယ်ကြီး သူ့ရဲ့ အကြည့်တစ်ချက်နဲ့တင် ကြွေဆင်းသွားခဲ့ပြီပဲ..."
ကလင် ကလင် ...
သုံးယောက်သား လင်းရီ မည်မျှ ခန့်ညားနေကြောင်း ဆွေးနွေးနေစဉ် ကျောက်ယွဲ့ထုံ၏ ဖုန်းသံ မြည်လာခဲ့သည်။
"ဖုန်းရှစ်ယွီ ခေါ်လာခဲ့တာလား..."လီချန် မေးလိုက်၏။
ကျောက်ယွဲ့ထုံ ခေါင်းငြိမ့်လိုက်ပြီး ဖုန်းကိုင်လိုက်၏။
သူမတို့နှစ်ယောက်မှာ တရား၀င် သမီးရည်းစားများ မဟုတ်ကြသေးသော်လည်း သူမမှ ပိုးပန်းရန် အခွင့်အရေး ပေးထားသောကြောင့် တစ်ဖက်သူမှ ခေါ်လာသည့် ဖုန်းကို ဖြေရပေမည်။
"ထုံထုံ နင် ခု ဘယ်လဲ ရောက်နေတာ...."
"ငါ စာပြန်လေ့လာနေပါတယ်လို့ ပြောထားတယ်မဟုတ်ဘူလား..."
"စာမေးပွဲကဖြင့် အဝေးကြီး လိုသေးတာကို... ဒါနဲ့ စားကော စားပြီးပြီလား..."
"ပြီးပြီ.. ငါနင်နဲ့ နောက်မှ ပြောမယ်... ပြန်ရောက်မှ ဖုန်းပြန်ခေါ်လိုက်တော့..."
စိတ်မရှည်စွာ စကားပြောပြီးနောက် သူမ ဖုန်းချလိုက်လေသည်။
"ဖုန်းရှစ်ယွီက နင့်ကို သံသယ ၀င်နေတာလား... "လီချန် မေးမြန်းလိုက်ပြီး "နင် ဒီလိုကြီး လိမ်လိုက်တာတော့ မကောင်းဘူးထင်တယ်နော်...."
"ဒီတိုင်း ထမင်းစားဖို့ ပြောတာပဲမလား.. စားပြီးပြီ ဖြေလိုက်တာ အကောင်းဆုံးပဲ.. မဟုတ်ရင် ပေရှည်နေဦးမှာ..."
"အင်း...နင်ပြောတာ မှန်တယ်..."လီချန် ခေါင်းညိမ့်လိုက်၏။
"ငါတို့က ဒီကို အဆင်လာငမ်းတာလေ... တကယ်လို့ သူသိသွားခဲ့ရင် မကောင်းဘူး.. သိုသိုဝှက်ဝှက် နေတာပဲ ကောင်းတယ်... ဒါပေမယ့် နင့်ရဲ့ စာပြန်ကြည့်နေတယ်ဆိုတဲ့ ဆင်ခြေကြီးက ယုံချင်စရာလည်း မကောင်းဘူး... ဘာလို့ ရှောင်ဖေးလိုပဲ ဆံပင်လုပ်နေတယ်ဆိုပြီး မပြောလိုက်တာ...."
"နှစ်ယောက်လုံး လုပ်တာလား..."
"အင်းလေ... "လီချန် ပြောလိုက်ပြီး
"သူဌေးလေးရဲ့ ဘော်ဒီက ဒီလောက် ကြံခိုင်နေတာကို နှစ်ယောက်လုံးနဲ့ လုပ်မယ်ဆိုရင်တောင် ပြဿနာ ရှိမှာ မဟုတ်ဘူး..... "
"အမ်... အဲ့တာက ဘယ်လို စကားကြီးလဲ.. နားရှက်ဖို့ ကောင်းလိုက်တာ.. အရမ်း ညစ်ညမ်းလွန်းတယ်.... " ထုံးဖေး နားကို ယပ်ခပ်၍ ပြောလိုက်၏။
"အပိုတွေ.. နင်လည်း အဲ့ အချောလေးကသာ အတူနေဖို့ ပြောလာခဲ့ရင် သဘောတူလိုက်မှာမလား..."လီချန် ရဲတင်းစွာ ပြောလိုက်ပြီး "ငါ့ကိုသာ တောင်းဆိုလာလို့ကတော့ ပိုက်ဆံ ချေးရမယ်ဆိုရင်တောင် ကြယ်ငါးပွင့်ဟိုတယ်က အကောင်းဆုံး အခန်းမှာ ကိုယ်တိုင် ဘွတ်ကင်လုပ်လိုက်မယ်... တကယ်လို့ ဖမ်းဖိသွားတယ်ဆိုရင်တောင် ငါ့ဘက်က စပြီး မြူဆွယ်တာပါဆိုပြီး ၀န်ခံဖို့ ၀န်လေးနေမှာ မဟုတ်ဘူး..."
ထုံးဖေး လီချန်နှင့် လက်ဝါးချင်းရိုက်လိုက်ပြီး "ငါလည်း တူတူပဲ.. ရိုက်လိုက်ပါဦး..."
"ဟူး .. နင်တို့ နှစ်ယောက်ကတော့ ရူးနေပြီ..."ကျောက်ယွဲ့ထုံမှ ၀င်ရှုတ်ချလိုက်၏။
"ကျွတ် ကျွတ်... နင်လည်း အဲ့လိုမျိုး ကြိတ်ပြီး စိတ်ကူးယဉ်နေတာမလား.. အနည်းဆုံးတော့ တို့က ပွင့်ပွင့်လင်းလင်း ရှိသေးတယ်နော်.."
ထိုအချိန်တွင်ပဲ လင်းရီ ဥထမင်းကြော် သုံးပွဲနှင့် စွပ်ပြုတ် သုံးပန်းကန်ကို ကြွေရည်သုတ် လင်ဗန်းအကြီးစား တစ်ချက်ဖြင့် သယ်ဆောင်လာခဲ့၏။
လင်းရီ သူမတို့နှင့် နီးကပ်စွာ ရှိနေသည်ကို မြင်တော့ သုံးယောက်လုံး၏ နှလုံးသားမှာ ချုပ်ထိန်းမရစွာဖြင့် လျှင်မြန်လာခဲ့လေသည်။
ကောင်လေးလား... ချစ်သူလား.. အကုန်ဘေးဖယ်လိုက်တော့.. ဆိုင်ရှင် အချောလေးကို ဘယ် ပုရိသကမှ မနှိုင်းယှဉ်နိုင်ဘူး...
"ကဲ ..ရပြီ.. ဖြည်းဖြည်း သုံးဆောင်ကြဦး..."
"အချောလေး.... တစ်စိတ်လောက်..."
လင်းရီ လှည့်ကြည့်လိုက်သောအခါ ထုံးဖေးမှ သူ့ကို ခေါ်လာခဲ့ကြောင်း မြင်တွေ့လိုက်ရ၏။
"ဘာလဲဖြစ်လို့... တစ်ခုခု လိုအပ်တာ ရှိလို့လား..."
"မဟုတ်တာ.. အားလုံးပြည့်စုံပါတယ်..."ထုံးဖေးပြောလိုက်ပြီး "ငါ မေးချင်တာ... သူဌေးက ဒီလောက် ချောတာကို ဘာလို့ ဆိုင်ဖွင့်ထားတာ.. အိုင်ဒေါ လုပ်မယ်ဆိုရင် ဒီထက်တောင် ပိုပြီး ၀င်ငွေကောင်းဦးမယ် မဟုတ်ဘူးလား..."
"ငါက ဘ၀ အတွေ့အကြံ ခံစားဖို့ ဆိုင်ဖွင့်ထားတာလေ.. မျက်နှာဗန်းပြပြီး လုပ်စားချင်လို့မဟုတ်ဘူး..."
"ဘ၀အတွေ့အကြံ ခံစားဖို့တဲ့လား..."
မိန်းကလေး သုံးယောက်လုံး၏ စိတ်ထဲ၀ယ် လင်းရီ၏ အဆိုပါ စကားလုံးက ပဲ့တင်ထပ်သွားလေသည်။
ဧကန္တ ဆိုင်ရှင် အချောလေးက ချမ်းသာတဲ့ ဘ၀ပို ငြီးငွေ့လို့ ဘ၀ နေထိုင်မှုပုံစံ အသစ်ကို ရှာဖွေနေတဲ့သူများလား..
ဒါကြီးက အရမ်း စိတ်ခွန်အားဖြစ်ဖို့ ကောင်းတာပဲ...
သူက ကျောင်းက ကောင်လေးတွေထက် အများကြီးသာတယ်...
"အင်း.. ဒီတိုင်း ဘ၀အတွေ့အကြံ ခံစားနေတာ.."လင်းရီ ရိုးရှင်းစွာ တုံ့ပြန်ပြီးနောက် ဘားကောင်တာသို့ ပြန်၍ လုပ်လက်စ အလုပ်ကို ဆက်လုပ်လိုက်သည်။
"မြင်လား.. အဲ့တာမှ ယောက်ျားကောင်းလို့ ခေါ်တယ်..."ထုံးဖေးပြောလိုက်ပြီး "သူ့မိသားစုက ချမ်းသာနေတာတောင် မိဘပိုက်ဆံ ထိုင်မဖြုန်းဘူး... ကိုယ်ပိုင် အရည်အချင်းနဲ့ အပြင်မှာ ဆိုင်လာဖွင့်ပြီးတော့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတာ..."
"သူ့ ပိုက်ဆံ ဖြုန်းတာ မဖြုန်းတာက အရေးမကြီးဘူး.. ဒါပေမယ့် သူနဲ့ နီးနီးကပ်ကပ် စကားပြောကြည့်တော့မှ သူဌေးက ပိုပြီးတောင် ဆွဲဆောင်မှု ရှိသေးတယ်.. အိုက်စ် ခုတင် ဆွဲစားပစ်ချင်လာပြီ...."
"တိုးတိုးပြောစမ်းပါဟဲ့.. သူများတွေ ကြားသွားရင် ရှက်စရာကြီး..."ကျောက်ယွဲ့ထုံ ပြောပြီးနောက် ဥထမင်းကြော်ကို ကြည့်ကာ "အရင်ဆုံး ဗိုက်ဖြည့်ရအောင်... ၁၈၉ ယွမ် တောင် ပေးရတဲ့ ဥထမင်းကြော်က ဘယ်လိုအရသာမျိုး ရှိမလဲဆိုတာ တော်တော်လေး သိချင်နေပြီ..."
"နင်တန်တယ် ခံစားစေရမယ်ဟာ... တစ်လုတ် မြည်းစမ်းကြည့်ပြီးတာနဲ့ တစ်ခါတည်း တန်းကြိုက်သွားလိမ့်မယ်.. မဟုတ်ရင် ငါ နှုတ်ခမ်းနီ အသစ်၀ယ်မယ့် ပိုက်ဆံနဲ့ ဒီလာပြီး နောက်ထပ် ပြန်လာစားနေမှာ မဟုတ်ဘူး... "
"ဟီးဟီး.. ငါလည်း အဆင်လေး လုပ်ထားတဲ့ ဥထမင်းကြော်က ဘယ်လိုအရသာ ရှိမလဲ အရမ်း သိချင်နေပြီ..."
လီချန် ဇွန်းဖြင့် အပြည့်ခပ်၍ ပါးစပ်ထဲသို့ ထည့်လိုက်၏။ သူမ၏ မျက်လုံးအရောင်မှာ စိတ်လှုပ်ရှားစရာ အသစ်တစ်ခုကို တွေ့ကြုံလိုက်ရသကဲ့သို့ တလက်လက် တောက်ပလာပြီး အမူအရာမှာလည်း ခန့်မှန်း၍ မရနိုင်အောင် ဖြစ်ပေါ်နေလေသည်။
"ဘာလဲဖြစ်တာ..နင့်ရဲ့ အမူအရာက ဘာလို့ ဖီးတက်နေတဲ့ ရုပ်ပေါက်နေတာလဲ..."ကျောက်ယွဲ့ထုံ မေးမြန်းလိုက်၏။
"ငါ ဒီ ဥထမင်းကြော်ထဲမှာ အချစ်တွေကို ခံစားမိတယ်..."
"ဖီး... ချန်ချန်... နင် သတိလေး ကပ်စမ်းပါဦးဟဲ့.. နင်စားနေတာက ဥထမင်းကြော်နော်..."
"အရမ်း အရသာရှိတယ်... ကောင်းလွန်းလို့ ငါတို့ အရင်က စားခဲ့သမျှက မစင်တွေလား ဆိုပြီးတောင် နင် သံသယ၀င်သွားဦးမယ်.."
"ဟုတ်ပါ့မလားဟယ်.. ဒီတိုင်း ဥထမင်းကြော်လေးကို နင်ခိုင်းနှိုင်းတာကြီးနဲ့တော့ ငါ စားချင်စိတ်တောင် ပျောက်တော့မယ်..."
"တကယ်အရသာရှိတာ.. စားကြည့်ကြည့်..."
ကျောက်ယွဲ့ထုံမှာ ကျိုးကြောင်း ဆက်စပ်ပြီး တွေးခေါ်နိုင်သေး၏။
ဆိုင်သူဌေးမှာ အင်မတန် ခန့်ညားနေသော်လည်း သူ ပြင်ပေးထားသည့် အစားအသောက်များကိုတော့ သပ်သပ် အကဲဖြတ်ရပေမည်။
ဥထမင်းကြော်လေးက ဘယ်လောက်ထိ စားကောင်းနိုင်....
"ဟုတ်တယ်ဟုတ်...."
အနည်းငယ် ဝါးကြည့်ပြီးနောက် ယခု ယခု ဥထမင်းကြော်မှာ သူမ စိတ်ကူးယဉ်ထားသည်ထက် ပို၍ အရသာရှိနေကြောင်း ခံစားမိလိုက်၏။
ရှောင်ဖေးက ချဲ့ကားပြီး ပြောနေတာ မဟုတ်ဘူးပဲ...
"ငါဘာပြောထားလဲ.. အရမ်းအရသာရှိတယ်မလား... အချစ်လိုပဲလေ..."
ကျောက်ယွဲ့ထုံ ပြန်လည် မချေပတော့ချေ။ အချစ်ကို ခံစားမိတယ်ဟု ချဲ့ကားပြောနေသော်လည်း အရသာမှာ ငြင်းရက်စရာ မရှိလောက်အောင် ကောင်းလွန်းနေလေသည်။
မကြာမီ သုံးဦးလုံး သူမတို့ရှေ့ရှိ ဥထမင်းကြော်ကိုသာ အာရုံစိုက် လွေးနေကြပြီး လင်းရီကို ငမ်းဖို့ရန်ပင် သတိမရကြတော့ချေ။
ဘယ်လိုပြောရမလဲ.. စားကောင်းတယ်... ဟုတ်တယ် ဆိုင်နာမည် အတိုင်းပဲ...
ဥထမင်းကြော် ကုန်သွားသည့် တိုင်အောင် သုံးယောက်လုံးမှာ ရင်ဘက်ထဲတွင် မတင်းတိမ်နိုင်ကြသေးချေ။
ဒီဆိုင်က အစားအသောက်တွေက တော်တော်လေး အရသာရှိတယ်ဟ.. ဆိုးတာက ဈေးလေး နည်းနည်း ကြီးနေတာပဲ.. မဟုတ်လို့ကတော့ နေ့တိုင်းကို လာစားပစ်တယ်...
"သူဌေး.. တစ်သျှူးလေး နည်းနည်းလောက် ရှိလား..."လီချန် မေးလိုက်သည်။
"ရတာပေါ့.. ခဏလေးနော်..."
လင်းရီ တစ်သျှူး တစ်ထုပ်ယူ၍ လီချန်ကို ကမ်းပေးလိုက်သည်။
"သူဌေးရဲ့ လက်ရာနဲ့ဆိုရင် ကျိန်းရန် လမ်းတစ်ခုလုံးက ဆိုင်တွေ အကုန်လုံး တစ်မိုင်လောက် ကျန်နေရစ်ခဲ့လိုက်ဦးပဲ..."
"ဒါနဲ့ သူဌေး.. ဒီတစ်သျှူးကကော ပိုက်ဆံ ယူသေးလား......."ထုံးဖေး ညင်သာစွာ မေးမြန်းလိုက်၏။
လင်းရီ ရယ်မောချင်သွားပြီး "တစ်သျှူးက အလကားပေးတာ..."
"အူး...သူဌေးက အရမ်း သဘောကောင်းတာပဲ.. ညကျရင်လည်း ဒီမှာပဲ လာစားဦးမယ်... တစ်ခြားဆိုင်တွေမှာ သွားစားရင် တစ်သျှူးပိုသုံးလေ ဆိုင်ရှင်က ပျော်လေပဲ..."
"ဆိုင်တိုင်းမှာ သူ့စည်း သူ့ကမ်းနဲ့ ရှိတယ်လေ... အပေါ်ယံ ကြည့်ပြီး ဆုံးဖြတ်ဖို့ဆိုတာ လွယ်မှ မလွယ်ကူတာ..."
"ဟုတ်တယ် ဟုတ်တယ်... သူဌေးလေးပြောတာ အရမ်းကောင်းတယ်...."
လင်းရီ ဆွံ့အသွားခဲ့၏။
'ငါက ဒီတိုင်း ပြောနေတာလား.. နင်က ဘာတွေ အရမ်းကောင်းနေတာ...'
"သူဌေး.... ငါတို့ ပြန်သွားရန် နင့်ရဲ့ ဆိုင်ကို ကြော်ငြာပေးမယ်လေ.. အဲ့လိုဆို နောက်လာစားရင် ဒစ်စကောင့်ပေးလို့ရလား... "လီချန်း ပြုံးလျက် မေးလိုက်၏။
"မီနူးထဲက ဟင်းလျာတွေကိုတော့ ဒစ်စကောင့် ပေးလို့ မရဘူး.. ဒါပေမယ့် တခြား အသီးနဲ့ သောက်စရာတွေ ပေးလို့ရတယ်..."
လင်းရီမှာ ပိုက်ဆံ မရှားသော်လည်း မီနူးပေါ်ရှိ ဈေးနှုန်းများကတော့ ဇီဇာကြောင်သည့် စနစ်မှ သတ်မှတ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် သူ ပြောင်းလဲလို့ မရချေ။ ထိုအစား အခြား တန်ဖိုးရှိသည့် ၀န်ဆောင်မှု တစ်ခုဖြင့် အလျော်ပြန်ပေးရုံသာ တတ်နိုင်လေသည်။
"အဲ့လိုဆို ကောင်းတာပေါ့.. ငါတို့ ပြန်သွားရင် ကြော်ငြာပေးမယ် စိတ်ချ... ငါတို့ကိုယ်တိုင်လည်း နောက်အမြဲလာအားပေးမှာ..."
"မင်းတို့ အဆင်ပြေသလိုသာ လုပ်ပါကွာ.. ဆိုင်ထဲက အစားအသောက်တွေက တော်တော်လေးတော့ ဈေးမပေါဘူး.. နောက်ပြီး အားလုံးက အိမ်က ပိုက်ဆံတွေ သုံးနေကြတာမလား... အမြဲတမ်း လာအားပေးဖို့ မလိုပါဘူး.. ကြိုက်တယ်ဆိုလည်း ကြာကြာနေမှ တစ်ခါလောက် လာအားပေးရင် ရပြီ... "
"သူဌေး.. နင့်ရဲ့ ကမ္ဘာကြီးကို ရှုမြင်တဲ့ စံညွှန်းတွေကလည်း ရုပ်ရည်အတိုင်းပဲ ထူးခြားတယ် ဆိုတာ နားလည်သွားပြီ... နင်က ကျောင်းက မရင့်ကျက်သေးတဲ့ ကောင်တွေထက် အပုံကြီးသာတယ်..."
လင်းရီ ဆွံ့အသွားခဲ့တော့၏။
အဲ့တာက သာမန်လူတစ်ယောက်ရဲ့ ရှုထောင့်ကနေပဲ မဟုတ်ဘူးလား... လူတိုင်း နားလည်နေတာပဲလေ...
ဒါမှမဟုတ် ရုပ်ချောရင် ကမ္ဘာကြီးမှာ ထင်ရာစိုင်းလို့ ရသွားတာလား...
ချလပ်
ဆိုင်တံခါးမှာ ပွင့်ဟလာခဲ့သည်။ လင်းရီ လှည့်ကြည့်လိုက်သောအခါ ကောင်လေး သုံးယောက် ဘေးချင်းယှဉ်၍ လမ်းလျှောက်လာသည်ကို မြင်လိုက်ရလေသည်။
သူ ဘာစားမလဲဟု မေးတော့မည့် အချိန်တွင် အလယ်မှ ယောက်ျားလေးက စကားပြောလာခဲ့၏။
"ရှောင်ထုံ.. မင်းပြောတော့ စာပြန်ကြည့်နေတာဆို... ဘာလို့ ဒီရောက်နေတာ..."
"ဟမ်..."
ထိုအသံကို ကြားတော့ မိန်းကလေး သုံးယောက်လုံး ကြက်သေသေသွားခဲ့၏။
"ဖုန်းရှစ်ယွီ... နင်ကကော ဘာလို့ ဒီရောက်နေတာ..."
ဖုန်းရှစ်ယွီဘေးရှိ အဖော်နှစ်ယောက်ကိုလည်း ကျောက်ယွဲ့ထုံ ရင်းနှီးလေသည်။
ထိုသူများက ဘတ်စက်ဘော အသင်းသားများ ဖြစ်ကြသည့် စွန်းလီကျွင်းနှင့် ဖုရုန်ဟွေးပင်။
"ငါ မင်းနဲ့ ဖုန်းပြောပြီးတော့ တစ်ယောက်ယောက်က မင်းကို ကျိန်းရန်လမ်းမှာ မြင်လိုက်တယ်ဆိုပြီး ပြောလို့..."ဖုန်းရှစ်ယွီ ပြောလိုက်ပြီး "ငါလည်း အစကတော့ မယုံပါဘူး.. ဒါပေမယ့် တကယ်ကြီး ဒီမှာ ရှိနေမယ်လို့တော့ ထင်မထားဘူး..."
ထို့နောက် ဖုန်းရှစ်ယွီ လင်းရီကို အေးစက်စွာ ကြည့်လိုက်၏။ ယင်းက လင်းရီကို ပြောစရာစကား ကင်းမဲ့သွားစေသည်။
'မင်းရဲ့ ရည်းစားကို နှိုက်မြည်းနေတာလည်း မဟုတ်ဘူးလေကွာ.. အဲ့ဒီ အကြည့်က ဘာလားကွ...'
"ငါ ဒီမှာ စာပြန်ကြည့်နေတာ..."ကျောက်ယွဲ့ထုံ တည်ငြိမ်စွာ ပြောလိုက်ပြီး "ကြည့်လိုက်... စာအုပ်နှစ်အုပ်တောင် ယူလာခဲ့သေးတယ်..."
ထူံးဖေးနှင့် လီချန်တို့ ရှုံ့မဲ့သွားခဲ့ကြ၏။
အစ်မတော်.. နင် ဆင်ခြေပေးမယ်ဆိုရင်လည်း ယုံနိုင်လောက်တဲ့ဟာ ပေးလေ...
ဘယ်သူက စားသောက်ဆိုင်မှာလာပြီး စာကြည့်လို့လဲ..
"စာကြည့်နေတာလား..."ဖုန်းရှစ်ယွီ ထေ့ငေါ့သည့် လေသံဖြင့် "ငါ ၀င်လာတုန်းက မင်းတို့ အဲ့ကောင်နဲ့ စကားပြောနေတာ တွေ့ပါတယ်... ဘာလို့ ငါ ရောက်လာခါကျမှ စာပြန်ကြည့်နေတယ်ဆိုပြီး ဖြစ်သွားတာ..."
ကျောက်ယွဲ့ထုံမှာ ဖုန်းရှစ်ယွီကို အကဲခတ်နေသေးသော်လည်း ဖုန်းရှစ်ယွီ၏ မျက်လုံးထဲတွင်တော့ သူတို့နှစ်ဦးမှာ ချစ်သူကြင်သူများ ဖြစ်နေပြီးဖြစ်၏။
ဒါ ငါ့နောက်ကွယ်မှာ ဖောက်ပြန်တာပဲ... လက်သင့်ခံလို့မရဘူး...
အကယ်၍ သာမန်အခြေအနေမျိုးတွင် ယခုလိုမျိုး ဖြစ်ပျက်ခဲ့ပါက ဖုန်းရှစ်ယွီ ဒေါသထွက်မိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း လက်ရှိ အခြေအနေမှာ သာမန် မဟုတ်ချေ။
ဤဆိုင်၏ သူဌေးက လွန်လွန်ကြူးကြူး ခန့်ညားချောမောနေလေသည်။ ယင်းက သူ့ကို အလွန်အမင်း စိုးရိမ်ပူပန်သွားစေခဲ့၏။
မိန်းကလေးသုံးယောက်မှာ လက်ပူးလက်ကြပ် မိသွားသောကြောင့် စကားပြောဆိုနေသည်ကို ရပ်တန့်လိုက်ကြသည်။
"ငါ စာနားမလည်တာရှိလို့ သူဌေးကို ရှင်းပြခိုင်းနေတာ..."
"မင်း ငါ့ကို ငကန်းများ ထင်နေတာလားကွ.. ဒါမှမဟုတ် မင်း ဘယ်သူ့ကို လာပြီး အရူးကွက် လာနင်းနေတာလဲ.."ဖုန်းရှစ်ယွီ ဒေါသထွက်စွာ ပြောလိုက်ပြီး "မင်းက ကွန်ပျူတာ သိပ္ပံကျောင်းသူလေ.. . ဟိုကောင်က စားဖိုမှူး .. သူက သင်ပြပေးဖို့ ဘာအရည်အချင်း ရှိလို့လဲ..."
"နင် သူဌေးကို အဲ့လို စကားမျိုး လာမပြောနဲ့..."ကျောက်ယွဲ့ထုံ အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောလိုက်၏။
ထုံးဖေး "??? "
လီချန် "......"
ကျောင်းရဲ့ အလှလေးကျောက်က လက်ပူးလက်ကြပ်မိနေတာတောင် ဘာလို့ သူမချစ်သူကို ကာကွယ်ပေးနေတယ်ဆိုပြီး ဘာလို့ ခံစားနေရပါလိမ့်…