လင်းရီကို သကြားပေပီလေး လုပ်ခိုင်းမယ်
Vol. 40 Ch. 593
"ဘာလဲ... ငါပြောတာ မှားလို့လား..."
ဖုန်းရှစ်ယွီ ပြောလိုက်ပြီး "သူက ဟင်းချက်တဲ့ကောင်.. နင့်ကို ဘာတစ်ခု ထောက်ပြပေးနိုင်မှာမို့လို့လဲ..."
" ယုံတာ မယုံတာ နင့်အပိုင်းလေ.. သူဌေးက ငါ့ကို စာရှင်းပြနေတာ အမှန်ပဲ.."ကျောက်ယွဲ့ထုံ ခပ်ပြတ်ပြတ် ပြန်ပြောလိုက်၏။
"ပြီးတော့ နင် ဆိုင်ထဲမှာ အော်ကြီးဟစ်ကျယ်နဲ့ သူဌေးရဲ့ စီးပွားရေးကို လာနှောင့်ယှက်မနေနဲ့..."
သို့နှင့် ကျောက်ယွဲ့ထုံ လင်းရီ ကို ကြည့်လိုက်ပြီး နူးညံ့ပျော့ပျောင်းသည့် လေသံဖြင့် "သူဌေး.. စိတ်မရှိပါနဲ့နော်.. နင့်ကို ပြဿနာ တက်စေမိပြီ..."
"အဆင်ပြေပါတယ်..."
"ဖုန်းရှစ်ယွီ.. နင် အထင်မလွဲနဲ့.. ငါတို့ တကယ်ကြီး စာလာကြည့်နေတာ..."
လီချန်လည်း ၀င်ရောက် ရှင်းပြရင်း ဖြန်ဖြေပေးလိုက်သည်။
ထုံးဖေး လင်းရီကို ပြုံးပြလိုက်ပြီး "သူဌေး ခုနက ရှင်းပြပေးတာ ကျေးဇူးပဲနော်.. ခုမှပဲ ဘာကြောင့်ဆိုတာ သိသွားတော့တယ်.. နောက်နောင် နားမလည်တာရှိရင်လည်း သူဌေးဆီပဲ လာခဲ့မယ်နော်..."
"အမ်... နားလည်ရင် ပြီးတာပဲလေ...."
"ကောင်းပြီ.. ငါတို့ စားလို့လည်း ပြီးပြီဆိုတော့ သွားကြစို့... မွန်းလွဲပိုင်းကျရင် အတန်းချိန် ရှိသေးတယ်.."
ထုံးဖေးကတော့ စိတ်ထဲတွင် အပြစ်ရှိသလို ခံစားနေရ၏။ အကယ်၍ သူမသာ အတင်း ဆွဲမခေါ်လာခဲ့ဘူးဆိုပါက ယခုလို ဖြစ်စရာ အကြောင်း မရှိချေ။
သူမ အဆောင်သို့ ပြန်ရောက်သည့် အချိန်တွင်တော့ သေချာပေါက် ဆံပင်ကောက်ရပေမည်။ မဟုတ်ပါက သူမကိုလည်း အလွယ်တကူနှင့် ဖမ်းမိသွားပေလိမ့်မည်။
“ အိုက်ယိုး… ဟုတ်သားပဲ… လက်ချာတန်းရှိသေးတာကို ငါကလည်း ဘာလို့ မေ့နေတာပါလိမ့်…”
လီချန်ပြောလိုက်သည်။
“ ဘာကို အတန်းရှိတာ… ဒီလိုလုပ်လိုက်တာနဲ့ပဲ ငါ့ကို အရူးလုပ်နိုင်ပြီလို့ မင်းတို့က ထင်နေကြတယ်ပေါ့…” ဖုန်းရှစ်ယွီ လင်းရီကို ကြည့်လိုက်ပြီး “ မင်းကလည်း သရုပ်ဆောင်တော့ အတော်လေး ကောင်းသားပဲကွ ဟမ်.. ဟင်းချက်တဲ့ ကောင်ကများ ငါ့ကောင်မလေးကို စာရှင်းပြချင်နေသေးတယ်… ကိုယ့်ကိုယ်ကို ဘာကောင်ထင်နေတာ… ငါ့ကို စောက်ရူးများ မှတ်နေတာလား…”
“ မင်းကကော ငါ့ကို လာပြီး ဝေဖန်စရာ ဘာသောက်ကြောင်း ရှိလို့လဲ… စားဖိုမှူးဖြစ်တာနဲ့ပဲ သူတို့ကို မေးခွန်းရှင်းပြပေးလို့ မရတော့ဘူးလား…”
“ ဟက်…” ဖုန်းရှစ်ယွီ နှာခေါင်းရှုံ့လိုက်ပြီး “ မင်းလို စားဖိုမှူးက ကွန်ပျူတာအကြောင်း ဘယ်လောက်ထိ သိလို့လဲ…”
“Java က ဘာလဲသိလား… Python, C++ အဲ့ဒီ ပရော်ဖက်ရှင်နယ် အသုံးအနှုန်းတွေကိုကော မင်းလို မီးဖိုချောင်ထဲက ကောင်က ကြားဖူးလို့လား…”
“ အစ်ကိုယွီ .. သူကို လျစ်လျူရှုထားလိုက်စမ်းပါ… ငါတို့ သင်ထားတဲ့ နည်းပညာတွေက သောက်ရမ်း အဆင့်မြင့်တာလေ… သူ့လိုလူစားမျိုးက ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာ…” စွန်းလီကျွင်း ပြောလိုက်ပြီး “ တကယ်လို့ အဲ့တာတွေသိရင် ဒီကောင် ဟင်းချက်နေမှာ မဟုတ်ဘူး…”
“ မင်းတို့ကောင်တွေကလည်းကွာ.. ကိုယ့်အောက်နိမ့်တဲ့ ကောင်တွေကို နိမ်မနေစမ်းပါနဲ့…. “ လီရုန်ဟွေ့ ပြောလိုက်၏။
“ ငါလည်း အဲ့ကောင်နဲ့ သောက်ဖက်လုပ်ပြီး လေကုန်မခံချင်ပါဘူး… ဒါပေမယ့် ရှင်းအောင်တော့ ပြောထားမှ ဖြစ်မယ်… ဒီမှာ ဟေ့ရောင်.. မင်းကိုယ်မင်း ရုပ်လေး ချောတာနဲ့ပဲ မိန်းကလေးတိုင်းနဲ့ ကလူကျီစယ်လို့ ရပြီ မထင်နဲ့… ကိုယ့်နေရာကိုယ်သိရတယ်ကွ…” ဖုန်းရှစ်ယွီ ပြောလိုက်ပြီး
“ ရာရာစစကွာ.. ဟင်းချက်တဲ့ကောင်ကများ ငါ့ရည်းစားကို စာရှင်းပြနေတယ်တဲ့… ဟာသပဲ…”
လင်းရီကတော့ အနှီ မနူးမနပ်ကောင်လေးများကို ကြည့်ရင်း ဆွံ့အစွာဖြင့် ခေါင်းခါရမ်းလိုက်သည်။
ကမ္ဘာကြီးက ဘယ်လိုတွေ ဖြစ်ကုန်တာတုန်းဟ…
Java နဲ့ Python သိတာနဲ့ပဲ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေတာလား မသိဘူး…
ဒီတစ်သုတ် တက္ကသိုလ်ကျောင်းသားတွေရဲ့ စံနှုန်းက နိမ့်လှချည်လား…
“မင်းပြောနေတာတွေက အခြေခံအကျဆုံး ကွန်ပျူတာ ဘာသာစကားတွေမဟုတ်ဘူးလား…” လင်းရီ ပြောလိုက်သည်။
“ ဟက်.. မဆိုးပါဘူး… မင်းလိုလူမျိုးက ဒီလိုအသုံးအနှုန်းတွေကို ကြားဖူးသားပဲ…” ဖုန်းရှစ်ယွီ အဖက်မတန်စွာ စကားပြောလိုက်သည်။
“ အဲ့ဒါတွေက အပြင်ကနေ စာအုပ်ဝယ်ပြီးလည်း လေ့လာလို့ ရနေတာပဲ မဟုတ်ဘူးလား…” လင်းရီ ပြောလိုက်ပြီး “ မင်းတို့က ကွန်ပျူတာသိပ္ပံကျောင်းသားတွေဆိုတော့ FW, MIPS နဲ့ NAND gates တွေကော သိလား…”
“ ဟမ်…”
လင်းရီထံမှ အဆိုပါ ပရော်ဖက်ရှင်နယ် အသုံးအနှုန်းများကို ကြားတော့ ဖုန်းရှစ်ယွီနှင့် ကျန်သူများအားလုံး ကြက်သေသေသွားကြလေသည်။
သူတို့ပင် ထိုအသုံးအနှုန်းများကို နည်းပြများ ပြောဖူး၍သာ ကြားဖူး၏။ သူတို့နှစ်တွင် ထိုအရာများကို သင်ကြားရခြင်း မရှိသေးချေ။
လုံးဝ မျှော်လင့်မထားသည်က ထိုစကားလုံးများကို ဟင်းချက်တစ်ယောက်က ပြောလိုက်ခြင်းကိုပင်။
“ အဲ့ဒီတော့… အဲ့လို ကြားဖူးနားဝ အခေါ်အဝေါ်လေး သိတာနဲ့ပဲ မင်းက ကိုယ့်ကိုယ်ကို အတတ်ကြီး လုပ်လို့ရပြီလို့ ထင်နေတာလား..…”
လင်းရီ ဘားကောင်တာရှိ လက်တော့ကို ထိုကောင်လေးများရှိရာဘက်သို့ သာမန်ကာလျှံကာ လှည့်ပြလိုက်ပြီး “ ငါ့ရဲ့ လယ်ဗယ်က မင်းတို့လို ကျောင်းတက်နေရတဲ့ ကောင်တွေလောက် မမြင့်တော့ ငါသင်ယူထားတာတွေကလည်း မင်းတို့အတွက်တော့ အေးဆေး ဖြစ်နေမှာပေါ့ ဟုတ်တယ်မလား…. အတော်ပဲ ဒီစာကြောင်းက error ကို ရှာမရဖြစ်နေလို့ ကြုံတုန်းလေး ကူညီစမ်းပါ….”
စခရင်ပေါ်ရှိ ကုတ်စာကြောင်းများကို မြင်တော့ ကွန်ပျူတာသိပ္ပံကျောင်းသား ခြောက်ယောက်လုံးမှာ ထိတ်လန့်တူန်လှုပ်သွားကြသည်။
ဘယ်လိုငရဲလဲ…
ဒါကြီးက ဘာတွေရေးထားတာလဲ….
ဒါတွေက code တွေမှ ဟုတ်ရဲ့လား….
ငါတို့ ဘာလို့ တစ်ကြောင်းမှ နားမလည်ရတာတုန်းဟ…
မိန်းကလေး သုံးယောက်လုံးမှာလည်း ကိုယ့်အတွေးနှင့်ကိုယ် စတင် စိတ်ကူးယဉ်ကြတော့၏။
ကြည့်လို့လည်း ကောင်း ၊ ထိပ်တန်း ကျောင်းသားလည်းဖြစ် ၊ ပြီးတော့ သူများ လာနှိပ်ကွပ်တာကို ရဲရဲဝံ့ဝံ့နဲ့ ပြန်လည်တိုက်ခိုက်တဲ့ သတ္တိ။
ဒါ...ရုပ်ရှင်ဒရာမာတွေထဲက ဇာတ်ကွက်က ခုလေးတင် သူမတို့ မျက်စိရှေ့ ဖြစ်သွားခဲ့တာလား…
ထိုအခိုက်အတန့်တွင်တော့ လင်းရီ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ကျိန်းစပ်မတတ်တောက်ပနေပြီး မိန်းကလေး သုံးယောက်လုံးမှာ ရီဝေသွားကြကာ မျက်၀န်းပုံရိပ်ထဲတွင် အသည်းပုံလေးများ ပေါ်လာခဲ့တော့၏။
အချစ် … ဒါဟာ အချစ်ပဲ…
“ မင်း.. မင်းက ဒါတွေလည်း သိတာပဲလား…”
“ သိပ်တော့မသိပါဘူး… ဒါပေမယ့် ဒီမိန်းကလေးတွေကို ရှင်းပြဖို့တော့ လုံလောက်တယ်…”
“ ဟမ့် .. ခုနင်တို့ ယုံပြီမလား…”
“ ဘာယုံစရာရှိလို့… “ ဖုန်းရှစ်ယွီ ပြောလိုက်ပြီး “ သူက မင်းတို့ကို လိမ်နေတာဆိုရင်ကော….”
“ ဖုန်းရှစ်ယွီ… နင် သိပ် မလွန်လာနဲ့…” ကျောက်ယွဲ့ထုံ ပြောလိုက်ပြီး “ ငါက နင့်ကို အကဲခတ်နေတုန်းပဲ ရှိသေးတယ်.. ငါတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက တရားဝင်တောင် မဖြစ်သေးဘူး… နင်ငါ့ကို လာပြီး ချုပ်ချယ်ပိုင်ခွင့်လည်း မရှိဘူး…”
“ ဒါပေမယ့် ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တကယ့် ချစ်သူတွေနဲ့ မခြားတော့ဘူးမလား…”
“ သေချာပေါက် အကြီးကြီးခြားတာပေါ့…ငါတို့က လုံး၀ ချစ်သူတွေ မဖြစ်သေးဘူး…” ကျောက်ယွဲ့ထုံ ပြောလိုက်ပြီး “ ဘာပဲဖြစ်ဖြစ်.. နင့်ကို ဆက်ပြီး အကဲခတ်နေဖို့လည်း မလိုတော့ဘူး… ငါတို့ နှစ်ယောက်က မလိုက်ဖက်မှတော့ ဒီလောက်နဲ့ တော်လိုက်ကြတာပေါ့…”
ထုံးဖေး “ ??? “
လီချန်း “…..”
ဒီလိုနဲ့ပဲ လမ်းခွဲလိုက်ကြတယ်ပေါ့…
ဒါက ဖုန်းရှစ်ယွီလေ… သူက နင့်ရှေ့မှာရှိတဲ့ သူဌေးလောက် မချောဘူးဆိုရင်တောင် တစ်ခေါက်တွေ့ပြီးတာနဲ့ ဒီလိုကြီး ဆုံးဖြတ်လိုက်တယ် ဆိုတာကတော့ နည်းနည်းလေး အလျင်မလိုလွန်းဘူးလား…
“ ထုံထုံ… မင်းတကယ်ကြီး ဆုံးဖြတ်လိုက်ပြီလား… ငါက သူ နင့်ကို ညာနေမှာ စိုးရိမ်လို့ ပြောနေရတာဟ…”
“ ငါက အရွယ်ရောက်ပြီးသား လူတစ်ယောက်… ဘယ်ဟာက မှန်တယ်.. ဘယ်ဟာကမှားတယ်ဆိုတာ ငါ့ဘာငါ ဝေဖန်ပိုင်းခြားနိုင်တယ်… နောက်ပြီး နင့်လို သူများကို နိမ့်ချဝေဖန်တတ်တဲ့ ကောင်တွေကိုလည်း အရမ်းမုန်းတယ်…”
ထိုသို့ ပြောပြီးနောက် ကျောက်ယွဲ့ထုံ လင်းရီ ထံသို့ လျှောက်လာခဲ့ကာ “ သူဌေး QR ကုတ်က ဘယ်နားမှာလဲ…. ကျွန်မ ဘေလ်ရှင်းမလို့…”
“ ဖြတ်ပိုင်းက ကုတ်ကိုပဲ စကန်ဖတ်လိုက်…”
“ အွန်း…”
ဘေလ်ပေးပြီးနောက် သုံးယောက်သား ထွက်ခွာသွားကြလေသည်။
ဖုန်းရှစ်ယွီ လင်းရီကို ကြည့်၍ နှာခေါင်းရှုံ့လိုက်ပြီး “ မင်း ထုံထုံကို မဟုတ်တာကြံချင်နေတယ်ဆိုရင်တော့ အဲ့အတွေးတွေကို ဖျောက်ပစ်ဖို့ အကြံပေးချင်တယ်… မဟုတ်လို့ကတော့ မင်း မချောင်ဘူးမှတ်….”
“ သူများကဖြင့် အပြတ်ငြင်းသွားပြီကို မင်းက ကောက်ရိုးပုံစောင့်တဲ့ ခွေးလုပ်ချင်နေသေးတယ်ပေါ့… မင်းကိုတော့ လေးစားသွားပြီ….”
“ အဲ့တာ ငါ့ကိစ္စ… မင်းနဲ့ ဘာမှမဆိုင်ဘူး…”
သို့နှင့် ဖုန်းရှစ်ယွီနှင့် သူ့အဖော်နှစ်ယောက်တို့ လှည့်ပြန်သွားကြလေသည်။
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းရမ်းလိုက်ပြီး စားပွဲပေါ်ရှိ ပန်းကန်ပြားများကို သိမ်းဆည်းလိုက်၏။
ထို့နောက် ထပ်မံ ရောက်ရှိလာဦးမည့် ကတ်စတန်မာများကို စောင့်မျှော်နေလေသည်။
မွန်းလွဲပိုင်းတွင် ကတ်စတန်မာများ ဝင်ချည်ထွက်ချည်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြ၏။
သို့သော်လည်း မီနူးကြည့်ပြီးနောက် အကုန်လှည့်ပြန်သွားကြလေသည်။
အမျိုးသမီးများမှာ လင်းရီ၏ ခန့်ညားချောမောသည့် ရုပ်ရည်ကြောင့် အံ့အားသင့်သွားကြသော်လည်း ပိုက်ဆံ မလုံလောက်သည်နှင့် သူမတို့ ကောင်လေးများကလည်း ဘေးတွင်ရှိနေသေးသောကြောင့် လက်လျော့လိုက်ကြ၏။
သို့သော်လည်း စိတ်ထဲတွင်တော့ ပိုင်းဖြတ်ပြီး ဖြစ်သည်။
သူမတို့ ကောင်လေးများ မရှိသည့် အခိုက်တွင် သူမတို့၏ သူငယ်ချင်းကောင်းများနှင့် အတူ အဆင်လေးငမ်းရင်း ထပ်မံ လာစားဦးမည်။
လင်းရီကတော့ ပျော်ပျော်ကြီးပင်။ ဆိုရိုးစကားများအတိုင်း ဆန္ဒရှိသူများမှာ ငါးစာများ ဖြစ်လာကြပေလိမ့်မည်။
သူ၏ ဆိုင်ငယ်လေးမှာ ယခုမှ ဖွင့်ခါစဖြစ်သောကြောင့် သိပ်ပြီး စည်ကားနေလိမ့်မည်တော့ မဟုတ်သော်လည်း ကတ်စတန်မာ အဟောင်းများ များပြားလာပါက ယခုထက်ပို၍ အခြေအနေကောင်းလာမည်မှာ သေချာလေသည်။
လင်းရီ စနစ်၏ မစ်ရှင်စာမျက်နှာကို တစ်ချက်ကြည့်လိုက်သောအခါ (5/20) ပဲ ရှိနေသေးသည်ကို မြင်တွေ့လိုက်ရ၏။ ယခုလို နှုန်းအတိုင်းဆိုပါက မစ်ရှင်ပြီးမြောက်ရန် ရက်အချို့တော့ ကြာဦးပေမည်။
သို့သော်လည်း ထုံးဖေးနှင့် ကျန်သည့်နှစ်ယောက်ကိုပါ ထည့်ထွက်ထားသောကြောင့် လင်းရီ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ဖောက်သည်အဟောင်းများကိုပါ ထည့်တွက်သည်ဆိုတာ့ စိုးရိမ်စရာတော့ မရှိတော့ချေ။
ကြည့်ရသလောက်တော့ မစ်ရှင်၏ ခက်ခဲမှုက သူထင်ထားသည်ထက်ကို လျော့ကျနေဟန်တူသည်။
ကလင် ကလင် ကလင်
ထိုအချိန်တွင်ပဲ ကျီချင်းရန် ဖုန်းဆက်လာခဲ့၏။
“ မစ္စတာလင်း .. ဒီနေ့ ဆိုင်အခြေအနေဘယ်လိုရှိလဲ….”
“ ဒီနေ့တော့ ဥထမင်းကြော် သုံးပွဲပဲ ရောင်းရပါသေးတယ် မစ္စလင်းခင်ဗျ…”
“ ခစ်ခစ်…”
ကျီချင်းရန်မှာ လင်းရီ သူမကို မစ္စလင်းဟု ခေါ်သည်ကို အကြီးအကျယ် သဘောကျနေလေသည်။
“ အလုပ်ကို ကောင်းကောင်းလုပ် ကြားလား… ဒီနေ့ ငါတို့ရဲ့ ပန်းတိုင်က ကတ်စတန်မာ ဆယ်ယောက်ရဖို့ပဲ.. အဲ့လောက်မှပဲ အသုံးစရိတ်ကို မကာမိဘူးဆိုရင်တောင် သိပ် မဆုံးရှုံးဘူးပေါ့…”
“ အိုကေလေ…”
“ အွန်း… ငါ လုပ်စရာလေးတွေ ရှိသေးလို့ ဖုန်းချလိုက်တော့မယ်နော်… နောက်နာရီဝက်နေရင် ငါလည်း ဆိုင်လာခဲ့မယ်….”
“ အိုခေ..”
ဖုန်းချပြီးနောက် လင်းရီ ကုတ်ဆက်ရေးနေလိုက်၏။
ခဏကြာသော် စားသောက်ဆိုင်တံခါးမှာ ပွင့်ဟလာခဲ့သည်။ ကျီချင်းရန် ရောက်လာချေပြီဟု လင်းရီ မှတ်ယူလိုက်သော်လည်း မျှော်လင့်မထားစွာဖြင့် ရောက်ရှိလာသူမှာ သူ၏ မိတ်ဆွေဟောင်း ရန်ရွှေ ဖြစ်နေလေသည်။
ရန်ရွှေမှာ အပြာရောင် ဂျင်းပန်ကို ဝတ်ဆင်ထားပြီး လေဒီရှူးတစ်ရံကို စီးနင်းထား၏။ သူမ၏ ဆံပင်ကို သေသပ်စွာ ချည်နှောင်ထားပြီး ကျော့ရှင်း သပ်ရပ်နေလေသည်။
ထို့ပြင် သူမဘေး၌ အနည်းငယ် ခပ်ပြည့်ပြည့် အမျိုးသမီးလည်း ရှိနေသည်။
ဝတ်စားဆင်ယင်မှုကို လိုက်၍ အကဲဖြတ်ရမည်ဆိုပါက သူမမှာ ရန်ရွှေထက် ပို၍ တော်ဝင်ဆန်နေသော်လည်း ရုပ်ရည်ရူပကာချင်း နှိုင်းယှဉ်လျင်တော့ သူမမှာ မိုင်ထောင်ချီ ဝေးကွာနေသေးသည်။
ရန်ရွှေကိုတွေ့လိုက်ရ၍ လင်းရီ မအံ့ဩသွားပေ။ ကျိုးဟိုင် ဒရာမာအကယ်ဒမီမှ ပရော်ဖက်ဆာ တစ်ဦးဖြစ်သောကြောင့် သူမ၏ ကျောင်းမှာလည်း ကျိန်းရန်လမ်းနှင့် မနီးမဝေးတွင် တည်ရှိလေသည်။ ထို့ကြောင့် ယခုလိုနေရာသို့ ထမင်းလာစားသည်က ပုံမှန်သာဖြစ်၏။
သို့သော်လည်း ရန်ရွှေကတော့ လင်းရီကို မြင်တွေ့လိုက်ရ၍ အတော်လေး ကြက်သေသေသွားလေသည်။
“ လင်းရီ… နင်က ဘာလို့ ဒီရောက်နေတာ….”
“ ကျွန်တော်လား…. အချိန်လေး အားနေတော့ ဒီမှာ ဆိုင်လာဖွင့်နေတာလေ…”
ရန်ရွှေ သူမ ဆံပင်ကို တစ်ချက် ပြုပြင်လိုက်ပြီး ပြုံးလိုက်၏။ သူမ လင်းရီ၏ လျှို့ဝှက်ဆန်းကြယ်သည့် လုပ်ရပ်များကို နေသားကျနေချေပြီ။
သူမတို့ ပထမဆုံး တွေ့ဆုံစဉ်တုန်းက လင်းရီမှာ အီရန်ဘွိုင်း လုပ်နေပြီး သုံးလေးလကြာ အဆက်အသွယ်ပြတ်ပြီးနောက် ပြန်တွေ့သည့် အချိန်တွင်တော့ လင်းရီမှာ ဆိုင်လေး တစ်ဆိုင်ဖွင့်ထားပြန်၏။
သူက နေရာတိုင်းမှာကို ရှိနေတော့တာပဲ…
“ နင်တို့ နှစ်ယောက်က အချင်းချင်း သိနေတာလား…” ရန်ရွှေဘေးရှိ အမျိုးသမီးမှ မေးလိုက်သည်။
တစ်ချိန်တည်းတွင် လင်းရီကိုလည်း ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။ သူမ အနှီ ခန့်ညားချောမောသည့် လင်းရီကို မြင်မြင်ချင်း အထင်မြင်ကောင်းတို့ ရှိသွားလေသည်။
“ သူ့နာမည်က လင်းရီ.. ငါ့ရဲ့ မိတ်ဆွေလေ… တစ်ယောက်နဲ့ တစ်ယောက် သိသာတော့ သိပ်မကြာသေးဘူး…”
သို့နှင့် ရန်ရွှေ လင်းရီကိုလည်း မိတ်ဆက်ပေးလိုက်၏။
“ ဒါက ဝမ်မေ့ယွင်.. တုန်းလိုင်မီဒီယာက အစ်မရဲ့ အသိလေ… ခုလေးတင် အလုပ်ကိစ္စဆွေးနွေးပြီးလို့ တစ်ခုခု လာစားကြတာ…”
ဝမ်မေ့ယွင်မှ သူမ၏ လက်ကို ဦးစွာဆန့်တန်း၍ နှုတ်ဆက်လာခဲ့၏။ ရန်ရွှေ၏ မျက်နှာကြောင့် လင်းရီလည်း ယဉ်ကျေးစွာ ပြုံး၍ နှုတ်ဆက်လိုက်သည်။
“ ရန်… နင့်ရဲ့ မိတ်ဆွေလေးက အရမ်းကြည့်ကောင်းတာပဲနော်… သူ့မှာ အနုပညာနယ်ပယ်ထဲ ဝင်ဖို့ စိတ်ကူးလေးများ မရှိဘူးလား….”
ဝမ်မေ့ယွင် ပြောလိုက်ပြီး “ တကယ်လို့ ငါသာ ကြီးကြပ်ပေးလိုက်မယ်ဆိုရင် သူက သေချာပေါက် ထိပ်တန်းဆယ်လီ ဖြစ်လာမှာပဲ..”
“ ကြည့်ရတာတော့ စိတ်မဝင်စားဘူး ထင်တယ်.. မဟုတ်ရင် ဒီမှာ ဆိုင်ဖွင့်နေမှာ မဟုတ်ဘူးလေ…”
ရန်ရွှေ လင်းရီ၏ အရည်အချင်းများကို ကောင်းစွာ နားလည်ပေသည်။ သူ၏ ကြည့်ကောင်းသည့် ရုပ်ရည် ပါရမီတို့နှင့်ဆိုပါက လင်းရီသာ အနုပညာနယ်ပယ်ထဲ ဝင်ရောက်လိုက်ပါက ဝက်ဝက်ကွဲ အောင်မြင်သွားပေလိမ့်မည်။ သို့သော်လည်း လင်းရီမှာ ချမ်းသာသူ တစ်ဦးဖြစ်ပြီးသူ့တွင် ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကိုလည်း တည်ထောင်ထားကာ စီးသည့်ကားကပင် ယွမ် ၆၀ မီလီယမ် တန်ကြေးရှိ၏။
ထို့ကြောင့် အနုပညာ နယ်ပယ်ထဲ ဝင်ရောက်ပြီး ရရှိလာသည့် အနုပညာကြေးလေးမှာ သူ၏ အချိန်နှင့်ပင် ထိုက်တန်ခြင်း မရှိချေ။ ထို့ကြောင့် သူမ ကမ်းလှမ်းမှုကို ကူညီပေးရန် ငြင်းဆိုလိုက်၏။
“ ဒါပေမယ့် နင့်ရဲ့ လေသံကို နားထောင်ရသလောက်တော့ နင်တို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ ဖြစ်ထားတဲ့ ပုံပဲနော်….” ဝမ်မေ့ယွင်မှ ပြုံးစစဖြင့် မေးလိုက်၏။
ထိုအရာမှ တစ်ဆင့် ဝမ်မေ့ယွင်နှင့် ရန်ရွှေမှာ အတော်အသင့် ရင်းနှီးကြောင်းသိသာလေသည်။ မဟုတ်ပါက ထိုသို့ ပြောထွက်လာလိမ့်မည် မဟုတ်ချေ။
“ အမ်…. နင်ကလည်း ဘာတွေလျောက်ပြောနေတာ..” ရန်ရွှေ ပြုံးလိုက်ပြီး “ သားလေးတောင် အထက်တန်း ပထမနှစ်ရောက်နေပြီကို ဘာတွေ ဖြစ်ထားရဦးမှာလဲရှင်…”
“ နင်ကလည်း အနုပညာနယ်ပယ်အကြောင်း မသိတာကျနေတာပဲ…ဒီလိုကိစ္စတွေဆိုတာ သာမန်ပဲလေ…” ဝမ်မေ့ယွင် သာမန်လေသံဖြင့် ပြောလိုက်ပြီး “ ပြီးတော့ ယောက်ျားက ပုံမှန်ဆို အလုပ်ခရီးထွက်နေတာမလား… ဒီတော့ ဘေးမှာ အဖော်လေးရှိထားတာက မမှားပါဘူး…”
“ အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့.. လင်းရီနဲ့ ငါနဲ့က ရိုးရိုးသားသား ခင်မင်တာ.. နင် ထင်နေသလိုမျိုး မဟုတ်ဘူး… မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး ဆရာမ ဖြစ်လာတော့မှာလဲ…”
“ ဟန်ဆောင်နေတယ်..” ဝမ်မေ့ယွင်မှ စနောက်လိုက်ပြီး “ ငါတို့ မနေ့တုန်းက အတွင်းခံတွေဝယ်တုန်းကဆိုရင် နင့်ရဲ့ အတွင်းဝတ်တွေက ငါ့ထက်တောင် ပိုပြီး ဆက်ဆီဆန်နေပါသေးတယ်…”
ရန်ရွှေ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ သူမ လင်းရီ ကြားမှာကို ကြောက်ရွံ့သောကြောင့် မဟုတ်ပဲ သူမကိုယ်သူမ မည်သို့ ရှင်းပြရမှန်း မသိသောကြောင့် ဖြစ်၏။
“ ဘာလို့ မယုံတာ.. ပြီးတော့ ငါက သူ့ထက်လည်း နှစ်တွေအများကြီး အသက်ကြီးသေးတယ်.. တကယ်လို့ ငါ့မှာ ထူးဆန်းတဲ့ ဝါသနာရှိတယ်ဆိုရင်တောင် သူနဲ့ တစ်ခုခုဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ…”
ရန်ရွှေ ပြောလိုက်ပြီး “ ငါတို့ကျောင်းက ကျောင်းသူလေးတွေဆို သူ့ကိုမြင်တာနဲ့ ခြေထောက်တွေ ချည့်နဲ့ကုန်ကြပြီ… ငါက သူ့စိတ်ဝင်စားမှုကိုတောင်မှ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး..”
“ မဟုတ်သေးပါဘူး… နင့်ရဲ့ စကေးတွေသာ ကောင်းနေရင် ဘယ်ယောက်ျားသားကမှ မထိန်းချုပ်နိုင်ဘူး…” ဝမ်မေ့ယွင် ပြုံးလိုက်ပြီး “ ပြီးတော့ နင်က ခုထိ အပျိုလေး အတိုင်း လှနေတုန်းပဲလေ… သူ့လိုအရွယ်ကောင်လေးတွေက သေချာပေါက် ချုပ်ထိန်းနိုင်မှာ မဟုတ်ဘူး…”
“ တော် တော် တော် ….” ရန်ရွှေ ပြောလိုက်ပြီး “ လင်းရီနဲ့ ငါနဲ့က တကယ်ကြီး သူငယ်ချင်းကောင်းတွေ.. နင်နဲ့ငါနဲ့ ဆိုတာက ခင်လာတာလည်း နှစ်ပေါင်းမနည်းတော့ဘူး…ငါဘယ်တုန်းက အဲ့လို ကိစ္စမျိုးတွေ စိတ်ဝင်စားဖူးလို့လဲ…”
“ ပြီးရော ပြီးရော….”
လင်းရီ “…..”
အနုပညာ အသိုင်းအဝိုင်းက လူတိုင်း ဒီလိုပဲ ပွင့်လင်းကြတာလား… ဒါနဲ့ ဘာလို့ ငါ့ရှေ့မှာ ပေါ်တင်ကြီးတွေ ပြောနေကြတာ...ငါက ကိုယ်ပျောက်လူသားလား ….
လက်တွေ့တွင်တော့ အနုပညာ နယ်ပယ်မှာ လင်းရီ စိတ်ကူးယဉ်ထားသည်ထက် ရှုပ်ထွေးနေကြောင်းကိုတော့ မသိရှိခဲ့ပေ။
“ ကောင်းပြီလေ.. အရင်ဆုံး စားကြတာပေါ့… မနက်ကတည်းက အလုပ်ရှုပ်နေလိုက်တာ ထမင်းတစ်စိတောင် ဗိုက်ထဲ မဝင်သေးဘူး…”
နှစ်ယောက်သား ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်ကြ၏။ ရန်ရွှေ လင်းရီကို ပြုံးပြလိုက်ပြီး “ အစ်မ ဘာမှ မမှာတော့ဘူး.. အဆင်ပြေမယ့်ထင်တဲ့ ဟင်းလျာတစ်ချို့ကိုပဲ လုပ်ပေးပြီးတော့ နင့်ရဲ့ လက်ရာကို မြည်းစမ်းကြည့်မယ်လေ…”
“ အဲ့လိုမျိုးလုပ်ဖို့က အဆင်မပြေဘူးထင်တယ်…. ဒါပေမယ့် မီနူးက စားပွဲပေါ်မှာပဲ.. အဲ့ထဲက ကြိုက်တာမှာလိုက်… စိတ်ကျေနပ်စေရမယ်လို့ အာမခံရဲတယ်…”
“ အဲ့လောက် ယုံကြည်ချက်ရှိနေတယ်ပေါ့…”
“ ဘယ်တတ်နိုင်မှာ…. ကျွန်တော်က နတ်ဘုရားတွေရဲ့ ကောင်းချီးကို ရထားတာလေ…”
လျန်ရူရွှယ် မီနူးကတ်ကို လှန်လိုက်သောအခါ အထဲရှိ ဈေးနှုန်းများကြောင့် ရှော့ခ်ရသွားခဲ့၏။
“ ဈေးတွေက မသေးဘူးပဲ..” ရန်ရွှေ ပြုံးလိုက်ပြီး “ မုန်ညင်းချဥ် တစ်ပွဲကို 38 ယွမ်တောင် ပေးရတယ်ပေါ့…”
“ တန်ပါတယ်… အပြင်မှာ ခုလို လက်ရာမျိုး စားရဖို့ဆိုတာ မသေချာဘူး…”
“ ကောင်းပြီလေ.. အဲ့တာဆို ခေါက်ဆွဲကြော် တစ်ပွဲရယ်… ပုလဲနို့လက်ဖက်ရည်နှစ်ခွက်ရယ်… မုန်ညင်းချဉ်တစ်ပွဲ… ပြီးတော့ အလှအပအားဖြည့်စွပ်ပြုတ်တစ်ပွဲ.. ဒါက တစ်ယောက်စာလား နှစ်ယောက်စာလား…”
“ တစ်ယောက်စာပဲ…”
“ အဲ့ဒါဆို စွပ်ပြုတ်ကို နှစ်ပွဲလုပ်ပေး…”
သို့နှင့် ရန်ရွှေ မီနူးကို တစ်ဖက်သို့ တွန်းပို့လိုက်လေသည်။ ဝမ်မေ့ယွင် သာမန်ကာလျှံကာ ဖတ်ကြည့်ပြီးနောက် သိပ်ထူးခြားမှုမရှိဟု ခံစားနေရ၏။ စားသောက်ဆိုင်ဟု ခေါ်မည့် အစား နံနက်စာ စားသောက်ဆိုင်နှင့် ပိုဆင်လေသည်။
သို့သော်လည်း စားဖိုမှူးလေးမှာ ချောမောခန့်ညားလှသောကြောင့် သူလေးနှင့် နီးကပ်စေရန် ပိုက်ဆံ တစ်ချို့ အသုံးပြုလိုက်ရသည်ကား လုံးဝ ပြဿနာ မရှိပေ။
“ ကောင်းပြီလေ.. ငါ့ကို ဥထမင်းကြော်တစ်ပွဲပဲ ပေးတော့…”
“ အိုကေ … ခဏလေး စောင့်ပေးပါ…”
လင်းရီ လှည့်ထွက်လာပြီး မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့၏။ ဝမ်မေ့ယွင် ရန်ရွှေနား တိုးကပ်၍ လေသံတိုးတိုးလေးဖြင့် “ တကယ်ကြီး ဘာမှ မဖြစ်ထားဘူးလား…”
ရန်ရွှေ မျက်လုံးလှိမ့်လိုက်ပြီး “ ဘာဖြစ်ထားရမှာ… ငါတို့နှစ်ယောက်က သိလာတာဖြင့် ကြာလှပြီကို တကယ်လို့ ဖြစ်ခဲ့ရင်တောင် နင့်ကို မပြောပြပဲ နေပါ့မလား...….”
“ နင်တို့ နှစ်ယောက်က ဘာမှမဖြစ်ထားဘူးဆိုတော့ ငါ လှုပ်ရှားတော့မယ်နော်.. အဲ့ဒီအတွက် နင် ငြင်းဆိုစရာ မရှိဘူးမလား…”