← Chapters

သေနိုင်လောက်သော မေးခွန်း

Vol. 40 Ch. 595

သေနိုင်လောက်သော မေးခွန်း

Vol. 40 Ch. 595

"အဲ့စကားက ရန်တက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသူလေး ပြောသင့်တဲ့ စကားလား..."လင်းရီ ပြောလိုက်ပြီး " ခုတော့ မင်းငါနဲ့ အတူနေချင်တယ်ဆိုတာက မရိုးတော့ဘူးဆိုတာ ငါ နားလည်သွားပြီ..."

"တကယ်လို့ ငါက မရိုးသားဘူးဆိုရင် နင်ကျတော့ကော..."

"ဒါပေါ့.. ငါက အရမ်း ရိုးသားတာ..."လင်းရီ ပြောလိုက်ပြီး " မင်းနဲ့ အတူနေချင်တယ်ဆိုတာက မင်းရဲ့ ယုန်ကြီးတွေကို ကြိုက်လို့ပဲ..."

"ဒါဆိုရင်တော့ ရှင်က နှာဘူးကောင်ကြီးပဲ...."

"မြန်မြန် .. အလုပ်လုပ်ဖို့ ပြင်တော့.. ဒီနေ့ ငါတို့ရဲ့ ပန်းတိုင်က ဆိုင်ငှားခ ကျေဖို့ပဲ .."

လင်းရီ နာခံစွာဖြင့် မီးဖိုချောင်ထဲသို့ သွား၍ ပန်းကန် ဆေးစရာ ရှိတာများကို ဆေးကြောလိုက်သည်။ ထိုစဉ် ကျီချင်းရန်ကတော့ ရှေ့ဘက်ခြမ်းတွင် တံမြက်စည်းဖြင့် ဆိုင်သန့်ရှင်းရေး လုပ်နေလေသည်။ မည်သို့ပင် ကြည့်စေကာမူ နှစ်ယောက်မှာ အိမ်ပြန်လာကြသည့် အကြင်လင်မယားများ အလားပင်။

"ဒီနေ့ အော်ဒါမှာပြီး စားတဲ့သူတွေ မရှိဘူးလား..."

ကြမ်းတိုက်ပြီးနောက် ကျီချင်းရန် မီးဖိုချောင် တံခါး၀တွင် ရပ်တန့်၍ မေးလိုက်သည်။

"တစ်ယောက်လေးတောင် မရှိဘူး..."လင်းရီ ပြောလိုက်ပြီး "ဒီလောက်ထိ ဈေးကြီးတာကို ဘယ်သူက အော်ဒါမှာစားမှာ..."

"ဒါဆိုလည်း ထားလိုက်တော့.. ဘာပဲဆိုဆို ငါတို့လည်း ပိုက်ဆံ ကုန်နေတာမှ မဟုတ်တာ.. နောက်ထပ် ရောင်းလို့ရမယ့် လမ်းကြောင်း တစ်ခုရှိထားတယ်လို့ပဲ သဘောထားလိုက်.. တကယ်လို့ အဲ့ကနေ တစ်စိတ်တစ်ပိုင်းလေးပဲ ဖြစ်ဖြစ် ရောင်းရတယ်ဆိုရင်တောင် ငါတို့ အတွက် အမြတ်ပဲလေ..... "

"ဟင်း .ကြည့်ရတာတော့ ဒီနည်းနဲ့ အရောင်းတိုးမြင့်အောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေဘူးပဲ.. တစ်ခြား ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို စဉ်းစားရတော့မှာ.."

"အဲ့ဒါဆို ခမ်းနားကြီးကျယ်ပြီး ခက်ခဲတဲ့ ဒီရဲ့ တာ၀န်ကို မစ္စလင်း လက်ထဲပဲ အပ်ထားလိုက်တော့မယ်...."

"အွန်း အွန်း.. နင်က ချက်ပြုတ်တာကိုပဲ အာရုံစိုက်..."

သို့နှင့် ကျီချင်းရန် သူမ အိတ်ထဲမှ QR code ကတ်ပြားကို ထုတ်လိုက်ပြီး ဘားကောင်တာပေါ်သို့ လေးနက်သည့် အမူအရာဖြင့် တင်လိုက်လေသည်။

"အဲ့တာက ဘာကြီးလဲ..."

"ပိုက်ဆံသိမ်းတဲ့ဟာလေ..."

"နောက်ဆိုရင် ကတ်စတန်မာတွေ ဘေလ်ရှင်းမယ်ဆိုတာနဲ့ ဒီရဲ့ QR code ကိုပဲ စကန် ဖတ်ခိုင်းလိုက်... အဲ့တာက ဘဏ်အကောင့် သပ်သပ်ထဲ ရောက်သွားမှာ..."

လင်းရီ မနေနိုင်ပဲ ရယ်မောမိလိုက်၏။ ကျီချင်းရန်မှာ ယခုကတည်းကပင် လေဒီဘော့စ် တစ်ဦးကဲ့သို့ စတင်ပြုမူနေချေပြီ။

သူမ ဘာတစ်ခုကိုမျှ ဂရုမစိုက်ချေ။ အရေးကြီးသည်က ပိုက်ဆံများ အကောင့်ထဲ ရောက်လာဖို့ပင်။

" မင်းလည်း ဆာနေလောက်ရောက်ပေါ့... ဘာစားချင်လဲ.. ငါ တစ်ခုခု လုပ်ပေးမယ်လေ..."

"မဆာသေးပါဘူး.. ဘာမှ မလုပ်ပေးနဲ့တော့.."ကျီချင်းရန် ပြောလိုက်၏။

"ကောင်းပြီလေ.. ဒါဆို ဗိုက်ဆာရင် ငါ့ကိုပြော..."

လင်းရီ ထွေထူး စဉ်းစားမနေချေ။ သူတိူ့၏ ဆက်ရှိ ဆက်ဆံရေးနှင့်ဆိုလျှင် ကျီချင်းရန်မှ သူ့အပေါ် အားနာနေမှ သာလျှင် ထူးဆန်းနေပေလိမ့်မည်။

ကံဆိုးစွာဖြင့် ကျီချင်းရန် ရောက်ရှိလာခဲ့သော်လည်း ဆိုင်၏ ရောင်းအားမှာ တိုးတက်မလာချေ။

ည ရှစ်နာရီရောက်သည့် တိုင်အောင် စားသုံးသူ ကတ်စတန်မာမှာ လေးယောက်သာ ရှိလေသည်။

သံသယ ဖြစ်ရန်မလိုပဲ အဆိုပါ လေးယောက်မှာ မိန်းကလေးများပင်။

ယင်းကလည်း လင်းရီ၏ ခန့်ညားဆချာမောမှုကြောင့် သူမတို့ ယခုလို ဈေးကြီးသည့် ဆိုင်ငယ်လေးတွင် ညစာစားရန် စီစဉ်လိုက်ခြင်း ဖြစ်လေသည်။

ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် အမျိုးသားနှင့် အမျိုးသမီးကြားရှိ ကွာခြားသည့် သုံးစွဲမှုပုံစံများကို မြင်တွေ့နိုင်သည်။

လက်တွေ့တွင်တော့ ကျီချင်းရန် ဆိုင်သို့ ရောက်ရှိလာပြီးနောက် ကတ်စတန်မာ တော်တော်များများ ရောက်လာခဲ့ကြ၏။ သို့သော်လည်း မီနူးကြည့်ပြီးနောက် ကောင်လေးများက လက်မှိုင်ချကာ ချက်ချင်း ထွက်ခွာသွားကြသည်။

အနည်းငယ် ရှက်ဖို့ကောင်းပြီး ဆိုင်သူဌေးကတော်မှာ လှပသော်ငြား သူတို့ အိတ်ကပ်ထဲရှိ ပိုက်ဆံကိုတော့ ချင့်ချိန်၍ သုံးစွဲရပေမည်။

သို့သော်လည်း မိန်းကလေးများ၏ ငွေကြေးနှင့် ပတ်သက်သည့် အယူအဆမှာ ယောက်ျားလေးများနှင့် မတူညီပေ။ သူမတို့၏ အမြင်တွင်တော့ အဆင်လေး ချက်ပြုတ်ထားသည့် ဟင်းလျာမှာ ယွမ် ၂၀၀ နီးပါး တန်ကြေးရှိသည်ကို ပေးဖို့ရာ အရမ်း ထိုက်တန်သည်ဟု ခံစားနေရ၏။

ယင်းအချက်ကြောင့်လည်း တက်သစ်စ ဆယ်လီ အမျိုးသားများမှာ အနုပညာ နယ်ပယ်ရှိ အမျိုးသမီးများထက် ပို၍ ၀င်ငွေကောင်းနေခြင်းပင်။

ဆိုင်တွင် ကတ်စတန်မာ သိပ်မကျသော်လည်း လင်းရီတို့နှစ်ဦးအတွက်တော့ အတော်လေး ကောင်းသည့် အခြေအနေ ဖြစ်နေပြီးဖြစ်၏။

မစ်ရှင်ပြဇယားမှာ (၁၁/၂၀) ဖြစ်နေသောကြောင့် လင်းရီကတော့ ပိုက်ဆံ မည်မျှ ရှာနိုင်သလဲဆိုတာကို စိတ်မ၀င်စားတော့ချေ။ အကယ်၍ မြန်မည်ဆိုပါက မနက်ဖြန် မစ်ရှင် ပြီးမြောက်မည် ဖြစ်ပြီး နှေးလျှင်တော့ ရက်အနည်းငယ် ကြန့်ကြာသွားပေမည်။

"လင်းရီ နားကြစို့ဟာ.. ညစာစားတဲ့ အချိန်တောင် ကျော်သွားပြီဆိုတော့ ဘယ်သူမှ လာမစားလောက်ကြတော့ဘူး ..."

"ဒါပေမယ့် ဒီနေ့တော့ မနေ့က မှတ်တမ်းကို ချိုးဖြတ်နိုင်သွားပြီ.. အမယ်တွေရဲ့ ကုန်ကျစရိတ်ကို ဖယ်လိုက်တော့ ငါတို့ ဒီနေ့ ၁,၀၈၆ ယွမ်တောင် မြတ်လိုက်တယ်... ဆိုင်ငှားခ မကြေသေးဘူးဆိုရင်တောင် တော်တော်လေး ကောင်းတဲ့ အခြေအနေလို့ ပြောလို့ရတယ်... "

"အင်း .. ငါလည်း အဲ့လိုထင်တယ်..."လင်းရီလည်း ထောက်ခံလိုက်၏။

အမှန်တော့ လင်းရီ အတော်လေး မှင်တက်နေမိသည်။

ချင်းရန်က တကယ်ကြီး နွမ်းပါးတဲ့ ပုံစံ လုပ်နေတာပဲဟ..

"ညစာလေးမစားရသေးဘူးဆိုတော့ ဗိုက်ဆာနေပြီလား..."

"မဆာသေးပါဘူး.. နေ့လည်က ရုံးခန်းထဲမှာ အသီးတွေ အများကြီး စားထားတာဆိုတော့ တော်တော်လေး အစာခံနေတာ.. "

"ဒါဆိုလည်း ပြီးရော.. ဆာရင် ငါ့ကို ပြောနော်.. ကောင်းတာ တစ်ခုခု လုပ်ပေးမယ်..."

"အွန်း အွန်း..."

"ဒါပေမယ့် ငါတို့ရဲ့ ဒီနေ့ ၀င်ငွေက ယွမ်တစ်ထောင် ကျော်သွားပြီဆိုတော့ အောင်ပွဲခံရင် ကောင်းမလားလို့..."

"ဘယ်လိုမျိုး အောင်ပွဲခံချင်တာ..."

"ယွမ် တစ်ထောင်ကို ဘေးဖယ်ထားပြီး ကျန်တဲ့ ၈၆ ယွမ်ကို လျှောက်လည်ဖို့ သုံးကြမယ်လေ..."

"ငါနဲ့ အတူ လျှောက်လည် ချင်နေတာမလား..."လင်းရီ ပြုံးရင်း မေးလိုက်၏။

"မဟုတ်ပါဘူး.. နင် မသွားရင်တောင် ငါ့ဘာငါ သွားမှ ... ပြီးတော့ အရမ်းလှတဲ့ ဂါ၀န်လေးလည်း ၀တ်သွားဦးမှာ..."

"ဟေ့ .. ငါ သတိမပေးဘူးလို့ မပြောနဲ့နော်.. ဒီလို တက္ကသိုလ်၀န်းထဲမှာ လူထူးဆန်းတွေ အများကြီးပဲ.. သူတို့က ရူးသွပ်ပြီးတော့ ဦးနှောက်လည်း မရှိကြဘူး.. သတိထား.. မင်းအဲ့လို လှလှလေး ၀တ်ပြီးတော့ လျှောက်သွားနေရင် မင်းနားကပ်ပြီးတော့ ငွေညစ်ခံရလိမ့်မယ်..."

"အာ..."

ကျီချင်းရန် မျက်မှောင်ကုပ်သွားပြီး "ငါ့ကို ခြောက်မနေစမ်းနဲ့.. အသာတကြည်နဲ့သာ လိုက်ခဲ့စမ်းပါ..."

"အိုကေလေ .. ခနစောင့်ဦး.. ငါ ဆိုင်သန့်ရှင်းရေး လုပ်လိုက်ဦးမယ်..."

ကျီချင်းရန်မှာ သာမန်လူတစ်ယောက်ကဲ့သို့ ဘ၀အတွေ့အကြုံကို ခံစားချင်နေပါသော်လည်း ၎င်းနောက်ကွယ်ရှိ စစ်မှန်သည့် အနှစ်သာရကိုတော့ သဘောပေါက်နိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူမသာ လူ့အဖွဲ့အစည်း အောက်ခြေတွင် အမှန်စင်စစ် ရုန်းကန်နေရသည့်သူ တစ်ဦးဖြစ်ပါက ငွေ ပမာဏ အများအပြား ရှာဖွေ နိုင်ခဲ့လျှင်တောင် ၈၉ ယွမ်ကို လက်လွတ်စပယ် အသုံးပြုဖို့ ဆန္ဒရှိလိမ့်မည် မဟုတ်ချေ။

စားပွဲပေါ်တွင် အစာရောက်ဖို့ နဖူးမှချွေး ခြေဖျားကျသည်အထိ အလုပ်လုပ်နေရသူအဖို့ ယင်းပမာဏက ဧရာမကြီးပင်။

အကယ်၍ ချိုးခြံချွေတာစွာ သုံးစွဲမည်ဆိုပါက သုံးလေးရက်ခန့် အသုံးပြုဖို့ရာ လုံလောက်လေသည်။

မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်ပြီးနောက် နှစ်ယောက်မှာ ဆိုင်တံခါး သော့ခတ်၍ ထွက်ခွာရန် ဟန်ပြင်လိုက်ကြ၏။ ကျီချင်းရန်ကတော့ လင်းရီ ဆိုင်တံခါး ဂျက်များကို သေချာ ချထားခြင်း ရှိမရှိ သေချာစစ်ဆေးရင်း တာ၀န်ကျေပွန်နေတော့သည်။

"ကဲ ခုဘယ်သွားကြမလဲ..."

လင်းရီ ပြောလိုက်ပြီး "ဒီနားလေးမှာ ပလာဇာ တစ်ခုရှိတယ်ဆိုတော့ အဲ့သွားကြမလား..."

"မသွားချင်ဘူး.."ကျီချင်းရန် တုံ့ပြန်လိုက်ပြီး "ငါ ခုဗိုက်ဆာတယ်.. တစ်ခုခု သွားစားကြမယ်လေ..."

"ဟမ်... ငါ ခုနလေးတင် ဆာလားလို့ မေးထားတယ်လေ.. ပြောတော့ မဆာပါဘူးဆို.. ခု ဆိုင်တံခါး သော့ခတ်ပြီးမှ ဘာလို့ ဆာလာခဲ့တာ..."

"ငါလည်း မသိဘူး.... ရုတ်တရက်ကြီး ဗိုက်ဆာလာတာပဲ..."

"ဒါဆို ခဏစောင့်... တံခါးပြန်ဖွင့်ပြီး တစ်ခုခု လုပ်ပေးမယ်..."

"မလုပ်နဲ့... နင်က တစ်နေ့လုံး ပင်ပန်းထားတာလေ... အဲ့လိုလုပ်စရာ မလိုဘူး..."

"ငါ မလုပ်ပေးတော့ မင်းက ဘာသွားစားမှာ... ရှီးပေက လေတွေကို စားမှာလား... "

"ဟီးဟီး..."ကျီချင်းရန် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "ငါ ဒီနားတစ်ဝိုက်ကို စုံစမ်းကြည့်ပြီးသွားပြီ.. တက္ကသိုလ်နားက ညဈေးတန်း အရမ်းစည်တယ်.. အဲ့ တစ်ချက် သွားကြည့်ကြည့်ကြမယ်လေ..."

"ကောင်မလေး...ဒါ မင်း ကြိုတင် စီစဉ်ထားတာမလာ..."

"ခစ်ခစ်..."

ကျီချင်းရန်၏ မျက်လုံးများမှာ ဆန်းသစ်လကဲ့သို့ ကွေးညွှတ်သွားပြီး သူမ၏ အပြုံးက ယစ်မူးဖွယ် မက်မွန်ပွင့်ချပ် ဝိုင်အလားပင်။

"အမှန်တော့ ငါ မနေ့ကတည်းကနေ သွားချင်နေတာ... ဒါပေမယ့် ယွမ် နှစ်ရာတည်း ရတယ်ဆိုတော့ သုံးရမှာ နှမြောလို့... ဒါပေမယ့် ဒီနေ့တော့ အများကြီး ပိုရှာနိုင်ပြီလေ.. အဲ့တာကြောင့် ကိုယ့်ကိုယ်ကို ဆုချလိုက်တော့မယ်..."

"ဒါဆိုလည်း သွားကြစို့..."

လင်းရီ ရှေ့သို့ လေးငါးလှမ်းခန့် လျှောက်ပြီးသွားသောအခါ ကျီချင်းရန်မှာ နောက်တွင် မလှုပ်မယှက်ဖြင့် ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။

"အမ်... ညဈေးတန်းသွားမယ်ဆို.. သွားကြမယ်လေ.. ခုက အရမ်းစည်နေတာ..."

"နင်တစ်ခုခု မလုပ်ချင်ဘူးလား..."

"တစ်ခုခု လုပ်မယ်..."လင်းရီ သံသယ ဖြစ်သွားပြီး "ငါ အရမ်းလုပ်ချင်တာပေါ့.. ဒါပေမယ့် ခု အချိန် မဟုတ်သေးဘူး.. အိမ်ပြန် တစ်ခုခုစား ဗိုက်ဖြည့်ပြီးမှ ဆက်ပြောကြမယ်.... မဟုတ်လို့ကတော့ ခဏနဲ့တင် မောဟိုက်သွားမှာ... "

"နင် တခြား စုံတွဲတွေကို ကြည့်ကြည့်လိုက်..."

ကျီချင်းရန် ပြောလိုက်၏။

လင်းရီကို လမ်း၏ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး "တခြား စုံတွဲတွေက ဘာမှားနေလို့.. မျက်လုံးနှစ်လုံး နှာခေါင်းတစ်ခု အားလုံး အတူတူပဲလေ... သာမန်ပါပဲဟ..."

"ဟာ.. ငါ ပြောချင်တာ အဲ့တာမဟုတ်ဘူးလေ..."ကျီချင်းရန် မကျေမနပ်ဖြစ်စွာဖြင့် ပါးဖောင်းလိုက်ပြီး "သူများတွေကို ကြည့်လိုက်.. လက်တွေချိတ်ပြီး လမ်းလျှောက်နေကြတာ မဟုတ်ဘူးလား..."

"ဪ အဲ့တာလား.. လာခဲ့ လာခဲ့ ...မင်းလည်း ချိတ်လို့ရတယ်လေ... ..."

"မဟုတ်ဘူး.. ငါ့ဘက်က အရင် မလုပ်နိုင်ဘူး.. နင် တောင်းဆိုမှ ရမှာ..."

"အာ...."

"ကိုယ့်ရဲ့ ချစ်ဇနီးလေး.. ကိုယ့်လက်ကိုချိတ်ပြီး ဈေးအတူလည်ပေးပါဦး..."

"ခစ်ခစ်...နင် တောင်းဆို‌လို့နော်..."

ကျီချင်းရန် ခုန်ပေါက်၍ လင်းရီ လက်မောင်းကို ဖက်လိုက်ပြီး ညဈေးတန်းဘက်သို့ ဦးတည်လိုက်ကြသည်။

ညဈေးတန်းမှာ ကျိန်းရန်လမ်း အဆုံးတွင် တည်ရှိပြီး ယေဘုယျအားဖြင့် နှစ်ပိုင်း ခွဲခြားထားသည်။ ရှေ့ဘက်ခြမ်းတွင်တော့ အရသာရှိသည့် လမ်းဘေးအစားအသောက် မျိုးစုံကို စုံလင်စွာ ရောင်းချနေပြီး ကျန်တစ်၀က်ကတော့ ကုန်ပစ္စည်းများနှင့် နေ့စဉ်သုံး ပစ္စည်းများ ရောင်းချလေသည်။

နားတောင်းနှင့် ဖန်စီပစ္စည်း အသုံးအဆာင်များမှအစ ညအိပ်၀တ်စုံများ ညှပ်ဖိနပ်များ ၊ ကောလိပ်တွင် လိုအပ်မည့် နေ့စဉ်သုံး ပစ္စည်း အားလုံးနီးပါးကို ယခုနေရာတွင် ရရှိနိုင်သည်။

သို့သော်လည်း အရည်သွေးမှာတော့ အုတ်ရောရော ကျောက်ရောရောပင်။ တစ်စုံတစ်ယောက်က ခိုင်ခံပြီး ကြာရှည်ခံသည့် ပစ္စည်းများကို ရနိုင်ခြင်း ရှိမရှိက ၎င်း၏ ထက်ရှသည့် အမြင်အာရုံပေါ်တွင် မူတည်နေလေသည်။

ညဈေးတန်းမှာ ကျီချင်းရန် မျှော်လင့်ထားသည်ထက်ပင် စည်ကားနေပြီး များပြားသည့် လူအုပ်ကြီးမှာ လူပင်လယ်အလားပင်။

"ဝိုး... လူတွေ အများကြီးပဲ..."ကျီချင်းရန် လူအုပ်၏ နောက်ဆုံးတွင် ခြေဖျားထောက်၍ ရှေ့သို့ လှမ်းမျှော်ကြည့်ရင်း သူမ၏ မျက်၀န်းများထဲတွင် မျှော်လင့်နေသည့် ပုံရိပ်များကို အထင်းသား မြင်တွေ့နိုင်လေသည်။

"ဘာလို့ အဲ့လိုမျိုး လုပ်နေတာ... ဒီလိုနေရာမျိုး မရောက်ဖူးတာ ကျနေတာပဲ..."

"ကျိုဟိုင်က ညဈေးတန်းမှ မရောက်ဖူးတာ... ငါ တက္ကသိုလ်တက်တုန်းကလည်း ရန်ကျင်းမှာ ယွမ်ယွမ်နဲ့ အတူ တက်တာလေ... ဒါပေမယ့် အပြင်တော့ သိပ်ထွက်လေ့မရှိဘူး..."

"တကယ်...တက္ကသိုလ်ကျောင်းသား ဘ၀က အဲ့လောက်ထိ လွတ်လပ်တာကို ဘာလို့ ည ဈေးတန်း လေးတောင် တစ်ခေါက်မှ မရောက်ဖြစ်တာ..."

"ဘာလို့ဆို စာကြည့်ရင်းနဲ့ အလုပ်ရှုပ်နေတာလေ. အားပြီဆိုတာနဲ့ စာကြည့်တိုက်မှာ တစ်နေကုန်ပဲ.. ပြီးတော့ ငါ့ရဲ့ ကိုယ်ကာယကလည်း သိပ်မကောင်းဘူးဆိုတော့ အချိန်လုပြီး လေ့ကျင့်ခန်းလည်း လုပ်ရသေးတယ်... အဲ့တာတွေ ပြီးသွားရင် တစ်ကိုယ်လုံး ညောင်းကိုက်ပြီးတော့ ဘယ်မှလည်း လျှောက်မလည်ချင်တော့ဘူ.. အိပ်ပဲ အိပ်ချင်တော့တယ်.. ဒါကြောင့်မို့ သိပ်မလည်ဖြစ်တာ..."

"အဲ့တာဆို သွားစို့... ဒီက မင်းကို ပျော်ရအောင် ခေါ်သွားပေးမယ်.."

"နင်ကော ဒီလိုနေရာတွေ ခဏခဏ ရောက်ဖြစ်လား..."

"အင်း...ကျိုးဟိုင် နည်းပညာတက္ကသိုလ်ကလည်း ဒီနားတစ်ဝိုက်မှာပဲလေ.. အဆောင်က ငနာတွေက ဘာမှ လုပ်စရာ မရှိရင် ဒီလာပြီး မျိုစို့နေကြ..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် မရောက်ဖြစ်တာတောင် တစ်နှစ်ကျော်သွားပြီဆိုတော့ တော်တော်လေးလည်း ပြောင်းလဲလောက်ရောပေါ့..."

"အခန်းဖော်တွေနဲ့ လာလည်တယ်ဆိုတာ ဟုတ်ကော ဟုတ်လို့လား... နင် တခြား မိန်းကလေးတွေနဲ့ကော လျှောက်မလည်ဘူးလား..."ကျီချင်းရန် အပြစ်ကင်းစင်စွာ ပြုံး၍ မေးလိုက်၏။

လင်းရီ ရုတ်ချည်း အန္တရာယ် အသိကို ခံစားမိလိုက်သည်။

ထိုကဲ့သို့သော မေးခွန်းမျိုးက သေစေနိုင်လောက်သည့် မေးခွန်းမျိုးပင်။

အကယ်၍ သူလျှောက်လည်သည်ဟု ဖြေလျှင်လည်း ကျီချင်းရန်မှ အဆင့်ဆင့် စီစစ်မေးမြန်းပေတော့မည်။ ထိုသို့ မေးမြန်းရင်းဖြင့် သူ နှုတ်မှ မတော်တဆ အကြောင်းအရာတစ်ချို့ကို လွှတ်ကနဲ ပြောမိသွားသည်များလည်း ရှိနိုင်ပေသည်။

သို့သော်လည်း မရှိဟု ပြောမည်ဆိုပါက ကျီချင်းရန်မှာ ကျေနပ်မည် မဟုတ်သည့် အပြင် သူ့အပေါ် သံသယတို့ ပိုလို့ တိုးပွားသွားပေမည်။

မည်သို့ပင်ဆိုစေ သူကား လူချောလေး ဖြစ်၏။

ထို့ကြောင့် ယခုလို မေးခွန်းများနှင့် တွေ့ကြုံလာသည့်အခါ စကေးရှိရှိနှင့် ကိုင်တွယ်နိုင်ရန် လိုအပ်လေသည်။

"ငါတို့ အတန်းက မိန်းကလေးတွေ အများကြီး လာကြတာပေါ့... သူတို့အားလုံးက တက္ကသိုလ်ကျောင်းသူတွေဆိုတော့ သုံးနိုင်တဲ့ ငွေကြေးကလည်း အကန့်အသတ်နဲ့လေ.. ဒီတော့ ဈေးတန်တဲ့ ဒီလိုနေရာမျိုးမှာ ညစာလာစားတာက ပုံမှန်ပါပဲ.. "

လင်းရီ သက်ပြင်းချလျက် အတိတ်ကို လွမ်းဆွေးတမ်းတဟန်ဖြင့် ပြောလိုက်ပြီး "ငါတို့က အင်ဂျင်နီယာသိပ္ပံဌာနက ဆိုရင်တောင် အတန်းထဲက ကောင်မလေးတွေက အရမ်းချောတာ... ဒါပေမယ့် ချောင်ရန်အုပ်စုကို အလုပ်၀င်ပြီးတော့ ကိုယ့်ရဲ့ ဥက္ကဌကျီကို တွေ့ပြီးတဲ့ အချိန်ကနေစပြီး မျက်လုံးထဲမှာ ဘယ်မိန်းကလေးကမှ ဥက္ကဌကျီရဲ့ အလှတရားကို မမှီနိုင်ဘူးဆိုတာ သိလိုက်ရတယ်... "

"တကယ်..."ကျီချင်းရန် လင်းရီကို ရွှင်မြူးနေသည့် မျက်၀န်းတို့ဖြင့် ကြည့်လိုက်၏။

"ဒါပေါ့... တကယ်လို့ မင်းကသာ မလှဘူးဆိုရင် တစ်ခြား မိန်းကလေး တစ်ယောက်နဲ့ ပါသွားနေပြီ..."

"မဆိုးဘူး.. မဆိုးဘူး..နင်က အမြင်ကောင်းတွေ ရှိသားပဲ...."ကျီချင်းရန် ကိုယ့်ကိုယ်ကို ဘ၀င်ခိုက်စွာဖြင့် ပြောလိုက်သည်။

"ဒါပေါ့ကွ.."

ကျီချင်းရန်မှ ဆက်လက်မေးခွန်း ထုတ်မလာသည်ကို မြင်တော့ လင်းရီ သူ၏ အဖြေမှာ ပြီးပြည့်စုံသည်ဟု ခံစားလိုက်ရလေသည်။

အဆိုးမြင်ခြင်းမရှိပဲ စိတ်ပညာ၏ ပြောင်းပြန် သဘောတရားကို အသုံးချလိုက်သည်က ရိုးရှင်းစွာနှင့် ပြိုင်ဘက်ကင်း၏။

"ခဏလေး..."

ကျီချင်းရန် သူမ အိတ်ထဲမှ အကြွေ လက်တစ်ဆုပ်စာကို ဖယ်ရှားရင်း နောက်ဆုံးတွင် ၈၉ ယွမ်ကို ရှာတွေ့သွားပြီး လင်းရီထံ ကမ်းပေးလိုက်၏။

"ဟမ်.. မင်းအိတ်ထဲမှာ ဘာလို့ အကြွေတွေ အဲ့လောက် အများကြီး ထည့်ထားတာ.."

"E-pay က တွင်ကျယ်လာပြီ ဆိုရင်တောင် လူတိုင်းက ဝီချက် သုံးကြတာ မဟုတ်ဘူးလေ.."ကျီချင်းရန် အမြော်အမြင်ရှိစွာဖြင့် ပြောလိုက်ပြီး "ဒါကြောင့်မို့ ရုံးခန်းမှာတုန်းက တမင်သပ်သပ် အကြွေတွေ လဲထားတာ.... ဒါဆို သူများတွေ ငွေသားပေးလာတဲ့အခါကျ ပြန်အမ်းလို့ အဆင်သင့်ဖြစ်တာပေါ့... "

"ဒါဆို ၈၉ ယွမ်ကျတော့.."

"ခဏနေကျရင် အစားအသောက်ဖိုးကို နင်ရှင်းပေးရမှာလေ..."

ကျီချင်းရန်မှာ ချမ်းသာသည့် အသိုက်အမြုံမှ ပေါက်ဖွားလာသော်လည်း မောက်မာပြီး ဗိုလ်ကျခြယ်လှယ်ချင်သည့် စိတ်ဓာတ်တို့ မရှိချေ။ ထိုအစား အရမ်းကို လိုက်လျောညီထွေရှိပြီး ယောက်ျားတစ်ယောက်၏ နာမည်သိက္ခာကို မည်သို့ ကာကွယ်ပေးရမလဲဆိုတာ နားလည်လေသည်။

သူတို့ အပြင်ရောက်သည့် အချိန်တိုင်း ကျီချင်းရန်မှာ သန်မာပြီး စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်သည့်တိုင်အောင် သူမမှာ အမျိုးသမီးငယ်လေး ဖြစ်နေသေး၏။ သူမလည်း ချစ်သူကောင်လေး တစ်ယောက်မှ သူမကို ‌ငုံထားမတတ် ချစ်ပြတာကို အလိုရှိပြီး အခက်အခဲတိုင်းကို ရှေ့မှ ရင်ဆိုင်ကာကွယ်ပေးသူမျိုးကို အလိုရှိပေသည်။

"သွားကြမယ်.."

လင်းရီနှင့် ကျီချင်းရန်တို့ ရောက်ရှိလာမှုက လမ်းထဲရှိ လူတိုင်း၏ အမြင်အာရုံကို ဆွဲဆောင်သွားခဲ့သည်။

အမျိုးသား နှင့် အမျိုးသမီးအများစု မှာ မနေနိုင်ပဲ မနာလိုဖြစ်သွားကြ၏။

သူတို့၏ စိတ်ထဲတွင်တော့ လင်းရီနှင့် ကျီချင်းရန်တို့မှာ ကျိုးဟိုင် ဒရာမာ အကယ်ဒမီမှ ဖြစ်မည်ဟု မှတ်ယူလိုက်ကြသည်။ မဟုတ်ပါက ထိုမျှ ခန့်ညား ချောမောနေလိမ့်မည် မဟုတ်ချေ။

"လင်းရီ.. ဟိုနားမှာ ဖျော်ရည်ဆိုင်ရှိတယ်... ငါလည်း တစ်ခွက်လောက် သောက်ချင်လို့..."

"သောက်ချင်ရင် ၀ယ်လိုက်လေ.. ရိုးရိုးလေးပဲ မဟုတ်ဘူးလား..."

နှစ်ယောက်သား တွန်းလှည်းနှင့် ဆိုင်ငယ်လေးထံသို့ ရောက်လာခဲ့ကြ၏။

"ဘာလဲသောက်မှာ..."

"သရက်သီး ဖျော်ရည်..."

" သေချာလို့လား.. မင်း ကြိုက်တာ သောက်နော်.. ငါ့ကို စိတ်ပူ မနေနဲ့... "

"မဟုတ်ပါဘူး.. တကယ်ကြီး အရသာရှိလို့ ပြောနေတာ..."

ကျီချင်းရန် ဆိုင်ရှင်ကို ကြည့်လိုက်ပြီး ပျော်ရွှင်နေသည့် လေသံဖြင့် "သူဌေး.. သရက်သီးဖျော်ရည် ဆိုဒ်ကြီးတစ်ခွက်ဆို ဘယ်လောက်လဲဟင်..."

"၁၈ ယွမ်တည်း ငါ့တူမ..."

'အာ....'

ကျီချင်းရန် တခဏ မျှ ကြက်သေသေသွားခဲ့၏။ သူမလက်ထဲတွင် ၈၉ ယွမ်မျှသာ ရှိပြီး အကယ်၍ သစ်သီးဖျော်ရည်တစ်ခွက်ကို ၁၈ ယွမ်ပေးသောက်လိုက်မည် ဆိုပါက ၇၁ ယွမ်သာ ကျန်တော့ပေမည်။

အကယ်၍ သူမသာ ထိုသို့ မဆင်မခြင် ဆက်လက်သုံးစွဲနေမည်ဆိုပါက အခြားအရာများ မြည်းစမ်းကြည့်ဖို့ရာပင် ပိုက်ဆံ ကျန်လိမ့်မည် မဟုတ်တော့ချေ။

"ခဏ.. အကြီးမယူချင်တော့ဘူး.. "ကျီချင်းရန် စကား ပြန်ပြင်လိုက်ပြီး "အသေးဆိုရင်ကော ဘယ်လောက်ကျလဲ..."

"အိုး.. အသေးဆို ၁၂ ယွမ်ပါ..."

"အမ်.. အသေးတောင် အဲ့လောက် ဈေးကြီးတယ်လား..."

ကျီချင်းရန် နှုတ်ခမ်းကိုက်လိုက်ပြီး ဆုံးဖြတ်ချက်ချထားသည့် မျက်၀န်းတို့ဖြင့် မသောက်တော့ရန် ဆုံးဖြတ်လိုက်သည်။

သူမအတွက်တော့ အဆိုပါ ၁၂ ယွမ် သုံးစွဲရမည်ကို ယွမ် မီလီယမ်ပေါင်းများစွာ သုံးစွဲရမည့် ကိစ္စကဲ့သို့ အတော်လေးကို ချီတုံချတုံ ဖြစ်နေလေသည်။

သူမ နှလုံးသား နာကျင်သွားတော့၏။

"‌သူဌေး စိတ်မရှိပါနဲ့နော်.. ကျွန်မတို့ မယူတော့ဘူး..."

သို့နှင့် ကျီချင်းရန် ခေါင်းငုံ့၍ ရှက်ရွံ့စွာဖြင့် လင်းရီ၏ လက်မောင်းကို တွဲကာ ဆိုင်နားမှ တိတ်တဆိတ် ထွက်လာခဲ့လိုက်သည်။

ဖျော်ရည်ဆိုင်တွင် ကျီချင်းရန်ဘေး၌ ရပ်နေပြီး ဖျော်ရည်၀ယ်နေသည့် ကောင်လေး တစ်ယောက်မှာ ကျီချင်းရန် ၁၂ ယွမ်ကို ဈေးကြီးသည်ဟု ပြောလိုက်သည့် စကားသံကို ရှင်းလင်းစွာ ကြားလိုက်ရ၏။

ထိုသူမှာ ရုတ်ချည်း သူ၏ အခွင့်အရေး ရောက်ရှိလာပြီဟု ခံစားလိုက်ရလေသည်။

ထိုမျှ ဆွဲ‌ဆောင်မှုရှိသည့် အမျိုးသမီးလေး၏ နှုတ်ခမ်းပါးနှင့် စတားဘက်ခ် ကော်ဖီပင် ထိတွေ့ဖို့ မထိုက်တန်လေရာ အဘယ်ကြောင့် ၁၂ ယွမ်တန် အချိုရည်ကို သောက်နေရမည်နည်း။

၎င်းကိုကြားပြီးနောက် ကောင်းလေး၏ စိတ်ထဲတွင် အတွေးတစ်ခုက ရုတ်ချည်းထွက်ပေါ်လာခဲ့၏။

ဒီကောင်က သူ့ကောင်မလေးကို ၁၂ ယွမ်တန် ဖျော်ရည်လေးတောင် မတိုက်ချင်ဘူးဆိုတော့ သူ့ကောင်လေးဖြစ်ဖို့ မထိုက်တန်ဘူး…

All Chapters