← Chapters

ငါက သွေးကြွတဲ့ လူငယ်လေး တစ်ယောက်ပေါ့..

Vol. 40 Ch. 597

ငါက သွေးကြွတဲ့ လူငယ်လေး တစ်ယောက်ပေါ့..

Vol. 40 Ch. 597

လေးမီလီယမ်ကျော်...

အဆိုပါ ကိန်းဂဏန်းကို ကြားတော့ ရောက်နေကြသည့် လူတိုင်း နားကြားမှားသလားဟု ဇဝေဇဝါ ဖြစ်သွားကြသည်။

သူတို့၏ မျက်လုံးများထဲတွင်လည်း မယုံကြည်နိုင်မှုက အထင်းသား ပေါ်လွင်နေလေသည်။

ယွမ် ၂၀ တန် လည်ဆွဲလေးတောင် မတတ်နိုင်တဲ့သူ တစ်ယောက်ရဲ့ နှုတ်က တကယ်ကြီး သူ့ရဲ့ ဝီချက်အကောင့်ထဲမှာ ၄ မီလီယမ်ကျော် ရှိတယ်ဆိုပြီး ပြောလိုက်တယ်လား...

ညမှောင်နေပြီဆိုပေမယ့် အများရှေ့မှာတော့ အိပ်မက်ယောင်မနေနဲ့လေကွာ..

လင်းရီ ထိုသို့ ပြောပြီးနောက် မူလက လင်းရီ၏ ဆွဲဆောင်မှုကြောင့် သနားစိတ် ဖြစ်ပေါ်နေကြသည့် မိန်းကလေးများပင် အထင်သေးသည့် မျက်၀န်းများဖြင့် ကြည့်လာခဲ့ကြ၏။

သူက အဲ့လိုလူကြီးလား...

ငွေမရှိတာက ဆိုးရွားနေတာလည်း မဟုတ်ဘူးလေ.. အနာဂတ်ကျရင် အလုပ်ကြိုးစားပြီးတော့ ပိုက်ဆံ ရှာလိုက်ရင် ရနေတာပဲ.. အဲ့တာကို ဘာရှက်စရာလိုလို့.. ဒီလိုမျိုး ယုတ္တိမတန်ကြီး ကြွားလုံးထုတ်စရာ လိုလို့လား...

ယိုသူမရှက် မြင်သူရှက်၏တဲ့ .... သူ မရှက်ပေမယ့် နားထောင်လိုက်ရတော့ ငါတို့ကတော့ သူ့အစား ရှက်လိုက်တာဟယ်...

"ညီကို.. မင်း အဲ့လိုတွေ ပြောနေလည်း အလကားပဲ.."ဟူဟိုင်ရန် ပြောလိုက်ပြီး "လေးမီလီယမ်ဆိုတဲ့ ပမာဏက သေးတယ်လို့ မင်းထင်နေတာလား... ငါတို့ မိသားစုရဲ့ တစ်နှစ်၀င်ငွေကတောင် တစ်မီလီယမ် စွန်းစွန်းလေးပဲရှိတာ.. အမှန်အတိုင်း ပြောရရင် ငါ့မှာ ဘောတွေ ရှိတယ်ဆိုရင်တောင် မင်းလိုမျိုးတော့ မကြွားဝံ့ဘူး.. စဉ်းစားလိုက်ရုံနဲ့ မျက်နှာ‌ ပူလာသလိုပဲ..."

"မင်း ရှက်တာက မင်းမှာ မရှိလို့လေ.. ငါက လုံး၀ မရှက်ဘူး.. ဘာလို့ဆို ငါ့မှာ တကယ်ကြီး လေးမီလီယမ် ရှိနေလို့ပဲ... "

လင်းရီ သူ၏ ဖုန်းကို ထုတ်လိုက်ပြီး ဟူဟိုင်ရန် မြင်အောင် ပြလိုက်၏။ ဖုန်းထဲရှိ ပိုက်ဆံ ပမာဏကိုမြင်တော့ ဟူဟိုင်ရန် ခြေထောက်တို့ အားနည်းသွားပြီး ချွေးအေးများ စီးကျလာလေသည်။

"မင်း.. မင်းမှာ တကယ်ကြီး ၄ မီလီယမ်ကျော် ရှိနေတယ်..."

အနီးရှိ ကျောင်းသားများလည်း စုတ်သပ်လိုက်ကြ၏။

သူတို့ ဤအရွယ်ရောက်သည်အထိ ထိုမျှ များပြားသည့် ငွေပမာဏကို မမြင်ဖူးသေးချေ။

ထို့ပြင် အဆိုပါ လေးမီလီယမ်မှာလည်း ထိုလူအတွက်တော့ မုန့်ဖိုးလောက်သာ ရှိဟန်တူသည်။

လူလူချင်းကို ကွာဟချက်က အဲ့လောက်တောင် ကြီးမား ရသလားဟ...

"မင်းတို့ကို လိမ်ပြီး ဘာလုပ်ရမှာ..."လင်းရီ ပြောလိုက်ပြီး "ငါနဲ့ ငါ့ကောင်မလေးက သာမန်လူတွေလို ချိုးခြံချွေတာရင်း ပျော်ရွှင်ဖို့ ထွက်လာခဲ့ကြတာ... ထင်မထားဘူး.. မင်းတို့လို သောက်ရူးတစ်သိုက်က အတည်တွေ မှတ်နေကြလိမ့်မယ်လို့.. နောက်ဆို ကိုယ့်ထမင်းကိုယ်စားပြီး သူများကိစ္စတွေ လိုက်စွက်ဖက် မနေကြနဲ့.. "

သို့နှင့် လင်းရီ ကျီချင်းရန်၏ ခါးကို ဖက်၍ လူတိုင်း၏ အကြည့်အောက်မှ ထွက်ခွာသွားခဲ့လေသည်။

လူအုပ်ကြီးကတော့ ထိုမြင်ကွင်းကို မနာလိုစွာ ငေးကြည့်ရင်း ကျန်နေရစ်ခဲ့၏။

အမှန်ပဲ.. ဒီလိုမိန်းမချောလေးက လူချမ်းသာတွေနဲ့ပဲ လိုက်ဖက်ညီမှာ..

သူမက ချမ်းသာတဲ့ ဘ၀ကို ငြီးငွေ့သွားလို့ သာမန်လူတွေလိုမျိုး နေချင်တာကို သူတို့က အတည်ကြီးတွေ ယူနေကြတယ်လားတဲ့...

ဟာသပဲ....

လင်းရီနှင့် ကျီချင်းရန်တို့ ဖြေးညင်းစွာ လမ်းလျှောက်လာရင်း လမ်း အ၀င်၀သို့ ရောက်ရှိလာလေသည်။

"မင်းပဲ သာမန်လူတွေလိုမျိုး နေချင်တယ်လို့ ပြောတာ မလား.. ဘာလို့ ကိုယ့်အခြေအနေကို ထုတ်ဖော်လိုက်တာ..."လင်းရီ အပြုံးလေးဖြင့် မေးလိုက်၏။

"အဲ့လူက အရမ်း စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းလို့လေ.. ငါ စကားအပြတ်ပြောထားပြီးပြီကို ငါ့နောက်က လိုက်ချင်နေသေးတယ်.. အရမ်းစိတ်ရှုပ်ဖို့ ကောင်းတာပဲ..."ကျီချင်းရန် အထင်သေးစွာဖြင့် ပြောလိုက်၏။

"ဒါပေမယ့် အဲ့တာက သာမန်လူတွေရဲ့ ကမ္ဘာကြီးပဲလေ.."လင်းရီ ပြောလိုက်ပြီး " မင်း TikTok‌ ပေါ်မှာကြည့်ရင် အားလုံးက ' ဘ၀ကို စာသင်ရင်းနဲ့ပဲ ကုန်ဆုံးတော့မယ်' ... ' ငြိမ်းချမ်းသော နှစ်များ ' အဲ့လို ကပ်ပရှင်နဲ့ အေးချမ်းတဲ့ လူနေမှုဘ၀တွေကို မြင်ရလိမ့်မယ်... Linked in ဘက်ကျတော့ လူတိုင်းက နာမည်ကြီး တက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့ တစ်နှစ်ကို သန်း ၁၀၀ လောက် ၀င်ငွေ ရှိတယ်ပုံစံတွေချည်းပဲ.. ဒါပေမယ့် တကယ့် သာမန်လူတွေရဲ့ ကမ္ဘာကြီးကတော့ အရေးမပါမှုတွေ .. အတင်းအဖျင်းတွေနဲ့ ပြည့်နှက်နေတာ... ခု စောနက ငါတို့ ဖြစ်ခဲ့သလိုမျိုးပေါ့... ငါတို့သာ တကယ်ကြီး လက်ထဲ ခြောက်ယွမ်ပဲ ရှိတဲ့ စုံတွဲသာဆိုရင် ဘယ်လိုတွေ ဆက်ဖြစ်မလဲ ငါမပြောတတ်တော့ဘူး... "

"အမှန်အတိုင်း ၀န်ခံရရင် ဆင်းရဲနွမ်းပါးမှုဆိုတာ တောတော်လေး ကြောက်ဖို့ ကောင်းတဲ့အရာပဲ.. အဲ့တာက အမျိုးသားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုး ပစ်နိုင်သလို အမျိုးသမီးတစ်ဦးရဲ့ နောက်ဆုံး အကာအကွယ် စည်းကိုလည်း ထိုးဖောက်ပစ်နိုင်တယ်... ဒီလိုကိစ္စမျိုးတွေက ကမ္ဘာကြီးမှာ နေ့တိုင်း ဖြစ်နေကြပဲ.. အရမ်းကို သာမန်ဆန်တယ်... မင်းမသိတာလေး တစ်ခုတည်းပဲ ..."

ကျီချင်းရန် လင်းရီ၏ လက်မောင်းကို ဖက်ရင်း ပြောစရာ စကားရှာမရ ဖြစ်နေလေသည်။

ဘ၀အတွေ့အကြံချင်း ယှဉ်လျှင်တော့ သူမမှာ လင်းရီနှင့် အများကြီး ဝေးကွာနေသေး၏။

သူက ဘ၀ကို ဟိုးအောက်ခြေမှ နေ၍ မိဘမဲ့ တစ်ယောက်အဖြစ် ရုန်းကန်လှုပ်ရှားခဲ့ရလေသည်။ထို့ကြောင့် လင်းရီ အနှီလောကကြီး အကြောင်းကို ကျီချင်းရန်ထက် ပိုသိ၏။

ထိုသို့ ရုန်းကန်နေစဉ်တွင်လည်း သူ ကမ္ဘာကြီးကို မုန်းလားဆိုတော့ မမုန်းခဲ့၊ ချစ်ခင်ရိုသေခဲ့သည်။ကမ္ဘာကြီးကား အပြစ်ကင်းစင်သည်။

သို့သော်လည်း ကျီချင်းရန်ကတော့ ထိုအတွေ့အကြုံများကို သူမ ဘ၀တွင် ခံစားသိရှိနိုင်လိမ့်မည် မဟုတ်ချေ။

ဘ၀မှာ သူမစိတ်ကူးယဉ်ထားသည်ထက်ကို ရှုပ်ထွေးပွေလီလွန်း၏။

"ဒါဆိုလည်း တို့တွေ တူတူကြိုးစားကြမယ်လေ.. ငါတို့တွေ ကမ္ဘာကြီးကိုလည်း မပြောင်းလဲချင်ဘူး... ကမ္ဘာကြီးက ပြောင်းလဲတာမျိုးလည်း မဖြစ်ချင်ဘူး.. "

"ကောင်းတာပေါ့.. အဲ့တော့ နမ်းကြမလား..."

"နင်ကတော့ နှာဘူးကောင်ပဲ ဖြစ်ချင်တယ် ထင်တယ်... ဒါကြောင့်မို့ နင့်ကို ပေးမနမ်းတာ..."

ထိုသို့ ပြောပြီးနောက် ကျီချင်းရန်မှ ထွက်ပြေးသွားခဲ့ပြီး လင်းရီ ပြုံးလျက် အနောက်မှ ပြေးလိုက်ကာ အခန်းငှားတော့မည့် တက္ကသိုလ် စုံတွဲလေးအလား ဖြစ်နေတော့၏။

ဆိုင်သို့ ပြန်ရောက်သောအခါ ကျိူကျုံးဗီလာသို့ မောင်းပြန်လာခဲ့ကြသည်။

ကျီချင်းရန်ကတော့ ရောက်ရောက်ချင်း ရေတန်းချိုး၏။ တစ်ချိန်တည်းတွင် လင်းရီကိုလည်း အခြား ရေချိုးခန်း တစ်ခုသို့ တွန်းထည့်၍ အတင်းရေချိုးခိုင်းလေသည်။

ညနှောင်းပိုင်းတွင် ကျီချင်းရန် ရေချိုး ဆံပင်အခြောက်ခံပြီးနောက် စာကြည့်ခန်းထဲ ရောက်လာသောပခါ လင်းရီမှာ ကွန်ပျူတာရှေ့တွငိ အလုပ်လုပ်နေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

"ငါ နင့်ကို တစ်ခု ပြောဖို့ မေ့နေတာ.. နေ့ခင်းပိုင်း အစည်းအဝေးတုန်းက ယွမ်ယွမ်ပြောတာ သူနင့်ကို တင်ပြစရာ ရှိတယ်တဲ့.. အဲ့တာ နင် ကုမ္ပဏီကို သွားမလား.. ဒါမှမဟုတ် သူတို့ကိုပဲ လာရှာခိုင်းလိုက်ရမလား... "

"ဘာလဲ တင်ပြမှာ..."

"လုံရှင်း အများပိုင် ကုမ္ပဏီအဖြစ် ကြေညာတာနဲ့ ရင်းနှီး မြုပ်နှံမယ့် အကြောင်း နေမှာပေါ့..."ကျီချင်းရန် ဂျင်ဆင်း လက်ဖက်ရည်ကို လင်းရီ၏ ကွန်ပျူတာ စားပွဲပေါ် တင်လိုက်ပြီး "ဒါရိုက်တာထျန်လည်း တက်လိမ့်မယ်..."

လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ပြီးနောက် "သူတို့ကို ငါ့ဆိုင် လာခဲ့ဖို့ ပြောလိုက်... ငါ့ရဲ့ စီးပွားရေးကို နှောင့်နှေးလို့ မရဘူး..."

"ဒါဆိုငါ ယွမ်ယွမ်ကို ပြန်ပြောပြလိုက်မယ်..."

"အင်း..."

...........

နောက်တစ်နေ့ နံနက်တွင် နှစ်ယောက်မှာ အလုပ်ကိုယ်စီသို့ မောင်းထွက်သွားကြလေသည်။

လင်းရီ အမယ်များ ပြင်ဆင်နေတုန်း ကျီချင်းရန်ထံမှ ဖုန်း၀င်လာခဲ့၏။

ဟော်ယွမ်ယွမ်နှင့် ကျန်သူများမှာ နေ့လည်ခင်းပိုင်းတွင် ရောက်လာတော့ပေမည်။

အဆိုပါ သတင်းကို ကြားပြီးနောက် လင်းရီ လုရင်းထံ ဖုန်းခေါ်လိုက်၏။

" ရှောင်လု ... ခဏနေကျရင် လက်ထဲ လုပ်စရာရှိတာတွေကို လက်စသတ်ထားလိုက်... ငါ မင်းနဲ့ စွန်းဖုယွီတို့နဲ့ ဆွေးနွေးစရာ ရှိတယ်..အိုး ဟုတ်သား.. ၀မ်ရန်ကိုပါ ခေါ်လာခဲ့လိုက်... "

"နားလည်ပါပြီဘော့စ်.. ဒီတစ်ခေါက် ဘယ်မှာလည်း ဆွေးနွေးမှာ.. ဟွာချင်း ရေကန်မှာလား..."

"လခွမ်းကို ဟွာချင်းရေကန်ပါလား.. အဲ့နေရာက ပိတ်တောင် ပိတ်သွားပြီ...."လင်းရီ ပြောလိုက်ပြီး "၈၉ ကျိန်းရန်လမ်းကို လာခဲ့.. အဲ့မှာ ငါဆိုင်ဖွင့်ထားတာ ရှိတယ်... "

"နားလည်ပါပြီ ဘော့စ်.. ကျွန်မ အ၀တ်တွေနဲ့ ပတ်သက်ပြီးကော လိုအပ်တာတွေ ရှိသေးလား.. စကတ်တိုလေးနဲ့ အနက်ရောင် စတော်ကင်ဆိုရင်ကော.."

"ဒါက..... ဒီတစ်ခေါက်တော့ ရိုးရိုးလေးပဲ ၀တ်ခဲ့..."

"ဘော့စ်.. ရှင်တောင် ပြောင်းလဲသွားပြီနော်.. အရင်လိုလည်း မဟုတ်တော့ဘူး..."

"ဒီနေ့ အခြေအနေက မတူလို့ဟေ့.. ဒါပေမယ့် မပူနဲ့.. အနာဂတ်ကျရင် မင်း ၀တ်ရမယ့် နေရာတွေ အများကြီး ရှိသေးတယ်..."

"အွန်း.. ကျွန်မတို့ အချိန်မှီ လာခဲ့လိုက်မယ်..."

"ကောင်းပြီ..."

အသေးစိတ် စီစဉ်ပြီးနောက် လင်းရီ အမယ်များကို ဆက်လက် ပြင်ဆင်လိုက်သည်။

မနက်ခင်းပိုင်းမှာတော့ ထုံးစံအတိုင်း ခြောက်ကပ်လျက်ရှိ၏။

ယင်းကလည်း ဆိုင်တိုင်းနီးပါးပင်။ တက္ကသိုလ်ကျောင်းသားများမှ အဓိက ထောက်ပံ့ပေးထားခြင်း ဖြစ်သောကြောင့် မွန်းလွဲပိုင်းနှင့် ညနေခင်းက လူပိုစည်ကားလေသည်။

နေ့လည်ခင်း မတိုင်ခင် လုရင်း ၊ စွန်းဖုယွီ နှင့် ဝမ်ရန်တို့ ဆိုင်ရှေ့ ရောက်လာခဲ့ကြသည်။

လုရင်းကတော့ ထုံးစံအတိုင်း ကျစ်လျစ်သွယ်လျနေပြီး လင်းရီမှ အထူးတလှယ် မပြောထားသောကြောင့် သူမ ၀တ်နေကျ သာမန်အ၀တ်အစားများကိုသာ ၀တ်ဆင်ထားခဲ့သည်။

စွန်းဖုယွီကတော့ မတွေ့တာကြာပြီးနောက် အများကြီး ဝိတ်တက်လာခဲ့၏။ သူ၏ မျက်နှာမှာ နီရဲနေပြီး အသက်ရှူကြပ်နေသည့် နှယ်ပင်။

အပြောင်းလဲဆုံးသူကတော့ ၀မ်ရန်ပင်။ Sci-tech နှင့် လုံရှင်း သုတေသန စင်တာများတွင် အတွေ့အကြုံယူပြီးနောက် သူမမှာ ယခင်ကလို အတွေ့အကြုံ မရှိသည့် အူကြောင်ကြောင် တက္ကသိုလ်ကျောင်းသူလေး မဟုတ်တော့ချေ။

သူမ၏ ကိုယ်အနီးတစ်ဝိုက်တွင်ပင် အဆင့်အတန်းမြင့်သည့် အရှိန်အဝါများ ရစ်သိုင်းနေပြီး သူမ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းတွင် ကွဲပြားသည့် အော်ရာ တစ်ခုက ပေါ်ထွက်နေသည်။

ယင်းကလည်း လင်းရီ လိုချင်သည့် ပုံစံပင်။ အချိန်ကျလာသည့် အချိန်၌ သူမလည်း ရှေ့ထွက်လာပြီး သူ့အတွက် တစ်ထောင့်တစ်နေရာကနေ တာ၀န်ထမ်းဆောင် ပေးနိုင်ပေမည်။

"ဒါရိုက်တာလင်း.. ခုတလော ဘာတွေ ဖြစ်နေတာ.. ဟွာချင်း ရေကန်က ပိတ်ထားတာ တစ်လတောင် ကျော်နေပြီ.. သူတို့ တစ်ယောက်ယောက်ကို အပြစ်လုပ်မိလို့ ပိတ်ခံလိုက်ရတာလား.."

"ငိုးပဲ.. ရောက်ရောက်ချင်း ဒီစကားပြောနေတယ်ဆိုတော့ မင်းက မိခင်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို ချနေတာလားကွ.."

"ဟင်း... အမှန်တော့ ကျုပ်လည်း ကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ သွေးကြွတဲ့ ကောင်လေးတစ်ယောက် ဖြစ်ခဲ့တာပါပဲ.. ဒါပေမယ့် တစ်နေ့ ပါရဂူဘွဲ့ယူဖို့ စာတမ်းကို ညတွင်းချင်း အပြီးသတ် ကြိုးစားပြီး မနက်စာစားမယ်လုပ်တော့ ကျုပ်ရဲ့ ကျောင်းအုပ်ကို မထင်မှတ်ထားပဲ ရေချိုးစင်တာထဲက ထွက်လာခဲ့တာ တွေ့လိုက်ရတယ်... အဲ့ကနေစပြီးတော့ ကျွန်တော်ရဲ့ ဘ၀ကလည်း တစ်ဆစ်ချိုး ပြောင်းလဲသွားတော့တာပဲ... "

"ငါ့အထင် မင်းတို့ ကျောင်းအုပ်တောင် သူ့ရဲ့ အမှတ်တမဲ့ လုပ်ရပ်က ကျောင်းသား တစ်ယောက်ရဲ့ ဘ၀ကြီး တစ်ခုလုံးကို ပြောင်းလဲသွားစေမယ်လို့ ထင်ထားမှာတောင် မဟုတ်ဘူး..."

"ဒါပေါ့.. သိပ္ပံသုတေသန ပညာရှင်တွေလည်း လူတွေထဲက လူတွေကိုပဲ.."

"ငါ အချိန်ရရင် မြို့တော်၀န်လျန်ဆီ ဖုန်းဆက်ပြောထားလိုက်မယ်.. ဟွာချင်းရေကန်ကို ပိတ်လိုက်တာ သူပဲ.."

"ဝိုး.. ဒါရိုက်တာလင်းက အရမ်း အံ့ဩဖို့ကောင်းတယ်..."စွန်းဖုယွီ ပြောလိုက်ပြီး "ခု ကျွန်တော််တို့ စင်တာက နိုင်ငံခြားသားတွေတောင် ဟွာရှန့် အနှိပ်ကို ခံစားပြီးတော့ အတော်လေး သဘောကျနေကြတာ.. ပရောဂျက်ပြီးတာနဲ့ သူတို့ နိုင်ငံ ပြန်မယ်လုပ်နေတဲ့ သူတွေတောင်မှ ခု ဒီမှာ အခြေချဖို့ ဟန်ပြင်ကုန်ကြပြီ... "

"ဖက်ခ် .. အဲ့လောက်တောင်စွမ်းလား.. ဒါကို ချရေးထားရမယ်.. မင်း ကိစ္စကြီးတစ်ခု လုပ်လိုက်တာပဲ ငါ့ကောင်..."

စွန်းဖုယွီ ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး "ဒါရိုက်တာလင်း .. တကယ်လို့ ကျွန်တော့်ကို ဆုချချင်တယ်ဆိုရင် ဟွာချင်းရေကန်က အင်ပါယာအဖွဲ့၀င်ကတ်လေးပဲ ဆုချလိုက်ပါလား... ခုဆို ကျွန်တော့်မိန်းမက မျက်စိဒေါက်ထောက် ကြည့်နေတာဆိုတော့ ပိုက်ဆံတွေ လျော့တာ သိသွားရင် ကျွန်တော်လည်း မချောင်ဘူး... "

"အင်ပါယာကတ်က ဘာမှ မကုန်တာကိုကွာ မင်းက စကားလုပ်ပြောနေသေး.. ငါ နောက်ကျရင် ၀မ်ရန်ကို နောက်ထပ် လစာကတ်တစ်ကတ် လုပ်ခိုင်းထားလိုက်မယ်.. အချိန်ကျလာရင် မင်းရဲ့ ကျန်းမာရေး ရန်ပုံငွေတွေ အကုန်လုံး ဒီကတ်ထဲပဲ ရောက်သွားတော့မှာလေ... မင်းမိန်းမလည်း မသိတော့ဘူး...ပိုင်တယ်မလား...."လင်းရီ မျက်စပစ်ပြလိုက်၏။

"ကျေးဇူးပါ ဘော့စ်.. ကျွန်တော့် အရိုးတွေ ကျေလို့ အသက်ပါသေသွားပါစေ.. ဘော့စ်လင်းရဲ့ လက်အောက်မှာ သက်ဆုံးတိုင် တာ၀န်ထမ်းဆောင်သွားမှာပါ..."

"ရန်လေး.. ကြည့်လိုက်.. အဲ့တာ နင် စံနမူနာထားပြီး အတုယူနေတဲ့ တီချယ်လင်းပဲ.."လုရင်း အတွန့်တက်လိုက်၏။

"ဘာ.. ဘာမှ မဖြစ်ပါဘူး.. တီချယ်လင်းက အင်အားကြီးပြီး ဖိအားလည်း အရမ်းများတော့ အပမ်းဖြေဖို့ အဲ့လိုနေရာမျိုးတွေ သွားတာက နားလည်လို့ ရပါတယ်..."

"ရန်ရန် ... မင်းက တကယ့်ကို တီချယ်ရဲ့ တပည့်အလိမ္မာလေးပဲ... နှစ်သစ်ကူးလို့ ထိပ်တန်း အလုပ်သမားတွေ ဆုပေးတဲ့ အခါကျရင် မင်းလည်း သေချာပေါက် ဆုချခံရမယ်....”

All Chapters