← Chapters

ပါရမီရှင် လက်အောက်ငယ်သားများ

Vol. 40 Ch. 600

ပါရမီရှင် လက်အောက်ငယ်သားများ

Vol. 40 Ch. 600

“ ချင်းဟွာ တက္ကသိုလ်က PhD ဘွဲ့ရလား…”

ချလွင် ချလွမ်…

လုရင်း၏ ပညာရေးနောက်ခံ ကို သိရှိပြီးနောက် လီချန်နှင့် ကျန်သူများအားလုံး လက်ထဲရှိ ဇွန်းခရင်းများ အားလုံး လွတ်ကျသွားကြတော့၏။

ဒီမှာ အလုပ်ရဖို့ ထိပ်တန်း နံပါတ် 2 နေရာမှာ ရှိတဲ့ ကျောင်းကနေ PhD ဘွဲ့ ရထားဖို့ လိုသေးတာလား..

“ မမ.. နင်ကကော…” လီချန် ဟော်ယွမ်ယွမ်ကို ကြည့်၍ အနည်းငယ် တုန်ခိုက်နေသည့် လေသံဖြင့် မေးလိုက်၏။

“ ရန်တက္ကသိုလ်.. နိုင်ငံတကာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး PhD…”

ဆိုင်ထဲရှိ လေထုမှာ ပို၍ပင် အုံ့ဆိုင်းသွားတော့၏။

“ မ.. မမ… နင် ကျတော့ကော…” လီချန် ထျန်းရန်ကို မေးမြန်းလိုက်၏။

“ ဖူတန် ၊ မားကတ်တင်း ၊ PhD …”

“ အာ….”

လီချန် ထိတ်လန့် ခြောက်ခြားသွားလေတော့သည်။

PhD ဘွဲ့ရထားတဲ့ ရှင်တို့က တကယ်ကြီး စားပွဲထိုး ရာထူး လာလျှောက်ကြတာလား..

ဘယ်လို မကောင်းဆိုးဝါးတွေပါလိမ့်..

တစ်ချိန်လုံး သတိကပ်နေသည့် စွန်းကျားပင် မူးနောက်သွားခဲ့တော့၏။

‘ နင်တို့ဘွဲ့တွေနဲ့ဆို ငါတို့ တက္ကသိုလ်မှာ အကြီးတန်း ပရော်ဖက်ဆာတောင် လုပ်လို့ရတယ်လေ… ဘာလို့ ဒီမှာမှ စားပွဲထိုး ဖြစ်ချင်နေရတာတုန်း…”

“ အစ်ကိုတို့ အစ်မတို့ အားလုံးက PhD ကျောင်းသားတွေချည်းပဲလား..” လီချန် မယုံကြည်နိုင်သော်လည်း အစမ်းသဘောဖြင့် မေးမြန်းလိုက်သည်။

“ အဟမ်း အဟမ်း…” စွန်းဖုယွီ လည်ချောင်းရှင်းလိုက်ပြီး” ငါက အဲ့လောက်မထူးချွန်တော့ PhD ဘွဲ့ရမဟုတ်ဘူး.. ပန်ဆဗေးနီးယား တက္ကသိုလ်က ကွန်ပျူတာအမြင် အထူးပြု ပါရဂူကျောင်းသား ပါ…”

လင်းရီ ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်၏။ စွန်းဖုယွီ၏ သရုပ်ဆောင်မှုက ပြီးပြည့်စုံလေသည်။ သူက လက်ရှိ ရောက်နေကြသည့် သူများထဲတွင် အားအနည်းဆုံး ဖြစ်နေသော်ငြား အဝင့်ကြွားဆုံးဖြစ်၏။

ယခုလို အရည်အချင်းရှိသူများက သူ့လက်အောက်တွင်ရှိနေပါက ကမ္ဘာကြီး၏ မည်သည့်အရာကို စိုးရွံ့ရပါဦးမည်နည်း။

အခန်းထဲတွင် ဆရာကြီးများဖြင့် ပြည့်နှက်နေသည်ကို သိလိုက်ရတော့ စွန်းကျားနှင့် ကျန်သူများအားလုံး ပါမွှားလေး ဖြစ်သွားသည့် အလား ခံစားနေရတော့၏။

သူ့မှာ တကယ်ကြီး PhD ကျောင်းသားတွေ နဲ့ ပါရဂူကျောင်းသားတွေ အခန်းပြည့် ရှိနေတယ် …ဒါဆို ငါတို့ကျ လာစားဖို့တောင် အရည်အချင်းပြည့်မှီပါ့မလားဟင်…

“ တကယ်တမ်းကျတော့ ငါလည်းမင်းတို့ကို ခေါ်ချင်ပါတယ်.. ဒါပေမယ့် လည်ပတ်နေတဲ့ စနစ်အရ ခေါ်လို့ မရဘူး ဖြစ်သွားတာ… ဆောတီး ဆောတီး…” လင်းရီ အားတောင့် အားနာဟန်ဖြင့် ပြောလိုက်သည်။ ယခုဆို အနှီမဒီလေးများက လက်လျော့သွားလောက်ချေပြီ။

“ ရပါတယ်.. ဒါဆိုလည်း ငါတို့ ရည်မှန်းချက် တစ်ခုထားပြီး စာပြီးတာနဲ့ စာပြန်ကြည့်ကြမယ်နော .. ဒါမှ PhD ဘွဲ့ ရပြီးရင် ဒီလာပြီး စားပွဲထိုးလုပ်လို့ရမှာ…”

“ အွန်း အွန်း…”

လူတိုင်း ဆွံ့အသွားကြတော့၏။

ကြောက်ကြောက်လန့်လန့်နှင့် စားသောက်ပြီးနောက် လေးယောက်လုံး ပိုက်ဆံပေးပြီး ထွက်ခွာသွားကြလေသည်။

လင်းရီ မစ်ရှင် ပြီးမြောက်မှု ဇယားကို ကြည့်လိုက်တော့ (၁၅/၂၀ ) ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ အခါအခွင့် သင့်ပါက သူ ယနေ့ပင် မစ်ရှင် ပြီးမြောက်သွားနိုင်လေသည်။

စားသုံးသူ လေးဦးလုံး ထွက်ခွာသွားပြီးနောက် လင်းရီ ကျီချင်းရန်နှင့် ကျန်သူများအတွက် စားသောက်ဖွယ်ရာများကို ပြင်ဆင်ပေးလေသည်။

အားလုံးမှာ ပျော်ရွှင်စွာဖြင့် စားသောက်လိုက်ကြ၏။ မည်သူကမျှ သူတို့ သူဌေး၏ ဟင်းချက်လက်ရာမှာ ထိုမျှ စားကောင်းလိမ့်မည်လို့ ထင်မှတ်မထားချေ။

စားသောက်ပြီးနောက် တစ်ချို့မှာ ကြာကြာ မနေပဲ အခြားလုပ်စရာများ ရှိသေးသောကြောင့် စကားခဏပြောပြီး တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်သွားကြလေသည်။

သို့သော်လည်း ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ကတော့ နောက်ဆုံး၌ ကျန်နေရစ်ခဲ့ကာ မပြန်ခင် အချိန်လေးတွင် လင်းရီ၏ အလုပ်များကို နိုင်သလောက် ကူလုပ်ပေးကြလေသည်။

“ အစ်မကျီ… အရင်တုန်းက နင်ပြောတော့ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတွေမှာ ဝင်မပါဘူးဆို.. ဘာလို့ ဒီနေ့ကျမှ ရုတ်တရက်ကြီး စကား ပြောလာခဲ့တာ…” ထွက်ခွာလာပြီးနောက် ဟော်ယွမ်ယွမ်မှ မေးလိုက်ပြီး “ ညီမအထင် လုံရှင်းနဲ့ DIDI ရဲ့ smart travel ပရောဂျက်က အောင်မြင်သွားမယ်ဆိုရင်တောင် လူအင်အားနဲ့ အရင်းအမြစ်အင်အားတွေ အများကြီး ရင်းနှီးမြုပ်နှံရဦးမှာ… ခု ဒါရိုက်တာထျန် သဘောတူလိုက်တယ်ဆိုတာကလည်း အစ်မကျီရဲ့ လေဒီဘော့စ်ဆိုတဲ့ ရာထူးကြောင့် ပြန်မငြင်းရဲတာ…”

အဆိုပါ စကားလုံးများက ဟော်ယွမ်ယွမ်၏ အစာအိမ်ထဲတွင် အခဲမကျေဖြစ်နေသည့် စကားများ ဖြစ်လေသည်။ နောက်ဆုံးတွင်တော့ သူမ ထုတ်ပြောခွင့် ရသွားချေပြီ။

“ လင်းရီက နင့်ကို အလိုလိုက်ထားတာ အရမ်းများသွားတဲ့ပုံပဲ..” ကျီချင်းရန် ပြုံးလိုက်၏။

“ သူလား.. ဘယ်တုန်းက အလိုလိုက်လို့.. ညီမကိုဆိုလည်း နေ့တိုင်း ရင်ပြားတယ် တင်ပြားတယ်နဲ့ သေအောင် အနိုင်ကျင့်တာကိုများ…”

“ အဲ့တာဆိုရင်တောင် နင်ကျေနပ်သင့်တယ်.. တကယ်လို့ တခြားကုမ္ပဏီမှာသာ နင်ခု လင်းရီကို ပြောသလိုမျိုး ပြန်ပြောလို့ကတော့ သေချာပေါက် အလုပ်ထုတ်ခံရလောက်တယ်…”

“ အမ်.. ညီမက စိတ်ထဲရှိတဲ့အတိုင်း ပြောပြတာလေ.. ပြီးတော့လည်း ကုမ္ပဏီကိစ္စတွေကို စိတ်ပါလက်ပါနဲ့ လိုက်လုပ်ပေးနေတာကို ဘာလို့ ဖယ်ရှားမှာ… ညီမ မှားတာလည်း ဘာတစ်ခုမှ မလုပ်ထားပဲနဲ့…”

“ ဘာလို့လဲဆိုတော့ နင်က ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်တွေကို သတိမထားမိပဲနဲ့ သူတို့ကို သွားသွားပြီး ဆန့်ကျင်နေလို့လေ….”

“ ညီမလည်း ဘော့စ်က ဖုန်းစစ်စတမ် လုပ်ချင်နေမှန်း သိပါတယ်… အဲ့တာကြောင့် မထောက်ခံဘူး ပြောလို့လား… ခုက အချိန်မဟုတ်သေးဘူးလို့ပဲ ပြောပြတာကို…”

“ နင်က ပေါ့ပြက်ပြက် တွေးနေတာပဲ.. " ကျီချင်းရန် ခေါင်းခါရမ်းလိုက်ပြီး "လင်းရီက ပိုက်ဆံမရှားဘူး.. ပြီးတော့ အစကနေ အဆုံးထိ သူ့ရည်မှန်းချက်က ပိုက်ဆံရှာပြီးတော့ ဟွာရှမှာ သူကြွယ်တစ်ယောက်ဖြစ်ဖို့ မဟုတ်ဘူး…”

ကျီချင်းရန်၏ စကားလုံးများကို ကြားတော့ ဟော်ယွမ်ယွမ် ကြက်သေသေသွားခဲ့သည်။ သူမ ဘာဆိုလိုချင်နေလဲဆိုတာကို နားမလည်နိုင်တော့ဟု ခံစားနေရ၏။

“ လင်းရီက ဖုန်းစစ်စတမ် အသစ်ကို ဖန်တီးချင်နေတယ်ဆိုပေမယ့် ဈေးကွက်ထဲ ဝင်ရောက်ဖို့ မရည်ရွယ်သေးဘူး.. ဒါက သူ အနာဂတ်ကျရင် တစ်နေရာရာမှာ သုံးဖို့ ခုကတည်းကနေ အစေ့ပျိုးထားတာနဲ့ အတူတူပဲ… သူဘာအတွက် သုံးမလဲ နားမလည်ပေမယ့် သေချာပေါက် သူ့ကိုယ်ကျိုးစီးပွားအတွက်တော့ မဟုတ်လောက်ဘူး…”

“ ဆိုတော့ အစ်မကျီဆိုလိုချင်တာက အစ်မ ဘာမှဝင်မပြောရင်တောင် ဘော့စ်က ဒါရိုက်တာစွန်းကို ထောက်ခံမယ်ဆိုတဲ့ သဘောပေါ့နော်…”

“ အမှန်ပဲ… လုံရှင်းက အုတ်မြစ်အပိုင်းအစတစ်ခုပဲ.. ဖုန်းစစ်စတမ်ဆိုတာကလည်း လုပ်ကို လုပ်ရမယ့်ဟာ… ဒါပေမယ့် နင့်ကိုလည်း သူ တည့်တိုးကြီး ငြင်းမယ်လို့တော့ မထင်ပါဘူး…”

“ သေချာစဉ်းစားကြည့်ကြည့်.. သူနင့်ကို အဲ့လိုစကားတွေ ပြောတဲ့အချိန်တိုင်း ဘေးနားမှာ အပြင်လူတွေ ရှိလို့လား… ခု အစည်းအဝေးမှာက အပြင်လူတွေ အများကြီးပဲလေ.. သူ သေချာပေါက် နင့်ကို အရှက်ရအောင် လုပ်မှာ မဟုတ်ဘူး.. ဒါပေမယ့် ဘယ်လိုပဲဖြစ်နေပါစေ သူက အဲ့ဒီ ဖုန်းစစ်စတမ် ပရောဂျက်ကို ရအောင်လုပ်မှာ… ဒါကြောင့်မို့ အစကနေပြီးတော့ နင်နဲ့ ထျန်းရန်က သူ့ရဲ့ ရည်ရွယ်ချက်ကို နားမလည်ပဲနဲ့ ဦးတည်ရာ အမှားကြီးကို တင်းခံနေကြတာ… “

“ ဟူး.. ဘော့စ်ကလည်း နေ့တိုင်းနီးပါး အသစ်အဆန်းတွေချည်း တွေးနေတော့တယ်.. ဘာလို့ သူ့ဦးနှောက်က သာမန်လူတွေနဲ့ အဲ့လောက်တောင် ခြားနေရတာလဲမသိဘူး…”

“အဲ့တာကလည်း နင်တို့ကြားက ကွာဟချက်ပဲ.. သူက ကျိုးဟိုင် နည်းပညာတက္ကသိုလ်ကနေ ဘွဲ့တောင်မရလိုက်ပဲနဲ့ လင်းယွမ်အုပ်စုရဲ့ သူဌေးဖြစ်လာတယ်လေ… နင်တို့အားလုံးက နာမည်ကြီးကျောင်းတွေကနေ PhD ဘွဲ့ရထားတယ်ဆိုပေမယ့် သူ့လက်အောက်မှာ အလုပ်လုပ်နေကြတာပဲမလား… ဒါကြောင့်မို့ သူ့ရဲ့ နည်းဗျူဟာမြောက်တဲ့ အတွေးအခေါ်တွေကို လိုက်မမှီတာ ပုံမှန်ပဲ..”

“ဟီးဟီး အဲ့လိုမျိုး ကြားလိုက်ရတော့မှ ပိုပြီးနေသာ ထိုင်သာ ရှိသွားတော့တယ်…”

“ ဒါကြောင့်မို့ နင့်အလုပ်ကိုပဲ နင်အာရုံစိုက်.. မဟုတ်တာတွေ လျှောက်စဉ်းစားပြီး အတွေးလွန်မနေနဲ့…”

“သူက DIDI ကို လင်းယွမ်အုပ်စုရဲ့ လက်အောက်ခံအဖြစ် သိမ်းသွင်းပြီးတာနဲ့ ထျန်းရန်ကို DIDI နဲ့ ခြားပစ်လိုက်တယ်… ဒါပေမယ့် နင်နဲ့ ချီရှန်းကျောက်ကိုကျတော့ သူက တစ်ချိန်လုံး လင်းယွမ်အုပ်စုမှာပဲ နေခိုင်းထားတယ်မလား… ဒါက အများကြီး ရှင်းပြတာထက် ပိုထိရောက်တယ်.. မဟုတ်လို့ကတော့ နင်လည်း ကုမ္ပဏီရဲ့ ထိပ်သီးပိုင်းတစ်နေရာကို ရောက်နေလောက်ပြီ… ဘာလို့ ကုမ္ပဏီမှာပဲ ထားထားမှာ…”

“ အစ်မကျီ.. နင်က အရာအားလုံးကို မြင်နိုင်တယ်နော်…” ဟော်ယွမ်ယွမ် လေးစားနေသည့် လေသံဖြင့် ပြောလိုက်ပြီး “ညီမကတော့ အစ်မလိုမျိုးဖြစ်အောင် တစ်ဘဝလုံး ကြိုးစားရမယ်နဲ့တူတယ်…”

“ ကဲ အပိုတွေ မပြောနဲ့တော့ အလုပ်သွားလုပ်ချည်..” ကျီချင်းရန် ပြောလိုက်ပြီး “ တစ်ခုခု လိုအပ်တာရှိရင် ငါ့ဆီ ဖုန်းခေါ်လိုက်…”

“ အွန်း အွန်း … “

ရိုးရှင်းစွာ စကားပြောပြီးနောက် နှစ်ယောက်မှာ ကားကိုယ်စီ မောင်း၍ သက်ဆိုင်ရာကုမ္ပဏီများထံ ဦးတည်လိုက်ကြလေသည်။

လူတိုင်းထွက်ခွာသွားပြီးနောက် ဆိုင်ငယ်လေးမှာ တစ်ဖန် တိတ်ဆိတ်သွားခဲ့သည်။

လင်းရီ ဘားကောင်တာပေါ်တွင် ထိုင်ပြီး သူ၏ ခြေထောက်များကိုတော့ ထိုင်ခုံပေါ် တင်ထား၏။

တစ်ချိန်တည်းတွင် သူ နောက်ထပ်အလုပ်အများကြီး ကြိုးစားရတော့မည်ဟု ခံစားနေရလေသည်။ ချစ်ပ် 3.0 အတွက် ပရိုဂရမ်အပြင် ယခု မိုဘိုင်းစစ်စတမ်အတွက် အက်ပ်ပလီကေးရှင်းကလည်း ပြဿနာ ဖြစ်လာပြန်သည်။

၎င်းပြဿနာကို ဖြေရှင်းရန်နည်းလမ်းက နှစ်နည်းရှိ၏။

ပထမ တစ်နည်းမှာ Android ၏ ဖွဲ့စည်းတည်ဆောက်ပုံကို အခြေခံရဲ့ လုံရှင်းတံဆိပ်ကပ်လိုက်ခြင်းပင်။ ဤနည်းလမ်းဖြင့် အက်ပ်ပြဿနာများကို အားစိုက်ထုတ်ရခြင်း မရှိပဲနှင့် ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။

သို့သော်လည်း လင်းရီမှာ သူ၏ အော်ပရေးရှင်းစစ်စတမ် လုံလောက်အောင် ကောင်းခြင်းရှိမရှိ ပြဿနာနှင့်လည်း ရင်ဆိုင်ရဦးပေမည်။

အကယ်၍ သူတို့သာ တရိပ်ရိပ်နှင့် ကြီးထွားလာပြီး Apple နှင့် Android ၏ ဈေးကွက်ရှယ်ယာများကို သိမ်းပိုက်လာနိုင်ပါက ထို ကုမ္ပဏီ နှစ်ခုမှာ ပြုံး၍ ရပ်ကြည့်နေလိမ့်မည် မဟုတ်ချေ။

ယင်းကလည်း သူတို့ ဟွာရှကုမ္ပဏီများကို တိုက်ခိုက်ရန်အသုံးပြုသည့် နည်းပရိယာဖြစ်၏။

ဥပမာ ပေးရလျှင် Windows OS များနှင့် ပတ်သက်လာလျှင် လိုင်စင်မဲ့ ဆော့ဖ်ဝဲများမှာ မှိုလိုပေါများလေသည်။ အဆိုပါ လိုင်စင်မဲ့ ဆော့ဖ်ဝဲများမှာ မူရင်းကဲ့သို့ updates များလည်း ပုံမှန်တင်ပေးသေး၏။

တစ်ဖက်တွင်တော့ မိုက်ခရိုဆော့ဖ်မှာ အဆိုပါ လိုင်စင်မဲ့ ဆော့ဖ်ဝဲများကို ကိုက်သည်ထက် ဟောင်နေသည်က ခပ်များများပင်။ ထို့ကြောင့် ထိရောက်မှုမှာလည်း မဖြစ်စလောက်လေးသာရှိ၏။

ယင်းက သူတို့ ဈေးကွက် အကျိုးအမြတ်များကို တန်ဖိုးမထားခြင်း မဟုတ်ပဲ ယခုလို နည်းလမ်းဖြင့် ပြည်တွင်း ဆော့ဖ်ဝဲ ထုတ်လုပ်ရေးကုမ္ပဏီများကို ပြီးပြည့်စုံစွာဖြင့် တိုက်ခိုက်နေခြင်း ဖြစ်လေသည်။

ဈေးတန်ပြီး အသုံးဝင်သည့် စစ်စတမ်ရှိနေပါလျက်နှင့် မည်သူက ဈေးကြီးပေးပြီး မူရင်းကို ဝယ်သုံးနေလိမ့်မည်နည်း။

အဆိုပါ အကြောင်းပြချက်ကြောင့် ပြည်တွင်း ဆော့ဖ်ဝဲ ထုတ်လုပ်သူများမှာ ဈေးကွက်ထဲတွင် ခြေကုပ်ယူနိုင်ခြင်းမရှိတော့ချေ။ ဈေးကွက်ရှယ်ယာမရှိပဲနှင့်တော့ အကျိုးအမြတ်ဆိုတာလည်း ရှိဖို့ရန် မျှော်လင့်ချက်ကင်းမဲ့လေပြီ။

ပိုက်ဆံမပါက အရာအားလုံးမှာ ဗလာနတ္တိပင်။

အကယ်၍ တစ်နေ့တွင် ဟွာရှဘက်မှ ကွန်ပျူတာစစ်စတမ်အသစ် ထုတ်လုပ်နိုင်ခဲ့မည်ဆိုပါက အင်အားကြီးမားသည့် လက်သီးချက်များမှာ တစ်လုံးပြီးတစ်လုံး ရောက်ရှိလာပြီး ပြည်တွင်း ကုမ္ပဏီများမှ အဆိုပါ ထိုးနှက်ချက်များကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်းက သူတို့ လက်ရှိ ‌ရင်တိုင်နေရသည့် ပြဿနာ အတိအကျပင်။

အကယ်၍ ဝိုင်အသစ်ကို အိုးအဟောင်းထဲ ထည့်ပြန်လျှင်လည်း အချိန်ကျလာသည့် အခါ၌ ရုပ်ပျက်ဆင်းပျက် ကျရှုံးရပေမည်။

ထို့ကြောင့် သူ့ဘက်မှ မိုဘိုင်း ecosystem လုံးလုံးလျားလျား အသစ်တစ်ခုကို ဖန်တီးရန်သာ ကျန်ရှိတော့၏။ ထိုအခါ အက်ပ်များကိုလည်း လွတ်လပ်စွာဖြင့် ထုတ်လုပ်နိုင်ပေမည်။

သို့သော်လည်း ယင်းက ငွေကြေးအင်အား သပ်သပ်ဖြင့် ပြီးမြောက်နိုင်မည့် ကိစ္စတစ်ရပ်မဟုတ်သောကြောင့် လျန်ရူရွှယ်၏ အကူအညီကိုလည်း တောင်းခံရပေမည်။

သူ၏ ဝှက်ဖဲတစ်ချပ်ဖြစ်သည့် ဒါရိုက်တာရှန်းကိုပင် အသုံးပြုလာရလောက်၏။

'ဟင်း .. ဒီလမ်းကြောင်းက နည်းနည်းလေးတော့ ခက်တယ်ကွာ..'

ဒေါက် ဒေါက် ဒေါက်...

လင်းရီ သူ၏ အနာဂတ် အစီအစဉ်များအကြောင်း တွေးတေယနေစဉ် တံခါး ခေါက်သံကို ကြားလိုက်ရလေသည်။

ထိုအခါ သူ၏ အမူအရာမှာ ထူးဆန်းသွားတော့သည်။

ထမင်းလာစားတာကို တံခါးခေါက်သေးတာလားဟ..

ဘယ်သူကများ အဲ့လောက်ထိ ယဉ်ကျေးနေတာ...

လင်းရီ ဘားကောင်တာရှိ ထိုင်ခုံပေါ်မှ ထလိုက်သောအခါ လူနှစ်ယောက် အိတ်များနှင့် ၀င်လာသည်ကို မြင်လိုက်ရလေသည်။

အသက်သုံးဆယ်အရွယ် ရှိသည့် အမျိုးသားနှင့် အမျိုးသမီးတစ်ဦးပင်။ သူတို့အားလုံးမှာ ရွှင်ပြသော အပြုံးကို ပန်ဆင်ထားကြပြီး စားသုံးသူ ကတ်စတန်မာများတော့ ဖြစ်ဟန်မတူချေ။

"မင်းတို့က...."လင်းရီ မေးလိုက်၏။

"ဟယ်လို ဆာ. ကျွန်မကို ကျွန်မ မိတ်ဆက်ပေးပါ့မယ်.. ကျွန်မ နာမည်က လီလေ့.. ပြီးတော့ ဒါက ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် ၀မ်ဝေ့..."

နှစ်ယောက်မှ ယဉ်ကျေးစွာဖြင့် သူတို့၏ စီးပွားရေးကတ်များကို ကမ်းလာခဲ့ကြ၏။

လင်းရီ ကတ်ကို ယူကြည့်ပြီးနောက် မျက်ခုံးပင့်လိုက်၏။

ရှန်းဟိုင်ထန်းဖေး ဖြန့်ဖြူးရေး ကုမ္ပဏီ။

"အရောင်းသမားတွေလား..."

"ဟုတ်ပါတယ်ရှင့် .. ကျွန်မတို့ ကုမ္ပဏီက အချိုရည်နဲ့ သောက်စရာတွေကို လက်ကား ဖြန့်ဖြူးတာပါ.. ပြီးတော့ ဈေးတန်တန် အရည်သွေးကောင်းကောင်းနဲ့ ပစ္စည်းတွေလည်း အများကြီး ရှိပါတယ်... "လီလေ့ ပြောလိုက်ပြီး "နောက်ပြီးတော့ ကျွန်မတို့ ကုမ္ပဏီက လက်ကားဈေးကွက်မှာလည်း ရှယ်ယာတွေ ရှိပါတယ်.. ကျွန်မတို့ကနေပြီးတော့ လူကြိုက်များတဲ့ အမယ်တွေ ၊ အသားတွေ ၊ အသီးအရွက်တွေ လက်ကား ရောင်းပေးနိုင်ပါတယ်.. အရည်အသွေးပိုင်း စိတ်ချဖို့တော့ အာမခံပါတယ်ရှင့်... "

"ဒါဆိုရင် မင်းတို့ ရောက်လာတာ အချိန်ကိုက်ပဲ.. "လင်းရီ ပြောလိုက်ပြီး' ငါလည်း ပစ္စည်းတစ်ချို့ လိုအပ်နေတာ..."

အရောင်းသမား နှစ်ဦးမှာ တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စွာဖြင့် ကြည့်လိုက်ကြ၏ "ဒါဆိုလည်း ထိုင်ပြီးတော့ စကားပြောကြမယ်လေ.. ကျွန်မတို့ဘက်က ဘာမှတော့ မပြောရဲပေမယ့် အရည်အသွေးပိုင်းတော့ အပြည့်အ၀ အာမခံပါတယ်.. တကယ်လို့ အရည်အသွေး ချွတ်ယွင်းချက် ရှိတယ်ဆိုရင် ခြွင်းချက် မရှိ အသစ် ပြန်လဲပေးပါတယ်ရှင့်..."

"အသေးမွှားလေးပါ.. ဒါပေမယ့် ငါ့ရဲ့ ဆိုင်က သေးတယ်ဆိုပေမယ့် အမယ်တွေနဲ့ ပတ်သက်ပြီးတော့ စံနှုန်းကတော့ မြင့်တယ်.. မင်းတို့ အဲ့ဒီ အမယ်တွေ ထောက်ပံ့ပေးနိုင်မလား ..."

"သူဌေး.. အဲ့ဒီအတွက်တော့ စိတ်သာချလိုက် ... ကျွန်တော်တို့ ကုမ္ပဏီ ရင်းနှီးမြုပ်ထားတဲ့ ဈေးကွက်က မြို့ထဲမှာ အဆင့်မြင့် ဈေးလို့တောင် ပြောလို့ရတယ်.. အဆင့်မြင့် အမယ်တွေကနေစပြီးတော့ သာမန် ဆီ၊ ဆား ၊ ငရုတ် ၊ ကြက်သွန် အကုန် ထောက်ပံ့ပေးတယ်... ကျိန်းရန်လမ်းက စားသောက်ဆိုင် တော်တော်များများကလည်း ကျွန်တော်တို့ ဆီကနေပဲ ယူကြတာလေ.. "

"ဒါဆို ပင်လယ်သခွားရိုင်းရှိလား..."

"အာ.. ပင်လယ်သခွားရိုင်း..."

"အေး.. ငါခု အဲ့တာ ကုန်နေလို့..."

" ရှိ ရှိမယ် မထင်ပါဘူး..."

"ဒါဆို ရွှေနက် ဂုံးခရုတွေကော ရှိလား..."

"အစ်ကိုကြီး.. အဲ့တာက ထိပ်တန်းအဆင့် ဂုံးခရုလေ.. ကျွန်တော်တို့ဆီမှာ ဘယ်လိုလုပ်ရှိမှာ... ဒါပေမယ့် တစ်ခုကို ငါးယွမ်ပဲ ပေးရတဲ့ ရေခဲရိုက် ဂုံးခရုတော့ ရှိတယ်ဗျ..."

"အဲ့တာတော့ တော်ပြီ.."လင်းရီ ပြောလိုက်ပြီး "ဒါဆို ဂျပန်က တင်သွင်းတဲ့ ဘလူးဖင်းတူနာကော ရလား... "

"မရှိဘူး ထင်တာပဲ..."

"မင်းတို့ ဟာကလည်း ဘာလို့ ဘာမှ မရှိရတာတုန်းဟ..."လင်းရီ ပြောလိုက်ပြီး "ဒါဆို Latour Castle နဲ့ Romance Conti ကော ရှိလား..."

"အဲ့ အဲ့ဒါတွေက ကမ္ဘာ့ထိပ်တန်း ဝိုင်နီတွေမလား.. ကျွန်တော်တို့မှာ ရှိရင်တောင် ဘယ်သူမှ ၀ယ်နိုင်မှာ မဟုတ်ဘူး..."

"အစ်ကိုကြီး .. ဒီဆိုင်က တက္ကသိုလ် ကျောင်းသားတွေ စားတဲ့ဆိုင် မဟုတ်ဘူးလား.. သူတို့ရဲ့ သုံးစွဲနိုင်တဲ့ ငွေပမာဏနဲ့ဆိုရင် အဲ့လို ပစ္စည်းတွေက မလိုအပ်ဘူးလေ..."

"ငါ့ဆိုင်က နည်းနည်းလေး ထူးခြားတယ်.. သေးတယ်ဆိုပေမယ့် အဆင့်မြင့် စားသောက်ဆိုင်တစ်ခုလေ.. ဒါကြောင့်မို့ အကောင်းဆုံး အမယ်တွေပဲ သုံးတာ..."

"အစ်ကိုလေး.. အဲ့တာဆိုရင်တော့ ကျွန်မတို့ စကား ဆက်ပြောစရာ မလိုတော့ဘူး ထင်တာပဲ..."လီလေ့ ပြောလိုက်ပြီး "အစ်ကိုလေးလိုချင်တဲ့ ပစ္စည်းတွေက သာမန်နေရာတွေမှာ ၀ယ်လို့ရမှာ မဟုတ်ဘူး.. ပြီးတော့ ဈေးလည်း အရမ်းကြီးတယ်... တကယ်လို့ အစ်ကိုလေးက ကျွန်မတို့ဆီကနေ မ၀ယ်ချင်ဘူးဆိုရင် တစ်ခါတည်း ပြောလိုက်လေ...ကျွန်မတို့ဘက်က အသာတကြည်နဲ့ ထွက်ခွာသွားပေးမှာပါ.. ဒါပေမယ့် ဒီလိုမျိုးကြီး လှောင်ရယ်တာတော့ မဟုတ်သေးဘူးနဲ့တူတယ်... "

ယခုကဲ့သိ့ ဈေးကြီးသည့် အမယ်များက ဆိုင်ငယ်လေးတွင် အသုံးပြုရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ဒီလူက ဘာလို့ အရမ်းကို ဝေဖန်ချင်နေရတာ.. ပြီးတော့ သူ့မှာ အဲ့လောက် ပိုက်ဆံတွေ အများကြီး ရှိရင် ဘာလို့ ဆိုင်ကို သေးသေးလေး လုပ်ထားလဲ...

ဟွန့် လာပြီး ကြွားနေတယ်...

"အမ်.. ငါမင်းတို့ကို လှောင်နေတာ မဟုတ်ဘူးဟ.. ငါတို့ဆိုင်က တကယ်ကြီး အဲ့ပစ္စည်းတွေ လိုအပ်နေတာ..ငါပြောတာကို သံသယမဖြစ်နဲ့..."လင်းရီ ပြောလိုက်ပြီး " မီးဖိုချောင်ထဲက ဗီရိုထဲမှာ ဝိုင်ပုလင်းတွေရှိတယ်.. မယုံရင် ငါ့နောက်လိုက်ခဲ့ကြ... "

နှစ်ယောက်မှာ လုံး၀ မယုံကြည်ပဲ လင်းရီနောက် လိုက်ပါသွားကြလေသည်။ သို့သော်လည်း မီးဖိုခန်းထဲရှိ ဗီရိုထဲတွင် တန်းစီထားသည့် ဝိုင်ပုလင်းများကို မြင်တော့ နှစ်ယောက်မှာ ထိတ်လန့် အံ့ဩသွားခဲ့တော့၏။

All Chapters