ဘော့စ်လင်းရဲ့ ဇာတ်ညွှန်းက ပြောင်မြောက်လွန်းတယ်
Vol. 22 Ch. 317
ဟွာစဲပစ်ချားတွင်…
လင်းဖန် ဖျော်ဖြေရေးကုမ္ပဏီတစ်ခု တည်ထောင်လိုက်တာကို စီအီးအိုလျို့ရှမ့်လည်း ကြားမိပြီး ဝေဖန်လိုက်ပါသည်။ “လင်းဖန်က ရေပန်းစားတဲ့ ရုပ်သံဒရမ်မာ တစ်ကားနှစ်ကား ရိုက်ထားတာလေးပဲရှိတာ မဟုတ်ဘူးလား။ ဘာလို့ ဟန်ဆောင်နေတာလဲ။ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုကို တည်ထောင်တာက သူထင်သလောက် ရိုးရှင်းလို့လား”
“လင်းဖန်က ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပြီဆိုတော့… အစွမ်းကုန် ဖျက်ဆီးကြတာပေါ့”
“အခြေမခိုင်တဲ့ ဖျော်ဖြေရေးကုမ္ပဏီအသေးစားလေးက ဒီလောက် လက်ရာကောင်းကောင်းထုတ်လုပ်နိုင်မှာလား။ လင်းဖန် နောက်ထပ် ရေပန်းစား ဒရမ်မာတွေ တကယ် ရိုက်ကူးနိုင်လို့လား” လျို့ရှမ့်က ပြက်ရယ်ပြုလိုက်၏။
“ငါတို့ရဲ့ နောက်ဆုံးထွက် ရုပ်သံစီးရီး ကြည့်ရှုသူနှုန်းက ၇.၆၃ ရာခိုင်နှုန်းတောင် ရှိသွားပြီ။ လင်းဖန်ရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ထက်တောင် ပိုပြီး ရေပန်းစားသေးတယ်။ ဒီတစ်ခေါက် ရလဒ်ကို လင်းဖန် ဘယ်လို ကျော်မလဲဆိုတာ မြင်ချင်သေးတယ်”
လျို့ရှမ့်တွင် အားကောင်းသည့် ယုံကြည်မှုများ ရှိသည်။ ဟွာစဲပစ်ချားက အနုပညာလောကထဲမှာ တကယ့် ပရော်ဖက်ရှင်နယ် ကုမ္ပဏီ ဖြစ်သည်။
လင်းဖန်ကတော့ အသစ်တည်ထောင်ထားသည့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်သဖြင့် ဟွာစဲပစ်ချားကို ဘယ်လိုလုပ် လာယှဉ်နိုင်မှာလဲ။
ကျားရှင်းဖျော်ဖြေရေးတွင်…
ကျားရှင်းဖျော်ဖြေရေးကြီး၏ အပြင်အဆင်များကို ကြည့်ရင်း ရှုယန် တံတွေး မျိုချလိုက်သည်။
ဒါက မကြာသေးခင်ကမှ အသစ်ဖွင့်လှစ်ထားသည့် ဖျော်ဖြေရေး ကုမ္ပဏီကြီး ဖြစ်သည်။ သို့သော်လည်း ဒီဖျော်ဖြေရေးကုမ္ပဏီကြီး၏ အပြင်အဆင်များကို စကားတစ်ခွန်းတည်းနဲ့ ဖော်ပြလို့ ရပါသည်။
အဆင့်မြင့်လွန်းတယ်။
ဧရိယာက ၆,၀၀၀ စတုရန်းမီတာကျော် ကျယ်ဝန်းသည်။ ကျားရှင်းဖျော်ဖြေရေးကို အထပ် ၃ ထပ် ပိုင်းခြားထား၏။ မတူညီသည့် ရုံးနေရာများ၊ အနားယူနေရာများ၊ ဖျော်ဖြေမှု အခန်းများနဲ့ အပန်းဖြေအခန်းများ ရှိပါသည်။
အနားယူနေရာများတွင် အကန့်အသတ်မဲ့ စားစရာ သောက်စရာ မျိုးစုံ ရှိသည်။
အရသာရှိသည့် မုန့်ပဲသရေစာအားလုံးကလည်း အကန့်အသတ် မရှိပါ။
Coke, Sprite, ကော်ဖီနဲ့ တခြား ယမကာတွေလည်း ရှိပါသေးသည်။
ဂိမ်းခန်းမကြီးနဲ့ ကာရာအိုကေဆိုသည့် နေရာလည်း ရှိသည်။ အလုပ်ပင်ပန်းလာပါက ဒီမှာ နေ့လည်နေ့ခင်း လက်ဖက်ရည် လာသောက်နိုင်ပါသည်။
ဖျော်ဖြေရေးကုမ္ပဏီဟု ဆိုသော်လည်း စားပွဲခုံတိုင်းတွင် ကွန်ပျူတာများ ရှိနေ၏။ အားလုံးက အဆင့်မြင့် ကွန်ပျူတာများ ဖြစ်ပါသည်။
Gym လည်း ရှိသေးသည်။ ကြယ်ပွင့် တစ်ယောက်ဖြစ်ဖို့အတွက် ခန္ဓာကိုယ်လှပနေမှ ဖြစ်မှာ မဟုတ်လား။ Gym က အလွန်ကျယ်ပြန့်ပြီး အပြင်အဆင်ကလည်း လှပသည်။ ဝန်ထမ်းတိုင်းကို သတ်မှတ်ထားသည့် စံနှုန်းဖြင့် လေ့ကျင့်ပေးနိုင်သည့် နည်းပြများလည်း ရှိပါသည်။
ကုမ္ပဏီမှာ ကြယ်ငါးပွင့် စားသောက်ဆိုင်တွေလည်း ရှိပါသည်။
ဒီက စားသောက်ဆိုင် အပြင်အဆင်တွေက ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေနဲ့ မခြားနားပေ။
ထို့အပြင် စားပွဲကြီးများနဲ့ သီးသန့် စားပွဲငယ်များလည်း ရှိပါသည်။ ကျားရှင်းဖျော်ဖြေရေးမှာ အလုပ်လုပ်ကြသည့် စားဖိုမှူများက အာဟာရရှိသည့် အစားအသောက် ပေါင်းစုံ ချက်ပြုတ်တ်သည့် စားဖိုမှူးကြီးများ ဖြစ်ကြပါသည်။
အနှစ်ချုပ်အားဖြင့် ဒီက အကျိုးခံစားခွင့်များက အတော်လေး ကောင်းမွန်ပါသည်။
ကျားရှင်းဖျော်ဖြေရေးတွင် လစာကလည်း အလွန်မြင့်သည်။
ရှုယန်က စိုးရိမ်တကြီး ရုံးခန်းထဲ ဝင်လာခဲ့သည်။
“လင်းဖန်။ ဟွာစဲပစ်ချားက ‘ပါရမီရှင် ရှေ့နေ’ ဆိုတဲ့ ရုပ်သံဒရမ်မာတစ်ခုကို သိပ်မကြာသေးခင်တုန်းက ထုတ်လွှင့်လိုက်တယ်။ အဲ့ဒီရုပ်သံဒရမ်မာကို ထုတ်လွှင့်လိုက်တာနဲ့ ရလဒ်တွေက အရမ်းကောင်းတယ်။ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကလည်း ၇.၆၃ ရာခိုင်နှုန်းထိ ရောက်သွားပြီ။ ငါတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရလဒ်တွေထက်တောင် ပိုကောင်းနေသေးတယ်”
“ဟွာစဲပစ်ချားကလူတွေ ကုမ္ပဏီနဲ့ မင်းကို ပစ်မှတ်ထားနေဦးမှာ စိုးရိမ်မိတယ်ကွာ” ရှုယန် ပြောလိုက်ပါသည်။ အနုပညာလောကထဲက ပြိုင်ဆိုင်မှုများက ရက်စက်ပြင်းထန်မှန်း သူ သိပါသည်။
သူ အဆင့်မမြှင့်တင်နိုင်ပါက နောင်တရသွားလိမ့်မည်။
ဥပမာအားဖြင့် မိန်းကလေး အဖွဲ့များ ဖွဲ့စည်းနေသည့် ကုမ္ပဏီများစွာ အနုပညာလောကထဲမှာ ရှိနေပါသည်။ သိုသော်လည်း အနည်းစုကသာ တကယ်တမ်း အဖွဲ့ဖွဲ့နိုင်ကြ၏။
လင်းဖန်က ရှုယန်ကို ကြည့်လိုက်ပြီး ပခုံးပုတ်လိုက်ပါသည်။ “အဲ့တာတွေ စိတ်ပူမနေပါနဲ့ကွာ။ တခြား ကုမ္ပဏီတွေရဲ့ ရုပ်သံဒရမ်မာ ရေပန်းစားတာ မစားတာတွေ ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
“ငါရိုက်မယ့် ရှိုးက ငါရိုက်ချင်တဲ့ ရှိုးပဲ။ ငွေဘယ်လောက်ရမလဲ အဆင့်သတ်မှတ်ချက် ဘယ်လောက် ရမလဲဆိုတာ အရေးမကြီးဘူး”
“ပါရမီရှင် ပန်းချီဆရာကြီး Von Gogh ရဲ့ လက်ရာတွေတောင် သူသေသွားပြီးမှ နာမည်ကြီးလာခဲ့တာ မဟုတ်ဘူးလား။ အခုချိန် သူများတွေ ဘာထင်ထင် အရေးမကြီးဘူး။ ကျေနပ်စရာ ရုပ်သံစီးရီးတွေကို ငါရိုက်နိုင်မယ်ဆိုရင် လုံလောက်ပါပြီ” လင်းဖန်က ပြောလိုက်သည်။
“အဲ့တာဆို ကောင်းတာပေါ့။ ငါက ဒီတိုင်း စိတ်ပူလို့ပါ” ရှုယန်က ပြောလိုက်၏။
“ဘာမှ စိတ်ပူစရာ မလိုဘူး။ ဟွာစဲပစ်ချားက ငါတို့ကို တိုက်ခိုက်ရဲဦးမယ်ဆိုရင် ငါတို့ကုမ္ပဏီကလည်း သူတို့ကို စစ်ကြေညာရတာပေါ့” လင်းဖန် ပြောလိုက်သည်။
“ဟုတ်သားပဲ မင်းက အခု Estee Lauder ရဲ့ စီအီးအို ဖြစ်နေပြီ။ LV ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်လို့လည်း ငါကြားထားတယ်။ မင်းရဲ့ အဆင့်အတန်းနဲ့သာဆို ဘယ်သူမှ မင်းကို ပြဿနာ ရှာရဲမှာ မဟုတ်ဘူး” ရှုယန် ရယ်မောလိုက်ပါသည်။
လင်းဖန်ရဲ့ သရုပ်မှန်က ဒီလိုဆိုတာကို သူ မေ့သွားသည်။
ထိုနေ့ညက လင်းဖန် ရေးထားသည့် ဇာတ်ညွှန်းကို ကုမ္ပဏီ၏ ထိပ်တန်း ဇာတ်ညွှန်းဆရာများစွာထံသို့ ပို့ပေးခဲ့ပါသည်။
ဇာတ်ညွှန်းရဲ့ နာမည်က ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ဖြစ်၏။
ဟွာစဲပစ်ချားထံမှ နောက်ထပ် စိန်ခေါ်မှု တစ်ခုနဲ့ ရင်ဆိုင်လာရသည့်အခါ လင်းဖန် ဂရုစိုက်ဘူးဟု ပြောခဲ့သော်လည်း ဒီလို ပြိုင်ဘက်ကိုတော့ အထင်သေးမှာ မဟုတ်ပါ။
ဟွာစဲပစ်ချားက ရှားဝမ်ချွေ့ကို အကြိမ်ပေါင်းများစွာ အနိုင်ကျင့်ခဲ့ပြီး လင်းခဲ့ရှင်းကိုပါ အနိုင်ကျင့်ခဲ့သေးသည်။
ထို့အပြင် ဟွာစဲပစ်ချား၏ စီအီးအို လျို့ရှမ့်ကလည်း လင်းဖန်ကို အွန်လိုင်းပေါ်မှာ အကြိမ်ပေါင်းများစွာ နာမည်ဖျက်ခဲ့သည်။
လင်းဖန်ရဲ့ တုန့်ပြန်မှုက တခြား မဟုတ်ပေ။
ရုပ်သံဒရမ်မာ တစ်ခုတည်းနဲ့သာ ပြန်လည် တုန့်ပြန်လိုက်၏။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ဖြစ်ပါသည်။
ကုမ္ပဏီရဲ့ ဇာတ်ညွှန်းဆရာများစွာ အတူတူ ထိုင်လိုက်ကြပြီး လင်းဖန်ပို့ပေးထားသည့် စာဖိုင်များကို ဖတ်ကြည့်လိုက်၏။
ထိပ်တန်း ဇာတ်ညွှန်းရေးဆရာဖြစ်သည့် ဆရာကြီး ထျန်ကျန်းကလည်း လင်းဖန်ရဲ့ ဇာတ်ညွှန်းကို အာရုံစိုက်ထားခဲ့ပါသည်။
“ဘော့စ်လင်း ဇာတ်ညွှန်းသစ် ရေးလိုက်ပြီ။ ဒီတစ်ခေါက် ဇာတ်ညွှန်းနာမည်က ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တဲ့”
“တကယ်ကြီးလား… ဘော့စ်လင်း တကယ်ကြီး ဇာတ်ညွှန်းသစ် ရေးလိုက်ပြီပဲ”
“ဒါဆို ဘော့စ်လင်းရဲ့ ဇာတ်ညွှန်းသစ်ကို ငါဖတ်ကြည့်မှဖြစ်မယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 တုန်းကလည်း အရမ်းကောင်းခဲ့တာ။ ဇာတ်သိမ်းကတော့ အရမ်း ရင်နာဖို့ ကောင်းတယ်။ Season 3 ဇာတ်ညွှန်းကော ဘယ်လိုပုံစံဖြစ်မလဲမသိဘူး”
“ရပါတယ်လေ။ နာရီဝက်လောက် ဖတ်ကြည့်လိုက်မယ်။ ဇာတ်ညွှန်းဖတ်ပြီးမှ အိမ်ပြန်နားတော့မယ်” ဇာတ်ညွှန်းဆရာ တစ်ယောက်က ရယ်မောလိုက်ပါသည်။
“ဟုတ်တယ်။ ငါလည်း နာရီဝက်လောက် ဖတ်ကြည့်လိုက်ဦးမယ်” နောက်ထပ် ဇာတ်ညွှန်းဆရာ တစ်ယောက်က ပြောလိုက်ပါသည်။
ထျန်ကျန်းလည်း ပြုံးရင်း ဇာတ်ညွှန်းကို ဖွင့်ကြည့်လိုက်၏။ “ဒါဆိုလည်း သဘောတူလိုက်ပြီနော်။ ဇာတ်ညွှန်းကို နာရီဝက်လောက်ဖတ်ကြည့်ပြီး ညစာသွားစားကြတာပေါ့”
လင်းဖန်ရဲ့ ဇာတ်ညွှန်းကို ဖွင့်ကြည့်တော့ ဇာတ်ညွှန်းဆရာ အားလုံး ရင်တွေ တဒီတ်ဒီတ် ခုန်နေပါသည်။
နာရီဝက်ခန့်ကြာသောအခါ ဇာတ်ညွှန်းဆရာ တစ်ယောက်က ပထမ ၃ ပိုင်း ဖတ်ရှုပြီးသွားလေသည်။
သူ့မျက်နှာထားနဲ့ အကြည့်တို့ ပြောင်းလဲသွားလေသည်။
“ဘော့စ်လင်း ရေးထားတဲ့ ဇာတ်ညွှန်းက… ဘာလို့ ဒီလောက် ကောင်းတာလဲ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 တို့က ဇာတ်လမ်း လုံးဝ မတူပေမယ့် ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေက အရမ်း ပြောင်မြောက်တာပဲ”
“ဘာလို့လဲ မသိဘူး။ ဒါပေမယ့် ဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်တော့ ခေါင်းဆောင်မင်းသမီးက အရမ်းလှတယ်လို့ ခံစားလိုက်ရတယ်။ ဘော့စ်လင်းရဲ့ ဇာတ်ကောင်ပုံဖော်နိုင်စွမ်းက အရမ်းကောင်းတာပဲ” ဇာတ်ညွှန်းဆရာ တစ်ယောက်က ပြောလိုက်ပါသည်။
“လခွမ်း… ဒါ ဘော့စ်လင်း ရေးထားတဲ့ ဇာတ်ညွှန်းလား။ ဘော့စ်လင်းရေးထားတဲ့ ဇာတ်ညွှန်းတွေက အရမ်းကောင်းတယ်လို့ ကြားပဲ ကြားဖူးထားတာ။ ဒီလောက် ကောင်းမယ်လို့ တကယ် ထင်မထားဘူး” ဇာတ်ညွှန်းရေးဆရာ နောက်တစ်ယောက်၏ မျက်လုံးတွေကလည်း လုံးဝ ယစ်မူးသွားပါသည်။
“ဇာတ်လမ်းကမ္ဘာကော၊ ဇာတ်ကောင်ပုံဖော်မှုကော၊ ဇာတ်လမ်းဇာတ်ကွက်ကော၊ အသေးစိတ်တိုင်းကို ပြီးပြည့်စုံတယ်လို ပြောလို့ရတယ်။ ဘော့စ်လင်းရဲ့ ဇာတ်ညွှန်းက ပြီးပြည့်စုံလွန်းပါတယ်” ဇာတ်ညွှန်းဆရာ နောက်တစ်ယောက် ပြောလိုက်ပြန်ပါသည်။
ဇာတ်ညွှန်းကို ဇာတ်ညွှန်းဆရာများ ဖတ်ကြည့်ပြီးသည့်နောက်တွင် ညစာတောင် မစားကြတော့ပါ။
သူတို့ လင်းဖန်ရဲ့ ဇာတ်ညွှန်းကို တစ်ညလုံး မအိပ်ဘဲ ဖတ်ဖို့ ဆုံးဖြတ်လိုက်ကြပါသည်။
အများစုက ကျားရှင်းဖျော်ဖြေရေးကို မကြာသေးခင်ကမှ ဝင်ရောက်လာသည့် ဇာတ်ညွှန်းဆရာများ ဖြစ်ကြသည်။
ထိုဇာတ်ညွှန်းဆရာများက ထိပ်သီးများဖြစ်ကြပြီး ကိုယ့်ကိုယ်ကို အထင်ကြီးကြပါသည်။ သူတို့ ရေးထားတဲ့ ဇာတ်ညွှန်းတွေက ဘယ်သူ့အောက်မှ မနိမ့်ကျနိုင်ဘူးဟု ခံစားမိကြသည်။
လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်များက အလွန်ကောင်းမွန်မှန်း သူတို့သိပါသည်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 ကလည်း အလွန်အောင်မြင်ထားမှန်း သိကြသည်။
သို့သော် ဇာတ်ညွှန်းတွေကို မြင်လိုက်မှ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 1 ဘာကြောင့် ဒီလောက် အောင်မြင်ခဲ့ရသလဲ နားလည်လိုက်ရသည်။
ရုပ်သံဒရမ်မာတစ်ခု ရေပန်းစားလာရခြင်း၏ ပထမဆုံး အကြောင်းအရင်းက ဇာတ်ညွှန်းကြောင့် ဖြစ်သည်။
လင်းဖန်ရဲ့ ဇာတ်ညွှန်းကို မြင်တော့ အားလုံး တုန်လှုပ်သွားကြ၏။
ဖြစ်ချင်တော့… ရုပ်သံဒရမ်မာ ရေပန်းစားလာရသည့် အကြောင်းအရင်းမှာ လင်းဖန်ကြောင့် ဖြစ်နေပါသည်။